မန္တလေးတိုင်း၊ အင်းဝရှေးဟောင်းယဥ်ကျေးမှုနယ်မြေဇုန်အတွင်းမှာတည်ရှိနေတဲ့ မယ်နုအုတ်ကျောင်းကို ဆေးသုတ်တာဟာ ရှေးဟောင်းအမွေအနှစ် လက်ရာကိုပျက်စီးဆုံးရှုံးစေတယ် ထောက်ပြ ဝေဖန်မှုတွေကို လျစ်လျူရှုပြီး ဆေးကို ဆက်သုတ်နေဆဲဖြစ်ပါတယ်။
မယ်နုအုတ်ကျောင်းကို ဆေးသုတ်မယ်ဆိုရင် မူလဆေးသားပေါ်လာတဲ့အထိ ဂရုတစိုက်သုတေသနလုပ်ဖို့ လိုပြီး မူလခမ်းနားမှုနဲ့ လက်ရာမြောက်မှုကို ပိုမိုမြှင့်တင်နိုင်ရမယ်လို့ ရှေးဟောင်းသုတေသနပညာရှင် ဒေါ်ဥမ္မာမျိုး က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်က နေဝေဖန်ထောက်ပြထားပါတယ်။
ဧရာဝတီအနေနဲ့ ရှေးဟောင်းသုတေတနဌာန၊ ညွှန်ကြားရေးမှူးကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။ စစ်ကောင်စီ ဩဇာခံမီဒီယာ အချို့မှာတော့ မူလအတိုင်း မြေဝါသုတ်ထားခြင်း ဖြစ်ပြီးတော့ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ ဖြေကြားထားတာ တွေ့ရပါတယ်။
မယ်နုအုတ်ကျောင်းလိုပဲ အခြားရှေးဟောင်းအမွေအနှစ်တွေဟာလည်း စစ်အာဏာသိမ်းမှု ကာလအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုတေတနဌာနရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု ၊စီမံခန့်ခွဲမှုအမှားတွေနဲ့ စစ်ရေးပဋိပက္ခဒေသတွေကြားထဲမှာ ရေရှည်တည့်တံ့ခိုင်မြဲမှု ခြိမ်းခြောက်ခံနေရတယ်လို့ ရှေးဟောင်းသုတေတန ပညာရှင်တွေကဆိုကြပါတယ်။
#မြန်မာ #ဧရာဝတီ #မယ်နုအုတ်ကျောင်း #ဆေးသုတ် #ရှေးဟောင်းအမွေအနှစ် #အင်းဝ