ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ လက်နက်စွန့်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဖို့ စစ်ကောင်စီက ဝါဒဖြန့်သတင်းစာက တဆင့် ဖိတ်ခေါ်တာတွေ့ရပါတယ်။
စစ်ကောင်စီရဲ့ ဇူလိုင်လ ၅ ရက်နေ့ထုတ် သတင်းစာမှာ “ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ထွန်းလာရေး အတွက် ပူးပေါင်းမယ်ဆိုရင် နီးစပ်ရာ တပ်စခန်းတွေကို ဆက်သွယ်နိုင်တယ်လို့ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဒီလိုထုတ်ပြန်မှုဟာ PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အတိုက်အခံ နိုင်ငံရေး
အင်အားစုတွေ ကတော့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ဟာ အင်အားကောင်းလာတဲ့ တော်လှန်ရေးကို သွေးခွဲချေမှုန်းဖို့ ကြိုးစားတာလို့ ဆိုပါတယ်။
စစ်အစိုးရတွေလက်ထက်ဖြစ်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)နဲ့ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကိုအခုလို ဖိတ်ခေါ်မှုတွေ ရှိခဲ့ဖူးပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













