• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သားမက်ဖြစ်သူကို ဒုရဲချုပ် ခန့်အပ်

by ဧရာဝတီ
21 January 2018
in သတင်း
A A
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် / Reuters

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် / Reuters

9.6k
VIEWS
Share on FacebookShare on Twitter

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ယခုနှစ်ရွေးကောက်ပွဲမတိုင်မီ သူရဲ့အာဏာကို ပိုမိုခိုင်မာ စေဖို့ သားမက်ဖြစ်သူ ကို နိုင်ငံရဲတပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲအဖြစ် ခန့်အပ်လိုက်တယ်လို့ Reuters သတင်းကဆိုပါတယ်။

ဟွန်ဆန်ရဲ့ သမီးကြီး ဟွန်မာနာနဲ့ လက်ထပ်ထားတဲ့ ဒိုင်ဗစ်ချီယာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ရာထူးတိုးမြှင့် ပေးလိုက်တာ ဖြစ်တယ်လို့ အစိုးရ ပြန်တမ်းက ဆိုပါတယ်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
32
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
127
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
99

အစိုးရကို ဝေဖန်သူတွေ၊ နိုင်ငံသား အခွင့်အရေးလှုပ်ရှားသူများနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို နှိမ်နင်းမှုများ အပါအဝင် နိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်နေစဉ် အခုလို ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

“ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ကမ္ဘောဒီးယား အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေကို လုံးဝထိန်းချုပ်ဖို့ ရည်ရွယ်တယ်။ သူ့သားမက် ကို ဒုရဲချုပ်ခန့်တာဟာ ဒီရည်ရွယ်ချက်ရဲ့ အစိတ်အပိုင်းပါပဲ” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အာရှဒေသဆိုင်ရာ ဒုတိယ ညွန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန်ကပြောပါတယ်။

ဟွန်ဆန်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ အာဏာရတဲ့ ၃၃နှစ်မြောက် နှစ်ပတ်လည်ပွဲကို ကျင်းပခဲ့ပြီး နောင်နှစ်ပေါင်းများစွာ အာဏာကို ဆက်လက်ချုပ်ကိုင်ထားမယ်လို့လည်း ပြောခဲ့ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံရေးကို ခြိမ်းခြောက်နေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဆွေမျိုးညာတိ ကောင်းစားရေးဝါဒကို မကျေမနပ်ဖြစ် နေတဲ့ လူငယ်မျိးဆက်သစ်တွေကို စွဲဆောင်နိုင်တဲ့ အဓိက အတိုက်အခံပါတီ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး ပါတီကို ဟွန်ဆန်အစိုးရရဲ့ တောင်းဆိုမှုကြောင့် နိုဝင်ဘာလက ဖျက်သိမ်းခဲ့ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဒိုင်ဗစ်ချီယာကို ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲခန့်ခြင်းကို ကာကွယ်တဲ့ သဘောနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်လည်း သူ၏သမီး အိုင်ဗင်ကာကို သူ့ရဲ့အလွတ်သဘော အကြံပေးခန့်ထားတာကို ထောက်ပြပါတယ်။

“သူ့ကို ဒီနေရာမှာ ခန့်လို့မရဘူးလို့ ပြဌာန်းထားတဲ့ဥပဒေမရှိဘူး” လို့ ပြည်ထဲရေးပြောခွင့်ရက ဆိုပါတယ်။

ကမ္ဘောဒီးယားမှာ အစိုးရနဲ အပြန်အလှန် ယှက်နွယ်နေပြီး ခေါင်းဆောင်ပိုင်းနဲ့ မိသားစုတွေဟာ နိုင်ငံရဲ့ အကြီးဆုံးစီးပွားရေး လုပ်ငန်းတွေကို ထိန်းချုပ်ထားပါတယ်။

ဟွန်ဆန်ရဲ့ သမီးကြီး ဟွန်မာနာဟာ ကမ်ပူးချား သမီ သတင်းစာနဲ့ ဘေရွန် ရုပ်မြင်သံကြား၊ ရေဒီယို အပါအဝင် အခြားလုပ်ငန်းများစွာ၏ အကြီးအကဲဖြစ်ပါတယ်။

လက်ရှိ ကမ္ဘောဒီးယား အမျိုးသားရဲတပ်ဖွဲ့ရဲ့ အကြီးအကဲဟာလည်း ဟွန်ဆန်ရဲ့ တူမနဲ့ လက်ထပ် ထားတဲ့ နက်သ် ဆာဗိုအီရမ်ဖြစ်ပါတယ်။

ဟွန်ဆန်ရဲ့ သားအကြီးဆုံးကတော့ ဒုတိယဗိုလ်ချုပ်ကြီး ဟွန်မာနက် ဖြစ်ပြီး လက်နက်ကိုင်တပ်များရဲ့ ဒုတိယအကြီး အကဲ တာဝန်ယူကာ ဖခင်ခြေရာနင်းတဲ့ နိုင်ငံခေါင်းဆောင်ဖြစ်လာမယ်လို့ ယူဆခံနေရတာ နှစ်အတန်ကြာရှိပါပြီ။

Your Thoughts …
Tags: ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၁၉ ခုနှစ် မိတ္ထီလာလေတပ်စခန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဆေးကြည့်ရှုစဉ်

မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်

by Thitinan Pongsudhirak
4 February 2022
23.4k

မြန်မာ့ အတိုက်အခံ မဟာမိတ်များသည် စစ်ရေးအကူအညီလိုသည်။ အထူးသဖြင့် စစ်ကောင်စီလေယာဉ်များ မလှုပ်ရှားနိုင်စေရန် လေယာဉ်ပစ်လက်နက်များ လိုသည်။

အာဆီယံအဖွဲ့၏ လက်ရှိ ဥက္ကဋ္ဌ တာဝန်ကို အလှည့်ကျယူထားရသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် တွေ့ဆုံခွင့်ရနိုင်

by ဧရာဝတီ
4 January 2022
28.6k

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီ ကိုယ်စားလှယ်များအား ဝန်ကြီးချုပ် ဟွန်ဆန်နှင့်တွေ့ဆုံခွင့်ပေးနိုင်သည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် / Reuters

အမေရိကန်နှင့် EU ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် စိန်ခေါ်

by ဧရာဝတီ
16 December 2017
8.8k

ကမ္ဘောဒီးယားနိုင်ငံအတွက် အများဆုံးလှူဒါန်းနေသော တရုတ်နိုင်ငံကမူ ၎င်းတို့အနေဖြင့် ကမ္ဘောဒီးယား နိုင်ငံ၏ အမျိုးသားလုံခြုံရေးကာကွယ်ပိုင်ခွင့်ကို လေးစားသည်ဟုပြောပြီး ဝန်ကြီးချုပ် ဟွန်ဆန်ကို ထောက်ခံသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် / AFP

ဟွန်ဆန် မြန်မာပြည်လာရန် ပြင်ထား

by ဧရာဝတီ
3 December 2021
6.2k

ကြာသပတေးနေ့က တောင်ပိုင်းမြို့ကြီးဖြစ်သော ဆီဟာနုဗေးလ်မြို့သစ်တွင် ပြောကြားသည့် မိန့်ခွန်းတခုအတွင်း ထိုအကြောင်းကို ပြောခဲ့ခြင်းဖြစ်သည်။

Next Post
ကမ္ဘာ့အကောင်းဆုံး နာရီ အမှတ်တံဆိပ်များ

ကမ္ဘာ့အကောင်းဆုံး နာရီ အမှတ်တံဆိပ်များ

ဖရဲသီးသည်ကို ဘယ်သူသတ်သလဲ (ကာတွန်း – ATH/ဧရာဝတီ)

ဖရဲသီးသည်ကို ဘယ်သူသတ်သလဲ (ကာတွန်း - ATH/ဧရာဝတီ)

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate