• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ်ကြောင့် ကယားပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ ၈၀ ကျော် ပျက်စီး

by ဧရာဝတီ
9 February 2023
in သတင်း
A A
လွိုင်ကော်မြို့၊ အရှေ့ဘက်ခြမ်းက ဆင်စခန်း စစ်ဘေးရှောင်စခန်းကို ဖေဖော်ဝါရီ ၃ ရက်က စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၍ စာသင်ကျောင်းနှင့် ဆေးပေးခန်းများ ပျက်စီးနေမှုကိုတွေ့ရစဉ်  / CJ

လွိုင်ကော်မြို့၊ အရှေ့ဘက်ခြမ်းက ဆင်စခန်း စစ်ဘေးရှောင်စခန်းကို ဖေဖော်ဝါရီ ၃ ရက်က စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၍ စာသင်ကျောင်းနှင့် ဆေးပေးခန်းများ ပျက်စီးနေမှုကိုတွေ့ရစဉ် / CJ

1k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်တွင် စစ်ကောင်စီတပ်ကြောင့် ရပ်ကွက်ကျေးရွာစုစုပေါင်း ၈၅ ခု ကျော် ပျက်စီးခဲ့ရကြောင်း ယခုလ ၆ရက်နေ့ထုတ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့များ၏ အစီရင်ခံစာ အရ သိရသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့၊ ကရင်နီအမျိုးသမီးအဖွဲ့၊ ကယန်း အမျိုးသမီးအဖွဲ့နှင့် ကယားပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်အဖွဲ့တို့ ပူးပေါင်းပြုစုသည့် “အနာဂတ်မှာ တို့ ဘယ်လို အသက်ရှင်မလဲ” ဆိုသော အစီရင်ခံစာ တွင် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှစ၍ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ လူနေရပ်ကွက် ၂၂ ခုနှင့် ကျေးရွာ ၆၃ ရွာတို့မှာ ပျက်စီးသွားကြောင်း ဖော်ပြထားသည်။

ပျက်စီးသွားသည့် ရပ်ကွက်နှင့် ရွာများမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ၊ ဖယ်ခုံနှင့် ဘော်လခဲမြို့နယ်များမှ ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်သည် စုစုပေါင်းကျေးရွာ၂၆ ရွာဖြင့် ရွာပျက်စီးမှုအများဆုံးဖြစ်ကြောင်း စာတမ်းတွင် ပါရှိသည်။ အိမ်အရေအတွက်အားဖြင့်ဆိုပါက အိမ်ပေါင်း ၁၁၉၀ ကျော် ဆုံးရှုံးထားသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် မီးရှို့ သွားခြင်းတို့ကြောင့် ရပ်ကွက်နှင့်ကျေးရွာများ ပျက်စီးရခြင်းဖြစ်ကြောင်း ကယားပြည်နယ်အခြေစိုက် အရပ်ဘက် အဖွဲ့များက ဆိုသည်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ ညွှန်ကြားရေးမှူးဖြစ်သူ ကိုဗညားကလည်း စစ်ကောင်စီတပ်သည် စစ်ရှောင်စခန်းများ ကိုပါ အလွတ်မပေးဘဲ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “လွိုင်ကော်မြို့နယ်ထဲက ဆင်စခန်းမှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ၂ ရက်မှာ ဖြစ်သွားတာရှိတယ်။ ဆင်စခန်းက စစ်ရှောင်စခန်းပေါ့။ အဲဒီကို စစ်ကောင်စီက၂ ကြိမ်တိုင်တိုင် တရက်တည်း ည ၆ နာရီခွဲလောက်မှာ လာဝဲပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ အဲဒီအတွက် စခန်းက စားနပ်ရိက္ခာသိုလှောင်တဲ့ ဂိုဒေါင်လည်း ပျက်စီးသွားတယ်။ စာသင်ကျောင်း လည်း ပျက်စီးသွားတယ်။ အဲဒီမှာ လူထိခိုက်မှုတော့မရှိဘူးပေါ့။ အဲဒီစခန်းကတော့ IDP ထောင်ဂဏန်း ရှိတယ်။ နောက်တခုကတော့ ဖေဖော်ဝါရီ ၄ ရက်ပေါ့။ လွိုင်ကော်မြို့နယ်ထဲက ဝါရီကောခူးမှာပေါ့။ လက်နက်ကြီး အချက်ပေါင်း ၆၀ နဲ့ ၇၀ ကြား ညလုံးပေါက်ပေါ့။ ည ၁၀ နာရီနဲ့ မနက် ၇ နာရီအထိ ပစ်ခတ်တာတွေ လုပ်တယ်” ဟု ဆိုသည်။

ကယားပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့များရေးသားသည့် စာတမ်းအရ ကယားပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင်၂ သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း မော်တာကျည်ထိမှန်မှုကြောင့် အရပ်သား ၈၅ ယောက် သေဆုံးထားသလို ၂၄၅ ဦး ဒဏ်ရာ ရထား ကြောင်း စာတမ်းတွင် ပါရှိသည်။

ယင်းပြင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၄ ဦးရှိပြီး ဒဏ်ရာရသူ ၇၀ ကျော်ရှိနေသည်။

ကယန်းအမျိုးသမီးအဖွဲ့မှ မအေလာကလည်း “စစ်ရှောင်တွေက ရတဲ့အချိန်အိမ်ပြန်ပြီး ရိက္ခာယူတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီလိုပြန်ယူတဲ့အခါမှာ မြေမြှုပ်မိုင်းထိပြီး သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါတယ်” ဟု ဖေဖော် ဝါရီ ၆ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် စာတမ်း မိတ်ဆက်ပွဲတွင် ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147

လက်ရှိ ကယားပြည်နယ်တွင် စစ်ရှောင်စခန်းပေါင်း ၂၂၀ ခန့်ရှိနေပြီး အဆိုပါ စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်နိုင်ချေရှိသည့် အခြေအနေ ရင်ဆိုင်နေရကြောင်း ကယားပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့များက ဆိုသည်။

ကယန်းအမျိုးသမီးအဖွဲ့မှ မအေလာက “ဘယ်အချိန်ကျရင် ရိက္ခာပြတ်လပ်မှာလဲဆိုတဲ့ စိုးရိမ်ပူပန်မှုက ရှိနေတုန်းပဲ။ ဘာကြောင့်ဖြစ်နေတာလဲဆိုတော့ စစ်ပဋိပက္ခကာလအတွင်း အကူအညီပေးနေတဲ့ အဖွဲ့တွေကိုလည်း စစ်ကောင်စီ ဘက်က ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေ ရှိနေတယ်။ စစ်ရှောင်တွေကို ထိထိရောက်ရောက်ကူညီဖို့ သွားရေး လာရေးမှာ အဟန့်အတားတွေ ရှိနေတယ်” ဟု ရှင်းပြသည်။

ဆက်လက်၍ ၎င်းက စစ်ရှောင်များထဲမှ တိုက်ပွဲအတွင်း ယောက်ျားဖြစ်သူ အသက်သေဆုံးသွားသည့် အမျိုးသမီးများ သည် အသက်ရှင်ရပ်တည်ရေးအတွက် အခြားသူများထက်ပိုမို ရုန်းကန်နေရကြောင်း ဆိုသည်။

ကယားပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့များ၏ စာတမ်းတွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ဘာသာရေး အဆောက်အအုံ ၃၃ ခုနှင့် ဆေးခန်း ၄ ခုပျက်စီးခဲ့ရပြီး ဖရူဆို၊ ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၃ ခုရှိကြောင်း ပါရှိသည်။

ကယားပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တပ်မ ၆၆ ၊ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် လွိုင် ကော်ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်လက်အောက်ခံတပ်များ၊ အမှတ် ၄၂၈ ခြေမြန်တပ်ရင်း၊ အမှတ် ၃၅၀ ခြေမြန်တပ် ရင်း၊ အမှတ် ၃၃၆ ခြေမြန်တပ်ရင်း ၊ အမှတ် ၁၀၂ ခြေမြန်တပ်ရင်းနှင့် အမှတ်၂၆၁ ခြေမြန်တပ်ရင်း စသည့် တပ်ဖွဲ့များ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကမူ စစ်ရှောင်စခန်း၊ ဆေးရုံနှင့် စာသင်ကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကိုသာ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူသုံး၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းတွင် ကြေညာထားသည်။

စစ်ရှောင်စခန်းများအား ဗုံးကြဲတိုက်ခိုက်သည်ဆိုသည့် စွပ်စွဲချက်သည် ဝါဒဖြန့်မှုသာဖြစ်ကြောင်း စစ်ကောင်စီဘက်က တုံ့ပြန်သည်။

ကယားပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့များကလည်း စစ်ကောင်စီတပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် နိုင်ငံတကာအနေနှင့် သံတမန်ရေးရာ ထုတ်ပြန်ချက်များ ထက်ပိုသော အရေးယူမှု များ လုပ်ဆောင်သင့်ကြောင်း ကြေညာချက် ထုတ်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို အဆုံးသတ်နိုင်ရန် မြန်မာစစ်တပ်အား လက်နက်ရောင်းချခြင်းနှင့် လေယာဉ်ဆီတင်သွင်းရောင်းချမှုပိတ်ပင်ခြင်းအား ထိရောက်စွာ လုပ်ဆောင်သင့်ကြောင်း ကယားပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့များက တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့မြောက်ဘက် ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့ဝန်းကျင်၌ စစ်ကောင်စီ တပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီးနောက် စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်သဖြင့် မိုးဗြဲနှင့် ပီကင်းရွာသွားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားသလို ဒေသခံ ပြည်သူ များ နေရပ်သို့ ပြန်မလာကြရန်လည်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ကြေညာထားသည်။

You may also like these stories:

မိုးဗြဲအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးအခြေအနေ တင်းမာ

စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်

စစ်အာဏာသိမ်းပြီး လူထု ဒုက္ခပိုများလာဟု မွန်ပြည်သစ်ဆို

အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး

Your Thoughts …
Tags: ကယားပြည်နယ်စစ်ကောင်စီတပ်စစ်ရှောင်အရပ်ဘက်အဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

by မိုင်းခြိူဝ်းဇာရ်
6 July 2024
10.7k

လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

Next Post
Facebook တောင် လွတ်လွတ်လပ်လပ် သုံးခွင့်မရှိတော့ဘူး (ရုပ်/သံ)

Facebook တောင် လွတ်လွတ်လပ်လပ် သုံးခွင့်မရှိတော့ဘူး (ရုပ်/သံ)

၂၀၂၂ နှစ်ဆန်းပိုင်း ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ကမ်းဘေးရှိ စစ်ရှောင်ဒုက္ခသည်များအား စားနပ်ရိက္ခာထောက်ပံ့နေကြစဉ် / ဧရာဝတီ

ASEAN ၏ မြန်မာဆိုင်ရာ ခြေလှမ်းသစ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved