• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

by ဧရာဝတီ
10 July 2025
in သတင်း
A A
Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

ရန်ကုန်မြို့ရှိ Sunrise Myanmar Fashion Garment (Myanmar labour News)

2.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၄ ရှိ CMP (လက်ခစားစနစ်) စက်ရုံ Sunrise Myanmar Fashion Garment ၌ အလုပ်သမားများကို အချိန်ပို ဆက်တိုက်ခိုင်းစေနေသလို လုပ်ငန်းခွင်တွင်း နည်းပညာရှင် တရုတ်နိုင်ငံသား ကလည်း အမျိုးသမီးလုပ်သားများကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေကြောင်း အလုပ်သမားများထံမှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားမှာ စက်ရုံသူဌေး၏ တူဟု သိရပြီး လုပ်ငန်းခွင်မှ အမျိုးသမီးများ၏ ဖုန်းများကို ထိကပါးရိကပါး စာများပို့ကာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ရှိနေကြောင်း၊ အထက်သို့ တင်ပြတိုင်ကြားထားသော်လည်း အရေးယူမှု တစုံတရာမရှိကြောင်း စက်ရုံအလုပ်သမများက ဆိုသည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
35
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
5
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
8

စက်ရုံမှ အမျိုးသမီးတဦးက “ပိတ်ရက်ကျ မုန့်တူတူသွားစားကြမယ် မုန့်လိုက်စားရင် ဖုန်းတွေဝယ်ပေးမယ်။ အိမ်တွေ ဝယ်ပေးမယ်တွေဆိုပြီး စာတွေပို့တာ။ သူဖုန်းနံပါတ်တောင်းရင် မပေးပါနဲ့ဆိုပြီးပြောရတယ်။ မန်နေဂျာကို သွားပြော ရင်လည်း မန်နေဂျာက စတာပါလိုပဲပြန်ဖြေတယ်” ဟု ပြောသည်။

ထို့ကြောင့် လက်ရှိကြုံတွေ့နေရသည့် အချိန်ပိုအလွန်အကျွံဆင်းခိုင်းခြင်းများနှင့် ထိပါးနှောင့်ယှက်ပြောဆိုမှုများကို စက်ရုံအနေဖြင့် ဖြေရှင်းပေးစေလိုကြောင်း အလုပ်သမားများက ဆိုသည်။

“သူက ကောင်မလေးတွေ ဖုန်းနံပါတ်တွေတောင်းတယ် ညကျရင် စာပို့တယ်။ အပြင်သွားမယ်။ လိုက်ခဲ့ မုန့်ဝယ်ကျွေးမယ် တွေပြောတယ်။ ကောင်မလေးတွေရဲ့ ဖုန်းနံပါတ်ကို ကြီးကြပ်ရေးမှူးတွေဆီက တောင်းပြီးလိုက်ပြောနေတာ။ အဓိကက စာပို့ပြီး နှောင့်ယှက်တာ။ ဒီစက်ရုံကို မှီခိုနေရတဲ့သူတွေက အများကြီးပဲ ဒါကြောင့် စည်းကမ်းဥပဒေကို မဖောက်ဖျက်ဖို့နဲ့ အချိန်ပိုတွေခေါ်ရင် ဝန်ထမ်းတွေရဲ့ သဘောတူညီချက်ယူဖို့၊ နောက်ပြီး မိန်းကလေးတွေကို ဒီလိုတွေ စာပို့ပြီး မနှောင့်ယှက် ဖို့ပါပဲ” ဟု အမည်မဖော်လိုသူ အလုပ်သမားတဦးက ပြောသည်။

ယင်းစက်ရုံ၏ အလုပ်ခေါ်စာ/Myanmar labour News

စက်ရုံ၏ တနေ့အလုပ်ချိန်မှာ မနက် ၈နာရီမှ ည ၇နာရီအထိဆင်းရပြီး ဇွန်လမှ ယနေ့တိုင် ပိတ်ရက်ပါမကျန် ည ၁၂ နာရီ အထိ အချိန်ပိုများ ဆက်တိုက်ဆင်းနေရကြောင်း အလုပ်သမားများက ပြောသည်။

“၆ လပိုင်းကနေစပြီးတော့ အချိန်ပိုတွေ ၁၂ နာရီထိခေါ်တယ်။ တလလုံးလုံးကို ခေါ်တာ။ ဝန်ထမ်းတွေနဲ့ ကြီးကြပ်ရေးမှူး တွေကို အကြောင်း မကြားဘူး။ စာရေးမတွေကို စာရွက်တွေပေးလိုက်ပြီးတော့ အိုတီတွေခေါ်တယ်။ အထက်ကို တင်ပြ တော့လည်း ခေါင်းဆောင်ကလည်း စက်ရုံဘက်ပဲလိုက်တာပေါ့။ အော်ဒါ အရေးကြီးလို့ ခေါ်တာတဲ့၊ သူတို့လည်း သွားပြော ပေးလို့မရဘူးတဲ့” ဟု စက်ရုံမှ အလုပ်သမားတဦးက ပြောသည်။

စက်ရုံတွင် အလုပ်သမားများ၏ လုပ်ခလစာမှာ တနေ့လုပ်အားခ ၉၄၀၀ကျပ် ၊ ရက်မှန်ကြေး ၅သောင်းနှင့် အချိန်ပိုကြေး တနာရီလျှင် ၂ ထောင်ကျော်ရရှိကြောင်း၊ အချိန်ပိုကြေးများကိုလည်း အကြောင်းအမျိုးမျိုးပြ ဖြတ်တောက်မှုများ ရှိနေ ကြောင်း စက်ရုံလုပ်သားများထံက သိရသည်။

ထို့အတွက် အလုပ်သမားများက အချိန်ပိုကို စက်ရုံမှ ပုံမှန်သတ်မှတ်သည့် ည ၇နာရီအထိသာ ခေါ်ရန်၊ အရေးကြီးပါက အလှည့်ကျအဆိုင်းစနစ်ဖြင့် ခေါ်ရန်၊ လုပ်ငန်းခွင်တွင်း အလုပ်သမားအခွင့်အရေး အကြိမ်ကြိမ်ချိုးဖောက်နေသည့် စက်ရုံ အား သက်ဆိုင်ရာများနှင့် အော်ဒါအပ်သော အထည်အမှတ်တံဆိပ်များမှ အရေးယူပေးရန်၊ အမျိုးသမီး အလုပ်သမားများ အပေါ် ဖုန်းနံပါတ်တောင်း၍ စာပို့ကာ ချစ်ကြိုက်ကြောင်းပြောနေသော တရုတ်နိုင်ငံသားနှင့် ပါဝင်ပတ်သက်သော ကြီးကြပ်ရေးမှူးများကို အရေးယူပေးရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံ လုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှု လက်မှုလုပ်သားများ အဖွဲ့ချုပ် (IWFM)ထံလည်း တောင်းဆိုချက်များနှင့် ပတ်သက်၍ ကူညီဖြေရှင်းပေးရန် ပေးပို့ထား ကြောင်း သိရသည်။

အလုပ်သမားများလက်ရှိကြုံတွေ့နေသည့်အခြေအနေများနှင့် ပတ်သက်၍ စက်ရုံဘက်သို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပါ။

အဆိုပါစက်ရုံ၌ အလုပ်သမား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး BURTLE အမှတ်တံဆိပ် ဂျပန်အော်ဒါ အထည်များ ချုပ်လုပ်ကာ ရန်ကုန်တွင် စက်ရုံပေါင်း ၇ ရုံရှိကြောင်း သိရသည်။

You may also like these stories:

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ဖရိုဖရဲ ရုန်းကန်နေရသည့် အထည်ချုပ်အလုပ်သမားများ

Your Thoughts …
Tags: Sunrise Myanmar Fashion Garmentရန်ကုန်အထည်ချုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

မိုးရွာသော်လည်း မီးမလာသေး

ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ

by သာဦး
7 September 2024
9.1k

ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။

စစ်ဗိုလ်ချုပ်များ နဲ့ ခရိုနီများ အမွေခွဲယူထားတဲ့ ရန်ကုန်

စစ်ဗိုလ်ချုပ်များ နဲ့ ခရိုနီများ အမွေခွဲယူထားတဲ့ ရန်ကုန်

by ဧရာဝတီ
5 May 2025
8.8k

နအဖ စစ်အစိုးရရဲ့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာ ဦးဆောင်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ဟာ တရားရုံးချုပ်နဲ့ စာရင်းစစ်ရုံးချုပ် အပါအဝင် ဝန်ကြီးဌာန ၉ ခုက နိုင်ငံပိုင် စီးပွားရေး...

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
8.7k

အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

by ဧရာဝတီ
1 July 2024
8.3k

သို့သော် ရန်ကုန်မှ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်းတွင်ပင် မြန်မာ၏ အကျပ်အတည်း လက္ခဏာများကို သိသိသာသာ မြင်လာရသည်။

Next Post
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
872

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved