• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
in သတင်း
A A
ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ပြည်တွင်းနိုင်ငံရေး အင်အားစုတချို့က မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်၍ ငွေဆောင်ကမ်းတွင် ပြီးခဲ့သည့် စက်တင်ဘာလက သွားရောက်ဆွေးနွေးခဲ့သည် (ဧရာဝတီ)

15k
VIEWS
Share on FacebookShare on Twitter

မြန်မာ့နိုင်ငံရေး အကျပ်အတည်း အထွဋ်အထိပ် ရောက်နေချိန် ပြည်တွင်းရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သူ ဦးမြအေးနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစု တချို့ က ထိုအကျပ်အတည်းအပေါ် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲ တခု ပြီးခဲ့သည့် စက်တင်ဘာလက ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေတွင် ပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးမှုက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးဘုံသဘောတူညီချက်ရရှိရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်လာရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး စစ်ပွဲများ ရပ်တန့် ထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ အချိန်ကာလ သတ်မှတ်ရန်နှင့် ဆွေးနွေးပွဲ အထမြောက်စေဖို့ နိုင်ငံတကာ အကူအညီ ရရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေး ယန္တရားတရပ်ကို ပဋိပက္ခနှင့် သက်ဆိုင်သော အစုအဖွဲ့များနှင့် ဖွဲ့စည်း ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကုစားရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် အကြမ်းဖျင်း သဘောတူကြကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
8
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
11
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
104

လတ်တလော ငွေဆောင် သဘောတူညီချက်ဟု ၎င်းတို့ခေါ်ဝေါ်သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်သူများမှာ ၃၉ ဦးရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့် လွင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုများ ပြုလုပ်သည့် စိုင်းရဲကျော်စွာမြင့် တို့ အပါအဝင် ပြည်တွင်းမှ အစဉ်အလာရှိသည့် ဝါရင့်နိုင်ငံရေးသမားတချို့၊ တိုင်းရင်းသားနိုင်ငံရေး အင်အားစုများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သည်ကို ဧရာဝတီမှ ရရှိထားသည့် စာရင်းအရသိရသည်။

သို့သော် ဆွေးနွေးပွဲတက်ရောက်သူများစာရင်းတွင် စစ်ကောင်စီဘက်မှ ဗိုလ်ချုပ်များ တက်ရောက်သည်ကို မတွေ့ရသဖြင့် ရရှိခဲ့သော သဘောတူညီချက်များအား လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲမည်ဟု သုံးသပ်သူများလည်း ရှိသည်။

“ငွေဆောင်သဘောတူညီချက်” ကို တိုင်းပြည်အကျပ်အတည်းကို ဖြေရှင်းရေးအတွက် လက်ရှိ အာဏာသိမ်းထားသည့် စစ်ကောင်စီထံ ပေးပို့တောင်းဆိုထားခြင်း ရှိမရှိ၊ ဆက်လက်အကောင်အထည်ဖော်ရန် ရှိမရှိနှင့် ပတ်သက်၍ ရှင်းရှင်း လင်းလင်း မသိရပါ။

ငွေဆောင်သဘောတူညီချက်ဟု ဆိုသည့် ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလာဒ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက အဆိုပါ ငွေဆောင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ အထူးတလည် မှတ်ချက်ပေးစရာမရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီနှင့် စစ်ကောင်စီဘက် လိုက်သည့်အင်အားစုများ (နိုင်ငံရေးပါတီတချို့၊ အသင်းအဖွဲ့တချို့ ပါဝင်)၊ စစ်ကောင်စီကို မပြုတ်ပြုတ်အောင်တိုက်မည်ဆိုသည့် အင်အားစုများနှင့် အဆိုပါ အင်အားစုများကြားထဲ မြေပေါ်၌ နေနေရသည့် အင်အားစုဟူ၍ ၃ မျိုးရှိရာ မြေပေါ်အင်အားစုများ၏ အသံကို လျစ်လျူရှု၍ မရကြောင်း ဆိုသည်။

၎င်းက “ဒီလိုပြောတဲ့အချိန်မျိုးမှာ စစ်ကောင်စီကို အရှုံးပေးလို့ ပြောတဲ့ဟာလည်း မဟုတ်ဘူးလို့ ကျနော်မြင်တယ်။ နောက်တခုက တတိယလိုင်းတခုသွားဖို့ ပြောတဲ့ဟာလည်း မဟုတ်ဘူး။ အဓိကတော့ ဒီနေ့တိုင်းပြည်မှာ သူတို့မြေပေါ်မှာ နေတဲ့ အင်အားစုတွေရဲ့အသံတခုကို ကျနော်တို့ ကြားနေရတယ်၊ သိနေရပြီပေါ့နော်” ဟု မှတ်ချက်ပြုသည်။

ဆက်လက်၍ ၎င်းက “သူတို့အသံ သူတို့ ပြောခွင့်ရှိစေရမယ်။ ဒါပေမယ့် ဒီနေ့တည်ဆောက်ရမယ့် နိုင်ငံရေးပလက်ဖောင်း က လွတ်လပ်ရေးရကတည်းက ဖြစ်နေတဲ့ပြဿနာကြီးကို ကျနော်တို့က အပျော့နည်းနဲ့ ဆွဲလို့မရဘူး။ အညံ့ခံလိုက်လို့ မရဘူး။ ကျစ်လျစ်မှုမရှိတဲ့ နိုင်ငံတကာရဲ့ဖိအားတွေ၊ နိုင်ငံရဲ့အဖြေကို ပေးတာမဟုတ်ဘဲနဲ့ ပြဿနာကိုကျော်လိုတဲ့ နိုင်ငံရေး လုပ်ရပ် တွေကတော့ အဖြေမဟုတ်ဘူး။ ဒါကို ကျနော်တို့ တဖက်က မားမားမတ်မတ်ရပ်မယ်၊ ကျနော်တို့ တည်ဆောက် လိုတဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်တွေကိုရအောင် တည်ဆောက်သွားဖို့ ကျနော်တို့ဘက်ကတော့ လုပ်သွား မှာပဲ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။

အဆိုပါ ငွေဆောင်ဆွေးနွေးပွဲပြီးနောက် ရှမ်းပြည်နယ်၊ ကလောမြို့၌ နောက်ထပ်ဆွေးနွေးကြရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

၂၀၂၄ ခုနှစ်အတွင်း အထင်ကရဖြစ်သူများ

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းသည် လူမဆန်မှုဟု NUG ပြော

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

Your Thoughts …
Tags: ငွေဆောင်ဆွေးနွေးပွဲဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးအကျဉ်းသားဘုံသဘောတူညီချက်မြန်မာ့နိုင်ငံရေးအကျပ်အတည်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
စေ့စပ်ဆွေးနွေးရေးက အလုပ်ဖြစ်မှာလား (ရုပ်/သံ)

စေ့စပ်ဆွေးနွေးရေးက အလုပ်ဖြစ်မှာလား (ရုပ်/သံ)

လွတ်လပ်ရေး နှင့် အတူ

လွတ်လပ်ရေး နှင့် အတူ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved