လက်ရှိဖြစ်ပွားနေသည့် မြန်မာ့ပြည်တွင်းစစ်တွင် လူသားများ ခံစားရသည့် ကြေကွဲစရာများအပြင် စီးပွားရေး အကျိုးဆက်သည်လည်း ကြောက်မက်ဖွယ်ဖြစ်သည်။
သို့သော် နောက်ထပ် ဆယ်နှစ် သို့မဟုတ် အနှစ် နှစ်ဆယ်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ ဆိုးရွားလှသော နောက်ထပ် အကျိုးဆက်တခု ရှိနေသည်။ မြန်မာသည် လာမည့် ဆယ်စုနှစ်များတွင် လူဦးရေအချိုးအစား ပြောင်းလဲမှုလှိုင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ သို့သော် ယခု လတ်တလော ရင်ဆိုင်ရဖွယ် မရှိလောက်ပေ။
မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှ စီးပွားရေးအောင်မြင်မှုအတွက် အကြောင်းရင်းများစွာ ရှိသည်။ အကြောင်းရင်းတခုမှာ ၁၉၉၀ ပြည့်နှစ်များအတွင်း ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာကဲ့သို့သော နိုင်ငံများသည် စီမံကိန်း စီးပွားရေးစနစ်များကို စွန့်ပယ်ပြီး လွတ်လပ်သော ကုန်သွယ်ရေးကို ကျင့်သုံးကာ ကမ္ဘာ့ဈေးကွက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်လာကြသည်။
အခြား အဓိကကျသော အချက်တခုမှာ လူဦးရေအချိုးအစား ပြောင်းလဲမှုဖြစ်သည်။ စင်ကာပူမှအပ အရှေ့တောင်အာရှ နိုင်ငံများ အားလုံး၏ အလယ်အလတ် အသက်အရွယ်မှာ ၂၀၀၀ ပြည့်နှစ်များအထိ ၃၀ နှစ်အောက်တွင်သာ ရှိသည်။
ဥပမာအားဖြင့် မြန်မာသည် ကမ္ဘာ့အရင်းရှင်စနစ်အတွင်းသို့ လူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်သည် အသက် ၁၅ နှစ်မှ ၃၄ နှစ်ကြားဖြင့် ဝင်ရောက်လာသည်။ ၁၉၉၀ ပြည့်နှစ်တွင် အလယ်အလတ် အသက်အရွယ်မှာ ၂၀ နှစ်မျှသာ ရှိသည်။
ဥပမာအားဖြင့် မြန်မာသည် ကမ္ဘာ့အရင်းရှင်စနစ်အတွင်းသို့ လူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်သည် အသက် ၁၅ နှစ်မှ ၃၄ နှစ်ကြားဖြင့် ဝင်ရောက်လာသည်။ ၁၉၉၀ ပြည့်နှစ်တွင် အလယ်အလတ် အသက်အရွယ်မှာ ၂၀ နှစ်မျှသာ ရှိသည်။ ထိုအခြေအနေသည် ပိုမိုစောစီးစွာ စက်မှုတိုးတက်ပြီး မြို့ပြအသွင်ကူးပြောင်းလာသည့် မလေးရှားနှင့် ထိုင်းတို့ စိတ်မဝင်စားတော့သည့် တန်ဖိုးနည်းထုတ်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများကို ဆွဲဆောင်နိုင်သည်။
သို့သော် မြန်မာလုပ်သားအင်အားစုသည် အတော်အတန်ငယ်ရွယ်ပြီး စမှတ်နိမ့်သောကြောင့် ၂၀၁၉ ခုနှစ်တွင် ထုတ်လုပ်မှုနှုန်းသည် အရှေ့တောင်အာရှတွင် ဒုတိယအနိမ့်ဆုံးဖြစ်ပြီး GDP နှင့်တွက်ချက်သော တနာရီနှုန်းအရ ၅ ဒသမ ၁၅ ဒေါ်လာမျှသာ ရှိသည်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက မြန်မာသည် ထိုအခြေအနေကို ပြုပြင်ရန် အချိန်များစွာရသည်။
ဆုံးရှုံးသွားသော အခွင့်အလမ်းများ
အလုပ်လုပ်သော အသက်အရွယ် လူဦးရေကို အသက် ၁၅ နှစ်မှ ၄၄ နှစ်ကြားနှင့် ၄၅ နှစ်မှ ၆၅ နှစ်ကြားဟု ယေဘုယျအားဖြင့် ခွဲခြားနိုင်သည်။ ထိုအုပ်စုတခုစီ၏ အရွယ်အစားသည် နိုင်ငံတနိုင်ငံ၏ စီးပွားရေးကို ဖွင့်ဆိုသတ်မှတ်သည်။
ငယ်ရွယ်သော လုပ်သားအင်အားစုသည် မြန်မာ့စီးပွားရေး တိုးတက်မှုကို မောင်းနှင်သည့် အထည်ချုပ်လုပ်ငန်းကဲ့သို့သော လုပ်အားအကြီးအကျယ်လိုပြီး ကျွမ်းကျင်မှုနည်းသော ထုတ်လုပ်ရေး လုပ်ငန်းများနှင့် ပြည်တွင်းစားသုံးမှုကို အကျိုးပြုသည်။
နိုင်ငံတနိုင်ငံတွင် လူဦးရေအချိုးအစား ပြောင်းလဲမှုနှင့် အသက်ကြီးသော အလုပ်သမားရာခိုင်နှုန်း ကြီးထွားလာသောအခါ ပြည်သူများသည် ၎င်းတို့လုပ်နေသည့်အလုပ်ကို ကျွမ်းကျင်ရန် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ပြီးသောကြောင့် ထိုနိုင်ငံများတွင် ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသည့် လုပ်သားအင်အားစု ရှိလာသည်။ အသက်အရွယ် အလယ်အလတ်ရှိသူများသည် စားသုံးမှု၊ ကလေးပြုစုပျိုးထောင်ခြင်း ပြုလုပ်ပြီးစီးပြီး အသက်အရွယ်အိုမင်းချိန်အတွက် စုဆောင်းနေကြပြီ ဖြစ်သောကြောင့် ပိုမိုငွေရင်းကြွယ်ဝသည့် စီးပွားရေးသို့ ဦးတည်စေသည်။
အာဏာမသိမ်းမီက မြန်မာသည် ထိုသို့ အသွင်ကူးပြောင်းမှုလုပ်ရန် ဆယ်စုနှစ် သုံးခု အချိန်ရသောကြောင့် လုပ်သားအင်အားစု သဘာဝအတိုင်း အသက်အရွယ် ကြီးရင့်လာချိန်တွင် စီးပွားရေးတိုးတက်မှုမှ ဝင်ငွေများကို ပညာရေးနှင့် ကျွမ်းကျင်မှု တိုးတက်ရေးတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်သည်။
အာဏာမသိမ်းမီက မြန်မာသည် ထိုသို့ အသွင်ကူးပြောင်းမှုလုပ်ရန် ဆယ်စုနှစ် သုံးခု အချိန်ရသောကြောင့် လုပ်သားအင်အားစု သဘာဝအတိုင်း အသက်အရွယ် ကြီးရင့်လာချိန်တွင် စီးပွားရေးတိုးတက်မှုမှ ဝင်ငွေများကို ပညာရေးနှင့် ကျွမ်းကျင်မှု တိုးတက်ရေးတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်သည်။
အသက် ၃၅ နှစ်မှ ၆၄ နှစ်အတွင်း အုပ်စုသည် ၂၀၂၀ ပြည့်နှစ်တွင် ၃၅ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၃၉ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးလာမည်ဟု ခန့်မှန်းထားသည်။ ကိန်းဂဏန်းအားဖြင့်ဆိုပါက ထိုပမာဏသည် လူဦးရေ ၁၈ သန်းမှ ၂၃ သန်းသို့ တိုးလာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အချက်အလက်များကို စာရေးသူ၏ လေ့လာမှုအရ သိရသည်။
တချိန်တည်းတွင် အသက် ၁၅ နှစ်မှ ၃၄ နှစ်ကြား အရေအတွက်သည် ၂၀၂၀ ပြည့်နှစ်တွင် ၁၈ သန်းရှိရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၁၆ သန်းသို့ သို့မဟုတ် ၃၃ ဒသမ ၂ ရာခိုင်နှုန်းမှ ၂၇ ဒသမ ၇ ရာခိုင်နှုန်းသို့ အနည်းငယ် ကျဆင်းသွားမည်ဟု မျှော်လင့်ရသည်။
စစ်အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ်သည် ထိုအရေအတွက်များကို အကြီးအကျယ် ပြောင်းလဲစေမည့် အလားအလာ မရှိပေ။ ပထမလပေါင်း ၂၀ အတွင်း အရပ်သားအနည်းဆုံး ၆,၀၀၀ သေဆုံးသည်ဟု အော်စလိုငြိမ်းချမ်းရေးအင်စတီကျုက လွန်ခဲ့သောနှစ်တွင် ဖော်ပြခဲ့သည်။
စုစုပေါင်း ထိခိုက်သေဆုံးမှုသည် သောင်းနှင့်ချီ ရှိနိုင်သည်။ ဒဏ်ရာရသူ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဒဏ်ဖြစ်သူ အရေအတွက်သည် ထိုထက် အဆပေါင်းများစွာ ပိုမိုများပြားပြီး လုပ်သားအင်အားစုသို့ ပြန်လည်ဝင်ရောက်ရန် ၎င်းတို့၏ စွမ်းရည်ကို ထိခိုက်စေသည်။
အရေးပါသော အသွင်ကူးပြောင်းမှု ပျောက်ဆုံးနေ
သို့သော် အရေးအကြီးဆုံးမှာ ပဋိပက္ခသည် ထိုအရေးပါသည့် အသွင်ကူးပြောင်းရေးကာလကို လူငယ်များထံမှ ခိုးယူလိုက်ပြီး ဘဝနောက်ပိုင်းတွင် ပိုမိုကျွမ်းကျင်ပြီး ကုန်ထုတ်လုပ်နိုင်ရန် လိုအပ်သည့် အချိန်ကို ဆုံးရှုံးသွားစေခြင်း ဖြစ်သည်။

နောက်ဆုံး ခန့်မှန်းတွက်ချက်မှုများအရ ပြည်တွင်းနေရပ်စွန့်ခွာရသူ ၃ ဒသမ ၁ သန်း လူဦးရေ၏ ၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။ ငယ်ရွယ်သော အရွယ်ရောက်ပြီးသူ ၈ ရာခိုင်နှုန်းခန့် အလုပ်လက်မဲ့ဖြစ်နေပြီး ၂၀၂၁ ခုနှစ် မတိုင်မီကထက် သိသိသာသာ တိုးလာသည်။
အမြဲတမ်းအလုပ်အကိုင်ရှိသူ အရေအတွက်လည်း သိသိသာသာ ကျဆင်းသည်။ အများအပြားသည် အလုပ်အကိုင် အလားအလာ မျှော်လင့်ချက်နည်းခြင်းနှင့် အစားအသောက်ဈေးနှုန်းများ တက်ခြင်းကြောင့် ကျေးလက်များသို့ပြန်ပြီး မိသားစုလယ်ယာများတွင် လုပ်ကိုင်ကြသည်။
စစ်ကောင်စီက ဖေဖော်ဝါရီလတွင် ကြေညာသည့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပြည်ပသို့ထွက်ခွာခြင်း များပြားလာသည်။
မြန်မာနှင့်ပတ်သက်သည့် ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာအရ လုပ်ငန်းများ၏ ၂၈ ရာခိုင်နှုန်းသည် အလုပ်သမားများ ကျေးလက်သို့ ရွှေ့ပြောင်းခြင်းနှင့် နိုင်ငံခြားသို့ ထွက်ခွာခြင်းကြောင့် ဝန်ထမ်းများ ဆုံးရှုံးကြပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ၁၁ ရာခိုင်နှုန်းမှ တက်လာခြင်းဖြစ်သည်။
မြန်မာနှင့်ပတ်သက်သည့် ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာအရ လုပ်ငန်းများ၏ ၂၈ ရာခိုင်နှုန်းသည် အလုပ်သမားများ ကျေးလက်သို့ ရွှေ့ပြောင်းခြင်းနှင့် နိုင်ငံခြားသို့ ထွက်ခွာခြင်းကြောင့် ဝန်ထမ်းများ ဆုံးရှုံးကြပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ၁၁ ရာခိုင်နှုန်းမှ တက်လာခြင်းဖြစ်သည်။
အလုပ်မှ ထွက်ခွာသွားသည့် အလုပ်သမားထက်ဝက်ခန့်သည် အခြားနိုင်ငံများသို့ ထွက်ခွာကြပြီး သုံးပုံ တပုံသည် မြန်မာနိုင်ငံ အခြားဒေသများသို့ ရွှေ့ပြောင်းသည်။
ကျွမ်းကျင်လုပ်သားများကို ထိန်းထားရန် ခက်ခဲ
အာဏာမသိမ်းမီကပင် မြန်မာနိုင်ငံ၏ ရေရှည်စိန်ခေါ်မှုများအနက် တခုမှာ ကျွမ်းကျင်လုပ်သားများကို ထိန်းထားရေး ဖြစ်သည်။ အဓိကအားဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာမှ ရွှေ့ပြောင်းအခြေချလုပ်သား သန်းနှင့်ချီ၍ မဆွဲဆောင်နိုင်ပါက အသက်အရွယ်ကြီးရင့်မှုနှုန်း မြန်ဆန်စွာ များလာနေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် လုပ်သားအင်အားစု သုံးပုံ တပုံ ကျုံ့သွားမည်ဖြစ်သည်။
အာဏာသိမ်းမှုမဖြစ်လျှင် မြန်မာသည် အကောင်းဆုံးလုပ်သားအင်အားစုကို ထိန်းသိမ်းထားနိုင်ခဲ့မည် ဖြစ်သည်။ ပြည်တွင်းစစ် မည်မျှကြာမည်အပေါ် မူတည်ပြီး ၎င်းတို့ကို ဆက်လက်ထိန်းထားနိုင်ရန် အခွင့်အလမ်းရှိသည်။ ကမ္ဘာ့ဘဏ်၏ မကြာသေးမီက စစ်တမ်းအရ အသက် ၂၀ မှ ၄၀ အကြား ကျွမ်းကျင်မှုမြင့်မားသည့် ဘွဲ့ရ ၅၂ ရာခိုင်နှုန်းသည် ပြည်ပသို့ ထွက်ခွာလိုကြောင်း သိရသည်။
အာဏာသိမ်းပြီးချိန် နောက်ပိုင်းတွင် မြန်မာ တက္ကသိုလ်ကျောင်းသား အရေအတွက် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသည်။ ပညာရေး အင်စတီကျူးရှင်းများတွင် စာရင်းသွင်းသည့် အသက် ၆ နှစ်မှ ၂၂ နှစ်ကြား အရေအတွက်သည် ၂၀၁၇ ခုနှစ်တွင် ၆၉ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၅၆ ရာခိုင်နှုန်းသို့ ကျဆင်းသည်။
မြန်မာခံစားရမည့် လူဦးရေအချိုးအစား အားသာချက်တွင် အသက်အရွယ် ပိုမိုကြီးလာသည့် လုပ်သားအင်အားစု များပြားလာခြင်းနှင့် လူငယ်အလုပ်သမားအရေအတွက် ပုံမှန်တိုးနေခြင်းတို့ ပါဝင်သည်။
ထိုသို့ ချိန်ခွင်လျှာညီခြင်းသည် အထည်ချုပ်လုပ်ငန်းကဲသို့ ကျွမ်းကျင်မှုနိမ့်၊ အဆင့်နိမ့် တန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းများအတွက် အရေးပါပြီး ကြီးထွားလာနေသည့် ပိုမိုကျွမ်းကျင်သော လုပ်သားအင်အားစုကြောင့် အဆင့်မြင့် တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍ တိုးတက်မှုဖြစ်စေသည်။
ထိုအခြေအနေကို စစ်အာဏာသိမ်းမှုက ပြောင်းပြန်လှန်လိုက်ပြီဖြစ်သည်။
ပြည်တွင်းစစ် မကြာမီ ပြီးဆုံးမည့်အလားအလာ မရှိပေ။ ကာလအလွန်ရှည်ကြာစွာ ပြည်တွင်းစစ်ဖြစ်နေပါက ၂၀၃၀ ပြည့်နှစ်များနှင့် ၂၀၄၀ ပြည့်နှစ်များတွင် ခံစားရမည့် လူဦးရေအချိုးအစား အကျိုးကျေးဇူးများကို ဆုံးရှုံးမည်ဖြစ်သည်။ ဆယ်စုနှစ် တခုကြာ ပြည်တွင်းစစ်သည် အန္တရာယ်ကင်းသည် မဟုတ်ပေ။
(RFA ပါ David Hutt ၏ ‘Demographic Dividend’ A Long-Term Casualty of Myanmar’s Civil War – Analysis ကို ဘာသာပြန်သည်။ ဒေးဗစ်ဟတ်သည် အာရှလေ့လာရေး ဗဟိုဥရောပ အင်စတီကျု (CEIAS) မှ သုတေသီနှင့် The Diplomat တွင် အရှေ့တောင်အာရှ ပင်တိုင်ဆောင်းပါးရှင် ဖြစ်သည်။)
You may also like these stories:
စိုက်စရိတ်ကြီးပြီး လုပ်သားရှားသဖြင့် မွန်ပြည်နယ် စပါး စိုက်ပျိုးမှု လျော့ချ
ဂျပန်တွင် မြန်မာလုပ်သားများ အလျင်မြန်ဆုံး တိုးပွားနေ
နိုင်ငံရပ်ခြားမှာ ခေါင်းပုံဖြတ်ခံနေရတဲ့ မြန်မာလုပ်သားတွေရဲ့ဘဝ (ရုပ်/သံ)
လုပ်သားရှားပါးမှု ပြသာနာ စတင်ရင်ဆိုင်လာရပြီ (ရုပ်/သံ)
အတင်းအကျပ် စစ်သားစုမှုကြောင့် မန္တလေး၌ လုပ်သားရှားပါးလာ
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်














