• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွတ်လပ်သော သတင်းဌာနကို ဟွန်ဆန် ပိတ်ပင်

by ဧရာဝတီ
13 February 2023
in သတင်း
A A
ဟွန်ဆန်နှင့် သူ၏သား ဟွန်မနက်

ဟွန်ဆန်နှင့် သူ၏သား ဟွန်မနက်

3.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတွင် နောက်ဆုံးကျန်သည့် လွတ်လပ်သော ပြည်တွင်းသတင်းဌာနများအနက် တခုသည် သူနှင့် သူ့သားကို တိုက်ခိုက်ပြီး နိုင်ငံကို ထိခိုက်စေသည်ဟုဆိုကာ ပိတ်ပင်ရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညတွင် အမိန့်ထုတ်လိုက်သည်။

Voice of Democracy ခေါ် VOD သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှစတင်ပြီး ထုတ်ဝေခွင့်၊ ရုပ်သံလွှင့်ခွင့် လိုင်စင်မရှိတော့ကြောင်း မစ္စတာ ဟွန်ဆန်ကသူ၏ Facebook စာမျက်နှာတွင် ရေးသားသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
35
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
60
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
50

ဖနွမ်ပင် ရဲဌာနအနေဖြင့် အမိန့်ကို လိုက်နာအောင် ထိန်းသိမ်းရန် ၎င်းကပြောသော်လည်း ပစ္စည်းများကို မသိမ်းရန်လည်း မှာကြားသည်။ ပြည်ပမှ အလှူရှင်များအနေဖြင့် ကိုယ့်ငွေကိုယ် ပြန်ယူပြီး ထိုသတင်းဌာနမှ ဝန်ထမ်းများ အလုပ်သစ်ရှာသင့်ကြောင်းလည်း ပြောသည်။

“သတင်းဝေဖန်သုံးသပ်သူတွေက ကျနော်နဲ့ ကျနော့်သား ဟွန်မနက်ကို တိုက်ခိုက်ဖို့ ကြိုးစားတယ်” ဟုလည်း မစ္စတာ ဟွန်ဆန်က ရေးသားသည်။ VOD သတင်းဌာနက ယခုအပတ် အစောပိုင်းတွင် ရေးသားသည့် သတင်းတပုဒ်သည် ကမ္ဘောဒီးယားအစိုးရ၏ ဂုဏ်သတင်းကို ထိခိုက်စေကြောင်း၊ VOD ၏ လိုင်စင်ကို ပယ်ဖျက်ရန် ပြန်ကြားရေးဝန်ကြီးဌာကို ညွှန်ကြားထားကြောင်း သူက ဆက်လက်ရေးသားသည်။

VOD သတင်းဌာနသည် တူရကီငလျင်အတွက် ကမ္ဘောဒီးယား၏ လှူဒါန်းမှုနှင့် ပတ်သက်သော သတင်းတပုဒ်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ကမ္ဘောဒီးယားတွင် နောက်ဆုံးကျန်သည့် လွတ်လပ်သော ပြည်တွင်းသတင်းဌာနများအနက် တခုဖြစ်သည့် Voice of Democracy (VOD)

ထိုသတင်းတွင် မစ္စတာ ဟွန်ဆန်ကို ဆက်ခံမည်ဟု ယူဆနေကြသည့် သူ၏သား ဟွန်မနက်က အကူအညီပေးရေး သဘောတူညီချက်ကို လက်မှတ်ထိုးကြောင်း အစိုးရပြောခွင့်ရသူ ဖေစီဖန်က ပြောသည်ဟု ကိုးကားဖော်ပြထားသည်။ ဟွန်မနက်သည် ပူးတွဲစစ်ဦးစီးချုပ်ဖြစ်ပြီး ကမ္ဘောဒီးယား လက်နက်ကိုင်တပ်များ၏ ဒုတပ်မှူးဖြစ်ကာ ထိုသဘောတူစာချုပ်ကို လက်မှတ်ထိုးခြင်းသည် ရာထူးတာဝန်ထက် ကျော်လွန်လုပ်ကိုင်ခြင်း ဖြစ်သည်။

ကမ္ဘာ့သက်တမ်းအရှည်ဆုံး အာဏာရှင်များအနက် တဦးဖြစ်သူ ဟွန်ဆန်သည် နိုင်ငံရေး အတိုက်အခံများကို ထောင်ချခြင်း၊ ပြည်ပသို့ထွက်ပြေးစေခြင်းများ လုပ်ဆောင်ပြီး ဝေဖန်သောသတင်းဌာနများကို ပိတ်ပင်ကာ အတိုက်အခံများကို ချေမှုန်းသည်။ ယခုကိစ္စတွင် VOD က လူသိရှင်ကြား တောင်းပန်ရမည်ဟု ပြောသည်။

VOD သတင်းဌာနကို စီမံသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း Cambodian Center for Independent Media (CCIM) က ဟွန်ဆန်အစိုးရထံ စာတစောင်ပေးပို့ပြီး ရှုပ်ထွေးမှုများ ဖြစ်စေသောကြောင့် ဝမ်းနည်းကြောင်းနှင့် အစိုးရပြောခွင့်ရသူ ဖေစီဖန်ကို ကိုးကားဖော်ပြခြင်းဖြစ်ကြောင်း ပြောသော်လည်း ထိုတုံ့ပြန်မှုသည် လက်ခံနိုင်ဖွယ်မရှိဟု မစ္စတာ ဟွန်ဆန်က ပြောသည်။

VOD သည် ကမ္ဘောဒီးယားတွင် ပိတ်ပင်ခံရသည့် ပထမဆုံး သတင်းဌာန မဟုတ်ပေ။ ၂၀၁၇ ခုနှစ်တွင် Cambodia Daily သတင်းစာကို အစိုးရသို့ပေးရန် အခွန်ကြွေးမြီ သန်းပေါင်းများစွာ ပေးဆပ်ရေးအတွက် အချိန်တလပေးပြီး ပိတ်ပင်ခဲ့သည်။ ထိုသတင်းစာက အခွန်ကြွေးမြီ ကိစ္စကို ငြင်းဆန်သည်။

ထိုသတင်းစာသည် ခက်ခဲသည့် သတင်းထူးများကို ဖော်ပြရာတွင် ကျော်ကြားပြီး ၂၀၁၈ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ပိတ်ပင်ခံရခြင်း ဖြစ်သည်။ လာမည့် အထွေထွေ ရွေးကောက်ပွဲကို ဇူလိုင်လတွင် ကျင်းပရန် စီစဉ်ထားသည်။

ကိုးကား ။ ။ Reuters သတင်း Cambodia’s Hun Sen orders shutdown of independent local news outlet

You may also like these stories :

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် တွေ့ဆုံ

ကမ္ဘောဒီးယား ရွေးကောက်ပွဲ အာဏာရပါတီ နေရာအားလုံး အနိုင်ရဟု ဆို

အတိုက်အခံပါတီဌာနချုပ်ကို သိမ်းပိုက်ရန် ကမ္ဘောဒီးယားတရားရုံး အမိန့်ချ

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သားမက်ဖြစ်သူကို ဒုရဲချုပ် ခန့်အပ်

Your Thoughts …
Tags: CCIMVODVoice of Democracyကမ္ဘောဒီးယားမီဒီယာရွေးကောက်ပွဲဟွန်ဆန်ဟွန်မန်နက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းနယ်စပ်နှင့် မဝေးသော Rostov-on-Don တွင် တပ်ဖွဲ့ဝင်များနှင့် နှစ်သစ်ကူး မိန့်ခွန်း ပြောကြားခဲ့ပါသည် / Tass

ယူကရိန်းစစ်ပွဲတွင် ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက် "မယုံနိုင်အောင် များပြား"

အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်း၍ သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်

သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved