စစ်ကောင်စီတပ်ဟာရှေ့တန်းရောက်စစ်သားတွေ တပ်ကို ၆ လအတွင်း သတင်းပြန်မပို့ရင် ပျောက်ဆုံးစာရင်းသွင်းပြီး တပ်လိုင်းခန်းကမိသားစုတွေကို ဖယ်ရှားခိုင်းနေပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရှေ့တန်းစစ်မြေပြင်မှာ လက်နက်ချ အညံခံတာ ၊ ထွက်ပြေးတာ ၊ ဘက်ကူးပြောင်းတာတွေကို အကြီးအကျယ်ရင်ဆိုင် နေရတာကြောင့် တပ်ရင်း တပ်မတွေမှာ သေဆုံး ပျောက်ဆုံး စာရင်းတွေကို သေချာကောက်ယူနိုင်တဲ့ အခြေအနေ ရှိမနေပါဘူး။
ရှုံးနိမ့်နေတဲ့ ရှေ့တန်းစစ်မြေမှာ သေဆုံးသွားတဲ့ တပ်သားရုပ်အလောင်းတွေကို ကောက်ယူနိုင်ခြင်းမရှိ သေဆုံးမှုကို အတည်ပြုနိုင်ခြင်းလည်းမရှိတဲ့ အခြေအနေဖြစ်နေပေမယ့် တပ်နဲ့အဆက်အသွယ် ပြတ်တောက် သွားတဲ့ တပ်သားတိုင်းကို ပျောက်ဆုံးစာရင်းသွင်းပြီး ခံစားခွင့်တွေကိုရုပ်သိမ်းနေတာ ဖြစ်ပါတယ်။