• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘန်ကောက်တွင် နိုင်ငံရေးသမားကို လုပ်ကြံသူအား ကမ္ဘောဒီးယားရဲ ဖမ်းဆီး

by ဧရာဝတီ
11 January 2025
in သတင်း
A A
ဘန်ကောက်တွင် နိုင်ငံရေးသမားကို လုပ်ကြံသူအား ကမ္ဘောဒီးယားရဲ ဖမ်းဆီး

ဘန်ကောက်တွင် လုပ်ကြံသတ်ဖြတ်ခံရသူ ပြင်သစ်နိုင်ငံသားဖြစ်သည့် ကမ္ဘောဒီးယား အတိုက်အခံနိုင်ငံရေးသမား လင်မ် ကင်မ်ယာ/AFP

890
VIEWS
Share on FacebookShare on Twitter

ဘန်ကောက်မြို့လယ်တွင် ကမ္ဘောဒီးယားအတိုက်အခံနိုင်ငံရေးသမားတဦးကိုအတင့်ရဲစွာ ပစ်ခတ်သတ်ဖြတ်သည့် ထိုင်း မရိန်းစစ်သားဟောင်းကို ကမ္ဘောဒီးယားရဲက ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးလိုက်သည်။

ပြင်သစ်နိုင်ငံသားဖြစ်သည့် ကမ္ဘောဒီးယား အတိုက်အခံနိုင်ငံရေးသမား လင်မ် ကင်မ်ယာကို သြဇာကြီးသည့် ခေါင်းဆောင်ဟောင်း ဟွန်ဆန်က သတ်ဖြတ်ရန် စေခိုင်းသည်ဟု အဝေးရောက် အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီစွပ်စွဲသည်။

လင်မ် ကင်မ်ယာသည် ကမ္ဘောဒီးယားနိုင်ငံဆီယမ်ရိမှ ဘန်ကောက်သို့ ဘတ်စ်ကားဖြင့် သူ၏ ပြင်သစ်ဇနီးနှင့်အတူ အင်္ဂါနေ့က ရောက်လာစဉ် ဆိုင်ကယ်စီးသေနတ်သမားက ပစ်သတ်ခံရသည်။

ထိုသံသယရှိသော ပစ်ခတ်သူကို ထိုင်းရဲက ဗုဒ္ဓဟူးနေ့တွင် ဖမ်းဝရမ်းထုတ်ပြီး ထိုသူကို ထိုင်းနယ်စပ် ဘက်တန်ဘန် ပြည်နယ်တွင် နေ့လယ် ၁ နာရီ ၅၀ မိနစ်တွင် ဖမ်းဆီးလိုက်သည်ဟု ကမ္ဘောဒီးယားနိုင်ငံက ကြေညာသည်။

“အဲဒီ ပစ်ခတ်သူဟာ ထိုင်းနိုင်ငံသား ထိုင်းမရိန်းတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်” ဟု ကမ္ဘောဒီးယား ရဲ ပြောခွင့်ရသူ ချဟေး ကင်မ် ခိုရန် က AFP သတင်းဌာနသို့ပြောသည်။

ထိုသံသယရှိသူသည် အက်ကာလက် ဖီနွိုင်ဖြစ်သည်ဟု ကမ္ဘောဒီးယာရဲပြောသော်လည်း ထိုင်းမီဒီယာ အချို့က အက်ကာလက် ပေနွိုင်ဟု ဖေါ်ပြသည်။ သူ့ကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဟု ကမ္ဘောဒီးယားရဲက ပြောသော်လည်း မည်သည့်အချိန်တွင် လွှဲပြောင်းပေးမည်ကို မပြောပေ။

ပစ်ခတ်မှုဖြစ်ပွားသည့် ဘန်ကောက်ရဲအကြီးအကဲ ဆနွန် ဆန်မန်နီက ထို သံသယရှိသူသည် ဆိုင်ကယ်တက္ကစီမောင်းသူအဖြစ်လုပ်ကိုင်သည်မှအပ အခြားသတင်းမရကြောင်း အစောပိုင်းက AFP သတင်းဌာနသို့ပြောသည်။

ကမ္ဘောဒီးယား အတိုက်အခံတက်ကြွလှုပ်ရှားသူအများအပြားသည် ပြည်တွင်း ဖိနှိပ်မှုများကို ရှောင်ရှားရန် မကြာသေးမီနှစ်များအတွင်း ထိုင်းနိုင်ငံသို့ထွက်ပြေးကြသည်။ အချို့သည် အဖမ်းဆီးခံရပြီး နိုင်ငံသို့ပြန်လည်ပို့ဆောင်ခံရသည်။

ဟွန်ဆန်သည် ကမ္ဘောဒီးယားကို တင်းကျပ်စွာအုပ်ချုပ်ခဲ့သည်မှာ ဆယ်စုနှစ် ၄ ခုနီးပါးရှိပြီး သူသည် သူ့အုပ်ချုပ်ရေးကို အတိုက်အခံလုပ်သူများကို ချေမှုန်းရန် ဥပဒေစနစ်ကို အသုံးပြုသည်ဟု လူ့အခွင့်အရေးအဖွဲ့များ စွပ်စွဲသည်။

သူသည် ၂၀၂၃ ခုနှစ်တွင် ရာထူးမှနုတ်ထွက်ပြီး သူ၏သား ဟွန်မန်နက်ကို အာဏာလွှဲပေးသော်လည်း ကမ္ဘောဒီးယားတွင် အဓိကအာဏာရှိသူဖြစ်နေသေးသည်။

ဟွန်မန်နက်အစိုးရကို ဖြုတ်ချရန် ကြိုးစားသူ မည်သူမဆိုကို အကြမ်းဖက်သမားအဖြစ်တံံဆိပ်ကပ်ရန် ဥပဒေသစ်တခုကို အင်္ဂါနေ့တွင် ဟွန်ဆန်တောင်းဆိုသည်။

ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်

ထိုသတ်ဖြတ်မှုနောက်ကွယ်တွင် ဟွန်ဆန်ရှိသည်ဟု ဟွန်ဆန်၏ ကာလကြာမြင့်သောပြိုင်ဘက် ဆမ်ရိမ်ဆီ စွပ်စွဲသည်။

“ကမ္ဘောဒီးယားက မရေတွက်နိုင်တဲ့ နိုင်ငံရေးရာဇဝတ်မှုတွေမှာ အပြစ်ပေးမခံရတဲ့အတိုင်း လင်မ်ကင်မ်ယာကို လုပ်ကြံသတ်ဖြတ်မှုနောက်ကွယ်မှာ ဟွန်ဆန်ရဲ့လက်ကို တွေ့နေရတယ်” ဟု ဆမ်ရိန်ဆီက Facebook ကြေညာချက်တစောင်တွင်ပြောသည်။

“အကြောင်းရင်းကအတူတူပဲ။ သူတို့လုပ်နည်းလုပ်ဟန်အတိုင်းပဲ” ဟုလည်း သူစွပ်စွဲသည်။

ထိုသတ်ဖြတ်မှုသည် ထိုင်းနိုင်ငံတွင်ဖြစ်ပွားသောကြောင့် ထိုင်းအာဏာပိုင်များက အမှုကို ကိုင်တွယ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရပြောခွင့်ရသူ ပန်ဘွန်နာက AFP သတင်းဌာနသို့ ပြောသည်။

ထိုသတ်ဖြတ်မှုတွင် အစိုးရပါဝင်ပတ်သက်သည်ဆိုသည့်အချက်ကို သူငြင်းဆန်ပြီး အတိုက်အခံ ခေါင်းဆောင်များသည် အစိုးရကို အခြေအမြစ်မရှိ အထောက်အထားမရှိ အမြဲတမ်းစွပ်စွဲသည်ဟု သူပြောသည်။

လင်မ်ကင်မ်ရာသည် ဟွန်ဆန်၏အာဏာရပါတီက ပြိုင်ဘက် ကမ္ဘောဒီးယားအမျိုးသား ကယ်တင်ရေးပါတီ (CNRP) ကို ရှုံးနိမ့်လုနီးပါးဖြစ်စေသည့် ၂၀၁၃ ခုနှစ်က ရွေးကောက်ပွဲတွင် အတိုက်အခံပါလီမန်အမတ်ဖြစ်လာသည်။

ဆမ်ရိန်ဆီနှင့် ကမ်ဆိုခါတို့က ၂၀၁၂ ခုနှစ်တွင်တည်ထောင်ပြီး ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ၏ တခုတည်းသော ပြိုင်ဘက်ဖြစ်သည်ဟု တချိန်ကယူဆခဲ့သည့် CNRP ကို တရားရုံးအမိန့်ဖြင့် ၂၀၁၇ ခုနှစ်တွင် ဖျက်သိမ်းသည်။

ပါတီဖျက်သိမ်းခံရပြီနောက် လင်မ်ကင်မ်ယာအပါအဝင် အတိုက်အခံနိုင်ငံရေးသမားနှင့် ပါလီမန်အမတ် ဆယ်ပေါင်းများစွာ နိုင်ငံရေးလှုပ်ရှာမှု ပိတ်ပင်ခံရသည်။

ယခုအခါ ဖျက်သိမ်းခံထားရသည့် CNRP က လင်မ်ကင်မ်ယာရာကို လူမဆန်စွာသတ်ဖြတ်မှုအတွက် တုန်လှုပ်ကြောင်း ကြေညာချက်တစောင်တွင်ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

နိုင်ငံရေးလွတ်လပ်ခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်သည့် ရက်စက်ကြမ်းကြုတ်သော ထိုလုပ်ရပ်ကို CNRP ရှုတ်ချသည်။

ထိုသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ရန် ထိုင်းနိုင်ငံကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ အာရှဆိုင်ရာ ဒါရိုက်တာ အယ်လိန်း ပီရာဆန်ပြောသည်။

“လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ဘန်ကောက်ဟာ ဘေးကင်းလုံခြုံတဲ့နေရာ မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို တုန်လှုပ်စရာသတင်းစကား ပေးပို့လိုက်တာဖြစ်တယ်” ဟု AFP သတင်းဌာနသို့ သူပြောသည်။

ဘန်ကောက်နှင့် ဖနွမ်ပင်မှ ပြင်သစ် သံရုံးများက ထိုသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ဝေဖန်ပြောကြားရန် လက်ရှိအချိန်အထိ ငြင်းဆန်နေသည်။

ကိုးကား။ ။ AFP သတင်း Cambodian Police Arrest Suspect in Politician’s Bangkok Shooting

You may also like these stories:

သက်ဆင်နဲ့ ဟွန်ဆန်ရဲ့ မြန်မာ့အရေးကြားဝင်မှု အလုပ်ဖြစ်မှာမဟုတ် (ရုပ်/သံ)

လွတ်လပ်သော သတင်းဌာနကို ဟွန်ဆန် ပိတ်ပင်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာ့အရေး လက်လျှော့

“သွေးသောက်ညီအကို”အဖြစ် သဘောထားရန် စစ်ကောင်စီခေါင်းဆောင်က ဟွန်ဆန်ကို ပြော

သက်ဆင်ကို ဘန်ကောက်နေအိမ်တွင် ဟွန်ဆန် သွားရောက်တွေ့ဆုံ

Your Thoughts …
Tags: CNRPကမ္ဘောဒီးယားကမ္ဘောဒီးယားအမျိုးသား ကယ်တင်ရေးပါတီထိုင်းမရိန်းစစ်သားဟောင်းလင်မ် ကင်မ်ယာဟွန်ဆန်အတိုက်အခံနိုင်ငံရေးသမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

by ဧရာဝတီ
31 March 2024
16.4k

ဘယ်မြင်းကိုလောင်း ဘယ်သူနှင့် ပေါင်းရမည်ကို သက်ဆင်က ကောင်းကောင်း သိသည်ဟု ဆိုရမည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

Next Post
သီပေါမြို့ စစ်အာဏာရှင် တော်လှန်ရေး အရုဏ်ဦးသပိတ်က NUG အား ထောက်ခံ ဆန္ဒပြခဲ့သည် / CJ

နှစ်သုညနှစ်ငါး (၁)

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved