• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

by ဧရာဝတီ
10 July 2025
in အင်တာဗျူး
A A
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြုပြင်ပြောင်းလဲရေး မဖြစ်မနေလုပ်ဖို့ လိုဟု ဒေါက်တာတေဇာစန်းမှ ဇူလိုင် ၇ ရက်က လူမှုကွန်ရက်တွင် ဇူလိုင် ၇ ရက်က ထောက်ပြရေးသားခဲ့သည်

3k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ရန် မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဇူလိုင် ၇ ရက်က ထောက်ပြရေးသားခဲ့ရာ တော်လှန်ရေးအင်အားစုများကြား ထောက်ခံသူ၊ ပြန်လှန်မေးခွန်းထုတ်သူများဖြင့် အသံညံသွားခဲ့သည်။

ထို့အတွက် NUG ပြုပြင်ပြောင်းလဲရေး ပို့စ်တင်ခဲ့သည့် ရည်ရွယ်ချက် အပါအဝင် ၎င်း၏အကြံပြုထောက်ပြချက်များနှင့် ပတ်သက်၍ ဧရာဝတီက ဒေါက်တာတေဇာစန်းကို ဆက်သွယ်၍ မေးမြန်ထားပါသည်။

မေး ။ ။ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့လိုနေပြီဖြစ်တဲ့ NUG အစိုးရဆိုပြီး ပို့စ်တင်ဖြစ်တဲ့အကြောင်း ပြောပြပေးပါဦး။

ဖြေ ။ ။ ပြည်သူ့တော်လှန်ရေးကြီးက အချိန်အားဖြင့် လေးနှစ်ကျော်လို့ ငါးနှစ်ထဲကို ရောက်ခဲ့ပါပြီ။ ဒီအချိန်မှာ တော်လှန်ရေးကာလအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စွမ်းဆောင် ရည်တွေအပေါ် ကျနော်တို့ လူထုအနေနဲ့ အားမလိုအားမရဖြစ်ရတယ်။

ဒါဆိုရင် အခုမှ ရုတ်တရက်ကြီးထပြီး ဝေဖန်ထောက်ပြ အကြံပြုတာလား ဒီလိုလည်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ် ကျော် သုံးနှစ်လောက်ကစပြီး အခါအားလျော်စွာ လူထုကတဆင့်လည်း အခုလို ဝေဖန်ထောက်ပြ အကြံပြုတယ်။ နောက် NUG အစိုးရရဲ့ ထိပ်ဆုံးအဆင့်တာဝန်ရှိသူကစပြီး အဆင့်ဆင့်ခေါင်းဆောင်ပိုင်းများကို အပြင်မှာ လူချင်းတွေ့ပြီးတော့လည်း ဝေဖန်ထောက်ပြ အကြံပြုမှုတွေ ကျနော်တို့ လုပ်ခဲ့ပါတယ်။

အဓိကရည်ရွယ်ချက်က တော်လှန်ရေးကို ဒီထက်ပိုပြီး အရွေ့အရှိန်မြန်စေဖို့၊ NUG ဒီထက်ပိုပြီး အလုပ်ဖြစ်ဖို့၊ ဒီထက်ပိုပြီး ခေါင်းဆောင်မှုကောင်းဖို့ အဓိကရည်ရွယ်တယ်။ လက်ရှိ ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ စုစည်းနိုင်တဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းကလည်း ကျနော်တို့ရဲ့ တော်လှန်ရေးအစိုးရ NUG မှာ ရှိနေတဲ့အတွက် အဓိက ဝေဖန်ထောက်ပြအကြံပြုမှုတွေ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

မေး ။ ။ အခုလို Facebook ပေါ်ကနေတဆင့် ပို့စ်တင်ပြီး လူသိရှင်ကြား ထောက်ပြဝေဖန်တဲ့အပေါ် NUG ရဲ့ တုံ့ပြန်မှုက ဘယ်ရှိလဲ။

ဖြေ ။ ။ ကျနော် နားလည်တာကတော့ ယေဘူယျ အကုန်လုံးက လက်ခံကြ၊ သဘောတူကြတယ်။ တော်လှန်ရေးအရွေ့ ဒီထက်မြန်ဖို့လိုတယ်၊ တော်လှန်ရေးတပ်ဦး ဦးဆောင်သူဖြစ်တဲ့ NUG အစိုးရ အားကောင်းဖို့ လိုတယ်ဆိုတာကို အားလုံး လက်ခံတယ်။ NUG က လူတွေလည်း လက်ခံတယ်။ သို့သော် လက်တွေ့သိသာထင်ရှားတဲ့၊ တကယ်ထိရောက်တဲ့ ပြင်ဆင်ပြောင်းလဲမှုတွေက အခုအချိန်ထိ ကျနော်တို့လူထုအနေနဲ့ မြင်သာထင်သာ ရှိမနေဘူး။

လွန်ခဲ့တဲ့ ၂၀၂၄ လောက်ကတည်းက သမ္မတကြီး ဒူဝါကြီးကိုယ်တိုင် လူသိထင်ရှား ထုတ်ဖော်ပြောခဲ့တာ မိန့်ခွန်းပြောပြီး NUG အစိုးရကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့တွေ လုပ်မယ်ဆိုတာ အဲဒီတုန်းကလည်း ကျနော်တို့အနေနဲ့ အများကြီး မျှော်လင့်ကြ၊ အားတက်ခဲ့ကြတယ်။ သို့သော် အချိန်တွေသာ တဖြည်းဖြည်းရွေ့လာတယ်၊ သိတာထင်ရှားတဲ့၊ တကယ့် လက်တွေ့ကျတဲ့ ထိရောက်တဲ့ပြင်ဆင်ပြောင်းလဲမှုတော့ တွေ့မနေရသေးဘူးလို့ပဲ တင်ပြလိုပါတယ်။

ဘယ်လိုပြောင်းကြမလဲဆို လူပိုင်းဆိုင်ရာ ပြင်ဆင်ပြောင်းလဲရမယ့်ကိစ္စရပ်တွေ ရှိလိမ့်မယ်။ အလားတူ မူပိုင်းဆိုင်ရာ ပြင် ဆင်ပြောင်းလဲမှုတွေလည်း လိုအပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီတော့ လူရော၊ မူရော ပြင်သင့်ပြင်အပ်တာတွေကို အချိန်မနှောင်းခင် ပြင်ဖို့လိုအပ်မယ်လို့ ကျနော် ပြောချင်ပါတယ်။

မေး ။ ။ NUG ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရတာ ဘာကြောင့်လို့ထင်လဲ။

ဖြေ ။ ။ ဒါကတော့ အကြောင်းချင်းရာ အများကြီးရှိမှာပေါ့။ ပြင်ဆင်ပြောင်းလဲလိုစိတ် ဘယ်လောက်ထိ ထက်သန်ပြင်းပြ ကြသလဲ၊ ဘယ်လိုရှိကြသလဲ။ ပြင်ချင်တယ်ဆိုရင်တောင် လက်တွေ့ပြင်ဆင်ပြောင်းလဲဖို့ အတွင်းအပြင် အခက်အခဲတွေက ဘာတွေရှိသလဲ။ ဒါတွေက ကာယကံရှင် လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းကိုယ်တိုင်က ပိုသိကြမယ်လို့ ထင်ပါတယ်။

တော်လှန်ရေးကာလမှာ ဖြတ်သန်းရတာ၊ အစိုးရတာဝန်ထမ်းဆောင်ရတာ မလွယ်မှန်းသိပါတယ်။ ဒါသည် တနိုင်ငံလုံးရဲ့ အနာဂတ် ကံကြမ္မာကို ဖန်တီးနေတဲ့ကိစ္စ၊ ပြည်သူ့တော်လှန်ရေးကြီးဖြစ်လို့ အခုချိန်မှာ မည်သည့်လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းရဲ့ မျက်နှာကိုမှမထောက်ဘဲနဲ့ တော်လှန်ရေးအကျိုးကိုသာ ရှေးရှုပြီးတော့ လုပ်သင့် လုပ်အပ်တဲ့ အရာတွေကို ပြတ်ပြတ်သားသား၊ တင်းတင်းရင်းရင်းလုပ်ဖို့ အချိန်ကျပြီလို့ ကျနော်ကတော့ ရှုမြင်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင်ဂိတ်)မှ အခွန်ကောက်ယူမှုနှုန်း များလွန်းသဖြင့် ကားသမားများနှင့် ဒေသခံများက ဇွန်လအတွင်းက ဆန္ဒပြခဲ့သည်

မေး ။ ။ NUG အစိုးရဟာ နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်ဆိုတဲ့ သုံးသပ်ချက်မှာ ဘယ်လိုအကြောင်းအရာတွေကို အခြေခံပါသလဲ။

ဖြေ ။ ။ လွန်ခဲ့တဲ့ NUG စတင် ဖွဲ့စည်းခဲ့တဲ့ကာလနဲ့ အခု ၂၀၂၅ နှစ်လယ်နဲ့ မတူတော့ပါဘူး။ စတင် ဖွဲ့စည်းချိန်မှာ အထူးသဖြင့် NUG က ဘာတွေဦးစားပေးလဲဆို စစ်အုပ်စုနဲ့ တရားဝင်မှုရေးရာတိုက်ပွဲ ကျနော်တို့က ပြိုင်ပွဲဆင်ရတာ ဖြစ်ပါတယ်။ စစ်အုပ်စုသည် တရားမဝင်ဘူး၊ အတင်းအဓမ္မ သေနတ်အားကိုး အာဏာသိမ်းထားတယ်။ ဒါကို ကျနော်တို့ လက်မခံဘူး။ ၂၀၂၀ ရွေးကောက်ပွဲက တက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရှိတယ်၊ တိုင်းရင်းသား အဖွဲ့အစည်းကြီး တွေက ကိုယ်စားလှယ်တွေပါမယ်၊ လူသိထင်ရှား ထင်ပေါ်ကျော်ကြားတဲ့ အသိပညာရှင်၊ အတတ်ပညာရှင် တွေ၊ CDM ခေါင်းဆောင်တွေ၊ လူထုလှုပ်ရှားမှု ခေါင်းဆောင်တွေပါမယ်၊ အရပ်ဘက်အင်အားစုတွေပါမယ် စတဲ့ အဲဒီလို ပုံစံနဲ့ လူထုထောက်ခံမှု၊ တရားဝင်မှုအားကောင်းကောင်းနဲ့ NUG အစိုးရကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီခေတ်ကာလ အခြေအနေက ဒါသည် အင်မတန်မှ မှန်ပါတယ်။ ကျနော်တို့က တရားဝင်မှုဆိုင်ရာ ပြိုင်ပွဲကို စစ်အုပ်စုနဲ့ ပြိုင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးက ရပ်မနေဘူးလေ တိုးတက်နေတာ၊ ရှေ့ကိုသွားနေ တာ၊ အချိန်ကလည်း ရွေ့နေတာ။ အခုငါးနှစ်တာကာလရှိတဲ့အခါမှာ ကျနော်တို့က တရားဝင်တယ်ဆိုရုံမျှနဲ့ မလုံလောက် တော့ဘူး။

တကယ့်စွမ်းဆောင်ရည် Capacity၊ လုပ်ကိုင်နိုင်စွမ်း Performance အရေးကြီးလာပြီ။ လွန်ခဲ့တဲ့ငါးနှစ်က စစ်မတိုက် ရသေးဘူး၊ အခု တကယ်စစ်တိုက်နေရပြီ။ အဲဒီတော့ စစ်ရေးစစ်ရာ စွမ်းဆောင်ရည်၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုတွေ အရေးကြီးလာပြီ။

အခုဆို စိုးမိုးနယ်မြေတွေရှိလာပြီ၊ အုပ်ချုပ်ရေးတွေပါရပြီ။ အုပ်ချုပ်ရေးစွမ်းရည်တွေ လိုအပ်လာပြီ။ အုပ်ချုပ်မှုနဲ့အတူ ကိုယ့်နယ်မြေမှာရှိတဲ့ ပြည်သူလူထုကို လူမှုဝန်ဆောင်မှုတွေပေးရပြီ။ ပညာရေး၊ ကျန်းမာ ရေး၊ လုံခြုံရေး၊ လူသာစားနာ ဒီလို စွမ်းဆောင်ရည်တွေ အရေးကြီးလာပြီ။ အလားတူ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေ သဘာဝ သယံဇာတကနေရတဲ့ အခွန်အကောက်တွေရှိမယ်၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ဟာတွေကနေကောက်တဲ့ အခွန်အကောက် တွေရှိတယ်။

ငွေရေးကြေးရေးတွေ ပါလာပြီ။ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲရတဲ့ဟာတွေ။ အဲဒီတော့ အခုအချိန်မှာ တရားဝင်မှု တခုတည်း သက်သက်နဲ့ မရတော့ဘဲနဲ့ စွမ်းဆောင်ရည်ရှိမှု၊ ထက်မြက်မှု၊ အလုပ်ဖြစ်မှု ဒါတွေက ကျနော်တို့ရဲ့ တော်လှန်ရေး အစိုးရ NUG အတွက် အထူးအရေးကြီးလာတဲ့ အခြေအနေဖြစ်လာပြီ။

တရားဝင်မှုလည်းရှိရမယ်၊ အရေးကြီးတယ်။ လူထုထောက်ခံမှု အရေးကြီးတယ်။ ကျနော်အခုအချိန်မှာ မြင်တာက NUG အပေါ် လူထုထောက်ခံမှု ရှိနေတယ်၊ အတိုင်းအတာတခုထိရှိတယ်။ လွန်ခဲ့တဲ့ငါးနှစ်နဲ့ယှဉ်ရင် အတိုင်းအတာတခု ကျကောင်း ကျသွားလိမ့်မယ်၊ သို့သော် ရှိနေဆဲဖြစ်တယ်။

သို့သော် စွမ်းဆောင်ရည် ထက်မြက်မှု၊ အလုပ်ဖြစ်မှုတိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်ဆိုတာ ကျနော် ယူဆတယ်။ ဒါကြောင့် အုပ်ချုပ်ရေး၊ စစ်ရေးစစ်ရာ၊ ဘဏ္ဍာရေး၊ လူမှု ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေ ပြည့်ဖို့၊ ထိရောက်ဖို့ အရေးကြီးတယ်လို့ ရှုမြင်တယ်။ အခုအချိန်မှာ ဒါတွေလိုအပ် နေတာဖြစ်တဲ့အတွက် အခုလို သတင်းစကားပါး တင်ပြခြင်း၊ အကြံပြုခြင်း ဖြစ်ပါတယ်။

မေး ။ ။ မြေပြင်မှာ ရှိနေသူတဦးအနေနဲ့ အခု တော်လှန်ရေး ငါးနှစ်ကြာလာချိန်မှာ NUG အပြင် တခြားဘာတွေရော ပြုပြင်ပြောင်းလဲဖို့ လိုအပ်မယ်ထင်လဲ။

ဖြေ ။ ။ အခု အချိန်ငါးနှစ်ကြာလာတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ မြေပြင်က မြို့နယ်အဆင့်၊ ရပ်/ကျေး အဆင့်၊ ခရိုင်အဆင့် စတဲ့ ပကဖ၊ ပအဖ၊ ပလဖတွေ၊ PDF တပ်ရင်းတပ်ဖွဲ့တွေမှာလည်းပဲ ပြည်သူလူထုထောက်ခံမှု လျော့ ကျစေနိုင်တဲ့လုပ်ရပ်၊ အပြောအဆို၊ အပြုအမူတွေ တွေ့လာရတယ်။ ကျနော်တို့ အမြဲတမ်းပြောနေတဲ့ ကျင့်ဝတ်၊ စည်းကမ်း ပေါ့။ PDF စစ်သည်တော်ကျင့်ဝတ်ရှိရမယ်၊ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းတွေ ရှိရမယ်။ ဘဏ္ဍာရေး ဆိုင်ရာ တာဝန်ရှိတဲ့သူတွေမှာ သက်ဆိုင်ရာလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ အဲဒါတွေကို လက်တွေ့လိုက်နာကြဖို့ အင်မတန်အရေးကြီးတယ်။

အဲဒီလို မလိုက်နာ၊ မကျင့်ကြံဘူးဆိုရင် ကျနော်တို့ရဲ့ပြည်သူက တော်လှန်ရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေးသမားဆိုတဲ့ လူတွေအပေါ်မှာ အကြည်ညိုတန်လာမယ်၊ ယုံကြည်မှုမဲ့လာမယ်။ ဒါဆိုရင် ကျနော်တို့ တော်လှန်ရေးက ငါးပါးမှောက်မယ့် ပုံစံဖြစ်တယ်။

ကျနော်တို့ တော်လှန်ရေးဘက်က မင်းအောင်လှိုင် စစ်အုပ်စုထက် အဓိကသာတာက လူထုထောက်ခံမှု၊ ယုံကြည်မှု၊ လူထု ပူးပေါင်းပါဝင်မှု ဖြစ်တယ်။ အဲဒီတော့ လူထုထောက်ခံမှု၊ ယုံကြည်မှုနဲ့ လူထုပူးပေါင်းပါဝင်မှု လျော့ကျသွားတဲ့တနေ့၊ လဲသွား တဲ့တနေ့ ကျနော်တို့ တော်လှန်ရေး ငါးပါးမှောက်မှာ။ ကျနော်တို့ တော်လှန်ရေးဘက်က ကြည့်မယ်ဆိုရင် ပြည်သူကို ကြားနေဖြစ်လို့ကို မရဘူး။ ပြည်သူက ကိုယ့်တော်လှန်ရေးဘက်မှာ အပြည့်အဝရှိမှရမယ်။ မင်းအောင်လှိုင် စစ်အုပ်စု လုပ်နေတာက ပြည်သူတွေကို ကြားနေသူများအောင်လုပ်နေတာ။ တော်လှန်ရေး မပါရင်ပြီးရော သူတို့ကို ထောက်ခံစရာ မလိုဘူး လုပ်နေတာ၊ ဒါကို သတိချပ်ကြဖို့လိုတယ်။

ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေ အထူးသတိထားဖို့လိုသလို NUG အစိုးရဆိုရင် သူ တရားဝင်ဖွဲ့စည်းတာဝန်ပေး အပ်ထားတဲ့ မြိုနယ်၊ ရပ်/ကျေး၊ ခရိုင်၊ တိုင်း အဆင့် ဆင့်သော တာဝန်ရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ကျနော်တို့ အမြဲတမ်းပြောနေတဲ့ COC နှစ်ရပ်ပေါ့ အမိန့်ပေးကွပ်ကဲ အုပ်ချုပ်မှု Chain of Command နဲ့ ကျင့်ဝတ်စည်းကမ်း Code of Conduct ကို တင်းတင်းရင်းရင်း၊ ပြည့်ပြည့်ဝဝ လိုက်နာ ပြောဆို ပြုမူကျင့်ကြံကြဖို့ အရေးကြီးတဲ့အချိန် ရောက်နေပြီလို့ ကျနော် ဒီကနေ ခေါင်းလောင်းတီးလိုက်ရပါတယ်ဗျ။

မေး ။ ။ လက်ရှိမြေပြင်မှာ ပသုံးလုံးယန္တရားနဲ့ PDF တွေ ပွတ်တိုက်မှု ရှိနေတာ၊ ရလာတဲ့ အခွန်ခွဲဝေမှုဆိုင်ရာ မညီမျှမှု တွေ၊ NUG ထိန်းချုပ်နယ်မြေတွေမှာ ပသုံးလုံး၊ PDF တွေက ပြည်သူတွေအပေါ် ဗိုလ်ကျအနိုင်ကျင့်နေတာ မျိုးတွေကြောင့် ယုံကြည်ကိုးစားမှုတွေ လျော့ကျလာတာမျိုးရှိလာတယ်။ အဲဒီအပေါ် ထိန်းကျောင်းတည့်မတ်ပေးဖို့ NUG တာဝန်ရှိသူတွေ လျစ်လျူရှုမှုအပေါ်မှာရော ဘာများပြောချင်ပါလဲ။

ဖြေ ။ ။ ပြောရဆိုရတာမှာ စကားအရ ပြောရတာလွယ်ပေမယ့် လက်တွေ့လုပ်ရတာ ခက်ခဲတယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ သို့သော် ကိုယ်ကတာဝန်ယူထားပြီ၊ တာဝန်ခံထားပြီဆိုတော့ တာဝန်ရှောင်လို့တော့ မရဘူး။ အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲ စစ်ရေးအတွက်ဆိုတာ အားလုံးသိတယ်။ ဘဏ္ဍာရေး အင်မတန်အရေးကြီးတယ်။ ကျနော်တို့ ပြည်သူ့ တော်လှန်ရေးကို ဘယ်ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းကမှ ငွေကြေးတပြားတချပ်မှ ထောက်ပံ့ကူညီနေတာ မရှိမှန်း လည်း ကျနော် တို့လူထုက သိပြီးသားပါ။ ဒါကြောင့် ဘဏ္ဍာရေးအတွက် ကိုယ်ထူကိုယ်ထ ကိုယ့်ဒူးကိုယ်ချွန်ပဲရှာရတာ။
ကျနော်တို့ အခု စိုးမိုးထိန်းချုပ်နယ်မြေတွေရှိတယ်။ သဘာဝသယံဇာတကနေ အခွန်အခတွေ ရနေတာရှိမယ်၊ ပြည်သူလူထု ထမ်းဆောင်တဲ့ အခွန်အခတွေလည်းရှိမယ်။ ဒါတွေကို တော်လှန်ရေးအတွက် အကျိုးအရှိဆုံးဖြစ်အောင် NUG အစိုးရက စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။

ဘဏ္ဍရေးကိစ္စနဲ့ ဥပမာတခုပေါ့။ ဘဏ္ဍာရေးမူဝါဒ ကျနော် နားလည်သလောက်ဆိုရင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တချို့သော ရပ်/ကျေးတွေမှာ လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်။ ဘဏ္ဍာရေး ငွေကြေးအချိုးအစားအများကြီးကို စီမံခန့်ခွဲလို့ရနေတယ်။ တကယ့်တနိုင်ငံလုံး၊ တခွင်တပြင်လုံး စဉ်းစားရမယ့် ဗဟိုအဆင့် ပြည်ထောင်စု အစိုးရမှာကျ တကယ်ရောက်တဲ့ ဘဏ္ဍာငွေကြေးအရ အများကြီးလိုအပ်ချက်တွေရှိနေတယ်။ ပြောချင်တာ ဒီငွေတွေက မြေပြင်မှာ၊ အောက်ခြေမှာပဲ ပြန့်ကျဲသွားပြီး တကယ့် တနိုင်ငံလုံး တော်လှန်ရေးအတွက် အကျိုးရှိသင့်သလောက်မရှိတဲ့ ကိစ္စတွေလည်း ရှိနေတယ်။

ဒါတွေဆိုရင် မူဝါဒတွေ လိုအပ်ရင်ပြန်ပြင်ရမှာ။ မူဆိုတာ လူကချတာ။ အဲဒီတော့ တော်လှန်ရေးနဲ့ ကိုက်ညီဖို့လိုတယ်။ တော်လှန်ရေးကာလမှာ ချမှတ်ထားတဲ့ မူဝါဒတွေသည် တော်လှန်ရေးနဲ့ကိုက်ညီဖို့၊ တော်လှန်ရေးဆန်ဖို့ လိုတယ်။ အဲဒီတော့ လူတွေဘက်က ကျင့်ဝတ်စည်းကမ်းချိုးဖောက်မှုတွေ ရှိသလား၊ ဒီလူတွေကိုလည်း ထိထိမိမိ အရေးယူဆောင်ရွက်ဖို့လည်း အရေးကြီးတယ်။ တော်လှန်ရေးကာလမှာတော့ ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်။

အလားတူပဲ အုပ်ချုပ်ရေးတာဝန်ယူရတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေလည်း သက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေနဲ့ အညီ လူထုနဲ့ တသားတည်းဖြစ်အောင်လုပ်ကြဖို့ အင်မတန်အရေးကြီးတယ်။ ပြည်သူက သူတို့ နေ့တိုင်းမြင်နေရတာက ဝန်ကြီးတွေ၊ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ မဟုတ်ဘူး။ သူတို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ ကာကွယ်ရေးအဖွဲ့တွေ မြင်ရ တာ။ မြို့နယ်အုပ်ချုပ်ရေး၊ ကာကွယ်ရေးတွေ၊ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖ ပအဖ ပလဖတွေ မကောင်းဘူးဟေ့ဆိုရင် ဒါ NUG မကောင်းဘူးလို့ပဲ မြင်မှာပဲ။ တော်လှန်ရေးသမားတွေ မကောင်းဘူးပေါ့ဗျာ။ ဒါကြောင့် မြေပြင်ဒေသန္တရ အရေးကြီး တယ်။ တကယ့်လက်တွေ့နော် လူထုနဲ့အနီးကပ်နေရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ အရေးကြီးတယ်။ ဒါတွေကို ကျနော်တို့ က တည့်မတ်မှန်ကန်အောင်၊ ကောင်းအောင် အားလုံးဝိုင်းပြီး ကြိုးစားကြရမှာဖြစ်တယ်။

ပြီးခဲ့သည့်နှစ် ဇွန်လက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဆူးပုံချောင်း- အင်းတိန်ကားလမ်းသစ်အတွက် မြေသိမ်းသဖြင့် ကျေးရွာသားများက ဆန္ဒပြရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဖမ်းဆီးခဲ့သည်။

မေး ။ ။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ NUG အပြင် ဘယ်သူတွေမှာရော တာဝန်ရှိပါသလဲ။ ဘယ်လို အကြံပြုချင်လဲ။

ဖြေ ။ ။ တော်လှန်ရေးနိုင်ဖို့က NUG အစိုးရတဖွဲ့တည်းမှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းကြီးတွေ ERO တွေမှာလည်း တာဝန်ရှိတယ်။ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်သူလူထုက မဲပေးရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အင်မတန် အရေးကြီးတယ်။ ရွေးကောက်ပွဲအနိုင်ရပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒါတွေလည်း အရေးကြီး တယ်။ ဒီအဖွဲ့အစည်းကြီးတွေမှာလည်း တော်လှန်ရေးအမြန်ဆုံး ပြီးမြောက်အောင်မြင်ဖို့ရာအတွက် တာဝန်ကိုယ်စီ ရှိကြ တယ်ဆိုတာကိုလည်း အလေးအနက်ထားပြီး တင်ပြလိုတယ်။

ဒီအဖွဲ့အစည်းတွေလည်း ကိုယ့်တာဝန်ကိုယ်ကျေကြဖို့လိုပြီ။ ယခင်ထက်ပိုသော စုစည်းညီညွတ်မှု လိုအပ်နေပြီ။ ကျနော်တို့အချင်းချင်း အဖွဲ့တွေကြား၊ တယောက်နဲ့တယောက်ကြား အရင်ထက်ပိုပြီး ကျောချင်းကပ် ရင်ချင်းအပ်ရ တော့မယ့်အချိန်ကို ရောက်နေပြီ။ အာဏာ သိမ်းစစ်အုပ်စုက သူ့အလုပ်ကို သူလုပ်နေပါတယ်။ ဒီအချိန်မှာ ကျနော်တို့ တော်လှန်ရေးဘက်ကလည်း ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ကြဖို့ အရေးကြီးပြီ။

တနိုင်ငံလုံးလွတ်မြောက်ရေးကို ရှေ့တန်းတင်ရမယ့် အချိန်လည်းရောက်ပါပြီ။ တနိုင်ငံလုံး မလွတ်မြောက်ဘဲ ဒေသတခု တည်း လွတ်မြောက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်တယ်ဆိုရင်တောင် ရေရှည်ခံမှာ မဟုတ်ပါဘူး။ တနိုင်ငံလုံး လူမျိုးပေါင်းစုံ မလွတ်မြောက်ဘဲ လူမျိုးတခုတည်း ကွက်လွတ်မြောက်တယ်ဆိုတာ ဖြစ်ခဲ့ရင်လည်း ရေရှည်တည်တံ့ခိုင်မြဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် တနိုင်ငံလုံးလွတ်မြောက်ဖို့၊ လူမျိုးပေါင်းစုံလွတ်မြောက်ဖို့ အရေးကြီးပါတယ်။

ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံးအမြစ်ချိုးနိုင်ဖို့ အရေးကြီးတယ်။ ဒီအတွက် တော် လှန်ရေးရဲ့ ခေါင်းဆောင်၊ တော်လှန်ရေးရဲ့တပ်ဦး တာဝန်ရှိတဲ့အဖွဲ့အစည်း အားလုံးကနေ ယခင်ထက်ပိုပြီး အလုပ်လုပ်ကြဖို့၊ စုစည်းကြဖို့၊ ညီညွတ်ကြဖို့ အချိန်ရောက်ပြီလို့ အလေးအနက်ထားပြီး ထပ်မံတင်ပြအပ်ပါတယ်။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
3k
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
108
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
1.8k

မေး ။ ။ ဆရာအကြံပြုသလို အခုကစပြီး မပြင်ဘူးဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ။

ဖြေ ။ ။ လက်ရှိ တော်လှန်ရေးရဲ့ တစုံလုံးအခြေအနေကို ကျနော့်ရဲ့တကိုယ်ရည်သုံးသပ်ချက်က တော်လှန်ရေးက အခုအချိန်ထိ လမ်းကြောင်းမှန်တခုပေါ်မှာ ရှေ့ကို အရွေ့အရှိန်တခုနဲ့ သွားနေတယ်လို့ ရှုမြင်တယ်။ သို့သော် အခုနောက် ပိုင်းဆိုရင် ရွေ့နေတဲ့အရှိန်ဟာ တဖြည်းဖြည်းနှေးလာနေပြီ။ ဒီဟာကို အချိန်မနှောင်းမီ မပြင်ကြ၊ မဆင်ကြနိုင်ဘူးဆိုရင် အရှိန်နှေးရာကနေ အရှိန်တန့်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။သွားနေတဲ့အရာတခုက အရှိန်တန့်သွားပြီဆိုတာနဲ့ အချိန်မရွေး လဲပြိုကျသွားနိုင်တယ် သို့တည်းမဟုတ် လမ်းကြောင်းမှန်မှ သည် ဘေးကိုလည်း ချော်သွားနိုင်တဲ့ အလားအလာတွေရှိတယ်။

ဒီဟာတွေမဖြစ်ရလေအောင် အချိန်မနှောင်းသေးခင် အချိန်မီပြင်ဆင်ကြဖို့၊ ပိုကောင်းအောင်ကြိုးစားကြဖို့၊ တည်ဆောက် ကြဖို့ အလေးအနက်ထားစေချင်တယ်။ ဒီအချိန်မှာ လိုအပ်တာအားလုံး NUG ဘက်ကလည်း ပြင်စရာရှိတာ အတွင်းထဲက ပြင်မယ်၊ ကျန်တဲ့အဖွဲ့အစည်းတွေကလည်း လိုအပ် သလို ပေါင်းစပ်ပြင်ဆင်ကြမယ်ဆိုရင်တော့ဖြင့် တော်လှန်ရေးဟာ အခုလိုပဲ လမ်းကြောင်းအမှန်ပေါ် ရှိမယ်၊ အခုရွေ့နေတဲ့အရှိန်ထက် အများကြီးတင်လို့ ရသေးတယ်ဆိုတာ ကျနော်ကတော့ ယုံကြည်တယ်။ ဒီယုံကြည်ချက်နဲ့ပဲ ကျနော်တို့ တော်လှန်ရေး ချီတက်နေတာ ဖြစ်တယ်။ ကျနော်တို့ အတွက်ကတော့ တော်လှန်ရေးမှတပါး အခြားမရှိဘူး။

ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ လူမှုဒုက္ခဆင်းရဲအဝဝ၊ ပြဿနာကိစ္စအဝဝရဲ့ လက်သည်တရားခံ ရေသောက်မြစ်သည် အာဏာရှင်စနစ်၊ အာဏာသိမ်းမှု ဖြစ်တယ်။ ဒါကြောင့် အာဏာရှင်စနစ်ဆိုး အမြစ်ချိုးတဲ့အထိ ရှေ့ကိုသွားဖို့ဖြစ်တယ်။ လက်ရှိ တော်လှန်ရေးအရှိန်ကို ဒီထက်ပိုတင်နိုင်ဖို့ကတော့ NUG၊ ERO တွေ အပါအဝင် ပြည်သူတွေအားလုံးရောပေါ့ဗျာ ကျနော်တို့ ယခင်ထက် အလုပ်တွေပိုလုပ်ကြဖို့အချိန်၊ တော်လှန်ရေးက တောင်းဆိုနေပြီလို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ ဆရာ့ဝေဖန်မှုပေါ်ထွက်လာချိန်မှာ တော်လှန်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်မှုဖြစ်ပေါ်နေတဲ့အပေါ် ဘယ်လိုသတင်းစကားပါချင်းလဲ။

ဖြေ ။ ။ လက်ရှိ တော်လှန်ရေးအခြေအနေက ကျနော်ထပ်ပြောပါမယ်၊ လမ်းကြောင်းမှန်တခုပေါ်မှာ ရှေ့ကိုရွေ့နေပါ တယ်။ သို့သော် ရွေ့နေတဲ့အရှိန် အားနည်းလာတာလေးတွေ မြင်မိတယ်။ အဲဒီတော့ ဒီအရှိန်ကို ဒီထက်အများကြီး ဆွဲတင် နိုင်အောင်၊ တင်လို့လည်း ရနိုင်တဲ့အလားအလာတွေရှိတယ်။ ဒါကို ကျနော်တို့က အလေးအနက် ထောက်ပြဝေဖန်၊ အကြံပြု တင်ပြနေခြင်းသာဖြစ်တယ်။ ဒီကနေပြီး ဘာမှလည်း မပြင်နိုင်မဆင်နိုင်၊ NUG ဘက်ကလည်း မပြင်နိုင်၊ ERO တွေကလည်း ဒီထက်ပိုပြီး အလုပ်မဖြစ်ဘူး၊ NUCC စတဲ့ ဟာတွေကလည်း အလုပ်မဖြစ်ကြဘူးဆိုရင်တော့ ကျနော်တို့ ကသာ ရပ်နေတာ သို့မဟုတ် အရှိန်တန့်နေတာ၊ ရန်သူစစ်အုပ်စုက သူ့အလုပ်သူလုပ်နေတယ်။ ဒါကို သတိချပ်ကြဖို့ လိုပါတယ်။

အခုဆိုရင် စစ်အုပ်စု သူ့မှာမရှိတဲ့၊ လုံးဝကင်းမဲ့နေတဲ့ တရားဝင်မှုကို လာမယ့်အတုအယောင်ရွေးကောက်ပွဲဆိုတာကြီးနဲ့ လုပ်ကြံဖန်တီးမှာ။ ထားပါ ဒါကို ကျနော်တို့က ရင်မခုန်ဘူး။ အလားတူပဲ သူ့ရဲ့ စစ်ရေးအရ အားနည်းမှုတွေကို သူ့ရဲ့ ပြင်ပ မဟာမိတ်နိုင်ငံကြီးတွေက အများကြီးပံ့ပိုးကူညီနေတာ၊ ဒါလည်း ကျနော်တို့ လူထုသိပြီးသား။ အဲဒီလိုအချိန်မှာ ကျနော်တို့ တော်လှန်ရေးဘက်က တော်လှန်ရေးတပ်ဦး အဖွဲ့အစည်းကြီးတွေကလည်း ယခင်ထက်ပိုပြီး အလုပ်လုပ်ကြဖို့၊ ပြည်သူရော ယခင်ထက်ပိုပြီး တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်ကြဖို့ လိုအပ်ပြီ။ ဒါ ပြည်သူ့တော်လှန်ရေးကိုး။ လူထုနဲ့ ကျနော်တို့ အတွက်ကတော့ ရှင်းပါတယ်၊ တော်လှန်ရေးမှတပါး အခြားမရှိဘူးဆိုတာ နားလည်ထားပြီး ဖြစ်တယ်။

ဒါကို ကျနော်ထပ်ခါထပ်ခါ တင်ပြနေရတာက ဒီနိုင်ငံရဲ့ ပြဿနာအရပ်ရပ်ရဲ့ လက်သည်တရားခံက အာဏာရှင်စနစ်သာ ဖြစ်တယ်။ အာဏာရှင်စနစ်ရှိနေသရွေ့ ဒီတိုင်းပြည် ဘယ်တော့မှ မတည်ငြိမ်ဘူး၊ မအေးချမ်းဘူး၊ ပညာရေးမကောင်းဘူး၊ လမ်းမကောင်းဘူး၊ မီးမမှန်ဘူး၊ အလုပ်အကိုင်အခွင့်အလမ်းမရှိဘူး။ ဒါကြောင့် အာဏာရှင်စနစ်မရှိမှ ရမှာဖြစ်တဲ့အတွက် ဒီအာဏာရှင်စနစ်ဆန့်ကျင်ရေးသည် ကျနော်တို့ တိုင်းပြည်ရဲ့ ဘုံလုပ်ငန်းစဉ်ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက် ရေးသည် ဘုံပန်းတိုင်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ ။ ။ ပြည်သူ့တော်လှန်ရေးက ကျနော်တို့ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီးတာ နှစ် ၇၀ ကျော် ၈၀ သမိုင်းမှာ ဒီလေး နှစ်ဆိုတဲ့အချိန်အတွင်းမှာ ခရီးတွေ ရောက်သင့်သလောက်ရောက်ခဲ့ပြီ။ ဒါသည် ကျေနပ်ဝမ်းသာအားရနေရမယ့် အခြေအနေ မဟုတ်ဘူး။ ကျနော်တို့ သွားချင်တဲ့ပန်းတိုင် မရောက်သေးဘူး။ သွားချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးနည်းနဲ့ ရောက်ကြရအောင် အခုအချိန်ဟာ အင်မတန်အရေးကြီးတဲ့အချိန် ဖြစ်နေပြီ။ ကျနော်တို့ လုပ်တာကိုင်တာတွေ ယခင်ထက် ပိုထိရောက်ဖို့၊ လက် တွေ့ကျဖို့ အရေးကြီးနေပြီ။ ဒါကို တော်လှန်ရေးက တောင်းဆိုနေပြီဖြစ်လို့ NUG အပါအဝင် တော်လှန်ရေးမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးနဲ့တကွ ကျနော်တို့ ပြည်သူတွေအားလုံး ပိုပြီးတော့ ညီညာဖျဖျ ရုန်းကန်တိုက်ပွဲဝင်ကြပါလို့။

You may also like these stories:

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

Your Thoughts …
Tags: NUGခေါင်းဆောင်မှုစစ်အာဏာရှင်စနစ်တော်လှန်ရေးဒေါက်တာတေဇာစန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved