စစ်တပ်က အာဏာသိမ်းပြီးကတည်း ယိုယွင်းလာတဲ့ စီးပွားရေး ပြသာနာတွေကြောင့် လူငယ်တွေဟာ ပြည်တွင်းကို စွန့်ခွာပြီး ရေကြည်ရာ မြက်နုရာတွေမှာ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြတာကြောင့် အခြေခံလုပ်သားနဲ့ ကျွမ်းကျင်ပညာရှင်လုပ်သား ရှားပါးမှုကို ရင်ဆိုင်နေရပါတယ်။
မကြာသေးမီက အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ပြည်တွင်းမှာရှိတဲ့ လူငယ်တွေဟာ အလုံးအရင်းနဲ့ နိုင်ငံကို စွန့်ခွာဖို့ ဆုံးဖြတ်လာတာတွေဟာ တိုင်းပြည်အနာဂတ်တွေလည်း ပျောက်ကွယ်သွားတာလို့ စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ဦးစိန်ဌေးက ပြောပါတယ်။
အခု စစ်မှုထမ်းခိုင်းမယ့် လူငယ်တွေဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက ဖြစ်ဖို့ ပိုများကြောင်းလည်း ဦးစိန်ဌေး ဦးစိန်ဌေးက ပြောပါတယ်။