• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လွတ်လပ်ရေး နှင့် အတူ

by မောင်သစ်လွင် (လူထု)
4 January 2025
in ဆောင်းပါး
A A
လွတ်လပ်ရေး နှင့် အတူ
458
VIEWS
Share on FacebookShare on Twitter

ဗြိတိသျှ ကိုလိုနီသမား နှင့် မြန်မာနိုင်ငံရေး ခေါင်းဆောင်များ ဆွေးနွေးကြ၍ မြန်မာပြည် လွတ်လပ်ရေး အကောင်အထည် ပေါ်လာတော့မည့် အချိန် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင် အချို့ကို လုပ်ကြံသဖြင့် ကျဆုံးကြရလေသည်။

ထိုအထဲတွင် သတင်းစာဆရာ၊ စာရေးဆရာကြီး ဒီးဒုတ် ဦးဘချိုလည်း ပါသွားသည်။

သတင်းစာဆရာကြီး ဦးဘချိုမှာ လွတ်လပ်စွာ ရေးသားခွင့် ရဖို့ တိုက်ပွဲ ဝင်ရာတွင်လည်း ခေါင်းဆောင် တဦးပင်။

လုပ်ကြံခံရမှုနှင့် ပတ်သက်၍ အမျိုးသား သတင်းစာများက ဝမ်းနည်း ကြေကွဲကြသည်။ လုပ်ကြံမှုကို ရှုတ်ချကြသည်။

မြန်မာပြည်တွင် လွတ်လပ်ရေး ရဖို့ကလည်း နီးကပ်လာပြီ။ အနာဂတ် အုပ်ချုပ်ရေး အတွက်လည်း ပြင်ဆင်ကြပြီ။

အနာဂတ် အုပ်ချုပ်ရေးတွင် လွတ်လပ်စွာ ရေးသားခွင့်ကို ချုပ်ချယ် ပိတ်ပင်သည့် ပုံနှိပ်တိုက် လတ်တလော ဥပဒေ ကဲ့သို့သော ဥပဒေမျိုးတွေ မရှိသင့်ဟု စာနယ်ဇင်းများက ယူဆကြသည်။ ဤအတိုင်းပင် သဘောတူကြသည်။

ဤသည်ကို ဆရာကြီး ဒီးဒုတ် ဦးဘချို အသက်ထင်ရှား ရှိစဉ်ကလည်း ကြိုးပမ်းသည်။ ဆရာကြီး ဦးဘချိုက ပုံနှိပ်တိုက် လတ်တလော ဥပဒေကို အနာဂတ် အုပ်ချုပ်ရေး သစ်တွင် မပါရှိတော့ဖို့ ကြိုးစားမည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် လွတ်လပ်ရေး ရ၍ အုပ်ချုပ်ရေးသစ် စသည့် အခါတွင် ပုံနှိပ်တိုက် လတ်တလော ဥပဒေ ပါမလာဖို့ ကြိုးပမ်းကြသည်။

ပုံနှိပ်တိုက် လတ်တလော ဥပဒေ တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် မြန်မာပြည် စာရေးဆရာ အသင်းတိုက်၌ အစည်းအဝေး ပြုလုပ်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
820
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
200
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
616

ထိုအစည်းအဝေးသို့ မြန်မာပြည် သတင်းစာဆရာ အသင်း၊ ပုံနှိပ်တိုက်ရှင်များ အသင်း၊ စာရေးဆရာ အသင်း၊ သတင်းထောက် အသင်း၊ ပုံနှိပ်တိုက် အလုပ်သမား သမဂ္ဂ တို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် တမယ် သတင်းစာ ရတီနာဂျန်မှ မစ္စတာ ပီလေးက သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ဟံသာဝတီ သတင်းစာ ဦးအုန်းဖေက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည်။

ဦးအုန်းဖေ၊ မြို့မ ဆရာဟိန်၊ ဦးအုန်းခင် နှင့် ဗိုလ်သိမ်းဆွေ တို့က သတင်းစာများကို ချုပ်ချယ်ထားသည့် ပုံနှိပ်တိုက် လတ်တလော ဥပဒေ ထားရှိရန် လုံးဝ မသင့်တော့၊ ကျဆုံး သွားရရှာပြီ ဖြစ်သည့် ဒီးဒုတ် ဦးဘချို ကိုယ်တိုင်က အနာဂတ် အုပ်ချုပ်ရေး သစ်တွင် ဤ ဥပဒေ မပါရန် ဆောင်ရွက်မည်ဟူ၍ ပြောကြားခဲ့သည်ဟု အကျယ်တဝင့် ရှင်းလင်း ပြောကြား ကြပြီး အောက်ပါ ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။

စာနယ်ဇင်း ဆိုင်ရာ အဖွဲ့များ ဖြစ်သော –

(က) မြန်မာပြည် စာရေးဆရာ အသင်း
(ခ) မြန်မာပြည် ပုံနှိပ်တိုက် အသင်း
(ဂ) မြန်မာနိုင်ငံ သတင်းထောက် အသင်း
(ဃ) မြန်မာပြည် သတင်းစာဆရာများ အသင်း နှင့်
(င) မြန်မာပြည် ပုံနှိပ်တိုက် အလုပ်သမား အသင်းကြီး၏
အမှုဆောင် စုံညီစွာ တက်ရောက်ကြသော ဤ အစည်းအဝေးကြီးမှ စာနယ်ဇင်းများ အပေါ်တွင် ဖိနှိပ် ချုပ်ချယ်ထားသည့် ပုံနှိပ်တိုက် လတ်တလော ဥပဒေကို ဒီဇင်ဘာလ ၁၅ ရက်အတွင်း လုံးဝ ပယ်ဖျက် ရုပ်သိမ်းရန် လေးနက်စွာ တောင်းဆိုကြောင်း။

ဥပဒေ ပယ်ဖျက်ရန် ဆောင်ရွက်နေဆဲတွင် ထိုဥပဒေကို မြန်မာပြည် ပုံနှိပ်တိုက်များနှင့် စာနယ်ဇင်းများ အပေါ်၌ အသုံးမပြုဘဲ နေရန်ကို လေးနက်စွာ တောင်းဆိုကြောင်း၊
ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာနှင့် တွေ့ဆုံ အရေးဆိုရန် သတင်းစာဆရာ အသင်းမှ မစ္စတာ ပီလေး၊ စာရေးဆရာ အသင်းမှ မြို့မ ဆရာဟိန်၊ သတင်းထောက် အသင်းမှ ဦးတင်အေး၊ ပုံနှိပ်တိုက်ရှင် အသင်းမှ ဦးဘခင်၊ ပုံနှိပ် အလုပ်သမား သမဂ္ဂ မှ ဦးလှအောင် နှင့် ဦးအုန်းဖေ တို့ကို ရွေးချယ် တာဝန်ပေးကြသည်။

ဤသည်မှာ လွတ်လပ်စွာ ရေးသားခွင့် ရရှိရေး အတွက် စာပေ လုပ်သားများ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြခြင်းပင် ဖြစ်လေသည်။

ထိုအခါက သတင်း ပြန်ကြားရေး ဌာန ညွှန်ကြားရေး ဝန်မှာ စာရေးဆရာ မောင်ထင် ဖြစ်သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှာပင် ညွှန်ကြားရေး ဝန်သစ် ဆရာမောင်ထင်က သတင်းစာဆရာ အသင်းတိုက်တွင် သတင်း ပြန်ကြားရေး ဌာနမှ အမှုထမ်းများနှင့် သတင်းစာဆရာ အသင်း ကိုယ်စားလှယ်များကို တွေ့ဆုံပြီး လုပ်ငန်း ချောမော ပြေပြစ်ရေး အတွက် ဆွေးနွေးသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူ မြန်မာပြည် ပုံနှိပ်တိုက် အသင်း နှစ်ပတ်လည် ညီလာခံ ကျင်းပသည်။ ညီလာခံတွင် ဗိုလ်သိမ်းဆွေ နှင့် ဦးသန်းထွန်း တို့က ပုံနှိပ်တိုက် လတ်တလော ဥပဒေ ကိစ္စနှင့် ပတ်သက်၍ အခြေအနေကို ရှင်းပြကြသည်။ ထို့နောက် ပုံနှိပ်တိုက် အသင်း အမှုဆောင် သစ်များကို ရွေးချယ် တင်မြှောက်ကြသည်။

ထို့နောက် ပုံနှိပ်တိုက် အသင်း အမှုဆောင် သစ်များကို ရွေးချယ် တင်မြှောက်ကြရာ ဥက္ကဋ္ဌ ဦးထွန်းညို၊ ဒုတိယ ဥက္ကဋ္ဌ ဦးဘခင်၊ ဦးအုန်းခင်၊ အတွင်းရေးမှူး ဦးသန်းထွန်း၊ တွဲဖက် အတွင်းရေးမှူး ဦးဘကိုး၊ ဦးလှမောင်၊ ငွေထိန်း ဦးဘစိန် နှင့် အမှုဆောင်များ အဖြစ် ဆရာကျော်၊ ဗိုလ်သိမ်းဆွေ၊ ဦးစောဦး၊ ဦးမောင်မောင်၊ မစ္စတာ ပီလေး၊ မစ္စတာ ချေတပ်၊ ဦးသန်းဖေ နှင့် ဦးသန်းမောင် တို့ ပါဝင်ကြသည်။

ထိုနှစ်ကုန်ပိုင်းတွင် မြန်မာပြည် သတင်းထောက် အသင်းကလည်း နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြီး အမှုဆောင် အဖွဲ့သစ် တင်မြှောက်ကြသည်။

အမှုဆောင် အဖွဲ့သစ်တွင် ဥက္ကဋ္ဌ ဦးကိုကိုလေး၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးဖေ၊ ဦးစိန်၊ အတွင်းရေးမှူး ဦးဘသိန်း၊ တွဲဖက် အတွင်းရေးမှူး ဦးချန်ထွန်း၊ ငွေထိန်း ဦးစံလှထွန်း၊ စာရင်းစစ် ဦးဘသန်း၊ အမှုဆောင်များ အဖြစ် ဦးတင်အေး၊ ဦးဘနှင်း၊ ဦးမြ၊ ဦးစံထွန်းအောင်၊ ဦးတင့်ဆွေ၊ ဦးရှိန်မြင့်၊ ဦးချစ်ဖူး တို့ ပါဝင်ကြသည်။ ဦးဘသန်း၊ ဦးပုကလေး နှင့် ဦးတင့်ဆွေ တို့ကိုမူ အသင်း၏ နာယကများ အဖြစ် တင်မြှောက်ကြသည်။

မြန်မာပြည် လွတ်လပ်ရေး မရမီကလေးတွင် ပြည်သူ့ အာဏာ သတင်းစာ အယ်ဒီတာ သခင်ဗဟိန်း ကွယ်လွန်သည်။

နိုဝင်ဘာလ ၂၇ ရက် နံနက် ၈ နာရီတွင် နေသူရိန်၌ သခင်ဗဟိန်း ချီးကျူးပွဲ လုပ်သည့်အခါ မြန်မာပြည် ပုံနှိပ်တိုက် အသင်းမှ အသင်းဝင်များ တက်ရောက်ကြသည်။

၁၇ ၊ ၁၂ ၊ ၄၇ နံနက်တွင် အရေးပေါ် ညနေ သတင်းစာ အယ်ဒီတာ ဦးစံရွှေ ပုဒ်မ (၅) နှင့် အဖမ်း ခံရလေသည်။

မြန်မာပြည် လွတ်လပ်ရေး မရမီ ပေါ်ပေါက် ဖြစ်ပွားသည့် ဤ လှုပ်ရှားမှုများကို ကြည့်လျှင် လွတ်လပ်စွာ ရေးသားခွင့်ကို ဖိနှိပ် ချုပ်ချယ်ထားသည့် ဥပဒေများ မြန်မာပြည် လွတ်လပ်ရေး ရရှိသည့် အခါ အနာဂတ် အုပ်ချုပ်ရေး သစ်တွင် ပါမလာ စေဖို့ သတင်းစာဆရာများ၊ သတင်းထောက်များ၊ စာရေးဆရာများ၊ ပုံနှိပ်တိုက်ရှင်များ၊ ပုံနှိပ်တိုက် အလုပ်သမားများ စည်းလုံး ညီညွတ်စွာ အရေးဆိုကြသည်မှာ ထင်ရှားပေသည်။

တိုင်းပြည် လွတ်လပ်ရေး နှင့် အတူ လွတ်လပ်စွာ ရေးသားခွင့် ရှိရမည်ပင်။

ဤသို့လျှင် မြန်မာ့ အမျိုးသား သတင်းစာများသည် မိမိတို့ လွတ်လပ်ခွင့်ကို မိမိတို့ ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင်ရင်း မြန်မာပြည် လွတ်လပ်ရေး အတွက် ပြည်သူကို စည်းရုံး လှုံ့ဆော်၊ ပြည်သူနှင့် အတူ တိုက်ပွဲဝင်ရင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့လေသည်။ ။

(သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) ရေးသားခဲ့သည့် ဤဆောင်းပါးကို နေရီရီ စာအုပ်တိုက်က ၂၀၁၅ ခုနှစ် ဇွန်လတွင် ထုတ်ဝေသော “တိုက်ပွဲဝင် သတင်းစာများ” ပထမ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

Your Thoughts …
Tags: ကိုလိုနီစာရေးဆရာဒီးဒုတ် ဦးဘချိုပုံနှိပ်တိုက်ဗြိတိသျှလွတ်လပ်စွာ ရေးသားခွင့်လွတ်လပ်ရေးသတင်းစာဆရာဥပဒေ
မောင်သစ်လွင် (လူထု)

မောင်သစ်လွင် (လူထု)

Similar Picks:

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

လာရှိုးသို့ ယခုမှ ရောက်ခြင်း

လာရှိုးသို့ ယခုမှ ရောက်ခြင်း

by မြသန်းတင့်
27 July 2024
5.2k

လားရှိုးတွင် ထင်ရှားသော အခြား ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တကျောင်းမှာ ငါးပါးသီလကျောင်း ဖြစ်လေသည်။ တရုတ် ထုံးစံအတိုင်း အုတ်တံတိုင်း မြင့်မြင့်ကြီးတွေ၊ အမိုးကော့ကြီးတွေဖြင့် ဆောက်ထားသည့် ဘုရားကျောင်း ဖြစ်ပါ၏။

ပုသိမ်မြို့

ပုသိမ်မြို့

by ဧရာဝတီ
16 February 2025
5k

ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ဖြစ်တဲ့ အလျောက် ပုသိမ်မြို့ဟာ ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

by ဉာဏ်သစ်
22 December 2024
4.6k

သတင်း စုဆောင်းရေး နည်းနာများကို လေ့ကျင့်ထားသည့် လက်ရွေးစဉ် ကြံ့ခိုင်ရေး အသင်းသားများက တရားဝင် ထောက်လှမ်းရေး အဖွဲ့များနှင့် လက်တွဲကာ လှုပ်ရှားနေသည်။

ဗန်းမော်မြို့

ဗန်းမော်မြို့

by ဧရာဝတီ
31 August 2024
4k

ဗန်းမော်မြို့သည် တရုတ် နယ်စပ်နှင့် ၅၁ မိုင်မျှသာ ဝေးသဖြင့် ရှေးအခါက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အတွက် အရေးပါလှသော မြို့တမြို့ ဖြစ်ခဲ့သည်။

Next Post
စစ်ခေါင်းဆောင်ဖိတ်တဲ့ဆွေးနွေးပွဲ ဘယ်သူကလက်ခံမှာလဲ (ရုပ်/သံ)

စစ်ခေါင်းဆောင်ဖိတ်တဲ့ဆွေးနွေးပွဲ ဘယ်သူကလက်ခံမှာလဲ (ရုပ်/သံ)

ပြည်သူတွေ စစ်မှန်တဲ့ လွတ်လပ်ရေးရဲ့အရသာ မခံစားရသေးဘူး (ရုပ်/သံ)

ပြည်သူတွေ စစ်မှန်တဲ့ လွတ်လပ်ရေးရဲ့အရသာ မခံစားရသေးဘူး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved