ကမ္ဘောဒီးယားနှင့်ထိုင်း နှစ်နိုင်ငံလုံးသည် ကမ္ဘာ့ချစ်ကြည် အရင်းနှီးဆုံးနိုင်ငံများအဖြစ် သတ်မှတ်ခံရပြီး လွန်ခဲ့သော ငါးနှစ်က အဆိုပါအရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံတို့သည် တနိုင်ငံနှင့် တနိုင်ငံ ဆက်ဆံရေးကို မည်သည့်အခါတွင်မှ ချိုးဖျက်၍ ရမည်မဟုတ်ဟုပင် ထင်ခဲ့ကြသည်။
“ကျနော်တို့ဟာ ရှည်လျားတဲ့နယ်စပ်ကို ခွဲဝေပိုင်ဆိုင်ထားလို့ ကျနော်တို့ အတူတကွ နေထိုင် တိုးတက်ရမယ်ဆိုတာ ကျနော်တို့ သိကြတယ်။ ပေါ်ပေါက်လာမယ့် ဘယ်ပြဿနာကိုမဆို ဖြေရှင်းဖို့ နိုင်ငံရေးဆန္ဒ အမြဲတမ်းရှိတယ်” ဟု ထိုစဉ်က ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ပန်ရာရက် ပူးလ်သပ်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောခဲ့သည်။
သို့သော် မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။
လွန်ခဲ့သောလက နယ်စပ်တလျှောက် ပဋိပက္ခတွင် ကမ္ဘောဒီးယား စစ်သားတဦး သေဆုံးပြီးနောက် ကမ္ဘောဒီးယားက “စစ်” ဆိုသောစကားကို အသုံးပြုခြင်း အပါအဝင် ထိပ်တိုက်တွေ့မှု ရက်သတ္တပတ်များ နောက်ပိုင်းတွင် ထိုင်းဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်က လက်ရှိအချိန်အထိ အပြင်းထန်ဆုံး ဝေဖန်မှု ပြုလုပ်ပြီး ဖြေရှင်းနိုင်မည့် အလားအလာ ဆက်လက် အလှမ်းဝေးနေသည်။
လွန်ခဲ့သောလက နယ်စပ်တလျှောက် ပဋိပက္ခတွင် ကမ္ဘောဒီးယား စစ်သားတဦး သေဆုံးပြီးနောက် ကမ္ဘောဒီးယားက “စစ်” ဆိုသောစကားကို အသုံးပြုခြင်း အပါအဝင် ထိပ်တိုက်တွေ့မှု ရက်သတ္တပတ်များ နောက်ပိုင်းတွင် ထိုင်းဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်က လက်ရှိအချိန်အထိ အပြင်းထန်ဆုံး ဝေဖန်မှု ပြုလုပ်ပြီး ဖြေရှင်းနိုင်မည့် အလားအလာ ဆက်လက် အလှမ်းဝေးနေသည်။
“ထိုင်းနိုင်ငံက ညီညွတ်တယ်။ ကျမတို့ကို မချေမငံ ဆက်ဆံတာ၊ စွပ်စွဲတာ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေကို သည်းခံမှာ မဟုတ်ဘူး။ ကျမတို့နိုင်ငံမှာ ဂုဏ်သိက္ခာလည်း ရှိတယ်။ ကျမတို့နိုင်ငံက အင်အားလည်း တောင့်တင်းတယ်” ဟု ကမ္ဘောဒီးယားက နယ်စပ်ဖြတ်ကျော်မှု ပိတ်ပင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ ထိုအငြင်းပွားမှုကိုတင်ပြီး လက်စားချေခြင်းကို တုံ့ပြန်ရာတွင် မစ္စ ပေတောင်တန်က ပြောသည်။
ICJ ၏ စီရင်ပိုင်ခွင့်ကို ထိုင်းနိုင်ငံက အသိအမှတ် မပြုပေ။
ထိုပဋိပက္ခအကြောင်း သိထားသင့်သည်များနှင့် အလားအလာရှိသော အကျိုးဆက်များကို အောက်တွင် ဖော်ပြလိုက်ပါသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း မည်သို့ဖြစ်ခဲ့သနည်း
ပဋိပက္ခ ပြန်လည်မြင့်မားလာခြင်းကို မီမွှေးပေးသည်မှာ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့၏ ဘုံနယ်စပ် မြတြိဂံ (Emerald Triangle) ဟုခေါ်သည့်ဒေသတွင် နှစ်နိုင်ငံတပ်ဖွဲ့များအကြား မေလ ၂၈ ရက်နေ့ နံနက်စောစောက အပြန်အလှန်ပစ်ခတ်မှုတွင် ကမ္ဘောဒီးယားစစ်သားတဦး သေဆုံးခြင်း ဖြစ်သည်။ ထိုဒေသ၏ အစိတ်အပိုင်းများကို ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးက ၎င်းတို့ပိုင်သည်ဟု ပြောသောကြောင့် အငြင်းပွားမှု ဖြစ်နေသည်။
တဖက်နှင့်တဖက် ကျူးကျော်သူအဖြစ် နှစ်ဖက်လုံးက စောဒကတက်သည်။ ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယား စစ်စခန်းဖြစ်သည့် တူးမြောင်းကို ပစ်ခတ်ခဲ့ပြီး ထိုစစ်သားသေဆုံးသည်ဟု ကမ္ဘောဒီးယား အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနကပြောပြီး ထိုင်းစစ်တပ်ကလည်း ထိုအငြင်းပွားဒေသမှ နားလည်မှု လွဲမှားမှုတခုအတွင်း ကမ္ဘောဒီးယားတပ်များက “လက်နက် စတင်အသုံးပြုသောကြောင့်” တုံ့ပြန်သည်ဟု ပြောသည်။
၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူးကို သူ့သားအား ပေးခဲ့သော်လည်း အထက်လွှတ်တော် ဥက္ကဋ္ဌနှင့် ခေါင်းဆောင်ကြီး ဖြစ်နေသေးသည့် မစ္စတာ ဟွန်ဆန်က ထိုထိတွေ့မှုကို တုံ့ပြန်ပြီး “ထပ်မံ ကျူးကျော်လာပါက တန်ပြန်တိုက်ခိုက်မှုအတွက် ပြင်ဆင်ရန် နယ်စပ်သို့ တပ်များနှင့် လက်နက်ကြီးများ စေလွှတ်သည့် ဆုံးဖြတ်ချက်” ကို ထောက်ခံကြောင်း ပြောသည်။
“ကျနော်တို့က စစ်ကို မုန်းပေမယ့် ပြည်ပကျူးကျော်မှုကို ရင်ဆိုင်ရတဲ့အခါ ကျနော်တို့ စစ်တိုက်ရမှာပဲ” ဟု မစ္စတာ ဟွန်ဆန်က ပြောသည်။
ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များအဖြစ် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် အငြင်းပွားများကို အာဆီယံ ပဋိညာဉ်အတိုင်း ဖြေရှင်းမည်ဟု မျှော်လင့်ထားကြသည်။
နှစ်နိုင်ငံလုံးသည် ၎င်းတို့၏ နယ်စပ်အသီးသီးတွင် တပ်များကို ကနဦးတွင် စုဝေးထားသော်လည်း ဇွန်လ ၈ ရက်နေ့သို့ ရောက်သောအခါ နှစ်ဖက်တပ်များကို လွန်ခဲ့သောနှစ်က သဘောတူထားသည့် နေရာသို့ ပြန်လည်ပို့ဆောင်ပြီး တင်းမာမှု လျှော့ချပုံရသည်။
နှစ်နိုင်ငံတို့သည် “ထိပ်တိုက်တွေ့သည့် အခြေအနေကို လျှော့ချရန် ပဋိပက္ခနေရာများမှ တပ်များကို ပူးတွဲချိန်ညှိရေး သဘောတူထားသည်” ဟု မစ္စ ပေတောင်တန်က ကြေညာချက်တစောင်တွင် ပြောသည်။
ထိုအငြင်းပွားမှုသည် နယ်စပ်နှစ်ဖက်လုံးတွင် ဖြစ်ပေါ်နေသည့် အမျိုးသားရေးစိတ်ဓာတ်များ မငြိမ်းအေးသွားစေဘဲ ဒဏ်ခတ်သော လက်စားချေ မူဝါဒများဖြင့် ပိုမိုပြင်းထန်လာသည်။
သို့သော် ထိုအငြင်းပွားမှုသည် နယ်စပ်နှစ်ဖက်လုံးတွင် ဖြစ်ပေါ်နေသည့် အမျိုးသားရေးစိတ်ဓာတ်များ မငြိမ်းအေးသွားစေဘဲ ဒဏ်ခတ်သော လက်စားချေ မူဝါဒများဖြင့် ပိုမိုပြင်းထန်လာသည်။
ထိုင်းစစ်တပ်သည် နယ်စပ်စခန်းများကို ထိန်းချုပ်ထားပြီး ထိုင်းက ကမ္ဘောဒီးယားသို့ လျှပ်စစ်နှင့် အင်တာနက် ဖြတ်တောက်မည်ဟု ခြိမ်းခြောက်သည်။ ကမ္ဘောဒီးယားက ထိုင်းရုပ်မြင်သံကြားနှင့် ရုပ်ရှင်များကဲ့သို့ မီဒီယာများကို ပိတ်ပင်ခြင်းဖြင့် တုံ့ပြန်ပြီး ထိုင်းနှင့် နယ်စပ်ဖြတ်ကျော် အင်တာနက် အချိတ်အဆက်များကို ဖြတ်တောက်ခြင်းဖြင့် တုံ့ပြန်သည်။
ဇွန်လ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံမှ ထုတ်ကုန်များ တင်ပို့ခြင်းကို ပိတ်ပင်သည်။ တချိန်တည်းတွင် ထိုင်းကလည်း ထိုင်းများ ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မှ ကာစီနိုနှင့် အခြားဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ်လုပ်ရန် နယ်စပ်ဖြတ်ကျော်မှု ပိတ်ပင်သည်။
တင်းမာမှုကို ပိုမိုပြင်းထန်စေသည်မှာ ကမ္ဘောဒီးယားသည် ထိုနယ်စပ် အငြင်းပွားမှုများကို ကူညီအဖြေရှာရန် ICJ သို့ တရားဝင်စာတစောင် ပေးပို့ထားသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က Facebook တွင် ဇွန်လ ၁၆ ရက်နေ့က ကြေညာလိုက်ခြင်းဖြစ်သည်။ “ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံတကာဥပဒေနဲ့ ငြိမ်းချမ်းရေးကို ရွေးချယ်တယ်” ဟု ယခင်တရက်တွင် ဟွန်မန်နက်က ပြောသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ICJ ဝင်ရောက်စွက်ဖက်မှုကို ပယ်ချပြီး နှစ်နိုင်ငံဆွေးနွေးခြင်းကို ပိုမိုလိုလားကြောင်းပြောကာ “တတိယကြားခံ အဖွဲ့အစည်းများသည် နိုင်ငံတော်များအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ထိန်းသိမ်းရန် ကောင်းမွန်သော အခြေအနေကို အမြဲတမ်း မဖန်တီးနိုင်ကြောင်း၊ အထူးသဖြင့် ရှုပ်ထွေးသော သမိုင်းဆိုင်ရာ၊ နယ်နိမိတ်ဆိုင်ရာ သို့မဟုတ် နိုင်ငံရေးရှုထောင့်များ ပါဝင်ပတ်သက်သည့် အထိမခံသောကိစ္စများတွင် ကောင်းမွန်သော အခြေအနေ မဖန်တီးနိုင်ကြောင်း” စောဒကတက်သည်။

သမိုင်းနောက်ခံ မည်သို့ရှိသနည်း
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ကုန်းမြေနယ်နိမိတ် ၈၁၇ ကီလိုမီတာ ခွဲဝေပိုင်ဆိုင်သော်လည်း ထိုနယ်စပ်ကို အများအားဖြင့် ပြင်သစ်ကိုလိုနီ သိမ်းပိုက်ရေးသမားများက ကမ္ဘောဒီးယားကို ၁၈၆၃ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ သိမ်းပိုက်ထားစဉ် ရေးဆွဲခဲ့ခြင်းဖြစ်သည်။
၁၉၀၇ ခုနှစ်က မြေပုံသည် ထိုင်းနှင့် ကမ္ဘောဒီးယာအကြား သဘာဝ ရေဝေရေလဲဒေသ မျဉ်းများအတိုင်း လိုက်နာရန် သဘောတူခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုင်းနိုင်ငံက ထိုမြေပုံသည် ၁၁ ရာစုက ဖရာ့ ဝိဟာရ ဘုရားကျောင်းကို ကမ္ဘောဒီးယားပိုင်နက်အတွင်း ကျရောက်နေစေသည်ဟု အငြင်းပွားသည်။
ထိုအငြင်းပွားမှုနှင့် မြေပုံရေးဆွဲသည့် နည်းလမ်းများတွင် သမိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုများသည် နှစ်နိုင်ငံလုံးက ၎င်းတို့ပိုင်နက်ဖြစ်သည်ဟု ပြောသော နယ်စပ်ဒေသများ ဖြစ်ပေါ်လာစေသည်။
နယ်နိမိတ်သတ်မှတ်ခြင်းကို ရှင်းလင်းတင်ပြရန် ကြိုးစားသည့် အားထုတ်မှုများ ရှိသည်။ ကမ္ဘောဒီးယားသည် ထိုဘုရားကျောင်း အငြင်းပွားမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံကို ၁၉၅၉ ခုနှစ်တွင် ICJ သို့ တင်ပြီး ၁၉၆၂ ခုနှစ်တွင် တရားရုံးက ကမ္ဘောဒီးယား အနိုင်ရသည်ဟု ဆုံးဖြတ်ကာ ထိုဘုရားကျောင်းသည် ကမ္ဘောဒီးယား ပိုင်နက်အတွင်း ကျရောက်ကြောင်း ပြောသည်။
ထိုင်းနိုင်ငံသည် ထိုစဉ်က ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုသော်လည်း ပတ်ဝန်းကျင် နယ်စပ်ဒေသသည် ဆက်လက် အငြင်းပွားနေသည်။
ကမ္ဘောဒီးယားက ၂၀၀၈ ခုနှစ်တွင် ဖရာ့ ဝိဟာရ ဘုရားကျောင်းကို ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ကမ္ဘောဒီးယားက ကြိုးစားသောအခါ တင်းမာမှု ပြန်လည်မြင့်မားလာသည်။ ဇူလိုင်လတွင် ထိုဘုရားကျောင်း အသိအမှတ်ပြုခံရပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်းတပ်များ ပဋိပက္ခ နယ်စပ်အနီးဒေသတွင် ဖြစ်ပွားသည်။
ကမ္ဘောဒီးယားက ၂၀၀၈ ခုနှစ်တွင် ဖရာ့ ဝိဟာရ ဘုရားကျောင်းကို ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ကမ္ဘောဒီးယားက ကြိုးစားသောအခါ တင်းမာမှု ပြန်လည်မြင့်မားလာသည်။ ဇူလိုင်လတွင် ထိုဘုရားကျောင်း အသိအမှတ်ပြုခံရပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်းတပ်များ ပဋိပက္ခ နယ်စပ်အနီးဒေသတွင် ဖြစ်ပွားသည်။
ထိုပဋိပက္ခသည် နှစ်ပေါင်းများစွာကြာပြီး ပဋိပက္ခ အမြင့်ဆုံးအခြေအနေတွင် လူ ၃၆,၀၀၀ နေရပ်စွန့်ခွာရကာ ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် အထွတ်အထိပ်ရောက်သည်။ ထိုအချိန် ကမ္ဘောဒီးယားက ICJ အနေဖြင့် ၁၉၆၂ ခုနှစ်က ဆုံးဖြတ်ချက်ကို ဖွင့်ဆိုပေးရန် တောင်းဆိုသည်။ ထိုတရားရုံးက နောက် နှစ်နှစ်ကြာသောအခါ ယခင်ဆုံးဖြတ်ချက်ကိုပင် အတည်ပြုသည်။
ထိုင်းနိုင်ငံသည် နယ်စပ်အငြင်းပွားမှုကို ကူညီဖြေရှင်းရန်အတွက် ၂၀၀၀ ပြည့်နှစ်က ထူထောင်ထားသည့် ပူးတွဲနယ်စပ်ကော်မရှင် (JBC) နှင့် နှစ်ဖက်ဖြေရှင်းရေးနည်းလမ်းကို တွန်းအားပေးသည်။ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံနှင့် ထိုပူးတွဲနယ်စပ်ကော်မရှင်မှတဆင့်ဆက်ဆံသော်လည်း ထိုအစည်းအဝေးများအနက် နောက်ဆုံးအစည်းအဝေးကို ဖနွမ်ပင်၌ ဇွန်လ ၁၄ ရက်နေ့တွင် စီစဉ်ခဲ့သော်လည်း ထိုအစည်းအဝေးကို စက်တင်ဘာလတွင် ဆက်လက်ဆွေးနွေးရန်သာ ဆုံးဖြတ်သည်။

မည်သို့ ဆက်ဖြစ်မည်နည်း
နယ်စပ်အငြင်းပွားမှုကို အလျင်အမြန်ဖြေရှင်းရန် ဖြစ်နိုင်ပုံမရပေ။
ရှုပ်ထွေးစေသော ကိစ္စများမှာ နှစ်နိုင်ငံ လက်ရှိခေါင်းဆောင်များ၏ ဆက်ဆံရေးနှင့် ၎င်းတို့ဖခင်များ၏ ဆက်ဆံရေးဖြစ်သည်။ မစ္စ ပေတောင်တန်၏ဖခင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်၏ဖခင် မစ္စတာ ဟွန်ဆန်တို့သည် လူသိရှင်ကြား ခင်မင်မှုများရှိခဲ့သည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရပြီးနောက် ဟွန်ဆန်က သက်ဆင်ကို ကမ္ဘောဒီးယားတွင် ခိုလှုံခွင့်ပေးကာ ဂုဏ်ထူးဆောင် စီးပွားရေးအကြံပေးအဖြစ် ခန့်ထားသည်။
၎င်းတို့ နှစ်ဦးအကြား ဆက်ဆံရေးသည် နယ်စပ်အငြင်းပွားမှုကို မည်သို့ဖြေရှင်းမည်နှင့် ပတ်သက်ပြီး စိုးရိမ်စရာရှိကာ အထူးသဖြင့် ထိုင်းဘက်တွင် ပို၍ စိုးရိမ်ပူပန်မှု ဖြစ်စေသည်။
ထိုဆက်ဆံရေးကြောင့် ကမ္ဘောဒီးယားကို အလွန်ပျော့ပျောင်းစွာ ဆက်ဆံမည်လားဟု မစ္စ ပေတောင်တန်ကို မေးသောအခါ ပေတောင်တန်က “ကျမတို့ မိသားစုတွေက မိတ်ဆွေတွေဖြစ်ပေမဲ့ ကျမတို့က နိုင်ငံရဲ့ အကျိုးစီးပွားဆုံးရှုံးမှုကို လက်ခံမှာ မဟုတ်ဘူး။ မိတ်ဆွေတယောက်က သင်တို့အိမ်ကိုတောင်းရင် ဘယ်မိတ်ဆွေမှ ပေးမှာမဟုတ်ဘူး” ဟု ပြောသည်။
တော်ဝင်ထိုင်းတပ်မတော်က နယ်စပ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါက “အဆင့်မြင့် စစ်ဆင်ရေး” အတွက် အဆင်သင့်ရှိသည်ဟု ပြောပြီးနောက် မစ္စ ပေတောင်တန်၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ပေတောင်တန်က ထိုအငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းရန် ထပ်မံ တောင်းဆိုသော်လည်း ယခင် သူ့ရှေ့က စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခံရသော သူ၏ဖခင်နှင့် သူ၏အဒေါ် ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ရှင်နာဝပ်တို့အဖြစ်ကို ပြန်မြင်ယောင် စေသည်။ ထိုအချိန်ကလည်း အမျိုးသားရေးအုပ်စုများ၏ အုံကြွ အားထုတ်မှုများအပြီး စစ်တပ်က အာဏာသိမ်းခဲ့သည်။
ဝန်ကြီးချုပ် ပေတောင်တန်က ထိုအငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းရန် ထပ်မံ တောင်းဆိုသော်လည်း ယခင် သူ့ရှေ့က စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခံရသော သူ၏ဖခင်နှင့် သူ၏အဒေါ် ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ရှင်နာဝပ်တို့အဖြစ်ကို ပြန်မြင်ယောင် စေသည်။ ထိုအချိန်ကလည်း အမျိုးသားရေးအုပ်စုများ၏ အုံကြွ အားထုတ်မှုများအပြီး စစ်တပ်က အာဏာသိမ်းခဲ့သည်။
အာရှရေးရာအတွက် The Diplomat ၏ သရုပ်ခွဲလေ့လာမှုတခုတွင် ထိုင်းစစ်တပ်သည် နောက်တကြိမ် အာဏာသိမ်းမှု ပြုလုပ်ရန် “နယ်စပ်တင်းမာမှုများကို လွှတ်ပေးထားပြီး အမျိုးသားရေးစိတ်ဓာတ်ကို မီးထိုးပေးနိုင်သည်” ဟု ဖနွမ်ပင်တက္ကသိုလ်၊ အရှေ့တောင်အာရှ သုတေသနလေ့လာရေးဌာနမှ သုတေသီ ရက်သ် ပီချန်ဗော်လက်က သတိပေးသည်။
(TIME ပါ Chad de Guzman ၏ Thailand and Cambodia’s Friendship Falters as Border Clash Escalates: What to Know ကို ဘာသာပြန်သည်။)
You may also like these stories:
ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ ရွေးကောက်ပွဲတွေ ဘာကွာလဲ
ဘန်ကောက်တွင် နိုင်ငံရေးသမားကို လုပ်ကြံသူအား ကမ္ဘောဒီးယားရဲ ဖမ်းဆီး
ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု သိကောင်းစရာ ၅ ချက်
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော
ခမာနီ ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းပယ်သူများကို ကမ္ဘောဒီးယား အပြစ်ပေးမည်














