• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးလုံခြုံရေး ဧရာဝတီမြစ်တွင်း စစ်သင်္ဘောဖြင့် ကင်းလှည့်

by ဧရာဝတီ
19 July 2024
in သတင်း
A A
မန္တလေးလုံခြုံရေး ဧရာဝတီမြစ်တွင်း စစ်သင်္ဘောဖြင့် ကင်းလှည့်

အသစ်ဖွဲ့စည်းသည့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ် အောက်တိုဘာလက ရန်ကုန်မြစ်တွင်း တွေ့ရစဉ် (AFP)

4.8k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့အနီးထိ တိုက်ပွဲဖြစ်ပွားလာမှုကြောင့် စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်သည့်အနေဖြင့် ဧရာဝတီမြစ် အတွင်း၌ ဇူလိုင် ၁၇ ရက် ညနေပိုင်းမှစ၍ စစ်သင်္ဘော၊ အမြန်ကင်းလှည့်ရေယာဉ်များဖြင့် လှည့်လည် စောင့်ကြပ် နေကြောင်း ဒေသခံများထံက သိရသည်။

မရမ်းခြံဆိပ်ကမ်းအနီး နေထိုင်သူတဦးက “မြစ်ထဲမှာ စစ်သင်္ဘောတွေ၊ Speed Boat တွေနဲ့ ကင်းပတ်တာမျိုး အရင် ရက်တွေက မရှိဘူး။ မနေ့ကစပြီး တွေ့ရတာ။ ဂေါဝိန်ဆိပ်ကနေ သရက်တပင်ဆိပ်ဘက်ထိ ပတ်တာကို တွေ့ရတယ်၊ ဘာအကြောင်းနဲ့ ပတ်တာမျိုးလဲတော့ မသိဘူး၊ ဆိပ်ကမ်းမှာ ကပ်ထားတဲ့ စက်လှေတွေကိုတော့ မကြာမကြာ လက်နက် အပြည့်အစုံနဲ့လာပြီး စစ်ဆေးတာမျိုးတွေ ရှိနေတာကြာပြီ” ဟု ပြောသည်။

ကုန်းလမ်းမှ မန္တလေးမြို့တွင်းသို့ ဝင်နိုင်သည့် အရှေ့ဘက်ရှိ ၂၂ မိုင် ဇီးပင်ကြီး စစ်ဆေးရေးဂိတ်၊ ၁၆ မိုင် စစ်ဆေး ရေးဂိတ်၊ မြောက်ဘက်ရှိ ရွှေကျင်စစ်ဆေးရေးဂိတ်များအပြင် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုး နည်းအိမ်ရာ အရှေ့ဘက်နှင့် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းပေါ်ရှိ ပုသိမ်ကြီးမြို့နယ် လက်ကောင်း၊ သလဲကုန်းရွာ ထိပ်တို့တွင် စစ်ကောင်စီက တပ်စွဲပြီး ခရီးသွားများကို စစ်ဆေး၍ ပိုက်စိပ်တိုက်ရှာဖွေခြင်းများနှင့်အတူ မြို့ပတ်လမ်းများပေါ်ထိ လုံခြုံရေး တင်းကျပ်ကာ ကင်းများအထပ်ထပ် ချထားပြီး မြို့တွင်း၌ ကားများဖြင့်ပါ ပတ်ကင်းလှည့်ခြင်းများ ပြုလုပ် နေရာမှ ယခုအခါ ရေကြောင်းကပါ ကင်းလှည့်ခြင်း၊ ကမ်းနားများတွင် ဆိုက်ကပ်ထား သည့် ပုဂ္ဂလိကရေယာဉ်များ၊ သစ်ဖောင်များ၊ တွဲသင်္ဘောများကိုလည်း စစ်ဆေးခြင်းများ လုပ်လာခြင်းဖြစ်သည်။

CDM ပြုလုပ်ထားသော တက္ကသိုလ်ကျောင်းဆရာတဦးက “မြစ်ထဲမှာ စစ်သင်္ဘောတွေ ကင်းပတ်လဲ စစ်ရေးအရ ဘာမှ လုပ်လို့ မရနိုင်ဘူး။ အခုလိုလုပ်ပြတယ်ဆိုတာ မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ခြောက်တာမျိုးလို့ပဲ သုံးသပ်ရ မှာပေါ့။ တကယ်တမ်းကျ မန္တလေးမြို့ကို စစ်ရေးအရ ကာကွယ်ဖို့ဆိုရင် ဧရာဝတီမြစ်က အရေးမပါဘူး၊ လက်ရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းတို့ဆိုရင် ကျွန်းရွာတွေရှိတာပဲ။ ရေတပ်က သွားမှ မသွားရဲတာကို ကြည့်ပေါ့ဗျာ၊ ချင်းတွင်းမှာ လည်း ဒီအတိုင်းပဲ ရေတပ်က ဘာမှ လုပ်မရဘူး။ အဲဒါကြောင့် အခုလို လုပ်တာက ဟန်ရေးပြရုံ သက်သက်ပါပဲ” ဟု ပြောသည်။

ထို့ပြင် ဧရာဝတီမြစ်ကမ်းနား အနောက်တာရိုးနှင့် စိန်ပန်းအနောက်သင်္ဘောကျင်းဘက်တွင်လည်း ဇွန် ၂၆ ရက်မှ စတင် ပြီး အင်အားဖြည့်တင်းကာ လုံခြုံရေးတိုးမြှင့်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
6
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
51
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
18
မန္တလေး ဂေါဝိန်ဆိပ်ကမ်း

မတ္တရာမြို့နယ်ရှိ စက်လှေများကို ညောင်ကွဲဆိပ်ကမ်းတွင် ကမ်းကပ်ခွင့်မပေးတော့ဘဲ မော်တော်များကို ကမ်းအနီးနား သစ်ပင်၌ ကြိုးဖြင့်ချည်ခိုင်းပြီး မှတ်ပုံတင်များစစ်ဆေးခြင်း၊ လူကြီးထောက်ခံစာ၊ အိမ်ထောင်စုဇယားများကိုပါ တောင်း စစ်သည့်အပြင် မော်တော်များတွင် ရွာနာမည်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချပေးထားသော နံပါတ်များကို ဆေးသုတ် ခိုင်းကာ ဖိအားပေးပြောဆိုမှုများလည်းရှိကြောင်း မော်တော်ပိုင်ရှင်များကို ဆိုသည်။

ထို့အတူ ဇူလိုင် ၁၆ ရက်ကလည်း အင်အား၂၀ ခန့်ပါ စစ်ကောင်စီတပ်များသည် မရမ်းခြံဆိပ်ရှိ လိုင်းမော်တော်ပိုင် ရှင်များကို စစ်ဆေးမေးမြန်းမှုများပြုလုပ်၍ မိုးကုတ်ဘက်မှလာသည့် စစ်ရှောင်များအား မသင်္ကာပါက ချက်ချင်း သတင်းပေးပို့ရန်နှင့် ဆန်၊ ဆီများကို မိုးကုတ်အထက်ပိုင်းသို့ ပေးမတင်ရန်ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်သွား ကြောင်း သိရသည်။

အဆိုပါအခြေအနေများအပေါ် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး အား ဧရာဝတီမှ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဇွန် ၂၅ ရက်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တိုက်ပွဲများသည် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်သာမက
မန္တလေးမြို့ မြောက်ဘက်ခြမ်းရှိ ပုသိမ်ကြီး၊ မတ္တရာမြို့နယ်များအထိ ပြင်းထန်လာရာ အလယ်ပိုင်းတိုင်း စစ်ဌာ နချုပ် (လပခ)အခြေစိုက်သည့် မန္တလေးမြို့ထိ တိုက်ပွဲများ ရောက်ရှိမလာနိုင်စေရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကာ ယခုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်သည်။

မန္တလေးမြို့အနောက်ဘက်ခြမ်းတွင်ရှိသော ဧရာဝတီမြစ်တွင် အမရပူရမြို့နယ် ရွှေကြက်ယက်ဆိပ်ကမ်းမှ အောင်မြေ သာစံမြို့နယ် ညောင်ကွဲဆိပ်ကမ်းထိ ဆိပ်ကမ်း ၈ ခုထိ ရှိပြီး မန္တလေးဆိပ်ကမ်းမှ ဆန်၊ ကြက်သွန်၊ ဆီ၊ ဆား၊ ငရုတ်၊ ငပိ၊ ငါးခြောက်အပါအဝင် အဝတ်အထည်၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းများကို ရန်ကုန်၊ မုံရွာ၊ ရွှေဘို၊ သပိတ်ကျင်း၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ မြစ်ကြီးနား စသည့်မြို့ကြီးများသို့ တင်ပို့လျက်ရှိသည်။

မန္တလေးမြို့ခံတဦးက “မန္တလေးမြို့ရဲ့ ဧရာဝတီဆိပ်ကမ်းတွေက တောင်ဘက် အမရပူရ ရွှေကြက်ယက်ဆိပ်ကမ်းကနေ စတွက်မယ်ဆိုရင် ရွှေကြက်ယက်၊ သဲဆိပ်၊ ချော်ဆိပ်၊ ဂေါဝိန်ဆိပ်၊ ထင်းဝင်းဆိပ်၊ မရမ်းခြံဆိပ်၊ ၂၂ လမ်းဆိပ်၊ ညောင် ကွဲဆိပ်ဆိုပြီး ရှိတယ်။ အဓိက လူစီးနဲ့ကုန်တင်တာက မရမ်းခြံ၊ ဂေါဝိန်၊ ထင်းဝင်တို့က နာမည်ကြီးဆိပ်ကမ်းတွေပဲ၊ သင်္ဘောကျင်းရယ် ရေကြောင်းနဲ့ ပတ်သက်တာတွေကလည်း မရမ်းခြံ၊ ဂေါဝိန်၊ ထင်းဝင်တို့မှာပဲ ရှိတယ်” ဟု ပြော သည်။

မန္တလေးဆိပ်ကမ်းမှ တခြားမြို့များသို့ ကုန်ပစ္စည်းများတင်ပို့သည့် ကုန်တင်သင်္ဘောအစင်းရေ ၄၀၀ ကျော်ရှိပြီး ခရီး သည်နှင့် ကုန်စည်တင်ဆောင် ပြေးဆွဲနေသည့် ရှပ်ပြေးရေယာဉ် အစင်းရေ ၃၀၀ ကျော်ရှိကြောင်း စစ်ကောင်စီ လက် အောက်ခံရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရသိရပြီး လက်ရှိတွင် တိုက်ပွဲများနှင့်အတူ စက်သုံးဆီဈေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ထက်ဝက်ကျော်ခန့်မှာ ရပ်နားထားကြကြောင်း သိရသည်။

You may also like these stories:

ဆန်တအိတ် ကျပ် ၂ သိန်းကျော်၍ မိုးကုတ်ဒေသခံတို့ အလှူရှင် မျှော်နေရ

လေကြောင်းတိုက်ခိုက်မှုများကြား စဉ့်ကူးကို မန္တလေး PDF ဝိုင်းရံထား

TNLA ပူးပေါင်းတပ်တို့ မိုးမိတ်မြို့ပေါ် ဝင်ရောက်နေရာယူ

Your Thoughts …
Tags: ကင်းလှည့်စစ်သင်္ဘောစဉ့်ကူးမန္တလေးလုံခြုံရေးဧရာဝတီမြစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.7k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

by ဧရာဝတီ
28 November 2023
8.2k

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များက သံချပ်ကာယာဉ်များဖြင့် ဟန်ရေးပြခြင်း၊ စစ်ယာဉ် တန်းများ နံနက်နှင့် ညပိုင်းတို့၌ တကြိမ်စီ ကင်းလှည့်ခြင်း၊ ရဲစခန်းနှင့်ဌာနဆိုင်ရာ အဆောက်အအုံများအတွင်း အင်အား ဖြည့်တင်းကာ တပ်စွဲမှုများရှိ

အခိုင်အမာပြင်ထားသည့် ပျူစောထီး ထုံးကြီးစခန်း မန္တလေး PDF ရ

အခိုင်အမာပြင်ထားသည့် ပျူစောထီး ထုံးကြီးစခန်း မန္တလေး PDF ရ

by ဧရာဝတီ
19 July 2024
7.8k

ထုံးကြီးကျေးရွာ စစ်ကောင်စီစခန်းသိမ်းဖြစ်စဉ်တွင် စစ်တပ်မှ ဗိုလ်ထက်လွင်အောင်နှင့် စစ်သား ၈ ဦးသည် ထုံးကြီးမှ ရွာသာယာသို့ ရေကြောင်းမှ ထွက်ပြေးသွားပြီး ထုံးကြီးဥက္ကဋ္ဌပျူစောထီး ခေါင်းဆောင် ကျော်စိုး(ခ) အောင်ကျော်စိုးကို ဖမ်းမိခဲ့သလို ကျန်ရှိသည့် ပျူစောထီး ၄၉ ဦးမှာ...

လက်နက်ချရန်ကြိုးစားသည့် စဉ့်ကူး ပျူစောထီးခေါင်းဆောင် စစ်တပ်ဖမ်းဆီး

လက်နက်ချရန်ကြိုးစားသည့် စဉ့်ကူး ပျူစောထီးခေါင်းဆောင် စစ်တပ်ဖမ်းဆီး

by ဧရာဝတီ
11 July 2024
7k

စစ်သင်တန်းပေးပြီး လက်နက်များတပ်ဆင်ပေးထားသည့် စဉ့်ကူးနယ်မှ ပျူစောထီးများသည် ဇူလိုင်လဆန်းက ရွှေပြည် ရဲစခန်းသိမ်းတိုက်ပွဲဖြစ်ပွားချိန်ကတည်းက ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး

မန္တလေးမှ တက်လာသည့် စစ်သင်္ဘောများ ရွှေကူသို့ ရောက်လာ

မန္တလေးမှ တက်လာသည့် စစ်သင်္ဘောများ ရွှေကူသို့ ရောက်လာ

by ဧရာဝတီ
5 September 2024
4.7k

စစ်သင်္ဘောများသည် ဂျက်ဖိုက် တာဖြင့် လုံခြုံရေးယူကာ ဝဲယာမြစ်ကမ်းဘေးရွာများအား စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကချင်ပြည် နယ်၊ ရွှေကူမြို့နယ်တွင်းသို့ ရောက်ရှိနေပြီ

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

by ဧရာဝတီ
18 July 2025
4.7k

မန္တလေးမြို့ ကမ်းနားလမ်းပေါ်ရှိ ဂေါဝိန်ဆိပ်နှင့် ရတနာပုံသင်္ဘောကျင်းများမှ ထွက်ခွာလာသည့် စစ်သင်္ဘောများ အပါအဝင် ရေယာဉ် အစီး ၂၀ ကျော်သည် လေကြောင်းပစ်ကူများဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာရာ ယနေ့ နံနက် ၁၁ နာရီကျော်၌ စဥ့်ကူးမြို့နယ် ပေါက်ကုန်းကျေးရွာသို့...

Next Post
ဗိုလ်ချုပ် အောင်ဆန်းကို မှတ်မိကြသေးရဲ့လား…

ဗိုလ်ချုပ် အောင်ဆန်းကို မှတ်မိကြသေးရဲ့လား...

တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာပြည် ဆိုးရွားစွာ ထိခိုက်နစ်နာဖူးသည်

တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာပြည် ဆိုးရွားစွာ ထိခိုက်နစ်နာဖူးသည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved