မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း ပဋိပက္ခ အကျပ်အတည်းတွေကို တွေ့ဆုံ၊ ဆွေးနွေး အဖြေရှာရေးဆိုတဲ့ ရည်ရွယ်ချက် နဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင် အနောက်နိုင်ငံတချို့နဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစု တချို့က တိုက်တွန်း ပြောဆိုမှုတွေ ရှိလာနေတာ တွေ့ရပါတယ်။
လတ်တလောမှာလည်း ပြည်တွင်း နိုင်ငံရေး အင်အားစုတချို့က ငွေဆောင်မှာ ပြုလုပ်တဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲ သဘောတူညီချက် ဆိုပြီး ထွက်ပေါ်နေပါတယ်။
စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ဖိတ်ခေါ်နေသလို၊ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေအနေနဲ့လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေတာ ရပ်တန့်မှသာ ဆွေးနွေးမှုတွေ လုပ်နိုင်မယ်ဆိုတဲ့ သဘောထားတွေလည်း ရှိနေပါတယ်။
မြန်မာ့အရေး လေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံရေး အကဲခတ်တွေကတော့ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်နေတာတွေ ရပ်တန့်ဖို့နဲ့ မြန်မာ့နိုင်ငံရေး လောကကနေ အပြီးတိုင် စွန့်ခွာပြီး တပ်စခန်းတွေဆီ ပြန်ရောက်သွားမှသာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခ အဆုံးသတ်နိုင်မယ်လို့ ထောက်ပြ သုံးသပ်နေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













