• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ပစေလွှတ်သည့် အလုပ်သမားစာရင်း မဖြစ်မနေတင်ပြရန် အေဂျင်စီများကို ဖိအားပေး

by ဧရာဝတီ
11 October 2023
in သတင်း
A A
ပြည်ပစေလွှတ်သည့် အလုပ်သမားစာရင်း မဖြစ်မနေတင်ပြရန် အေဂျင်စီများကို ဖိအားပေး

၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ MoU ဖြင့်ဝင်ရောက်ခဲ့သူများ

1.6k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ ပြည်ပအလုပ်အကိုင် အေဂျင်စီများအား လုပ်သားစေလွှတ်မှု စာရင်း မဖြစ်မနေ တင်ပြရန် ဖိအားပေးနေကြောင်း အလုပ်သမားအေဂျင်စီများထံမှ သိရသည်။

အေဂျင်စီများ အနေဖြင့် ပြည်ပစေလွှတ်သည့် အလုပ်သမားစာရင်းအား အရပ်သားအစိုးရလက်ထက်ကတည်းက အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနသို့ ပုံမှန်တင်ပြရသော်လည်း စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် စက်တင်ဘာမှစ၍ ယင်းစာရင်းများကို ဗဟိုဘဏ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကိုပါ ပူးတွဲ တင်ပြရမည်ဟု ညွှန်ကြားကြောင်း အေဂျင်စီများက ဆိုသည်။

အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိ ပြည်တွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ (၄၈၄) ခု ရှိပြီး၊ အလုပ်သမား စာရင်း မပို့သေးသည့် အေဂျင်စီ (၇၀) ကျော် ရှိနေကြောင်း၊ ထို့အတွက် လုပ်သားစေလွှတ်မှုစာရင်း တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို အရေးယူမည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
164
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

အလုပ်အကိုင်အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “ပုံမှန်လချုပ်စာရင်း အလုပ်သမားဝန်ကြီးဌာနကို ပို့ရတယ်။ အရင်က လည်းပို့ရတယ်။ အခု ဘာထူးခြားသွားလဲဆိုရင် ဒီစာရင်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနတို့၊ ဗဟိုဘဏ်တို့ကိုပါ ပေးရတာ တွေ ပါလာတယ်။ အဓိက သူတို့လိုချင်တာက အလုပ်သမားတွေရဲ့ ပို့ငွေကို ပြန်စစ်ဆေးမယ့်သဘော။ ဌာနတခုထဲနဲ့ မပြီးဘဲ ဗဟိုဘဏ်ကလည်း ဒီကုမ္ပဏီက ဘယ်လောက်ဝင်လဲ။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စစ်ဆေးမယ့် သဘော ပေါ့။ အဲဒါကြောင့် လုပ်တယ်လို့ထင်တယ်” ဟု ပြောသည်။

အေဂျင်စီများသည့် စေလွှတ်သည့် အလုပ်သမားစာရင်းကို ယခင်က ၃ လတကြိမ် (သို့မဟုတ်) ၆ လတကြိမ် ပေးပို့ ရသော်လည်း စစ်ကောင်စီလက်ထက်တွင် လစဉ် လဆန်း ၅ ရက်အတွင်း မဖြစ်မနေ ပို့ရမည် ပျက်ကွက်ခဲ့ပါက စေလွှတ် ရေးလုပ်ငန်းစဉ် ရပ်ဆိုင်းခြင်း၊ အသိပေး အကြောင်းကြားခြင်း၊ ထပ်မံ မလိုက်နာပါက အေဂျင်စီ ပိတ်သိမ်းခံရခြင်းတို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ စေလွှတ်သည့် လုပ်သားဦးရေ စာရင်းရှိပါက Email သို့မဟုတ် စာနှင့် ပေးပို့နိုင်ကြောင်း၊ စေလွှတ်သည့် လုပ်သားဦးရေ မရှိပါက မရှိကြောင်းကို တင်ပြရမည်ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူတဦးက “အေဂျင်စီတွေက ဘာခက်ခဲလဲဆိုတော့ အလုပ်သမားတွေ ဆီက အတင်းတောင်းခိုင်းမှာတို့၊ အလုပ်သမားတွေ အတင်းပို့ခိုင်းမှာတို့၊ အေဂျင်စီကို တွန်းလာမှာမျိုးတွေ ဖိအားပေးခံရတဲ့ အခက်အခဲတွေ ရှိနေတာပေါ့။ အဓိကကတော့ သူတို့မှာ နိုင်ငံခြားငွေ လိုနေတယ်။ လိုနေတာကို ပထမတော့ လုပ်ငန်းရှင် တွေကို ပစ်မှတ်ထားတယ်။ လုပ်ငန်းရှင်တွေကနေမှတဆင့် အလုပ်သမားတွေဆီ ရောက်သွားတယ်။ သူတို့ရဲ့ လွှဲပို့ငွေပေါ့” ဟု ပြောသည်။

ပြည်ပတွင် အလုပ်အကိုင်ရရန် မသေချာသည့် အခြေအနေတွင် မြန်မာပြည်ရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအား ဖိအားပေး၍ ပြည်ပသို့ ပို့ဆောင်ခိုင်းပါက အလုပ်သမားများ ဒုက္ခရောက်နိုင်ကြောင်း ထိုင်း အခြေစိုက် အလုပ်သမား ကူညီရေးအဖွဲ့ AAC မဟာမိတ်အဖွဲ့က ကိုနေလင်းသူက ပြောသည်။

၎င်းက “မြန်မာဘက်အခြမ်းမှာကို ဖိအားပေးနေတာ။ တကယ့်တကယ် ထိုင်းဘက်အခြမ်းကို ပို့ရင်လည်း အလုပ်မယ်မယ် ရရရှိတဲ့ ကုမ္ပဏီရယ်လို့ မရှိဘူး။ အဲဒီအတွက်သူတို့က ဖိအားပေးလေ။ အလုပ်သမားတွေက ပိုပြီး ဒုက္ခရောက်လေပဲ။ ဒုက္ခရောက်တာမှန်သမျှ ပြဿနာပိုပြီးကြီးထွားလာနိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ အေဂျင်စီများကို လုပ်သားစေလွှတ်မှုစာရင်းတင်ပြရန် တင်းကျပ်လိုက်ခြင်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသား များ၏ ဝင်ငွေအပေါ် အခွန်ကောက်ခံမှုကြောင့်ဖြစ်ကြောင်း အေဂျင်စီများက ပြောဆိုကြသည်။

ပြည်ပရှိ MoU လုပ်သားများမှာ ရသည့် လစာဝင်ငွေထဲမှ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လစဉ် သို့မဟုတ် ၃ လစာ ပေါင်း၍ ၃ လတကြိမ် တရားဝင်လမ်းကြောင်းမှ လွှဲပို့ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိက ပြည်ပသို့ အလုပ်ထွက်လုပ်ခွင့် ၃ နှစ် ပိတ် မည် ဟု စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလက ဖိအားပေး ထုတ်ပြန်သည့်အပြင် ၂၀၂၃ ခုနှစ် ပြည်ထောင်စု အခွန် အကောက်ဥပဒေကိုလည်း ပြင်ဆင်၍ ပြည်ပရောက် မြန်မာနိုင်ငံသားများ ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ဆောင် ရမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လက်မှတ်ထိုးကာ စက်တင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ကိုနေလင်းသူက “ဒီကိစ္စတော့ အဓိက သူတို့ဆီ စီးဆင်းမယ့် အခွန်အခကို ဖြတ်တောက်ဖို့ အေဂျင်စီတွေကို ဖိအားပေး လိုက်တာပဲ၊ ထိုင်းမှာရောက်နေတဲ့ အလုပ်သမားတွေရဲ့ မျက်နှာကို မကြည့်ဘဲ ဖိအားပေးမယ်ဆိုရင် အလုပ်သမားထုက အုံကြွသွားနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာပြည်မှ MoU စနစ်ဖြင့် လုပ်သားစေလွှတ်သည့် နိုင်ငံမှာ ထိုင်း၊ မလေးရှား၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံ တို့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် လုပ်သားခေါ်ယူမှုနှုန်း ကျဆင်းနေကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

You may also like these stories:

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ

ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား

အသက်ရှူကျပ်လာသည့် ထိုင်းရောက် မြန်မာလုပ်သားများဘဝ

Your Thoughts …
Tags: ၂၅ ရာခိုင်နှုန်းMOUပြည်ပအလုပ်သမားလွှဲပို့ငွေဝင်ငွေခွန်အေဂျင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

by ဧရာဝတီ
7 August 2024
6.2k

ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အကြောင်းအမျိုးမျိုးဖြင့် အိမ်ပြန်လာသူများကို စစ်ကောင်စီက ပြည်ပပြန်ထွက်ခွင့် ပိတ်လိုက်ခြင်းကြောင့် ဩဂုတ် ၁ ရက်တွင် အလုပ်သမား ၄၀ ကျော် ရန်ကုန်လေဆိပ်မှ ပြန်လှည့်ခဲ့ရကြောင်း

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.2k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

by ဧရာဝတီ
12 July 2024
4.3k

စေလွှတ်လိုက်သည့် လုပ်သားဦးရေအလိုက် ၃ လအတွင်း မိသားစုလွှဲပို့ငွေ ပေးပို့ခြင်း ရှိ/မရှိ စာရင်း တင်ပြရမည်ဖြစ် ကြောင်းနှင့် တရားဝင်ဘဏ်များမှတဆင့် ငွေပြန်လွှဲကြရန် အလုပ်သမားများရှိရာသို့ သွားရောက် စည်းရုံးရေးတို့ကို

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

by ဧရာဝတီ
14 February 2025
4k

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီမှုစာချုပ်(MoU)ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုအား ယနေ့မှစပြီး စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

by ဧရာဝတီ
11 September 2023
2.8k

ထို့ပြင် ပြည်ပသို့ သွားရောက်မည့် အလုပ်သမားများအနေဖြင့် သတ်မှတ်နှုန်းအတိုင်း ငွေလွှဲပို့ပါမည်ဆိုသည့် ခံဝန်လက်မှတ်ကိုလည်း အေဂျင်စီများဖြင့် စာချုပ်ချုပ်ဆိုစဉ်မှာပင် လက်မှတ်ရေးထိုးခိုင်းရန် ပြောဆိုထားကြောင်း

Next Post
မင်းအောင်လှိုင်ကို ဖိတ်ထားသည့် BIMSTEC ဆွေးနွေးပွဲ ထိုင်း ရွှေ့ဆိုင်း

မင်းအောင်လှိုင်ကို ဖိတ်ထားသည့် BIMSTEC ဆွေးနွေးပွဲ ထိုင်း ရွှေ့ဆိုင်း

မြန်မာအလုပ်သမားအခွင့်အရေးကို အနောက်နိုင်ငံတွေ ဘယ်လို ဖြိုဖျက်နေသလဲ

မြန်မာအလုပ်သမားအခွင့်အရေးကို အနောက်နိုင်ငံတွေ ဘယ်လို ဖြိုဖျက်နေသလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved