ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကျင်းပမယ့် အာဏာသိမ်းစစ်တပ်ဟာ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပြီး အပိုင်း ၂ နဲ့ ၃ ကို ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ်ပေါင်း ၁၀၀ ကျော်နဲ့ ဇန်နဝါရီ ၂၅ ရက်မှာ မြို့နယ် ၆၃ ခုမှာ ဆက်လက်ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။
ပထမပိုင်း ဒီဇင်ဘာ ၂၈ မှာ မဲထွက်ပေးကြသူ အရေအတွက်ဟာ ၂၀၂၀ ရွေးကောက်ပွဲနေ့နဲ့ တခြားစီ ကွာခြားနိမ့်ကျလွန်းနေတယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ခံတွေက ဆိုကြပါတယ်။
ရန်ကုန်မြို့က ဝါရင့်သတင်းစာဆရာတဦးက မဲထွက်ပေးသူ ရာခိုင်နှုန်းက မြို့နယ်အလိုက် ကွာခြားမှု ရှိနိုင်ပြီး ၂၀ က ၂၅ ရာခိုင်နှုန်းကြား ရှိမယ်လို့ ခန့်မှန်းပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲပေးနိုင်သူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း မဲထွက်ပေးခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကို အခုလို အပိုင်းလိုက် ခွဲကျင်းပပေမယ့် တနိုင်ငံလုံးရဲ့ နယ်မြေတဝက်လောက်ပဲ ကျင်းပနိုင်ပြီး တိုင်းရင်းသား ပြည်နယ် အမြောက်အမြားမှာလည်း ရွေးကောက်ပွဲမကျင်းပနိုင်ပါဘူး။
စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးကြေညာချက်အရ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် အခု အားလုံး ၆၅ မြို့နယ်ဖြစ်သွားပြီး တချို့မြို့နယ်တွေမှာ မြို့ပေါ်ရပ်ကွက် ၃ ခုလောက်မှာပဲ လုပ်နိုင်တော့မယ့် အနေအထားပါ။
ဒါကြောင့် စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ သဘောတရားဖြစ်တဲ့ ကိုယ်စားပြုဖို့ ရွေးချယ်တင်မြှောက်ခြင်း အဓိပ္ပါယ် မပြည့်စုံ အထမမြောက်ဘဲ ပုံပျက်ပန်းပျက် ဖြစ်နေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတဦး ဖြစ်သူ ကိုထင်ကျော်အေးက ပြောပါတယ်။
၂၀၁၃ ခုနှစ်ကတည်းက လွှတ်တော်စောင့်ကြည့်လေ့လာရေး လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးဖြစ်ထွန်းမှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ Spring Sprouds အဖွဲ့ကို တည်ထောင်ခဲ့ကာ အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားတဲ့ ကိုထင်ကျော်အေးကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
(မှတ်ချက်။ ။ အင်တာဗျူး ရိုက်ကူးတဲ့နေ့ဟာ ဒီဇင်ဘာ ၂၄ ရက်ဖြစ်သောကြောင့် ကိုးကားထားတဲ့ အချက်အလက်တွေ ဟောင်းနေနိုင်ပါတယ်။)
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













