• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အီလွန်မတ်စ် မဟုတ်သည့် တတိယပါတီကို အမေရိကန်များ လိုလား

by Harry Enten
25 July 2025
in ဆောင်းပါး
A A
အီလွန်မတ်စ် မဟုတ်သည့် တတိယပါတီကို အမေရိကန်များ လိုလား

၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ဝါရှင်တန်တွင် ကျင်းပသည့် ရီပတ်ဘလီကန် အစည်းအဝေးမှ ထွက်လာသည့် အီလွန်မတ်စ် / Getty Images

764
VIEWS
Share on FacebookShare on Twitter

အမေရိကန် နိုင်ငံရေးအခင်းအကျင်းတွင် လူကြိုက်အနည်းဆုံးသူများအနက် တဦးက ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်များကို ယှဉ်ပြိုင်ရန် တတိယပါတီ ထူထောင်မည်ဟု ပြောသည်။ ထိုပါတီ ကျဆုံးဖွယ်ရှိသည်။

ယင်းသည် အီလွန်မတ်စ်နှင့် သူ၏ အမေရိကပါတီသစ် (America Party) နှင့် ပတ်သက်သည့် အချက်အလက်များမှ ကောက်ချက်ချနိုင်သည့် တခုတည်းသော အချက်ဖြစ်သည်။

CNN ၏ အီလွန်မတ်စ်နှင့် သူ၏ နိုင်ငံရေးရည်မှန်းချက်များနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ခဲ့သည်။ ရလဒ်များအရ အရွယ်ရောက်ပြီးသူ ၂၅ ရာခိုင်နှုန်းနှင့် မဲဆန္ဒရှင် ၂၂ ရာခိုင်နှုန်းကသာ ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်များကို ယှဉ်ပြိုင်မည့် အီလွန်မတ်စ်၏ တတိယပါတီကို လိုလားကြသည်။ လူများစုဖြစ်သော အရွယ်ရောက်ပြီးသူ ၇၄ ရာခိုင်နှုန်းနှင့် မဲဆန္ဒရှင် ၇၇ ရာခိုင်နှုန်းက ထိုလုပ်ရပ်ကို ဆန့်ကျင်ကြသည်။

ထိုကိစ္စကို CNN တခုတည်းက စစ်တမ်းကောက်ယူခြင်း မဟုတ်ပေ။ ကွင်နီပီအက် တက္ကသိုလ်ကလည်း အီလွန်မတ်စ်၏ ပါတီနှင့်ပတ်သက်ပြီး ယခုအပတ်အတွင်း စစ်တမ်းကောက်ပြီး ရလဒ်များသည် အလားတူ ဆိုးရွားသည်။ ရီပတ်ဘလစ်ကန်၊ ဒီမိုကရက်တို့နှင့် ယှဉ်ပြိုင်ရန် မဲဆန္ဒရှင်များ၏ ၁၇ ရာခိုင်နှုန်းကသာ အီလွန်မတ်စ်နှင့် သူ၏စွန့်စားမှုကို ပူးပေါင်းရန် စဉ်းစားသည်။

၄ ပုံ ၃ ပုံကျော် (၇၇ ရာခိုင်နှုန်း) က ကန့်ကွက်သည်။ အမေရိကန်များက ၎င်းတို့ နိုင်ငံအမည်ဖြင့် ပါတီတခုကို ဆန့်ကျင်သည်မှာ အမှန်တကယ် အံ့သြစရာ မဟုတ်ပေ။

သမိုင်းကလည်း တတိယ ကြားခံပါတီများ၊ တသီးပုဂ္ဂလ သမ္မတလောင်းကို ညှာတာထောက်ထားခြင်း မရှိပေ။ ဂျော့ဂျ်ဝါရှင်တန် တဦးတည်းသာလျှင် သမ္မတရွေးကောက်ပွဲနိုင်ဖူးသည့် တသီးပုဂ္ဂလဖြစ်သည်။ ဂျော့ဂျ်ဝါရှင်တန်သည် အမေရိကန် ပြည်ထောင်စုတွင် နိုင်ငံရေးပါတီများမပေါ်မီ နိုင်ခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ချက်များအရ မစ္စတာ အီလွန်မတ်စ်သည် အမေရိကန် တော်လှန်ရေးအတွင်းက ထိပ်တန်းဗိုလ်ချုပ် ဝါရှင်တန်ကဲ့သို့ ကွန်တင်နန်တယ် တပ်မတော်ကို ဒယ်လာဝဲလ်တွင် ဦးဆောင်ခဲ့ခြင်း မရှိပေ။ (အီလွန်မတ်စ်သည် တောင်အာဖရိကတွင် မွေးဖွားခဲ့သောကြောင့် အမေရိကန် သမ္မတရာထူးအတွက် ယှဉ်ပြိုင်ခွင့် မရှိပေ။)

အယ်လ်ဘားမားမှ ဂျော့ဂျ် ဝဲလေ့စ်သည် သမ္မတရွေးကောက်ပွဲအတွက် ပြည်နယ်တခုတွင် အနိုင်ရဖူးသည့် နောက်ဆုံး ကြားခံ တတိယပါတီ သမ္မတလောင်းဖြစ်သည်။ ထိုသို့နိုင်သည်မှာ မိမိတို့ လပေါ်မရောက်မီ လွန်ခဲ့သောနှစ်ပေါင်းများစွာ ၁၉၆၈ ခုနှစ်ကဖြစ်သည်။

မစ္စတာ အီလွန်မတ်စ်သည် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ရေးထက် ကွန်ဂရက် ရွေးကောက်ပွဲများတွင် ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်များကို ယှဉ်နိုင်ရန် ပိုမိုစိတ်ဝင်စားပုံရသည်။

ကြားခံ တတိယပါတီများ၊ တသီးပုဂ္ဂလများ သို့မဟုတ် ကိုယ်စားလှယ်လောင်းမဟုတ်ဘဲ မဲပေးခံရသူများ၏ မှတ်တမ်းသည်လည်း စိတ်အားတက်ကြွဖွယ် မရှိပေ။ စာရေးသူ၏ တွက်ချက်မှုအရ ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် ကွန်ဂရက်ရွေးကောက်ပွဲ ၁၃,၀၀၀ ကျော်ရှိသည်။ အဓိကပါတီမှ မဟုတ်သည့် ကိုယ်စားလှယ်လောင်းများက ကွန်ဂရက်ရွေးကောက်ပွဲ ၂၄ ခုတွင်သာ အနိုင်ရသည်။

ထိုအရေအတွက်သည် ဝ.၂ ရာခိုင်နှုန်းခန့်သာ ရှိသည်။

အထက်လွှတ်တော်အမတ်များဖြစ်သည့် မိန်းပြည်နယ်မှ အန်းဂတ်စ် ကင်းနှင့် ဗားမောင့်ပြည်နယ်မှ ဘာနေး ဆန်းဒါးတို့သာ ထိုသို့ ရွေးကောက်ပွဲများတွင် အနိုင်ရရှိသည်။

ထိုမျှ စိတ်ပျက်စရာ စာရင်းရလဒ်ကြောင့် အီလွန်မတ်စ်၏ တတိယပါတီ မည်သို့ အလားအလာရှိမည်နည်းဟု မေးနိုင်သည်။

အဖြေမှာ ငွေဖြစ်သည်။ တတိယပါတီ အများအပြားသည် ၎င်းတို့ပေးလိုသည့် သတင်းစကားကို မပေးနိုင်သောကြောင့် ကျဆုံးကြသည်။

မစ္စတာ အီလွန်မတ်စ်သည် ကမ္ဘာတွင် အချမ်းသာဆုံးသူ ဖြစ်သောကြောင့် အီလွန်မတ်စ်၏ ပါတီသည် ထိုပြဿနာမျိုး ရှိမည်မဟုတ်ပေ။ သို့သော် ငွေသက်သက်ဖြင့် မလုံလောက်ပေ။

စီးပွားရေးသမား ရော့စ် ပီရော့သည် ၁၉၉၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် လူထုမဲ ၂၀ ရာခိုင်နှုန်း နီးပါးရအောင် အထောက်အကူပြုသည့်ငွေ အများအပြားရှိသည်။ မစ္စတာ ပီရော့သည် တသီးပုဂ္ဂလ တဦးအနေဖြင့် မည်သည့်ပြည်နယ်တွင်မှ အနိုင်မရပေ။ သို့သော် သူရသည့်မဲသည် တတိယပါတီ ထောင်ခဲ့သည်အထိ ဖြစ်ရသည်။

သူသည် နိုင်ငံရေးအရ အီလွန်မတ်စ်ထက် အလွန်ပိုမိုကောင်းမွန်သော အနေအထားဖြင့် စတင်ခဲ့သည်။ သို့သော် သူ၏ ပြုပြင်ပြောင်းလဲရေးပါတီ (Reform Party) သည် အောင်မြင်မှု အနည်းငယ်သာရသည်။ ထိုပါတီ အထွတ်အထိပ် အရောက်ဆုံးအချိန်မှာ ၁၉၉၈ ခုနှစ်တွင် မင်နီဆိုတာမှ ဂျက်ဆီ ဗန်တူရာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် အနိုင်ရချိန်ဖြစ်သည်။

ယနေ့တွင် Reform Party ကို မှတ်မိသူ အနည်းငယ်သာရှိသည်။

CNN စစ်တမ်းအရ ၁၉၉၃ ခုနှစ်တွင် အမေရိကန် ၅၀ ရာခိုင်နှုန်းက ပီရော့ ဖွဲ့စည်းသည့် တတိယပါတီကို ထောက်ခံခဲ့သည်။ ပိုမိုနည်းသည့် ၃၇ ရာခိုင်နှုန်းကသာ ဆန့်ကျင်ကြသည်။ ထိုအခြေအနေသည် ယခုအခါ အီလွန်မတ်စ်၏ တတိယပါတီကို ဆန့်ကျင်သူ ၄ ပုံ ၃ ပုံနှင့် ကွဲပြားခြားနားနေသည်။ ထို့အပြင် ပီရော့သည် ၁၉၉၃ ခုနှစ်တွင် စစ်တမ်းတခုပြီး တခုတွင် အပြုသဘောဆောင်သည့် လူကြိုက်များမှု အများစု ရရှိသည်။

မစ္စတာ အီလွန်မတ်စ်အတွက် သတင်းကောင်းဖြစ်ဖွယ်ရှိသည်မှာ မကြာသေးမီက သမိုင်း၏ မည်သည့် အချိန်ထက်မဆို တတိယပါတီတခုအတွက် ရေခံမြေခံကောင်းနေခြင်း ဖြစ်သည်။

CNN စစ်တမ်းအရ ၆၃ ရာခိုင်နှုန်းက ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များကို ယှဉ်ပြိုင်မည့်ပါတီ တခုကို လိုလားကြသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
129
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
93
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.6k

အီလွန်မတ်စ်သည် ထိုသို့သောခရီးတခုကို ဦးဆောင်မည့်သူ မဟုတ်ပေ။ စာရေးသူအထက်တွင် ပြောခဲ့သည့်အတိုင်း သူသည် လူကြိုက်အနည်းဆုံး နိုင်ငံရေးခေါင်းဆောင်များအနက် တဦးဖြစ်သည်။ သူ့အပေါ် လူကြိုက်များမှုနှုန်း ၂၃ ရာခိုင်နှုန်းသာ ရှိသည်။ ထိုပမာဏထက် ၂ ဆကျော်ဖြစ်သည့် ၆၀ ရာခိုင်နှုန်းက သူ့ကို မနှစ်သက်ကြပေ။

ထို့ကြောင့် သူ့ကို လူကြိုက်များမှုနှုန်းမှာ အနှုတ် ၃၇ ရာခိုင်နှုန်းဖြစ်သည်။ စိတ်ပျက်စရာဖြစ်သည်။

အခြား စစ်တမ်းများကလည်း လျှပ်စစ်ကား တည်ဆောက်သူနှင့် ဒုံးပျံထုတ်လုပ်သူကို အလားတူ သက်ညှာခြင်းမရှိဘဲ ထိုစစ်တမ်းအားလုံးက သူသည် ပြည်သူအချစ်ဆုံးသူ မဟုတ်ကြောင်း ပုံဖော်ကြသည်။

ထိုကိစ္စအတွက် ဝမ်းနည်းစရာကောင်းသည်မှာ မစ္စတာ အီလွန်မတ်စ်သည် တခါက လူကြိုက်များသူ ဖြစ်ခဲ့သည်ဆိုသည့်အချက် ဖြစ်သည်။ Bloomberg စစ်တမ်းတခုအရ ၂၀၁၆ ခုနှစ် မဲဆွယ်ပွဲကာလက အီလွန်မတ်စ်ကို လူကြိုက်များမှု အများစု ၂၉ ကျော် ရှိခဲ့သည်။

စစ်တမ်းကောက်ယူသည့် မည်သူထက်မဆို သူသည် လူကြိုက်များမှု အမြင့်မားဆုံးဖြစ်သည်။ ယခုအခါတွင် သူသည် မည်သည့်စစ်တမ်းတွင်မဆို လူကြိုက်အနည်းဆုံး ဖြစ်နေသည်။

မစ္စတာ အီလွန်မတ်စ်၏ ထိုသို့ကျဆင်းမှုသည် ညတွင်းချင်း ဖြစ်လာခြင်း မဟုတ်ပေ။ ထိုသို့ဖြစ်ရန် နှစ်ပေါင်းများစွာ ကြာမြင့်ပြီး သူ နိုင်ငံရေးလောကသို့ ဝင်ရောက်သောအခါ အရှိန်မြင့်လာသည်။ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ခွာပြဲကြသောအခါ တင်းမာမှု မြင့်တက်လာသည်။

ခြုံ၍ပြောရပါက အီလွန်မတ်စ်ကို နိုင်ငံရေးတွင် မြင်ရလေလေ သူကို့ သဘောကျသူ နည်းလေလေပင် ဖြစ်သည်။

အီလွန်မတ်စ်ကို လူကြိုက်နည်းခြင်းသည် ပုံမှန်အားဖြင့် အလွန်ခက်ခဲသည့် ကြားခံ တတိယပါတီတခုကို စတင်ထူထောင်ရန် အားထုတ်မှုများကို လွန်စွာ ပိုမိုခက်ခဲစေသည်။

(CNN ပါ Harry Enten ၏ Polls show Americans want a third party, but not Elon Musk’s ကို ဘာသာပြန်သည်။)

You may also like these stories:

ထရမ့်နှင့် အီလွန်မတ်စ်တို့၏ အွန်လိုင်းပေါ်က ရန်ပွဲ

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

SpaceX ကနေ ၂၀၂၅ မှာ ဒေါ်လာ ၁၅ ဘီလျံကျော် ဝင်ငွေရဖို့ အီလွန်မတ်စ် မျှော်မှန်း

အီလွန်မတ်စ် ထရမ့် အစိုးရ အဖွဲ့ကနေ ထွက်ပြီ

အီလွန်မတ်စ်ဟာ ကလေးငယ်တွေကို သတ်နေတယ်၊ ၂၀၄၅ မတိုင်မီ ဒေါ်လာ ဘီလီယံ ၂၀၀ လှူမယ်လို့ ဘီလ်ဂိတ် ပြော

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

Your Thoughts …
Tags: America Partyဒေါ်နယ်ထရမ့်ရွေးကောက်ပွဲအမေရိကန်အီလွန်မတ်စ်
Harry Enten

Harry Enten

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
သပိတ်ကျင်းသိမ်းအပြီး ၇ မိုင်၌ စစ်တပ် အင်အားပြန်စု

သပိတ်ကျင်းသိမ်းအပြီး ၇ မိုင်၌ စစ်တပ် အင်အားပြန်စု

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု (ရုပ်/သံ)

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved