စစ်တပ်ကို အကြည်အညိုပျက်စေမှုဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရဖူးသူတွေဖြစ်တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟနဲ့ စာရေးဆရာ မောင်သာချို ခေါ် ဦးညွန့်သောင်းတို့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြပါတယ်။
ရွှေညဝါဆရာတော်ဟာ ဇူလိုင် ၁၀ ရက် မနက် ၂ နာရီ ၄၅ မိနစ်မှာ အသည်းရောဂါကြောင့် အာရှတော်ဝင်ဆေးရုံမှာပဲ ပျံလွန်တော်မူခဲ့ပြီး စာရေးဆရာမောင်သာချိုကတော့ မနက် ၈ နာရီအချိန် ပင်လုံဆေးရုံမှာကွယ်လွန်သွားပြီလို့ နီးစပ်သူတွေက အတည်ပြုပါတယ်။
ဆရာတော်နှင့် ဆရာမောင်သာချိုတို့ကို စစ်တပ်က ၂ နှစ်နီးပါး ဖမ်းချုပ်ပြီးတဲ့နောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့မှာ အတူတူလွှတ်ပေးခဲ့တာပါ။
ဓမ္မဘက်က ရပ်တည်ခဲ့ကြသူတွေဖြစ်သလို တိုင်းပြည်အပေါ်မှာ ရိုးသားတဲ့ စိတ်သဘောထား ရှိကြသူတွေဖြစ်တယ်လို့ သူတို့နဲ့ အကျဥ်းထောင်မှာ အနီးကပ်နေခဲ့ရသူ ကိုမင်းသွေးသစ်က ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












