• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ နေရပ်ပြန်ရန် တိုက်တွန်းချက် ရခိုင်စစ်ရှောင်များ လက်မခံ

by ဧရာဝတီ
13 February 2023
in သတင်း
A A
မြောက်ဦးမြို့ မြတန်ဆောင် စစ်ရှောင်စခန်း  / ဧရာဝတီ

မြောက်ဦးမြို့ မြတန်ဆောင် စစ်ရှောင်စခန်း / ဧရာဝတီ

1.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် ခိုလှုံနေကြသည့် စစ်ရှောင်များအား မူလနေရပ်သို့ ပြန်လည်ဝင်ရောက်ပြီး နေထိုင်ကြရန် စစ်ကောင်စီ၏ တိုက်တွန်းချက်အပေါ် လက်မခံနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကို လှိုင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့ ဖေဖော်ဝါရီလ ၉ ရက်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များသို့ သွားရောက်၍ စစ်ရှောင်များကို ထိုသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
50
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
82
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
298

မြောက်ဦးမြို့ မြတန်ဆောင် စစ်ရှောင်စခန်းမှ ဘုရားအုပ်ကျေးရွာသားတဦးက “ကျနော်တို့ မြောက်ဦးမြို့ပေါ်မှာ ရှိတဲ့ စစ်ရှောင်စခန်းက လူတွေကို သျှစ်သောင်းဘုရားပေါ်မှာ စုပြီးတော့ စစ်ကောင်စီဝန်ကြီးတွေက ခေါ်ပြောတာပေါ့။ နေရပ် ပြန်မယ်ဆိုရင် ပျက်စီးသွားတဲ့အိမ်တွေကို ပြန်ဆောက်ပေးမယ်။ ဒီအချိန် တိုက်ပွဲလည်း မရှိတော့ဘူး၊ ရွာပြန်ပြီးနေကြ ပါ ဆိုပြီး ပြောတယ်။ ကျနော်တို့ကလည်း ပြန်ချင်တာပေါ့။ ဒါပေမယ့် ကျနော်တို့က နောက်တကြိမ် တိုက်ပွဲ ဖြစ်ရင် ထွက်ပေါက်ရမှာ မဟုတ်တဲ့အတွက် ရွာပြန်ဖို့ကတော့ မဖြစ်နိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးမြို့ မြတန်ဆောင် စစ်ရှောင်စခန်းတွင် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ စသည့်မြို့နယ်များမှ လာရောက် ခိုလှုံကြသည့် စစ်ရှောင်ဦးရေ ၁၀၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

အလားတူ ကျောက်တော်မြို့နယ် မဟာမုနိစစ်ရှောင်စခန်းမှ ရွာသားများကိုလည်း စစ်ကောင်စီဝန်ကြီးများက နေရပ်ပြန် ရန် တိုက်တွန်းပြောကြားခဲ့သော်လည်း လတ်တလော အခြေအနေအရ နေရပ်ပြန်ရန် မဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

မဟာမုနိစစ်ရှောင်စခန်းမှ စစ်ရှောင်ကျေးရွာသားတဦးက “သူတို့က ဝင်တွေ့ပြီးတော့ မိုးမကျမီ ပြန်ကြပါ။ ရွာမှာ အိမ် မရှိတော့တဲ့ လူတွေကိုလည်း အိမ်ဆောက်ပေးမယ်ဆိုပြီး ပြောသွားတယ်။ ကျနော်တို့ကတော့ ဘယ်ပြန်မလဲ။ နောက် တကြိမ် တကျော့ပြန်တိုက်ပွဲ မဖြစ်ဘူးလို့ ပြောလို့မှ မရတာ။ နောက်ပြီးတော့ သူတို့ (စစ်ကောင်စီ) ပြောတဲ့ စကားတွေ က ဘယ်လောက်ထိ ယုံကြည်လို့ရမလဲ။ သူတို့ ဘယ်လောက်အထိ တာဝန်ခံမှု ရှိမလဲ အားလုံးကလည်း သိနေကြ တာဆိုတော့ ကျနော်တို့ ဘာမှ ပြန်တင်ပြတာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မဟာမုနိစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ရှိပြီး လာရောက်ခိုလှုံနေပြီး စစ်ရှောင် အများစုမှာ ကျောက်တော်မြို့နယ်အတွင်းမှ မျောက်တောင်၊ သာစည်၊ ရွှေပြည်၊ တင်းမ စသည့် ကျေးရွာများနှင့် ပလက်ဝမြို့နယ်အတွင်းက ရခိုင်တိုင်းရင်းသားများလည်း ခိုလှုံလျက်ရှိကြောင်းလည်း သိရသည်။

ထိုသို့ စစ်ရှောင်များအား နေရပ်ပြန်ရန် တိုက်တွန်းနေသော်လည်း လက်ရှိ မြေပြင်အခြေအနေတွင် စစ်ကောင်စီ တပ် သားများကကျေးရွာအနီးတွင် တပ်စွဲနေထိုင်သည့်အတွက် ကျေးရွာသားများအနေဖြင့် လုပ်ကိုင်စားသောက်ရန် အဆင် မပြေသလို၊ မြေမြှုပ်မိုင်းအန္တရာယ်လည်း စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ပြောသည်။

ရခိုင်အခြေစိုက် စစ်ရှောင်အရေး ဆောက်ရွက်ပေးနေသည့် ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာအဖွဲ့ ဦးခိုင်ကောင်းစံ က စစ်ကောင်စီအနေဖြင့် နေရပ်ပြန်ချင်သည့် ကျေးရွာသားများကို ပြန်ခွင့်မပေးဘဲ နေရပ်မပြန်လိုသည့် ရွာသားများကို နေရပ်ပြန်ရန် တိုက်တွန်းနေမှုအပေါ် စဉ်းစားစရာများ ရှိနေကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းက “တချို့ရွာသားတွေကတော့ ပြန်ချင်တယ်။ ပြန်ခွင့်မပေးဘူး။ ဥပမာ တင်းမရွာသားတွေဆိုရင် သူတို့ ပြန်ချင်လို့ ခွင့်တောင်းတာ ပြန်ခွင့်မပေးဘူး။ တချို့ရွာသားတွေက တိုက်ပွဲပြန်ဖြစ်မယ်ဆိုပြီး သုံးသပ်ကြတာ ရှိတော့ မပြန်ရဲဘူး။ အဲဒါကို ပြန်ဖို့ တိုက်တွန်းနေတယ် ဆိုတော့ ဒါတွေက စဉ်း စားစရာတွေ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်မှုရှိသယောင်၊ ၎င်းတို့အား လူထုလက်ခံထောက်ခံသယောင် ၊ စစ်ရှောင်များကို နေရပ်ပြန်ခိုင်းပြီး နိုင်ငံတကာစာမျက်နှာတွင် ပုံရိပ်ကောင်းစေရန် ဟန်ပြလုပ်ဆောင်နေသလို တဖက် တွင်လည်း စစ်ရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများကို ကန့်သတ်ပိတ်ပင်ထားကြောင်း စစ်ရေး အကဲခတ်များက ပြောဆိုသည်။

အိမ်ထောင်စု ၇၃၃ စု၊ လူဦးရေ ၁၈၆၂ ဦးရှိသည့် မြောက်ဦးမြို့ နယ်၊ တိမ်ညို စစ်ရှောင်စခန်းတွင် လစဉ်ထောက်ပံ့မှုများ မရရှိတော့သည့် အခြေအနေကြောင့် စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲနှင့် ကြုံနေရကြောင်း ယင်းစခန်း တာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

၎င်းက “ကျနော်တို့ စခန်းက လူတွေ ထောက်ပံ့မှု မရတာ ၊ ၃လ ၄ လ လောက်ရှိပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင် ဘာ မရဘူး။ ဒီဇင်ဘာမှ တခါ ရတယ်။ ဇန်နဝါရီမှာ မရတော့ဘူး။ အရင်တုန်းကတော့ ICRC က ထောက်ပံ့ ပေးတာ။ အခု ICRC နေရာမှာ WFP အဖွဲ့က သူတို့ ပေးမယ်ဆိုပြီးတော့ အိမ်ထောင်စုနဲ့ လူဦးရေစာရင်းတွေ လာကြည့်တာတော့ ရှိတယ်။ ဒါပေမယ့် အခုထိတော့ ထောက်ပံ့လာတာ မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအခြေအနေတွင် နှစ်ဖက်တိုက်ပွဲများ ငြိမ်နေသော်လည်း ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်အရေအတွက် ၇၀၀၀၀ သောင်းကျော်အထိ နေရပ် မပြန်နိုင်သေးဘဲ ဆက်လက် ရှိနေသေးကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ ကောက်ယူထားသော စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် ၂၀၁၈ ခုနှစ်ဆန်းပိုင်းကနေ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး၂၀၂၀ နိုဝင်ဘာလဆန်းပိုင်းတွင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင် စေ့စပ်ပေးမှုကြောင့် ပထမအကြိမ် အပစ်ခတ် ရပ်စဲခဲ့သည်။

ထိုသို့ အာဏာသိမ်းကာလအတွင်း တိုက်ပွဲများ ငြိမ်သက်ခဲ့သော်လည်း၂၀၂၂ ခုနှစ် သြဂုတလတွင်ဆန်ပိုင်းတွင် စစ်ကောင်စီနှင့် AA တို့သည် မြန်မာ- ဘင်္ဂလားဒေ့ရှ်- အိန္ဒိယနယ်စပ်တို့တွင် တကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကာ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၂၆ ရက်တွင် ဒုတိယအကြိမ် အပစ်ရပ်ခဲ့ကြသည်။

ထိုသို့ အပစ်ရပ်သော်လည်း စစ်ကောင်စီနှင့် AA တို့ကြား သဘောတူညီချက်တစုံတရာ မရှိသလို နှစ်ဖက်တပ်ဖွဲ့ဝင် များမှာလည်း တပ်ဆုတ်ခြင်းမရှိဘဲ တပ်ချင်းဆိုင်ထားသည့် အခြေအနေများ ရှိနေသည့်အတွက် နောက်တကြိမ် တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။

You may also like these stories:

မြေပုံဒေသခံ ၂ ဦးကို AA ရိုက်နှက်မှု အရေးယူပေးရန် ချင်းနိုင်ငံရေးအဖွဲ့ တောင်းဆို

စစ်အာဏာသိမ်းပြီး လူထု ဒုက္ခပိုများလာဟု မွန်ပြည်သစ်ဆို

စစ်တပ်ကြောင့် ကယားပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ ၈၀ ကျော် ပျက်စီး

Your Thoughts …
Tags: ကျောက်တော်စစ်ရှောင်စခန်းတိုက်ပွဲမြေမြှုပ်မိုင်းမြောက်ဦးရခိုင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.6k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.1k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

Next Post
Google Earth မှမြင်တွေ့ရသည့် အိုးဘိုအကျဉ်းထောင်

အိုးဘိုထောင်တွင် နိုင်ငံရေး အကျဉ်းသူများ ရိုက်နှက်ခံရ၊ ဒဏ်ရာပြင်းထန်သူများရှိ

ရောင်နီလာတဲ့အထိဆက်လျှောက်မယ့် ဒါရိုက်တာ ကိုပေါက် (ရုပ်/သံ)

ရောင်နီလာတဲ့အထိဆက်လျှောက်မယ့် ဒါရိုက်တာ ကိုပေါက် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate