• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဂျပန်တွင် မြန်မာလုပ်သားများ အလျင်မြန်ဆုံး တိုးပွားနေ

by Michiyo Ishida နှင့် Louisa Tang
20 May 2024
in ဆောင်းပါး
A A
ဂျပန်တွင် မြန်မာလုပ်သားများ အလျင်မြန်ဆုံး တိုးပွားနေ

၂၀၂၃ ခုနှစ်က ဂျပန်ရှိ သက်ကြီးရွယ်အိုများ နေ့ဘက် စောင့်ရှောက်ရေးစင်တာတွင် အလုပ်လုပ်နေသည့် အသက် ၂၁ နှစ်အရွယ် မမိုးမိုးခိုင်

1.6k
VIEWS
Share on FacebookShare on Twitter

မမျိုးမျိုးသိန်းသည် ဂျပန်တွင် အလုပ်လုပ်ရန် အခွင့်အရေးကို ၂၀၂၂ ခုနှစ်တွင် အရယူခဲ့သောအခါ သူ၏ ဂျပန်ဘာသာစကား ကျွမ်းကျင်မှုကြောင့် ဒေသခံအလုပ်သမားများနှင့် ယှဉ်နိုင်သည့် လစာငွေရသည်။

အသက် ၂၅ နှစ်အရွယ် တက္ကသိုလ်ဘွဲ့ရထားသူ မမျိုးမျိုးသိန်းသည် သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ကိုင်ပြီး ပဋိပက္ခဖြစ်နေသည့် မြန်မာမှ ဂျပန်သို့ ထွက်ခွာလာသည့် မြန်မာနိုင်ငံသားလှိုင်းတွင် ပါဝင်သည်။

သူသည် ဂျပန်တွင် အလုပ်လုပ်ရန် သင်ကြားထားသည့် ဂျပန်စကားပြော စွမ်းရည်ကြောင့် ကျွမ်းကျင်လုပ်သား အရည်အချင်းမီသည်။ ထို့ကြောင့် သူသည် ဂျပန်တွင် ငါးနှစ်နေထိုင်နိုင်ပြီး သူနှင့် သူ့အလုပ်ရှင်အတွက် ပိုမိုတည်ငြိမ်စေသည်။

“ဂျပန်တွေက စည်းကမ်းကို အလေးထားတယ်လို့ ဒီက မိတ်ဆွေတယောက်ပြောလို့ ဂျပန်မှာ အလုပ်လုပ်ဖို့ စဉ်းစားတယ်” ဟု CNA သတင်းဌာနသို့ ၎င်းကပြောသည်။ “အခွင့်အရေး ရမယ်ဆိုရင် ကျော်ကြားတဲ့ ဟိုတယ်တခုမှာ လုပ်ချင်တယ်” ဟုလည်း မမျိုးမျိုးသိန်းက ပြောသည်။

ရွှေ့ပြောင်းအခြေချများကို တင်းကျပ်စွာ ပိတ်ပင်သည်ဟု နာမည်ထွက်သည့် ဂျပန်နိုင်ငံသည် အိုမင်းရင့်ရော်သူ တိုးပွားလာသည့် လူ့အဖွဲ့အစည်းကြောင့် နိုင်ငံခြားလုပ်သားများကို တံခါးဖွင့်လာရသည်။

ထိုသို့သော အလုပ်သမား အရေအတွက်သည် လွန်ခဲ့သောနှစ်တွင် စံချိန်တင်မြင့်မားပြီး ပထမဆုံးအကြိမ်အဖြစ် ၂ သန်းကျော်လာသည်။

နိုင်ငံခြားသားမုန်းတီးရေးနှင့် လူမျိုးရေးဝါဒ

မမျိုးမျိုးသိန်းကဲ့သို့သော နိုင်ငံခြားသား အလုပ်သမားများကို ပိုမိုခေါ်ယူရန် မူဝါဒသစ်များ ချမှတ်စဉ် ဂျပန်နိုင်ငံသည် အယူအဆဆိုင်ရာ ပြဿနာတခုကို ခံစားလာရပြီး ‘နိုင်ငံခြားသား မုန်းတီးမှု’ နှင့် ‘လူမျိုးရေးဝါဒ’ အတွက် အချို့သူများ၏ စွပ်စွဲမှုခံရသည်။

လူမျိုးရေး နောက်ခံအချက်အလက်များကို အခြေခံကာ ရဲက တရားမဝင်သည့် မေးခွန်းများ မေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂျပန်အမျိုးသားနှင့် ဒေသအစိုးရများကို ပြည်ပဖွား ဒေသခံ သုံးဦးက တရားစွဲသည်။

တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့မှ နိုင်ငံခြားသား မုန်းတီးမှုသည် ၎င်းတို့၏ စီးပွားရေးတိုးတက်မှုကို ချိနဲ့စေကြောင်း၊ ထိုနိုင်ငံများသည် ရွှေ့ပြောင်းအခြေချများကို မလိုလားကြောင်း မကြာသေးသည့် မေလ ၁ ရက်နေ့တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

သို့သော် ဂျပန်ပြည်သူများ၏ နိုင်ငံခြားသားများကို လက်ခံနိုင်စွမ်း တိုးတက်လာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

“စိုးရိမ်ပူပန်မှု တစုံတရာတော့ ရှိနေသေးတယ်” ဟု ဥဇဘက်ကစ္စတန်နှင့် တာဂျီကစ္စတန်ဆိုင်ရာ ဂျပန် သံအမတ်ဟောင်း မစ္စတာ အကီယို ကာဝါတိုက CNA သတင်းဌာန၏ East Asia Tonight အစီအစဉ်သို့ ပြောသည်။

“ဘိုင်ဒင်ပြောတဲ့ကိစ္စကိုတော့ ကျနော် သိပ်မစိုးရိမ်ဘူး” ဟု Newsweek Japan တွင် ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်နေသည့် အထက်ပါ သံအမတ်ဟောင်းက ပြောသည်။

“ဂျပန် သတင်းမီဒီယာက ဒီကိစ္စနဲ့ပတ်သက်ပြီး မလိုအပ်တာတွေ လုပ်တာ အရမ်းများတယ်လို့ ကျနော်ထင်တယ်။ မစ္စတာ ဘိုင်ဒင်က အများအားဖြင့် ပြည်တွင်းပရိသတ်ကို ရည်ရွယ်ပြီး ပြောတာ ထင်တယ်” ဟု ၎င်းက ပြောသည်။

ဂျပန်သည် နောက်ဆုံးတွင် နိုင်ငံခြားသားများကို အပြည့်အဝ လက်ခံ၊ မခံနှင့် ပတ်သက်ပြီး မစ္စတာ ကာဝါတိုက ထိုကိစ္စသည် အတွေးအခေါ်အယူအဆနှင့် သက်ဆိုင်သည့်ကိစ္စဟု မထင်ဘဲ နိုင်ငံခြား အလုပ်သမား လိုအပ်သည့် ကဏ္ဍအချို့၏ လိုအပ်ချက်နှင့်သာ သက်ဆိုင်ကြောင်း ပြောသည်။

ဂျပန်သည် နောက်ဆုံးတွင် နိုင်ငံခြားသားများကို အပြည့်အဝ လက်ခံ၊ မခံနှင့် ပတ်သက်ပြီး မစ္စတာ ကာဝါတိုက ထိုကိစ္စသည် အတွေးအခေါ် အယူအဆနှင့် သက်ဆိုင်သည့်ကိစ္စဟု မထင်ဘဲ နိုင်ငံခြားအလုပ်သမား လိုအပ်သည့် ကဏ္ဍအချို့နှင့်သာ သက်ဆိုင်ကြောင်း ပြောသည်။

“နောက်ပြီးတော့ ကျနော်တို့ရဲ့ အချက်အလက်တွေကလည်း အများအားဖြင့် ကာယ အလုပ်နဲ့ပဲ ဆိုင်တယ်။ ဉာဏလုပ်အားနဲ့ ပတ်သက်ရင် အဓိကကျတဲ့ ဂျပန်ကုမ္ပဏီကြီးတွေက အမှုဆောင်အရာရှိချုပ် အများအပြားဟာ နိုင်ငံခြားသားတွေ ဖြစ်နေကြပြီ” ဟုလည်း ၎င်းက ပြောသည်။

နိုင်ငံခြားသား သင်တန်းသား အစီအစဉ်ကို အစားထိုးမည်

ဂျပန်နိုင်ငံသည် စွမ်းဆောင်ရည် ပိုကောင်းသူများကို ဆွဲဆောင်ရန် ကြိုးစားလာသောကြောင့် ၎င်း၏ နိုင်ငံခြားသား သင်တန်းသား အစီအစဉ်ကို ပိုမိုကောင်းမွန်သည့် အခွင့်အရေး ကာကွယ်ပေးပြီး အလုပ်အကိုင် ပြောင်းလွယ်ရွှေ့လွယ်ရှိသည့် အခြားစနစ်တခုနှင့် အစားထိုးတော့မည် ဖြစ်သည်။

ကျွမ်းကျင်ပညာရှင်များပြီးလျှင် အဆင့်နိမ့် လုပ်သားများသည် ဂျပန်တွင် ဒုတိယအများဆုံး နိုင်ငံခြားသားအုပ်စု ဖြစ်သည်။ နိုင်ငံခြားသား လုပ်သားများကို ဈေးပေါသော လုပ်သားအဖြစ် အသုံးပြုသည့် ဝေဖန်မှုများ ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

ထိုအစီအစဉ်ကို ပြုပြင်ပြောင်းလဲမှုသည် သောင်းနှင့်ချီသော ဂျပန်မှ မြန်မာလုပ်သားများကို အကျိုးကျေးဇူး ဖြစ်စေနိုင်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသောကြောင့် နိုင်ငံသား အများအပြားသည် ပြည်ပတွင် ခိုလှုံရန် ကြိုးစားကြသည်။

ထို မတည်ငြိမ်မှုကြောင့် ဂျပန်အစိုးရသည် မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်း ကုန်ဆုံးပြီးနောက် နောက်တနှစ် နေခွင့်ပေးထားသည်။ မြန်မာတွင် ဆက်လက် မတည်မငြိမ် ဖြစ်နေပါက နေထိုင်ခွင့် ထပ်မံတိုးချဲ့နိုင်သည်။

ထို မတည်ငြိမ်မှုကြောင့် ဂျပန်အစိုးရသည် မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်း ကုန်ဆုံးပြီးနောက် နောက်တနှစ် နေခွင့်ပေးထားသည်။ မြန်မာတွင် ဆက်လက် မတည်မငြိမ် ဖြစ်နေပါက နေထိုင်ခွင့် ထပ်မံတိုးချဲ့နိုင်သည်။

ဂျပန်တွင် မြန်မာနိုင်ငံသား ၇ သောင်းကျော် အလုပ်လုပ်နေ

အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံသားများနှင့်အတူ မြန်မာနိုင်ငံသားများသည် ဂျပန်တွင် အလျင်မြန်ဆုံး ကြီးထွားလာနေသည့် နိုင်ငံခြားသား လုပ်သားအုပ်စု ဖြစ်သည်။

ဂျပန်တွင် အလုပ်လုပ်ကိုင်ရေးအတွက် အဖွဲ့လိုက် တွေ့ဆုံမေးမြန်းမှုကို ရန်ကုန်တွင် ပြုလုပ်နေစဉ်

၂၀၂၃ ခုနှစ်အထိ ဂျပန်တွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၇ သောင်းကျော်ရှိပြီး ယခင် တနှစ်ကထက် ၅၀ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်စာရင်းများအရ သိရသည်။

ထို့ကြောင့် ဂျပန်တွင် အလုပ်အကိုင်အတွက် ယှဉ်ပြိုင်မှု ပြင်းထန်လာသည်။

မြန်မာမှ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်တွင် ဖေဖော်ဝါရီလက အုပ်စုလိုက် တွေ့ဆုံမေးမြန်းစဉ် လျှောက်ထားသူ ၁၀၀ ခန့်သည့် ဂျပန်မှ လစ်လပ်သည့်အလုပ်နေရာ ၂၀ အတွက် ယှဉ်ပြိုင်နေရသည်။ ထိုအလုပ်များသည် ဖြန့်ချိရေးနှင့် အစားအသောက် ထုတ်လုပ်သည့် အလုပ်များဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
212

မြန်မာတွင် ဂျပန်စကားပြောဆိုသူ အရေအတွက် တိုးပွားလာသောကြောင့် မြန်မာမှ သင်တန်းသားသစ် ခေါ်ယူခြင်းကို စတင်လုပ်ကိုင်ခဲ့ကြောင်း စီးပွားရေးလုပ်ငန်းများ သမဂ္ဂအဖွဲ့တခုကို ကိုယ်စားပြုသည့် မစ္စ ရိုင်ကို မာတာဂါက ပြောသည်။

“ဂျပန်ဘာသာစကားကို အရမ်းစိတ်ဝင်စားကြတယ်။ လျှောက်ထားတဲ့သူ အများစုက သူတို့ ဂျပန်စကား လေ့လာနေတာ တနှစ်၊ နှစ်နှစ်ရှိပြီလို့ ပြောတယ်။ အများစုက အလုပ်လုပ်ရင်း လေ့လာကြတယ်” ဟု NKU Network Union မှ ဒါရိုက်တာဖြစ်သူ ၎င်းကပြောသည်။

“ဂျပန်ဘာသာစကားသင်ကျောင်း တက်ဖို့ မြန်မာမှာ အလုပ်က ထွက်လာကြသူတွေလည်းရှိပြီး သူတို့က ဂျပန်ကို သွားချင်တယ်လို့ ပြောတယ်” ဟု မစ္စ မာတာဂါက ပြောသည်။

မစ္စ မာတာဂါသည် မြန်မာနိုင်ငံသူ မဖြိုးထက်ထက်စန်းကိုလည်း ဂျပန်နိုင်ငံသားအတွက် ဘာသာပြန်ပေးရန်နှင့် ဗီဇာအထောက်အကူရစေရန် ငှားရမ်းထားသည်။

သက်ကြီးရွယ်အို စောင့်ရှောက်ရေး နိုင်ငံခြားသား လုပ်သားများ လိုအပ်

ဂျပန်မှ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းသည် မြန်မာမှ အလုပ်သမားများကို ငှားရန်းရန် စိတ်အားအထက်သန်ဆုံး လုပ်ငန်းများအနက် တခုဖြစ်သည်။ နိုင်ငံတွင် အိုမင်းရင့်ရော်လာသည့် လုပ်သားအင်အားစုကြောင့် ထိုကဏ္ဍသည် လာမည်နှစ်တွင် အလုပ်သမား ၃၂၀,၀၀၀ မလုံလောက်မှု ကြုံရမည်ဖြစ်သည်ဟု ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ သိရသည်။

သို့သော် နိုင်ငံခြားသား လုပ်သားများအတွက် ထိုဝန်ကြီးဌာနက ပိုမိုတင်းကျပ်သည့် စည်ကမ်းချက်များ ချထားသည်။ သင်တန်းသားများ အပါအဝင် ထိုအလုပ်သမား အားလုံးသည် သက်ကြီးရွယ်အိုများနှင့် ဆက်သွယ်ပြောဆိုရန် လိုအပ်ချက်အရ ဂျပန်စကားကို အတိုင်းအတာ တခုအထိ ပြောတတ်ရမည် ဖြစ်သည်။

မစ္စတာ ကန်ဂျီ ဆာတိုသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများအတွက် နိုင်ငံခြားသားများကို စုဆောင်း၊ လေ့ကျင့်၊ အလုပ်စပ်ပေးသည့် အေဂျင်စီတခုကို ၂၀၁၆ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှ စတင်ပြီး မြန်မာလုပ်သား ၁၂၀ ကို ခေါ်ယူပေးခဲ့သည်။

ကိုကုဆိုင်ကိုင်ဂိုဂျီဂျိုအူဒန်၏ ဒါရိုက်တာဖြစ်သော ၎င်းက သူ၏ ကုမ္ပဏီသည် အင်ဒိုနီးရှားနှင့် ဗီယက်နမ် အပါအဝင် နိုင်ငံအများအပြားသို့ သွားခဲ့ကြောင်း ပြောသည်။

“ယဉ်ကျေးမှုအရဆိုရင် မြန်မာက ဂျပန်နဲ့ တူညီမှုအများဆုံးပဲ။ မြန်မာပြည်သူတွေက တည်ငြိမ်ပြီး အများစုက ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ သူတို့ရဲ့ စရိုက်သဘာဝက အသင့်တော်ဆုံး။ ဒါကြောင့် မြန်မာအတွက် ကျနော်တို့ ဆုံးဖြတ်လိုက်တယ်” ဟု ၎င်းကပြောသည်။

“ယဉ်ကျေးမှုအရဆိုရင် မြန်မာက ဂျပန်နဲ့ တူညီမှုအများဆုံးပဲ။ မြန်မာပြည်သူတွေက တည်ငြိမ်ပြီး အများစုက ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ သူတို့ရဲ့ စရိုက်သဘာဝက အသင့်တော်ဆုံး။ ဒါကြောင့် မြန်မာအတွက် ကျနော်တို့ ဆုံးဖြတ်လိုက်တယ်” ဟု ၎င်းကပြောသည်။

သူစုဆောင်းပေးခဲ့သည့် အလုပ်သမားများတွင် သက်ကြီးရွယ်အိုများကို နေ့ဘက် စောင့်ရှောက်မှုပေးသည့် လုပ်ငန်းအတွက် ခေါ်ယူခဲ့သည့် မမိုးမိုးခိုင်လည်း ပါဝင်သည်။

ဂျပန်နိုင်ငံသည် စီးပွားရေးတိုးတက်ပြီး လှပသောရှုခင်းများနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဂျပန်ကို ရွေးချယ်ခြင်းဖြစ်ကြောင်း CNA သတင်းဌာနသို့ အသက် ၂၁ နှစ်အရွယ် မမိုးမိုးခိုင်က ပြောသည်။

ဂျပန်တွင် သုံးနှစ်နေပြီးနောက် မမိုးမိုးခိုင်သည်လည်း ကျွမ်းကျင်လုပ်သား အရည်အချင်း မီလာပြီး နောက်ထပ် ငါးနှစ်နေနိုင်သလို စောင့်ရှောက်မှုပေးသူများအတွက် အမျိုးသားအဆင့် စာမေးပွဲအောင်ပါက သူကြိုက်သလောက် ကြာကြာနေနိုင်သည်။

“ဒီမှာ ၁၀ နှစ်လောက် အလုပ်လုပ်ချင်တယ်။ ပြီးရင် မြန်မာကို ပြန်ပြီး ကျောင်းတခုတည်ထောင်ပြီး သူနာပြုစောင့်ရှောက်မှု သင်ပေးချင်တယ်” ဟု သူက ဆက်လက်ပြောကြားသည်။

(CNA ပါ Michiyo Ishida နှင့် Louisa Tang တို့၏ Myanmar workers among fastest-growing group of foreign workers in Japan as society ages ကို ဘာသာပြန်သည်။)

You may also like these stories:

ပြည်ပစေလွှတ်သည့် အလုပ်သမားစာရင်း မဖြစ်မနေတင်ပြရန် အေဂျင်စီများကို ဖိအားပေး

အသက် ၁၀၀ နဲ့ အထက် လူပေါင်း ၇ သောင်းကျော် ရှိနေတဲ့ ဂျပန်နိုင်ငံ

ဂျပန်-အာဆီယံဌာန စစ်ကောင်စီကို ငွေကြေးထောက်ပံ့

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

Your Thoughts …
Tags: ဂျပန်စစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးနိုင်ငံခြားသား မုန်းတီးမှုရွှေ့ပြောင်းလုပ်သားသက်ကြီးရွယ်အို စောင့်ရှောက်ရေးအလုပ်အကိုင်
Michiyo Ishida နှင့် Louisa Tang

Michiyo Ishida နှင့် Louisa Tang

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရေတပ်မှပစ်သည့် လက်နက်ကြီးကျည်ခွံ ငပလီကမ်းခြေသို့ ကျ

ရေတပ်မှပစ်သည့် လက်နက်ကြီးကျည်ခွံ ငပလီကမ်းခြေသို့ ကျ

အားလုံးအတွက် တူးတဲ့ကျင်း

အားလုံးအတွက် တူးတဲ့ကျင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved