• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
in အင်တာဗျူး
A A
စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

ကချင်ပြည်နယ်၊ လိုင်ဇာရှိ ဗိုလ်သင်တန်းဆင်းပွဲသို့ တက်ရောက်လာသည့် ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ် ထွန်းမြတ်နိုင်

20.2k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ခံစစ်အနေအထားတွင် ဆက်လက် မရှိတော့သောကြောင့် လက်ရှိ မြန်မာတွင် ဖြစ်ပွားနေသော စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း ရခိုင်ပြည်နယ်မှ အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က ဧရာဝတီသတင်းဌာနနှင့် နိုဝင်ဘာ ၂၄ ရက်နေ့က သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ခုခံတော်လှန်ရေး အင်အားစုများက စစ်မျက်နှာပေါင်းစုံမှ ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ယခုအခါ ခံစစ်အနေအထား ရောက်နေသည်မှာ စစ်ကောင်စီတပ်များဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက ရှင်းပြသည်။

AA သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်မှု စတင်ပြီး နိုင်ငံ၏ အခြားအစိတ်အပိုင်းများတွင် ခုခံတော်လှန်ရေး ထိုးစစ်များကို ထိန်းချုပ်နေရသည့် စစ်ကောင်စီအတွက် ဖိအားပြင်းထန်စေသည်။

ထိုသို့ ရုတ်တရက် တိုက်ခိုက်လိုက်သောကြောင့် စစ်ကောင်စီနှင့် တနှစ်ကြာ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်သွားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်နေသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် AA သည် ၁၀ ရက်အတွင်း စစ်ကောင်စီစခန်း လေးခုကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ်များ စွန့်ခွာသွားသည့် အခြားစခန်း ၄၀ ကျော်ကို ထိန်းချုပ်လိုက်သည်။

ညီနောင်မဟာမိတ်များက အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးသည် တနိုင်ငံလုံးသို့ ပျံ့နှံ့သွားကြောင်း ခိုင်သုခက ပြောသည်။ စစ်ကောင်စီတပ်များသည် ရခိုင်ပြည်နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ၎င်းက ပြောပြီး စစ်ကောင်စီခေတ်လွန် မြန်မာအတွက် AA ၏ ရည်မှန်းချက်ကို ဆွေးနွေးသည်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခ

မေး ။ ။ AA က ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကို ဘာကြောင့် စစ်မျက်နှာသစ်ဖွင့်တာလဲ။

ဖြေ ။ ။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲက တနိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ အခြေခံတယ်လို့ပဲ ပြောချင်တယ်။ လူသားချင်းစာနာမှုအတွက် ကျနော်တို့ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် မြန်မာစစ်တပ်က ရခိုင်ပြည်သူတွေအပေါ် ကန့်သတ်ချက်တွေ အများအပြားချမှတ်ပြီး ဖိနှိပ်တယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တဲ့ နောက်ထပ် အကြောင်းရင်းတခု ဖြစ်တယ်။

အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲက တနိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ အခြေခံတယ်လို့ပဲ ပြောချင်တယ်။ လူသားချင်းစာနာမှုအတွက် ကျနော်တို့ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် မြန်မာစစ်တပ်က ရခိုင်ပြည်သူတွေအပေါ် ကန့်သတ်ချက်တွေ အများအပြားချမှတ်ပြီး ဖိနှိပ်တယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တဲ့ နောက်ထပ် အကြောင်းရင်းတခု ဖြစ်တယ်။

စစ်ကောင်စီရဲ့ သေနင်္ဂဗျူဟာက ရခိုင်ပြည်နယ်က ပြည်သူတွေကို ဖိနှိပ်ဖို့နဲ့ ကန့်သတ်ချက်တွေ ချမှတ်ဖို့ပဲ။ ပြီးတော့ ကျနော်တို့က သူတို့ကို မတိုက်ခိုက်နိုင်ဘူးလို့ သူတို့ထင်နေကြတယ်။

မေး ။ ။ AA က မြန်မာစစ်တပ်နဲ့ အလွတ်သဘော အပစ်အခတ် ရပ်စဲထားတယ်။ ထိုးစစ် စတင်လိုက်တဲ့အခါ စစ်ကောင်စီအရာရှိတွေက ညှိနှိုင်းဖို့ ဒါမှမဟုတ် တခြားအကြောင်းတွေအတွက် ဆက်သွယ်ခဲ့လား။

ဖြေ ။ ။ လက်ရှိအချိန်အထိ စစ်ကောင်စီက ကျနော်တို့ကို တရားဝင် မဆက်သွယ်သေးဘူး။ ဒါပေမယ့် မြန်မာစစ်အရာရှိတွေက ရခိုင်ပြည်နယ်က ထင်ရှားတဲ့ ဘုန်းကြီးကျောင်းတွေကို သွားနေတယ်။ ကျနော်တို့အနေနဲ့ မြို့နယ်တွေ၊ မြို့ကြီးတွေကို ဝင်မလာရေး မေတ္တာရပ်ခံပေးဖို့ ဆရာတော်တွေကို သူတို့ လျှောက်ထားတယ်။

ကင်းလှည့်နေကြသည့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ

ဒါပေမယ့် မြေပြင်မှာတော့ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားနေတယ်။ လက်နက်ကိုင် တပ်အချင်းချင်း တိုက်ခိုက်ရမယ့်အစား မြန်မာစစ်တပ်က အရပ်သားတွေကို တိုက်ခိုက်ဖို့ ကြည်း၊ ရေ၊ လေတပ်တွေကို သုံးနေတယ်။ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကိုသာမက လူသားမျိုးနွယ်တွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုပါ ကျူးလွန်နေတယ်။

မေး ။ ။ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် တိုက်မလဲ။ AA ရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ။

ဖြေ ။ ။ ကျနော်တို့ရဲ့ စစ်ရေးရည်မှန်းချက်တွေကို အတိအကျ အသိပေးဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော် အတိအကျ ပြောနိုင်တာက ရခိုင်ပြည်နယ်နဲ့ နိုင်ငံရဲ့ကျန်အစိတ်အပိုင်းတွေမှာ ဒီတချီ တိုက်ပွဲက အရမ်းကို ကွဲပြားခြားနားသွားပြီ။ အခုတိုက်ပွဲက အရင်တိုက်ပွဲတွေနဲ့ တော်တော် ကွဲပြားခြားနားသွားပြီ။

အရင်က နိုင်ငံရဲ့ အစိတ်အပိုင်းအများစုက မြန်မာစစ်တပ်ထိုးစစ်ကို ကြုံရတာ။ အခု ရခိုင်အပါအဝင် တနိုင်ငံလုံးက စစ်မှာ ထိုးစစ်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တခြား တော်လှန်ရေးနဲ့ ခုခံရေး အင်အားစုတွေက စတင်တယ်ဆိုတဲ့အချက်က ဝိသေသပြုတယ်။

မေး ။ ။ ရခိုင်တောင်ပိုင်းမှာရော တိုက်ပွဲတွေ ဖြစ်လာမလား။

ဖြေ ။ ။ ကျနော်တို့ စစ်သေနင်္ဂဗျူဟာရဲ့ အသေးစိတ်တွေကို ကျနော် ထုတ်ဖော် မပြောနိုင်ပေမယ့် ခင်ဗျားတို့ တွေ့တဲ့အတိုင်း ၁၀၂၇ စစ်ဆင်ရေးဟာ တနိုင်ငံလုံးအဆင့်ကို ရောက်နေပြီ။ ရခိုင်ပြည်နယ်က ထိုးစစ်အပါအဝင် ဒီထိုးစစ်တွေဟာ နိုင်ငံတဝန်း ကျယ်ပြန့်ကုန်ပြီ။ ဒါဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်တဆင့်ပဲ။

အရင်က နိုင်ငံရဲ့ အစိတ်အပိုင်းအများစုက မြန်မာစစ်တပ်ထိုးစစ်ကို ကြုံရတာ။ အခု ရခိုင်အပါအဝင် တနိုင်ငံလုံးက စစ်မှာ ထိုးစစ်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တခြား တော်လှန်ရေးနဲ့ ခုခံရေး အင်အားစုတွေက စတင်တယ်ဆိုတဲ့အချက်က ဝိသေသပြုတယ်။

မေး ။ ။ စစ်ကောင်စီက အရပ်သားတွေကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းကို ဘာပြောချင်လဲ။

ဖြေ ။ ။ မြန်မာစစ်တပ်က အမြဲတမ်း အရပ်သားတွေကို တိုက်ခိုက်နေတာပဲ။ သူတို့က စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်နေတာပဲ။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
4k
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
128
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.6k

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ပေါက်တောကို နိုဝင်ဘာလ ၁၆ ရက်နေ့က ဝင်လာတဲ့အခါ လူ ၂၀၀ ကျော်ကို ဓားစာခံအဖြစ်ဖမ်းပြီး သူတို့ကို လူသားဒိုင်းအဖြစ် သုံးတယ်။ ဒါကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ AA က ပေါက်တောက မြန်မာစစ်သားအချို့ကို သုတ်သင်ပြီး အရပ်သား ၁၀၀ လောက်ကို ကယ်ဆယ်ခဲ့တယ်။

ပြီးတော့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ အဲဒီမြို့ထဲက စစ်ကောင်စီတပ်တွေကို နောက်ကလိုက် သုတ်သင်ပြီးတော့ နောက်ထပ် ဒေသခံ ၁၀၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်။ ဒီအခြေအနေတွေကို ကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ပြောတိုင်း အမြဲတမ်းညာနေတာပဲ။ ဒါဟာ မမှန်ဘူး။

ရခိုင်ပြည်နယ်အတွက် နိုင်ငံရေး ရည်မှန်းချက်က ကွန်ဖက်ဒရိတ်အဆင့်ထက် မနိမ့်တဲ့ အဆင့်အတန်း ရရှိဖို့ဆိုတာ ကျနော်တို့ အမြဲတမ်း ပြောခဲ့တယ်။ တနိုင်ငံလုံးကျယ်ပြန့်တဲ့ စစ်ဆင်ရေး ပြီးဆုံးသွားတဲ့အခါ၊ စစ်ကောင်စီကို အမြစ်ဖြတ် သုတ်သင်ပြီးသွားတဲ့အခါ နိုင်ငံက တိုင်းရင်းသားလူမျိုးစု အားလုံးဟာ ခေတ်အဆက်ဆက် အညီညွတ်ဆုံး ဖြစ်သွားနိုင်တယ်။

တကယ်တော့ မြန်မာစစ်တပ်ဟာ အပြစ်မဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အမြဲတမ်း အသုံးပြုတယ်။ ဖြစ်ရပ်အများစုမှာ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက စစ်တပ်က ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရာဇဝတ်မှုတွေကို ငြင်းဆန်တယ်။ အဲဒီနည်းနဲ့ သူတို့က နိုင်ငံတကာ အသိုက်အဝန်းကို ဝါဒဖြန့်နေတယ်။

ဒါကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ သူတို့ဝါဒဖြန့်တာကို မယုံကြည်ဖို့နဲ့ အဲဒီအစား မြေပြင်ကလူတွေအသံကို နားထောင်ပြီး လိုအပ်ရင် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချင်တယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာစစ်ကောင်စီကို ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့လည်း ကျနော် တောင်းဆိုချင်တယ်။

မေး ။ ။ ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဘာလဲ။ လက်ရှိ အခြေအနေကြောင့် အရင်က ရည်မှန်းချက်တွေ ပြောင်းလဲသွားလား။

ဖြေ ။ ။ ရခိုင်ပြည်နယ်အတွက် နိုင်ငံရေး ရည်မှန်းချက်က ကွန်ဖက်ဒရိတ်အဆင့်ထက် မနိမ့်တဲ့ အဆင့်အတန်း ရရှိဖို့ဆိုတာ ကျနော်တို့ အမြဲတမ်း ပြောခဲ့တယ်။ (ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထက် မနိမ့်တဲ့အဆင့်။) တနိုင်ငံလုံးကျယ်ပြန့်တဲ့ စစ်ဆင်ရေး ပြီးဆုံးသွားတဲ့အခါ၊ စစ်ကောင်စီကို အမြစ်ဖြတ် သုတ်သင်ပြီးသွားတဲ့အခါ နိုင်ငံက တိုင်းရင်းသားလူမျိုးစု အားလုံးဟာ ခေတ်အဆက်ဆက် အညီညွတ်ဆုံး ဖြစ်သွားနိုင်တယ်။ အပြန်အလှန်ယုံကြည်မှုနဲ့ ညီညွတ်မှုကို ကျနော်တို့ တည်ဆောက်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ စစ်အာဏာရှင်စနစ်ကို ချေမှုန်းပြီးသွားတဲ့အခါ နိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးစနစ်ကို ကျနော်တို့အားလုံး နောက်ဆုံးမှာ တည်ဆောက်နိုင်မယ်လို့ ကျနော်တို့ အခိုင်အမာယုံကြည်တယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Junta And Its Military Face Annihilation, Arakan Army Says ကို ဘာသာပြန်သည်။)

You may also like these stories:

ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

တော်လှန်ရေးအင်အားစုက စစ်ကောင်စီကို ဖြုတ်ချနိုင်မလား

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

စစ်တပ်၏ အင်အားပြခြိမ်းခြောက်မှု ယုံကြည်မှုပျက်ပြားစေနိုင်ဟု AA ဆို

ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAစစ်ကောင်စီစစ်ရာဇဝတ်မှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံထိုးစစ်ရက္ခိုင့်တပ်တော်ရခိုင်ပြည်နယ်လူသားဒိုင်း
ဟိန်းထူးဈာန်

ဟိန်းထူးဈာန်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

စစ်ပွဲများကြောင့် ပြတ်တောက်လာသည့် နယ်စပ်ကုန်သွယ်ရေး

စစ်ပွဲများကြောင့် ပြတ်တောက်လာသည့် နယ်စပ်ကုန်သွယ်ရေး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved