• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယူကရိန်းစစ်ပွဲတွင် ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက် “မယုံနိုင်အောင် များပြား”

by ဧရာဝတီ
13 February 2023
in သတင်း
A A
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းနယ်စပ်နှင့် မဝေးသော Rostov-on-Don တွင် တပ်ဖွဲ့ဝင်များနှင့် နှစ်သစ်ကူး မိန့်ခွန်း ပြောကြားခဲ့ပါသည် / Tass

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းနယ်စပ်နှင့် မဝေးသော Rostov-on-Don တွင် တပ်ဖွဲ့ဝင်များနှင့် နှစ်သစ်ကူး မိန့်ခွန်း ပြောကြားခဲ့ပါသည် / Tass

3.9k
VIEWS
Share on FacebookShare on Twitter

ယူကရိန်းစစ်တွင် ကျဆုံးသော ရုရှားဗိုလ်ချုပ်အရေအတွက်သည် ယခင် ဖော်ပြထားသည်ထက် ပိုမိုများပြားကြောင်း ဂျပန်နှင့် အနောက်တိုင်း ထောက်လှမ်းရေး ဌာနများက ဖော်ပြသည်။

အသက် ၄၄ နှစ်အရွယ် ဗိုလ်ချုပ်ဟောင်း ဒီမီထရီ ယူလျာနော့ဗ်သည် ဒွန်ဘတ်စ်ဒေသမှ အပြန်အလှန် ပစ်ခတ်မှုတွင် သေဆုံးသောကြောင့် တိုက်ပွဲတွင် ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက်သည် ယခုအပတ်တွင် ၁၀ ဦးခန့်အထိ ရှိလာသည်။ ထိပ်တန်း လေထီးစစ်သည်နှင့် အမှတ် ၉၈ လေကြောင်းချီ အဆင့်မြင့် တပ်မှူးဖြစ်သော ယူလျာနော့ဗ်သည် လအတန်ကြာအတွင်း ပထမဆုံးသေဆုံးသည့် ဗိုလ်ချုပ်ဖြစ်လာသည်။

ကျဆုံးသည့် ရုရှားဗိုလ်ချုပ် အရေအတွက်သည် ၁၄ ဦးအထိ ရှိလာကြောင်း ယူကရိန်းက ပြီးခဲ့သည့် ဇူလိုင်လတွင် ပြောသော်လည်း အချို့အချက်များသည် မမှန်ကြောင်း ချေပမှုများ ရှိနေသည်။ သမ္မတ ဗလာဒီမာ ပူတင်သည် ဗိုလ်ချုပ်များဆုံးရှုံးသည်ကို ကြေညာခြင်းမရှိသည်မှာ လအတန်ကြာပြီဖြစ်ပြီး အဆင့်မြင့်အရာရှိများ ကျဆုံးမှု ကြေညာခြင်း လွန်စွာရှားပါးသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

သို့သော် သမ္မတ ပူတင်သည် ဗိုလ်ချုပ်ပေါင်း ၂၀ ဦးကို စစ်ပွဲအတွင်း ဆုံးရှုံးကြောင်း အမေရိကန်၊ ဥရောပတို့နှင့် ပူးပေါင်းခန့်မှန်းသည့် ဂျပန် ထောက်လှမ်းရေးသတင်းများအရ သိရသည်။

ဂျပန်မြေပြင်တပ်များ၏ အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ကီယိုဖူမီ အီဝါတာက ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက်သည် မယုံကြည်နိုင်လောက်အောင် များပြားကြောင်း Nikkei Asia သို့ ပြောသည်။ အထူးသဖြင့် စစ်ပွဲများတွင် အဆင့်မြင့်စစ်အရာရှိ ကျဆုံးမှုမရှိသော အမေရိကန်နှင့်ယှဉ်လျှင် လွန်စွာမြင့်မားသည်ဟု ဆိုသည်။

“ဗိုလ်ချုပ်တယောက် ကျဆုံးရင် တပ်ဖွဲ့ရဲ့ စိတ်ဓာတ်ကို ထိခိုက်စေတယ်” ဟုလည်း ၎င်းကပြောသည်။

ထိုသို့ ဗိုလ်ချုပ်အဆင့် ကျဆုံးမှုများပြားခြင်းမှာ ယူကရိန်းက ရုရှားဗိုလ်ချုပ်များ၏ ဆဲလ်ဖုန်းအချက်ပြမှုကို ရှာဖွေတိုက်ခိုက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း သတင်းဌာနများက ဖော်ပြကြသည်။ စစ်ပွဲအစောပိုင်းတွင် ဆက်သွယ်ရေး မကောင်းသောကြောင့် ဆဲလ်ဖုန်းများကို အသုံးပြုကြရသော်လည်း နောင်တွင် ဆဲလ်ဖုန်းသုံးခြင်းကို ပိတ်ပင်ထားသည်။

ယူကရိန်းတပ်များ၏ ဆိုက်ဘာစစ်ရေး စွမ်းရည်ကြောင့် ကိယက်ဗ်သည် စစ်မြေပြင်သို့ စေလွှတ်ထားသည့် ဗိုလ်ချုပ်များ ရှိသည့်နေရာကို ရှာဖွေနိုင်သည်ဟု မစ္စတာ အီဝါတာက ယုံကြည်သည်။

ဗိုလ်ချုပ်များ မည်သည့်နေရာတွင် ရှိသည်ကို သိရသည့် အခြားအကြောင်းတခုမှာ ရုရှားက ထိန်းချုပ်ထားသည့် ဒွန်နက်စ်နှင့် လူဟန့်စ်ဒေသများမှ သတင်းပေးများကြောင့် ဖြစ်နိုင်ကြောင်း ဂျပန်ထောက်လှမ်းရေးက Nikkei သတင်းဌာနသို့ ပြောသည်။

“စိတ်ဝင်စားစရာကောင်းတာက အရည်အသွေး ဆုံးရှုံးတာမဟုတ်ဘဲ လူယုံတွေကို ဆုံးရှုံးနေတာဖြစ်တယ်။ ဒီဗိုလ်ချုပ်တွေကို စစ်မြေပြင် စေလွှတ်လိုက်တာက သူတို့က သစ္စာရှိပြီး ပြည်သူတွေကို အနိုင်ကျင့်ရာမှာ အသုံးချဖို့ဖြစ်တယ်” ဟု Baltic Security Foundation မှ သုတေသီ ဂလန် ဂရန့်က Newsweek သို့ ပြောသည်။

“ဒီလိုဖြစ်နေတာ ရုရှားအတွက် အပြုသဘော သက်ရောက်မယ်လို့ မပြောနိုင်ဘူး။ ဒီကျဆုံးသွားတဲ့ ဗိုလ်ချုပ်တွေက အရည်အသွေးရှိလို့ စစ်မြေပြင်ကို စေလွှတ်ခံရတာ မဟုတ်ဘူး၊ သစ္စာရှိလို့ စေလွှတ်ခံရတာ” ဟုလည်း သူကပြောသည်။

“ဒီအရာရှိတွေရဲ့ နောက်က လူတွေက သူတို့ထက် ပိုတော်ပြီး ရာထူးမတက်တဲ့သူတွေ ရှိတယ်” ဟုလည်း သုတေသီ ဂလန် ဂရန့်က ပြောသည်။

ကိုးကား ။ ။ Newsweek, Nikkei Asia

You may also like these stories:

စိတ်အားတက်ဖွယ် မိန့်ခွန်းဖြင့် အမေရိကန် ကွန်ဂရက်ကို ဇယ်လန်းစကီး ဖမ်းစားခဲ့

ယူကရိန်းတွင် အထိနာပြီးနောက် ထိပ်သီးဆွေးနွေးပွဲများကို ပူတင် မတက်တော့

ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ

Your Thoughts …
Tags: ဂျပန်စစ်ပွဲဆိုက်ဘာစစ်ရေးစွမ်းရည်ထောက်လှမ်းရေးနည်းပညာပူတင်ယူကရိန်းရုရှားသတင်းပေးအဆင့်မြင့်အရာရှိ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

Next Post
အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်း၍ သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်

သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်လာ

မြောက်ဦးမြို့ မြတန်ဆောင် စစ်ရှောင်စခန်း  / ဧရာဝတီ

စစ်ကောင်စီ၏ နေရပ်ပြန်ရန် တိုက်တွန်းချက် ရခိုင်စစ်ရှောင်များ လက်မခံ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved