• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

by ဧရာဝတီ
7 August 2024
in Human Rights, သတင်း
A A
PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

ရန်ကုန်လေဆိပ်ရှိ ခရီးသွားများ (myanmartravel)

6.2k
VIEWS
Share on FacebookShare on Twitter

အလုပ်အကိုင် (PJ)၊ အလည်အပတ် (PV) စသည့် နိုင်ငံကူးလက်မှတ်အမျိုးအစားတို့ဖြင့် ပြည်ပထွက်ခွာသူများအား ရန်ကုန်လေဆိပ်၌ သြဂုတ် ၁ရက်မှစ၍ တင်းကျပ်နေပြီး သတ်မှတ်အချက်အလက် မပြည့်စုံပါက ထွက်ခွာခွင့်မပေးဘဲ ပြန်လွှတ်ခံရသူ များစွာရှိ နေကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများနှင့် ကိုယ်တိုင်ကြုံတွေ့ရသူများထံမှ သိရသည်။

အဆိုပါ ပြန်လွှတ်ခံရသူများတွင် PJ အမျိုးအစား အလုပ်အကိုင် နိုင်ငံကူး လက်မှတ်ဖြင့် ပြည်တွင်းသို့ ပြန်ဝင်လာပြီးနောက် နောက်တကြိမ် ပြန်ထွက်ခွာရန် ကြိုးပမ်းသူ တချို့ပါဝင်သလို အသက်အားဖြင့် ၂၃နှစ်မှ ၃၂ နှစ်အတွင်း လူငယ်များလည်း ပါဝင်နေကြောင်း၊ ပြည်ပအလုပ်လုပ်ခွင့် ကတ်ဟုခေါ်သည့် OWIC ကတ်မရှိခြင်း ၊ အခွန်ဆောင်မထားခြင်း၊ ပြည်တွင်းသို့ လစာ ၂၅ ရာခိုင်နှုန်း ပြန်လည် လွှဲပြောင်းထားသည့် စာရွက်စာတမ်း မပြနိုင်ခြင်းများရှိပါက ပြည်ပသို့ လုံး၀ ထွက်ခွင့် မပေး တော့ဘဲ ပိတ်ပင်မှုများရှိနေကြောင်း သိရသည်။

အမည်မဖော်လိုသည့် အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “ပြန်ဝင်ပြီး ပြန်ထွက်ဖို့ကို စိစစ်နေတာပေါ့။ ပြန်ဝင်ပြီး ပြန်ထွက် မယ့်ကလေးတွေက စစ်မှုထမ်းဥပဒေကို ရှောင်တယ်လို့ သတ်မှတ်ထားပုံရတယ်။ အဲဒီလူတွေကို ပြန်စိစစ်ချင်တာ။ နောက် တခုက ဗီဇာနဲ့ထွက်နေတဲ့ ကလေးတွေလည်းရှိတော့ သူတို့ကိုလည်း ပြန်စိစစ်ချင်တယ်။ အဲဒီလိုစိစစ်ရင်းက နောက်ပိုင်း ရှုပ်သွားတာက တရားဝင်စေလွှတ်တဲ့ အေဂျင်စီက လူတွေပါ ပိတ်မိရက်သား ဖြစ်သွားတာ။ အကုန်လုံးဒုက္ခရောက်တာ” ဟု ပြောသည်။

ထိုသို့ စိစစ်ရာတွင် အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်လိုင်စင်လျှောက်ထားသော ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီများဖြင့် ချိတ်ဆက်၍ ပြည်ပတွင် အလုပ်လုပ်ရန် တရားဝင် အထောက်အထားလက်မှတ် လျှောက်ထားသူများပါ ပြည်ပထွက်ခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ပြည်ပထွက်ခွင့် တင်းကျပ်နေခြင်းကြောင့် ဩဂုတ် ၁ ရက်တွင် အလုပ်သမား ၄၀ ကျော် ရန်ကုန်လေဆိပ်မှ ပြန်လှည့်ခဲ့ရကြောင်း၊ ယင်းအလုပ်သမား ၄၀ ကျော်သည် အေဂျင်စီ ၅ ခုနှင့် ချိတ်ဆက်လုပ်ကိုင်နေသူများဖြစ်ရာ ၎င်းတို့ ထွက်ခွာခွင့် ရရှိစေရေး အလုပ်သမားဝန်ကြီးဌာနနှင့် ပြန်လည် ညှိနှိုင်းမှု ပြုလုပ်ရမည်ဖြစ်ကြောင်း အေဂျင်စီတချို့က ဆိုသည်။

“၁ရက်နေ့ကဆို လေယာဉ် ၂စီးလောက်လွတ်သွားတယ်။ ဒုက္ခရောက်တယ်။ လေယာဉ်လက်မှတ်တွေက ပြန်ဝယ်ရတယ်။ ဂျပန်ဆို ၂ဆင့်လောက်စီးရတာ။ အကုန်ပျက်ကုန်တာ။ ဒုက္ခရောက်ပြီး ပြန်ရတယ်” ဟု ဂျပန်နိုင်ငံသို့ သွားရောက်မည့် သူတဦးက ပြောသည်။

ရန်ကုန်လေဆိပ်အဝင်ပေါက် (Yangon International Airport)

လေဆိပ်မှ ပြန်လည်လှည့်လာခဲ့ရသူများမှာ ဂျပန်၊ စင်ကာပူ၊ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တိုက်ရိုက်လေကြောင်း၊ တဆင့်ခံ လေကြောင်းများဖြင့် သွားရောက်မည့် အလုပ်သမားများဖြစ်ပြီး လေယာဉ်လက်မှတ် ဆုံးရှုံးသွားကြကြောင်း အေဂျင်စီ လုပ်ငန်း ရှင်တဦးက ပြောသည်။

စစ်မှုထမ်းခြင်းကို ရှောင်ရှားသည်ဟု သံသယရှိသဖြင့် စစ်ကောင်စီက ထိုသို့ ပိတ်ပင်ခြင်း ဖြစ်သည်ဟု သိရကြောင်း၊ ယခင်က တဦးချင်းခရီးသွားမှုကို ကန့်သတ်မည်ဟု သိရသော်လည်း အေဂျင်စီများနှင့် ချိတ်ဆက်သွားလာသူများပါ ကန့်သတ်ခံနေရခြင်းဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ပြောသည်။

ထို့ပြင် အလည်အပတ် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာသူများအနက်မှ အသက် ၂၃ နှစ်နှင့် အသက် ၃၂ နှစ်အတွင်းရှိ အမျိုးသားများကို ရန်ကုန်လေဆိပ်တွင် စိစစ်မှုများရှိပြီး Show Money ၊ Return Ticket ၊ Hotel Booking အစရှိသည် တို့ကိုပါ စစ်ဆေးကြောင်း၊ စာရွက်စာတမ်းနှင့် အချက်အလက် မစုံလင်လျှင် ငွေတောင်းခံမှုများ ရှိကြောင်း၊ တချို့ကို လေဆိပ်မှ လှည့်ပြန်ခိုင်းမှုများပင်ရှိနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်သူတဦးက “ လေဆိပ် Immigration မှာလည်း အထောက် အထား ပြည့်ပြည့်စုံစုံနဲ့ သွားတဲ့လူတွေကို ရစ်ပြီး ပြောင်ပြောင်တင်းတင်းငွေတောင်းတာတွေရှိတယ်။ မြန်မာငွေ ၅သောင်း ၁သိန်းပေးရတယ် “ ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ကလည်း အလုပ်သမားဝန်ကြီးဌာနမှနေ၍ ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမား အား ဩဂုတ်လ ၁ ရက်မှစ၍ မြန်မာနိုင်ငံရှိ မိသားစုဝင်များသို့ဖြစ်စေ အလုပ်သမား ကိုယ်တိုင်၏ ဘဏ်စာရင်းသို့ဖြစ်စေ တရားဝင်ငွေလွှဲထားကြောင်း အထောက်အထားပြနိုင်မှသာ နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်ဖြင့် သက်တမ်းတိုး ခွင့်ပြုကာ ပြန်လည် စေလွှတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးများ နိုင်ငံမှ ထွက်ခွာခြင်းကြောင့် အလုပ်အကိုင် ရှားပါးလာသလို စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှားလိုသည့်အတွက် ပြည်တွင်းရှိ လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြချိန်တွင် စစ်ကောင်စီကလည်း နည်းလမ်းမျိုးစုံဖြင့် ပြည်ပထွက်ခွင့်ကို တင်းကျပ်နေခြင်းဖြစ်သည်။

You may also like these stories:

MoU လုပ်သားများ အခွန်မဆောင်က သက်တမ်းတိုးမပေးဟု စစ်ကောင်စီ အကျပ်ကိုင်

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ယာယီရပ်ဆိုင်း

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.1k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

ပြည်ပမှ လုပ်ခလစာငွေ ပြန်လွှဲရေး စစ်ကောင်စီသတ်မှတ်ချက် အခက်အခဲရှိ ဟုဆို

ရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီထိန်းချုပ်မှု ထိုင်း အဆုံးသတ်သင့်ကြောင်း NUG ပြော

Your Thoughts …
Tags: MOUPJPVနိုင်ငံကူးလတ်မှတ်ပြည်ပအလုပ်အကိုင်အေဂျင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

by ဧရာဝတီ
14 February 2025
4k

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီမှုစာချုပ်(MoU)ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုအား ယနေ့မှစပြီး စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

by ဧရာဝတီ
11 September 2023
2.8k

ထို့ပြင် ပြည်ပသို့ သွားရောက်မည့် အလုပ်သမားများအနေဖြင့် သတ်မှတ်နှုန်းအတိုင်း ငွေလွှဲပို့ပါမည်ဆိုသည့် ခံဝန်လက်မှတ်ကိုလည်း အေဂျင်စီများဖြင့် စာချုပ်ချုပ်ဆိုစဉ်မှာပင် လက်မှတ်ရေးထိုးခိုင်းရန် ပြောဆိုထားကြောင်း

စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်

စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်

by ဧရာဝတီ
31 January 2025
2.6k

စစ်မှုထမ်းရန် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုဟု ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေ၌ စစ်ကောင်စီက ပြဋ္ဌာန်းပြီးနောက် ပြည်ပသို့ တရားဝင် အလုပ်သွားလုပ်မည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများ...

လုပ်သားလိုအပ်ချက်မြင့်နေသော ရုရှားသို့ မြန်မာအလုပ်သမားများ စေလွှတ်ရန် စီစဉ်နေ

လုပ်သားလိုအပ်ချက်မြင့်နေသော ရုရှားသို့ မြန်မာအလုပ်သမားများ စေလွှတ်ရန် စီစဉ်နေ

by ဧရာဝတီ
26 November 2024
1.9k

မြန်မာနိုင်ငံသည် အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်မှုထမ်းအသက်အရွယ်အတွင်း အကျုံးဝင်သူလူငယ်များအား ပြည်ပထွက်ခွာခွင့် တင်းကျပ်ထားသောကြောင့် လူငယ်များမှာ ရရာနိုင်ငံတွင် သွားရောက်လုပ်ကိုင်လိုသော ဆန္ဒရှိသူများလည်း ရှိနေကြောင်း

OWIC ကတ် ပြန်ထုတ်ပေးသော်လည်း ပြည်ပထွက်အလုပ်လုပ်ရန် ခွင့်ပြုချက်တောင်းရမည်

OWIC ကတ် ပြန်ထုတ်ပေးသော်လည်း ပြည်ပထွက်အလုပ်လုပ်ရန် ခွင့်ပြုချက်တောင်းရမည်

by ဧရာဝတီ
11 March 2025
1.9k

ပြည်ပသို့ သွားရောက်အလုပ်လုပ်မည့်သူများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ထုတ်ပေးမှု ပိတ်ထားရာမှ မတ်လ ၂၀ ရက်မှစတင်၍ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မတ်လ ၁၀...

Next Post
ဝေဖန်နေတဲ့ကြားက ဆေးသုတ်နေဆဲ မယ်နုအုတ်ကျောင်း (ရုပ်သံ)

ဝေဖန်နေတဲ့ကြားက ဆေးသုတ်နေဆဲ မယ်နုအုတ်ကျောင်း (ရုပ်သံ)

တောင်းခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်

တောင်းခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved