• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
in Military, သတင်း
A A
မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

ယခုလဆန်းပိုင်းက စတင်သည့် စစ်မှုထမ်း အပတ်စဉ် ၄

10.4k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ ရှိ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်မြို့နယ်တို့၌ ရပ်ကွက်အုပ်ချုပ်ရေး၊ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်အဖွဲ့များက ဧည့်စာရင်းစစ်ကာ စစ်မှုထမ်းစာရင်းပါ လူငယ်များကို ဖမ်းဆီးနေရာ ယခုလစမှ ၁၈ ရက်အထိ လူငယ် ၅၀ ခန့် အဖမ်းခံထားရကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူ ဦးဆောင်သည့် အဖွဲ့များက စစ်မှုထမ်းအမည်စာရင်းပါ လူငယ်များ မနက်ဖြန် နံနက် ၉ နာရီတွင် လာရောက်ခေါ်ဆောင်မည်ဖြစ်၍ အဆင်သင့်လုပ်ထားရန် လိုက်လံပြောဆိုနေ သည်။

“အခုတခေါက်က ကျနော့်အမျိုးတွေ တော်တော်များများ ပါနေတယ်၊ ဒီနေ့လည်း ထပ်ပြီးခေါ်ပြန်ပြီ၊ ရဲမွန်တောင်ရပ်ကွက် ၅၈ လမ်းဘက်မှာ ဒီနေ့ထပ်ခေါ်ပြီ၊ စစ်မှုထမ်းဖို့ စာရင်းပါတဲ့သူတွေကို မနက်ဖြန် လာခေါ်မယ် အဆင်သင့်လုပ်ထားဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက လာပြောသွားကြတယ်၊ မနက်ဖြန် မနက် ၉ နာရီကို လာခေါ်မယ်၊ နာမည်စာရင်းပါတဲ့သူ မတွေ့ဘူးဆို ရင် ရှိတဲ့သူကို ခေါ်မယ်လို့ ပြောသွားကြတယ်”ဟု စစ်မှုထမ်းခေါ်ဆောင်ခံရသူတဦး၏ ဆွေမျိုးတဦးက ဧရာဝတီသို့ ပြောသည်

ဩဂုတ် ၁၈ ရက် ညကလည်း မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက် ၇၃လမ်းနှင့် ၇၄လမ်းကြား၊ ၃၅လမ်းနှင့် ၃၆ လမ်းကြား အပါအဝင် မဟာနွယ်စဉ်ရပ်ကွက် ၆၇လမ်းနှင့် ၃၈လမ်းထောင့်မှ အကွက်များသို့ ဝင်ရောက်ပြီး စစ်မှုထမ်းစာရင်း ပါ သည် ဆိုကာ လူငယ် ၅ ဦးကို ဖမ်းသွားကြောင်း၊ စင်္ကြာနွယ်စဉ်ရပ်ကွက်အနောက်ဗလီဝင်းမှ အသက် ၂၀ ကျော် သား ကို မတွေ့၍ မိခင်အား အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် ဦးဆောင်၍ ဖမ်းသွားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက စစ်မှုထမ်း ပါတယ်ဆိုပြီး နာမည်စာရင်းနဲ့ ထွက်လာတာ၊ ဒါကို လာပေးတော့ လက်မခံ လိုက်ဘူး၊ တယောက်က အစ္စလာမ် ကောင်လေးပါ၊ သူက နယ်ကို အလုပ်သွားနေတော့ သူ့အမေကို ခေါ်သွားပြီး လူချင်းလဲ ခိုင်းသွားတယ်၊ တယောက်ကတော့ ရပ်ကွက်မှာ ကို မနေတော့တာမို့ လွတ်သွားတယ်လို့ ပြောရမှာပေါ့”ဟု ဒေသခံတဦးက ပြောသည်။

အလားတူ စင်္ကြာနွယ်စဉ်ရပ်ကွက် အကွက် ၈၆၃ မှ စစ်မှုထမ်းစာရင်းပါ လူငယ် ၂ ဦးကို လာခေါ်စဉ် အနီး၌ ဖုန်းပြောနေသူ လူငယ်တဦးကို သတင်းပို့နေသည်ဆိုကာ ဖမ်းသွားသဖြင့် လူငယ် ၃ ဦး ပါသွားကြောင်း သိရသည်။

“ညပိုင်းကြီး စစ်ကားတွေနဲ့ လာပြီး နာမည်အတိအကျနဲ့ အိမ်တွေကို ဝင်ခေါ်တာ တယောက်က ပြင်စာဘက် ရောက် နေတယ်လို့ ပြောတာကို တအိမ်လုံး မွှေနှောက်ရှာဖွေပြီး မတွေ့တော့ ရှိတဲ့သူ ခေါ်မယ်လုပ်ကြတယ်၊ အိမ်မှာရှိတဲ့ ၅ နှစ် ၆ နှစ် ကလေးတွေကို ခေါ်မယ်လုပ်တော့ မနည်းတောင်းပန်ကြရတာပေါ့၊ သူ့ကို ရမှဖြစ်မယ်ဆိုပြီး အတင်းဖုန်းဆက် ခေါ်ခိုင်း တာ၊ ပြင်စာကနေ ညတွင်းချင်း ဆင်းလာလို့ မရဘူးဆိုတော့ မနက်စောစောသွားခေါ်ပြီး အခုပို့ပေးလိုက်ရတယ်”ဟု ဖမ်းဆီး ခံရသူတဦး၏ ဆွေမျိုးတဦးက ဧရာဝတီကို ပြောသည်။

ယခုလဆန်းပိုင်းက စတင်သည့် စစ်မှုထမ်း အပတ်စဉ် ၄

ထိုတရက်တည်းမှာပင် ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်၌ စစ်မှုထမ်းခေါင်းစဉ်ဖြင့် လူငယ် ၁၀ ဦး ဖမ်းသွား သလို မဟာအောင်မြေ အရှေ့ လမ်း ၄၀ နှင့် ၄၁ လမ်းကြား၊ ၇၈ လမ်းနှင့် လမ်း ၈၀ ကြားရှိ ရပ်ကွက်၌ စစ်မှုထမ်း စာရင်းပါ လူငယ်များကိုလည်း ဖမ်းသွားကြောင်း၊ လူငယ်အရေအတွက် မသိရသေးကြောင့် မန္တလေးမြေပြင်ကင်းထောက် Voice of Mandalay နှင့် Mdy Revolution တို့က ရေးသားဖော်ပြထားသည်။

Voice of Mandalay မှ တာဝန်ရှိသူတဦးက “အဓိက ဧည့်စာရင်းမတိုင်လို့ ဖမ်းတာမျိုးက ပိုများတယ်၊ အရင်က အုပ်ကြီးနဲ့ ရဲတွေ ပျူတွေပဲ စစ်တယ်၊ အခုနောက်ပိုင်း စစ်တပ်ကပါ လာစစ်တယ်၊ စစ်တပ်ကလာရင် အုပ်ကြီးနဲ့အဖွဲ့တွေ မပါတာမျိုး လည်း ရှိတယ်၊ ကွက်သစ်ဘက်နေတဲ့သူတွေဆိုရင် ပိုစစ်တယ် ဧည့်စစ်ရင်းနဲ့ အချို့ ဖုန်းတွေပါ စစ်ခံရပြီး အဖမ်းခံရတာမျိုး တွေလည်း ရှိတယ်၊ စစ်မှုထမ်းစာရင်းပါတယ် ဆိုပြီး လူငယ်လေးတွေကို အကြမ်းဖက်ခေါ်တာ မျိုးတွေလည်း ရှိလာတယ်” ဟု ပြောသည်။

မန္တလေးမြို့သို့ လာရောက် စစ်ရှောင်များနှင့် နယ်မြို့များမှ အလုပ်အကိုင်အတွက် လာနေသူများအနက် လူငယ်များကိုလည်း ဧည့်စာရင်းစစ် အများဆုံး ဖမ်းကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်သည် စစ်ရှောင်များနှင့် အခြားရွှေ့ပြောင်းနေထိုင်သူ အများအပြားရှိရာ စစ်ကောင်စီ၏ ဧည့်စာရင်း စစ်ဆေး ခြင်း၊ စစ်မှုထမ်းရန် ဖိအားပေးခေါ်ခြင်းနှင့် ဒဏ်ငွေရိုက်ခြင်းတို့ကြောင့် ပြည်သူတို့ အခက်ကြုံနေရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
102
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
28

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
48

စစ်ရှောင်ကူညီနေသူတဦးက “ဧည့်စစ်ဖမ်းရင် ဒဏ်ငွေဆိုပြီး အနည်းဆုံး ၅ သောင်းကနေ ၅ သိန်းလောက်ထိ တောင်း တယ်၊ မပေးရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်ပြောတယ်သိရတယ်၊ အခုက ထွေအုပ်အဖွဲ့၊ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ တွေက စစ်မှုထမ်းအကြောင်းပြ စီပွားရှာနေတာ အတော်လေးဆိုးတယ်ဗျာ၊ စစ်ရှောင်တွေမှာ တော်တော်လေးကို အခက်အခဲ ဖြစ်နေကြတယ်” ဟု ပြောသည်။

ဩဂုတ် ၁၇ ရက် က ချမ်းမြသာစည်မြို့နယ် ၁၁၁၊ ၁၁၂လမ်းကြား၊ ၇၁လမ်းရှိ ရပ်ကွက်၌ ဧည့်စာရင်းစစ်၍ လူငယ် ၂ ဦး ဖမ်းသွားသလို ည ၁၀ နာရီကျော် မဟာအောင်မြေမြို့နယ် ၄၂ လမ်းနှင့် ၄၁ လမ်းကြား ၊ ၇၉ လမ်းနှင့် လမ်း ၈၀ ကြား စစ်ကား ၅ စီးဖြင့် လူငယ်တဦးကို ရိုက်နှက်ဖမ်းသွားကြောင်း၊ ဩဂုတ် ၁၁ ရက် ညနေပိုင်းက ချမ်းမြသာစည်မြို့နယ် မြရည် နန္ဒာအိမ်ရာအတွင်း လူငယ်များကို ဖမ်းရာ Wifi တိုင်စိုက်နေသည့် ကုမ္ပဏီဝန်ထမ်းများပင် ပါသွားကြောင်း သိရသည်။

ထိုအခြေအနေများအပေါ် စစ်ကောင်စီ၏ မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရပေ။

မန္တလေးမြို့အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူတဦးကမူ လတ်တလော လုံခြုံရေးတင်းကျပ်ပြီး အင်အားဖြည့်ထားခြင်းမှာ မှန်ကန်သော်လည်း အရေးပေါ် အခြေအနေထုတ်ထားခြင်း မရှိသလို ဧည်စာရင်းစစ်ခြင်း၊ လမ်းပေါ်စစ်ဆေးခြင်းများမှာ မြို့လုံခြုံရေး အတွက် ပုံမှန်ဆောင်ရွက်နေကြောင်း၊ စစ်မှုထမ်းရန် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

မန္တလေးမြို့ခံ CDM တက္ကသိုလ်ကျောင်းဆရာတဦးက “အခုဖြစ်နေတာက ဆွဲထားလိုက်တယ် ပြီးရင် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်း တာမျိုးလည်းရှိတယ်၊ အချို့လည်း အကြမ်းဖက်နဲ့တရားစွဲ ပြီး ထောင်ချခံရတာမျိုးလည်း ရှိတယ်၊ ခေတ်ပျက်ရင် ဒီလို ပြဿနာတွေက အမြဲတမ်း ရှိတယ်၊ အခွင့်အရေးရရင် ရသလို လုပ်နေတာမျိုးတွေ”ဟု သုံးသပ်ပြောဆိုသည်။

ယခုအခါ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ မန္တလေးမြို့နှင့် ၁၀ မိုင်ဝန်းကျင်ခန့်သာ ကွာဝေးသည့် မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးအစပ် ကျေးရွာများအထိ တိုက်ပွဲများ ပြင်းထန်နေသဖြင့် တောင်ပြုန်းကျေးရွာနား အထိ တိုး၍ ခံစစ်ပြင်ထားသလို မြို့ထဲသို့ တိုက်ပွဲများ ရောက်ရှိမလာရေးအတွက် မြို့ဝင် စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးရေး တင်းကျပ်ထားပြီး ဧရာဝတီမြစ်အတွင်း စစ်သင်္ဘော၊ Speed Boat များဖြင့် ကင်းလှည့်နေကြောင်း ဒေသခံများထံက သိရသည်။

You may also like these stories:

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

မန္တလေးလုံခြုံရေး ဧရာဝတီမြစ်တွင်း စစ်သင်္ဘောဖြင့် ကင်းလှည့်

တိုက်ပွဲများကြောင့် မန္တလေးနှင့် ပြင်ဦးလွင် လုံခြုံရေး တင်းကျပ်

Your Thoughts …
Tags: စစ်မှုထမ်းစစ်ရှောင်ဖမ်းဆီးမန္တလေးလူငယ်ဧည့်စာရင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

Next Post
မောင်တောမြို့တွင်းကို AA ဝင်သိမ်းပြီး ပိတ်မိသူများကို ဆက် ကယ်ထုတ်

မောင်တောမြို့တွင်းကို AA ဝင်သိမ်းပြီး ပိတ်မိသူများကို ဆက် ကယ်ထုတ်

မြန်မာ့တော်လှန်ရေးအပေါ် အမြင်လွဲမှားမှုများ ပြောင်းလဲချိန်တန်ပြီ

မြန်မာ့တော်လှန်ရေးအပေါ် အမြင်လွဲမှားမှုများ ပြောင်းလဲချိန်တန်ပြီ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved