• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကမ္ဘောဒီးယား ရွေးကောက်ပွဲ အာဏာရပါတီ နေရာအားလုံး အနိုင်ရဟု ဆို

by ဧရာဝတီ
30 July 2018
in သတင်း
A A
ကမ္ဘေဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် သူ့အား ထောက်ခံသူများ / AFP

ကမ္ဘေဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် သူ့အား ထောက်ခံသူများ / AFP

12.3k
VIEWS
Share on FacebookShare on Twitter

ကမ္ဘေဒီးယား အာဏာရှင် ဟွန်ဆန်ဦးဆောင်သည့် အာဏာရ ပါတီသည် အတိုက်အခံမရှိသည့် တပါတီ ရွေး ကောက်ပွဲများတွင် လွှတ်တော်နေရာ ၁၂၅ နေရာလုံးကို အနိုင်ရမည်ဟု သတင်းများတွင် ဖေါ်ပြ နေသည်။

“အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ဟာ တနိုင်ငံလုံးက လွှတ်တော်နေရာတွေ အားလုံးကို အနိုင်ရလိမ့်မယ်” ပါတီပြောခွင့်ရသူ ဆော့ အီဆန်က ပါတီ ဌာနချုပ်၌ AFP သတင်းဌာနသို့ ပြောသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
69
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
652
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
204

ထိုသို့ ခန့်မှန်ရခြင်းသည် ကနဦး ရလဒ်များကို အခြေခံခြင်းဖြစ်ပြီး၊ မဲရရှိမှု နောက်ဆုံးရလဒ်များကို သြဂုတ်လ ၁၅ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲသည် ၃၃ နှစ်ကြာပြီဖြစ်သည့် ဟွန်ဆန် အုပ်ချုပ်ရေးကို သက်ဆိုးရှည် စေမည်ဖြစ်သော်လည်း ပြည်သူများမှာ အပြောင်းအလဲ ကင်းမဲ့ခြင်းကို စိတ်ပျက်မှုများ ဖြစ်ပေါ်နေသော ကြောင့် နိုင်ငံရေးအရ တရားဝင်မှု ပြဿနာသည် နိုင်ငံရေးအာဏာရ သူများကို ခြောက်လှန့်နေမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်က အတိုက်အခံများကို ချေမှုန်းခဲ့ပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မည်သည့် အတိုက်အခံကိုမျှ ရင်ဆိုင်စရာမလိုသကဲ့သို့ဖြစ်နေသည်။

ကမ္ဘောဒီးယားသည် ဆယ်စုနှစ်များစွာ ပဋိပက္ခများ ရင်ဆိုင်ရပြီး၊ ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂ ကမ ကထပြုသော ရွေး ကောက်ပွဲများ စတင်ကျင်းပရာ ယခုတကြိမ်မှာ ၆ မြောက်ကျင်းပသော ရွေးကောက်ပွဲဖြစ်ပြီး မှတ်ပုံတင်ထားသော မဲဆန္ဒရှင် ၈.၃ သန်းရှိသည်။

လွန်ခဲ့သောနှစ်က အာဏာပိုင်များသည် အတိုက်အခံ ခေါင်းဆောင်တဦးကို ဖမ်းဆီးခဲ့ပြီး တရားရုံး ချုပ်က ပါတီကို ဖျက်သိမ်းလိုက်သည့် ချေမှုန်းမှုကို ဟွန်ဆန်က ထောက်ခံအားပေးခဲ့ပြီးနောက် ရွေးကောက်ပွဲတွင် ပြိုင်ဖက် ထူးထူးခြားခြား မရှိလှတော့ပေ။

အယုံအကြည်မှု ကင်းမဲ့သော ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြောင့်လည်းကောင်း ပြည်တွင်းပြည်ပမှ ထင်ရှားသော ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ နုတ်ထွက်သွားသောကြောင့် လည်ကောင်း ထိုရွေးကောက်ပွဲကို လေ့လာ စောင့်ကြည်သူ မရှိသလောက်လည်း ဖြစ်နေသည်။

ပြည်တွင်းစစ်ကြောင့် ပျက်ဆီးနေသော နိုင်ငံတွင် ၁၉၈၅ ခုနှစ်က အာဏာရလာသော ဟွန်ဆန်သည် ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း အတိုက်အခံ မျိုးစုံကို ဆန့်ကျင်တိုက်ခိုက်ပြီး လူမှုအခြေပြု အဖွဲ့အစည်းများ၊ လွတ်လပ်သော သတင်းမီဒီယာများနှင့် နိုင်ငံရေးအတိုက်အခံများကို ဖိအားပေး ခဲ့သည်။

ရွေးကောက်ပွဲ အပေါ် ထောက်ခံမှု ရုပ်သိမ်းခဲ့သည့် အနောကနိုင်ငံအစိုးရများက အယုံအကြည် ကင်းမဲ့ သော ထိုရွေး ကောက်ပွဲကို ဝေဖန်ပြီး ရလဒ်ကိုလည်း ပြစ်တင်ရှုတ်ချသည်။ထိုရွေးကောက်ပွဲသည် လွတ်လပ်မျှတခြင်းမရှိသကဲ့သို့ ကမ္ဘောဒီးယား ပြည်သူများ၏ ဆန္ဒကိုလည်း ကိုယ်စားပြုခြင်းမရှိ ကြောင်း အိမ်ဖြူတော်က ကြေညာထားသည်။

၁၉၈၈ ခုနှစ်မှ စတင်ပြီး CPP သည်ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရသော်လည်း အာဏာပိုင်များ ပြစ်ဒဏ် ကင်းလွတ်ခြင်းနှင့် အကျင့်ပျက်ခြစားမှုများကြောင့် မဲဆန္ဒရှင်များ၏ ၄၄ ရာခိုင်နှုန်းကျော်က အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ကို ထောက်ခံလာသောကြောင့် ဟွန်ဆန်အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်လာခဲ့သည်။

CNRP ခေါင်းဆောင်များသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ကြိုးစားခဲ့သော်လည်း အရေးယူ မည်ဟု အာဏာ ပိုင်များက ခြိမ်းခြောက်သောကြောင့် ကြောက်ရွံ့စိုးရိမ်မှုများ၊ လှုပ်ရှားမှုမှ နုတ်ထွက်မှု များ ဖြစ်ခဲ့သည်။

အာဏာရှင် ဟွန်ဆန်အပေါ် ခိုင်မာသော ထောက်ခံမှုများ ရှိနေသော်လည်း ကမ္ဘောဒီးယား နိုင်ငံသား အများအပြားသည် သူ၏ ရာထူးသက်တမ်းနောက်တကြိမ်ကို လိုလားခြင်းမရှိကြပေ။ အမည်မဖေါ် လိုသော ဈေးသည်တဦးကလည်း စိတ်မချမ်းမမြေ့ဖြစ်ရကြောင်း၊ “နောက်ထပ် ၅ နှစ် ထပ်ပြီး ဒုက္ခရောက်မယ်လို့ခန့်မှန်းရမှာပဲ” ဟု သူပြောသည်။

ပြင်သစ်နိုင်ငံတွင် တိမ်းရှောင်နေသော အတိုက်အခံအခေါင်းဆောင် ဆမ်ရိန်စီကလည်း ထိုရွေးကောက်ပွဲ အောင်နိုင် သည်ဟူသော ကြိုတင်ပြောဆိုချက်ကို သူ၏ တွစ်တာစာမျက်နှာမှ ရှုတ်ချသည်။

“CNRP ပါဝင်ခြင်းမရှိလို့ စစ်မှန်တဲ့ရွေးချယ်မှု မလုပ်နိုင်ခဲ့တဲ့ ကမ္ဘောဒီးယား ပြည်သူတွေအမြင် မှာ တော့ ခြိမ်းခြောက်ပြီး လုပ်တဲ့ ဒီရွေးကောက်ပွဲ အတုအယောင်ရဲ့ ရလဒ်ဟာ ပြည်သူ့ဆန္ဒကို သစ္စာဖေါက်တာပဲ” ဟု သူက ရေးသည်။

အာဏာရှင် ဟွန်ဆန်သည် ရဲ၊ စစ်တပ်နှင့် မီဒီယာများတွင် နိုင်ငံရေးနှင့် မိသားစု မဟာမိတ်များဖြင့် အာဏာကို ချုပ်ကိုင်ထားပြီ လူ့အခွင်အရေး ချိုးဖေါက်မှုများကို မေးခွန်းမထုတ်ဘဲ အခြေခံအဆောက် အအုံများ တည်ဆောင်ရန် ငွေထုတ်ချေးသော တရုတ်နိုင်ငံ၏ ဘာဏ္ဍာရေး အကူအညီများကြောင့် လည်း အကျိုးခံစားနေရသည်။

၁၉၇၅ မှ ၁၉၇၉ ခုနှစ်တွင်း ကမ္ဘောဒီးယားနိုင်ငံလူဦးရေး လေးပုံတပုံကို သတ်ဖြတ်ခဲ့သော အစွန်း ရောက်မော်ဝါဒီ ခမာနီများထံမှခွဲထွက်ပြီးနောက် ၁၉၈၀ ခုနှစ်များက ဗီယက်နမ် သိမ်းပိုက်မှုအတွင်း တွင် ဟွန်ဆန်သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

Your Thoughts …
Tags: ကမ္ဘောဒီးယား ရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ထာဝရအသက်ရှင်နိုင်တဲ့ သတ္တဝါများ

သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတဲ့ ထာဝရ အသက်ရှင်နိုင်ကြတဲ့ သတ္တဝါ ၅ မျိုး

ယနေ့ရုံးထုတ်မှာ တွေ့ရတဲ့ အဆိုတော် အစ္စဏီ  / ယုဖြူဟန် / ဧရာဝတီ

"အချုပ်ထဲမှာ အစ္စဏီ နေမကောင်းတာ ၃ ပတ်လောက် ရှိနေပါပြီ"

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

22 hours ago
2.7k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate