• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
in ဆောင်းပါး
A A

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ထံမှ စစ်တပ် အာဏသိမ်းခဲ့သည့်မှာ ယခုဆိုလျှင် ၃နှစ်ပြည့်ပြီဖြစ်သည်။

18.4k
VIEWS
Share on FacebookShare on Twitter

လက်ရှိ စစ်ပွဲများအစ ဖေဖေါ်ဝါရီ ၁ရက်နေ့ကဟု ဆိုရမည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ထံမှ စစ်တပ် အာဏသိမ်းခဲ့သည့်မှာ ယခုဆိုလျှင် ၃နှစ်ပြည့်ပြီဖြစ်သည်။

အတိတ်ကလည်း အာဏာသိမ်းဖူးသော စစ်တပ်သည် ဒီတကြိမ်တွင်လည်း ရှေး နှစ်ကြိမ်ကဲ့သို့ အေးအေးပင် ထိန်းချုပ်နိုင် မည့် ထင်ခဲ့သော်လည်း ၃နှစ်ပြည့်ချိန်၌ ကျားမြီးဆွဲမိသူပမာ ဆုတ်ဆူးစားရူး အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရ သည်။

အာဏာသိမ်းမှု အကျိုးဆက်က စီးပွားလည်း ပျက် တိုင်းပြည်လည်း ခက်၊ စီးပွားလည်း သေ တိုင်းပြည်လည်း ကြေဆိုသလို လက်ရှိအဖြစ်အပျက်များက အများအသိအမြင် ပြောစရာမလိုလောက်အောင်ပင် ဖြစ်နေသည်။

အာဏာသိမ်းစဉ်က အရေးပါသော နေရာမှ ကပြခဲ့ကြသည့် ဗိုလ်ချုပ်တချို့လည်း သုံးနှစ်အတွင်း လူမြင်ကွင်းမှ ပျောက်သူ ပျောက် ရာထူးတက်သူတက် ဖြစ်ခဲ့ကြပြီး နေပြည်တော် အရပ်သားအစိုးရအကြီးအကဲများကို ဖမ်းရာ၌ ဦးဆောင်ခဲ့သော ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ဆိုလျှင် ထောင်နန်းစံနေရပြီ ဖြစ်သလို အချို့လည်း အရပ်ဘက် ရောက်ကာ အရာရှိငယ်တချို့က ရှေ့တန်းတွင် မသန်စွမ်းဖြစ်သွားရပြီး အချို့မှာမူ ရာထူးတိုးသွားကြလေသည်။

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေးဝန်ကြီး တာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ နှစ်ဦးပင်ဖြစ်သည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏသိမ်းစဉ်က တပ်တွင်း လက်ရဲဇက်ရဲနိုင်သည့် ဒု ဗိုလ်မှူးကြီး စိန်လွင် (နောင် သမ္မတ) ကဲ့သို့ သူများကို အဓိကတာဝန်ပေးခဲ့သလိုပင် ဖြစ်လိမ့်မည်။

အာဏာမသိမ်းမီ မြေပြင်အခြေအနေကို ကြည့်ပါက အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်၌ အာဏမသိမ်းမီ ၃ရက်ခန့် အလို ဇန်နဝါရီ ၂၈ ရက်၌ တောင်းဆိုသည့်အတိုင်း မလိုက်လျောပါက အာဏာသိမ်းမည်ဆိုသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်ရေးဖြင့် ရေးထားသည့် စာတစောင်ကို ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် တို့မှတဆင့် NLD အစိုးရ သမ္မတရုံးဝန်ကြီး ဖြစ်သော ဦးမင်းသူနှင့် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့ထံ ပေးပို့ခဲ့သည့် သတင်းများက သံတမန်အသိုင်းအဝန်းနှင့် အစိုးရအဖွဲ့ကြား ပျံ့နေ၏။

အာဏာသိမ်းမည်ဟု သတင်းများထွက်နေစဉ် ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးထောင်ဘို အဝိုင်း အနီးတွေ့ရသည့် သံချပ်ကာကား(ဧရာဝတီ)

မဟာရန်ကုန်၌မူ စစ်တပ်က သံချပ်ကာကားများဖြင့် လှည့်ကာ အင်အားပြနေသလို တဖက်တွင်လည်း စစ်တပ်လိုလား သူများဖြင့် အာဏာသိမ်းဖို့ လူစုလူဝေးနှင့် ခြိမ်းခြောက် တိုက်တွန်းသည့် ဆန္ဒပြပွဲများကို အကြီးအကျယ်လုပ်နေသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်စောစော အာဏာသိမ်းမှုကို ဦးဆောင်သူများက နေပြည်တော်တိုင်းအတွင်းရှိ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို ကြီးကြပ်ရသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ဖြစ်သည်။

ဇန်နဝါရီ ၃၁ ရက် ညနေ ၆ နာရီခန့်ကတည်းက ပျဉ်းမနားမြို့နယ် သဲဖြူရွာအခြေစိုက် ဗိုလ်မှူးချုပ်သန်းထိုက်၏ အမှတ် ၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို သံချပ်ကာကားများနှင့် စစ်သည်များ အသင့်ပြင်ထားရန် အမိန့်ပေးထားသည်ဟု သိရ သည်။ ထို ဗိုလ်မှူးချုပ် သန်းထိုက်လည်း ၃နှစ်အတွင်းမှာပင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအထိ ရာထူးတိုးမြှင့်ခံရသည်။

ထိုစဉ်က နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ယခု ကယားပြည်နယ် ဝန်ကြီးချုပ်ဖြစ်နေသည့် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဇော်မျိုးတင်ဖြစ်သည်။သို့သော် နေပြည်တော်အခြေစိုက် တပ်ရင်းတပ်ဖွဲ့များသည် အစိုးရအဖွဲ့ဝင်လူကြီးများနှင့် ထိတွေ့ ဆက်ဆံဖူးကြသဖြင့် ထိုတပ်များကို အပြင်စည်းအဖြစ်သာ သုံးခဲ့သည်။

စစ်အာဏာသိမ်းသည့် နံနက် ရန်ကုန်မြို့ မြင်ကွင်း(ဧရာဝတီ)

အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးရာတွင် ရှေ့တန်းမှသုံးရန် ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်၏ ပဲခူးအခြေစိုက် တပ်မ ၇၇ကို ညတွင်းချင်း နေပြည်တော်သို့ ခေါ်ယူခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နှင့် ရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိသော ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ် အောင်ဝင်းဦးကိုမူ နေပြည်တော်တိုင်း စစ်ဌာနချုပ်အတွင်း ခေါ်ယူထားလိုက်ပြီး နောက်တနေ့တွင် တာဝန်မှ အနားပေးခဲ့သည်။

နေပြည်တော် စစ်ရုံးချုပ်ရှိ ဌာနအသီးသီးမှ ဗိုလ်ချုပ်များနှင့် တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီး ပထမတန်းအဆင့် G-1 များကို လည်း ထိုနေ့ညက ရုံးတက်စေခဲ့သည်။

ထို့နောက် အသင့်ဖြစ်နေသော တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများကို လုပ်ဆောင်ရမည့် တာဝန်များ ညွှန်ကြားပြီးနောက် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင် တို့က ဒေါ်အောင်ဆန်းစုကြည် အိမ်သို့သွားရာ အိမ်တော်လုံခြုံရေးက တံခါးဖွင့်မပေးသဖြင့် ခြံအနောက်ဖက် အုတ်တံတိုင်းကို ဖြိုချစဉ် အစောင့်က ခြံအရှေ့ဘက်တံခါး ဖွင့်ပေးလိုက်သဖြင့် နှစ်နေရာလုံး တပ်များဝင်ရောက်နေရာယူခဲ့ သည်။

နောင်အခါ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးထွက်ဆိုချက်တွင် နံနက် ၄နာရီ ခန့်က သူ၏ အိမ်ဆင်ဝင် အောက်၌ ဗိုလ်ချုပ်တယောက်ရပ်နေတာကို တွေ့ရကြောင်း၊ ထို့နောက် တခြားသူ ၂ဦးနှင့် အတူ ဧည့်ခန်းသို့ ဝင်လာပြီး သူ့အား မှတ်တမ်းဓာတ်ပုံရိုက်ကြောင်း၊ အိမ်တွင်း ရှာဖွေမှု ၄၅ မိနစ်ခန့် လုပ်ပြီးနောက် ကွန်ပြူတာ၊ iPad နှင့် ဖုန်းတို့ကို ယူဆောင်ကာ ပြန်လည်ထွက်ခွာသွားကြောင်း ပါရှိသည်။

၂၀၂၁ ဖေဖေါ်ဝါရီ ၂ ရက် စစ်အာဏာသိမ်းပြီး နောက်တနေ့ နေပြည်တော်အခြေအနေ / ဧရာဝတီ

ထို့နောက် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးစိုးထွဋ် ရှိရာ သမ္မတဦးဝင်းမြင့် အိမ်သို့လည်း လိုက်ပါသွားခဲ့သည်။

အလားတူ လွှတ်တော်တက်မည့် ရွေးချယ်ခံ ကိုယ်စားလှယ်များလည်း ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက စည်ပင်ရိပ်သာ တွင် ရောက်နေပြီဖြစ်ရာ ၎င်းတို့ကို ထိုနေ့ မနက် ၆နာရီတွင် လွှတ်တော်သို့ သွားမည် ကားပေါ် ရောက်နေရန် ပါတီခေါင်း ဆောင်များက မှာကြားထားသည်။

အာဏာသိမ်းခဲ့လျှင် လမ်းမှတားဆီးခံရမည့် အခြေအနေရှိနေသဖြင့် အစားအသောက်နှင့် ရေကို ကားပေါ်တွင် စားဖို့ တနေ့စာယူလာရန် မှာကြားထားပြီး ကိုယ်ပိုင်ကားဖြင့် မည်သူမျှမသွားရန် လည်း သတိပေးထားသည်။

သို့သော် လွှတ်တော်သို့ပင်မရောက် ရောင်နီမလာမီ နံနက် ၃နာရီခန့်မှာပင် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်ခံရ ကာ စည်ပင်ရိပ်သာကို စစ်ကားများဖြင့် ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

စစ်တပ်အရာရှိတဦးက စကားပြောစက်မှ တဆင့် ရိပ်သာလုံခြုံရေး ဝန်ထမ်းများကို ပြောသည့်အတိုင်း လိုက်နာဖို့ အမိန့်ပေး ပြီးနောက် မည်သူမှလည်း ဝင်ခွင့်မရတော့သလို ထွက်ခွင့်လည်း မရတော့ပါ။

အာဏာသိမ်းပြီး ၃ရက်မြောက်နေ့ ဖေဖေါ်ဝါရီ ၃ရက် ညနေပိုင်းတွင် မန္တလေးလူထုကို ဤသို့ အင်အားပြကာ ခြိမ်းခြောက်ခဲ့သည်(ဧရာဝတီ)

ထိုနေ့ စစ်တပ်၏ အာဏာသိမ်းမှုမှာ အလွယ်တကူ အောင်မြင်ခဲ့သည်ဟု ဆိုရမည်၊ သေနတ်တချက် ဖောက်စရာ မလိုဘဲ အာဏာသိမ်းနိုင်သည့်အတွက် စစ်ခေါင်းဆောင်က ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ များအား ဂုဏ်ပြုစကား ပြောခဲ့သည်။ အောင်ပွဲခံညစာစားပွဲကို အာဏာသိမ်းပြီး နောက်တနေ့ သမ္မတအိမ်တော်၌ ကျင်းပခဲ့ သည်။

အာဏာသိမ်းရာတွင် အဓိကဦးဆောင်ခဲ့သော ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းလည်း စစ်ဦးစီးအရာရှိချုပ်နှင့် စကစ ကောင်စီဝင် အဖြစ် ရာထူးတိုးခံရသည်။ နောက်ပိုင်းတွင် တခြားသော စီးပွားရေးအရ အရေးပါသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီ (FESC) တို့၏ ဥက္ကဋ္ဌ တာဝန်များနှင့် ရွှေနှင့်ငွေကြေးဈေးကွက် ထိန်းသိမ်းကြပ်မတ်ရေးကော်မတီတို့တွင်လည်း ဥက္ကဋ္ဌ တာဝန် ပေးခဲ့သည်။

သို့သော် နောက်ဆုံးတွင် ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ယူကာ ဆောင်ရွက်ခြင်း၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုကို ကျူးလွန် ခြင်း၊ ရာထူးလုပ်ပိုင်ခွင့်ကို သုံး၍ ကုမ္ပဏီများထံမှ တံစိုးလက်ဆောင်များ ရယူခြင်း၊ စစ်စည်းကမ်းကို ဖောက်၍ အရပ်ဖက် စီးပွားရေး လုပ်ငန်းများတွင် ပါဝင ပတ်သက်ခြင်း စသည့်စွဲချက်တို့ဖြင့် နှစ် ၂၀နှင့် ညီမျှသည့် ထောင်ဒဏ် တသက်တကျွန်း ခံမှတ်ခံရပြီး ပြီးခဲ့သည့် အောက်တိုဘာလက ထောင်နန်းစံနေရပြီဖြစ်သည်။

အလားတူ ပြည်ထဲရေးဝန်ကြီးတာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည်လည်း ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ သုံးခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက် ခဲ့ခြင်းတို့ကြောင့် ထောင် ၅နှစ် ချခံခဲ့ရသည်။

သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဘ၀ဖြင့် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်သည့်အတွက် တရုတ်ကတောင်းဆိုသဖြင့် ကြိုတင်ထောင်ချထားသည်ဆိုသော အတည်မပြုနိုင်သည့် တပ်တွင်းသတင်းများက ပြည့်နှက်နေသည်။

ဖေဖေါ်ဝါရီ ၅ရက် စစ်တပ်အာဏာသိမ်းခြင်းကို အလုပ်သမား ၁၄ဖွဲ့က ပူးပေါင်းကာ ဆန္ဒဖော်ထုတ်ခဲ့သည်(ဧရာဝတီ)

အာဏာသိမ်းရာ၌ ပါဝင်ခဲ့သော စစ်ကြောင်းမှူး ဗိုလ်မှူးအချို့အား ဒုတိယဗိုလ်မှူးကြီးအဆင့်သို့ ရာထူးတိုးပေးကာ တိုက်ခိုက် ရေးတပ်ရင်း အချို့တွင် တပ်ရင်းမှူးရာထူး ပေးခဲ့သည်။ အချို့သော တပ်ရင်းမှူးအချို့မှာ တိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး မသန်စွမ်း ဘဝဖြင့် အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ရသည်။

သို့သော် ဒီတကြိမ် အာဏာသိမ်းမှုက ယခင်နှင်မတူ နှစ်ပေါင်း ၆၀ကျော် တိုင်းပြည်နှင့် လူထုကို လက်နက်ဖြင့် အနိုင်ကျင့်ခဲ့ သည့် စစ်တပ်အတွက် တနိုင်ငံလုံး နီးပါးက တော်လှန်ကြရာ သုံးနှစ်အတွင်း စခန်းများ၊ မြို့ရွာများ လက်လွတ်ဆုံးရှုံးခဲ့ရ သည်။

ထို့အတွက် စစ်ကောင်စီသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယမန်နေ့က နေပြည် တော်တွင် ခေါ်ယူ၍ ၎င်းတို့ ကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် ကျော်လွန်ကာ အုပ်ချုပ်မှုအာဏာ အတွက် ၅ကြိမ်မြောက် သက်တမ်းတိုးရပြန်လေသည်။

ဤသည်က အာဏာသိမ်းမိသည့် စစ်ကောင်စီအတွက် ထိုသုံးနှစ်အတွင်း ပြုံးတမဲ့မဲ့ ဖြစ်ရသည့် ဇတ်လမ်းတပုဒ်ဟုပင် ဆိုရပေမည်။

You may also like these stories:

အာဏာသိမ်းည ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့များရှိမနေ

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111

စစ်အာဏာမသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ကမ်းလှမ်းခဲ့သလဲ

စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၁)

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး – ၁

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

Your Thoughts …
Tags: စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဒေါ်အောင်ဆန်းစုကြည်နေပြည်တော်အာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

by ဧရာဝတီ
27 July 2024
33k

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်အား မနာခံပဲ ထွက်စာတင်သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းမည်ဟု ကြေညာ

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းမည်ဟု ကြေညာ

မြန်မာ့အာဏာချိန်ခွင်လျှာ ပြောင်းလဲမှု အိမ်နီးချင်းများ ရွေးချယ်မှုသစ်များနှင့် ရင်ဆိုင်ရ

မြန်မာ့အာဏာချိန်ခွင်လျှာ ပြောင်းလဲမှု အိမ်နီးချင်းများ ရွေးချယ်မှုသစ်များနှင့် ရင်ဆိုင်ရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved