• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးဗြဲအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးအခြေအနေ တင်းမာ

by ဧရာဝတီ
9 February 2023
in သတင်း
A A
မိုးဗြဲ PDF  တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်  / Mobye PDF

မိုးဗြဲ PDF တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ် / Mobye PDF

2.3k
VIEWS
Share on FacebookShare on Twitter

ရှမ်းနှင့် ကယားပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ အနီး တိုက်ပွဲများဖြစ်ပွားနေရာ ယခုအခါ စစ်ကောင်စီတပ်နှင့် ကရင်နီ မဟာ မိတ်တပ်ဖွဲ့တို့ကြား ဆက်လက်စစ်ရေးတင်းမာလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရှိရ သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၈ ရက်) နံနက် ၉ နာရီမှ ညနေ ၄ နာရီကျော်အထိ စစ်ကောင်စီတပ်နှင့် ကရင်နီလက်နက်ကိုင် တပ်ဖွဲ့တို့ကြား စက်တော်ရာတောင်အနီးတွင် ၇ နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ အသေ အပျောက်များ ရှိခဲ့ကြောင်း ကရင်နီ မဟာမိတ်အဖွဲ့များထံက သိရသည်။

လက်ရှိတွင် အဆိုပါ တောင်ကုန်း၌ ရှိနေသေးရာ စောင့်ကြည့်အနေအထားဖြင့် စစ်ရေးတင်းမာလျက်ရှိနေကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ဧရာဝတီသို့ ပြောသည်။

“စစ်ရေး အခြေအနေကတော့ တင်းမာနေတုန်းပဲ။ သူတို့လည်း ဆုတ်ခွာသွားတာ မရှိသေးဘူး။ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၇ ရက် ညတွင် လွိုင်ကော်မြို့မှ မိုးဗြဲမြို့သို့ သံချပ်ကာကား ၁ စီး အပါအဝင် အင်အား ၁၀၀ ခန့် ထပ်မံဖြည့်တင်းလာသဖြင့် မိုးဗြဲမြို့အစွန်ဖြစ်သည့် မြို့၏ အနောက်တောင်ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်ကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

အဆိုပါ တိုက်ပွဲတွင် ဖယ်ခုံမြို့အခြေစိုက် စစ်တပ်၊ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်နှင့် ဝါရီဆူးပလိုင်တွင် တပ်စွဲထား သော စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ကူသည့် လက်နက်ကြီးများအနက် ၃ လုံးသည် စစ်ကောင်စီတပ်များ တပ်စွဲထားသော စက်တော်ရာတောင် ပေါ်ကို ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၅ ဦးခန့် သေဆုံးခဲ့ကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့က အတည်ပြုပြောဆိုသည်။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်နေကောင်းက “ပစ်ချင်တာက ကျနော်တို့ကို ပစ်ချင်တာပဲ။ စစ်ကောင်စီ ပစ်လာ တဲ့ လက်နက်ကြီးက ကျနော်တို့ကို မထိဘဲ လွဲပြီးတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ တောင်တည့်တည့်ကို သွား ကျတာပေါ့။ Battle ဖြစ်တဲ့ ပုံစံမျိုးဆိုတော့ စစ်ကောင်စီတပ်ကို မြင်ရတယ်။ ပြီးတော့ ဒရုန်းနဲ့လည်း ထောက်လှမ်း ကြည့်တာမျိုးတွေနဲ့ တွေ့ရတာမျိုးတွေ ဖြစ်တယ်။ သေတယ်ဆိုတာ အတည်ပြုနိုင်တယ်” ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147

ထိိုသို့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိသည်ဆိုသည့် အခြေအနေအသေးစိတ်ကို ဧရာဝတီအနေဖြင့် သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားနေသည့် အတွက် မိုးဗြဲ- ပီကင်းရွာလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်းနှင့် ဒေသခံ ပြည်သူများ နေရပ်သို့ ပြန်မလာကြသေးရန် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေး ပြောဆိုထားသည်။

မိုးဗြဲမြို့ နှင့် အနီးတဝိုက်ရှိ ပြည်သူများသည် တိုက်ပွဲဖြစ်ပွားသည်နှင့် စစ်ရှောင်ပြေးရသည့်ကာလမှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ စားနပ်ရိက္ခာ အဓိက လိုအပ်နေကြောင်း ဒေသခံများ က ဆိုသည်။

မိုးဗြဲ စစ်ရှောင် ဒေသခံတဦးက “အခက်အခဲကတော့ အများကြီးရှိနေတယ်။ အဓိကတော့ စားရေးသောက်ရေးပေါ့။ အခုပြေးတာ ဘယ်နှခေါက်မြောက်လဲတောင် မမှတ်မိပါဘူး။ ခဏခဏ ပြေးနေရတော့။ အခြေအနေ ငြိမ်သွားရင် အိမ် ကိုပြန်တယ်။ ပြန်ဖြစ်ရင် ပြန်ပြေးပေါ့။ မိုးဗြဲရဲစခန်း ဖြစ်ကတည်းက ပြေးရတာ ခဏခဏပဲ။ တရွာပြီး တရွာ လိုက်ရှောင် နေရတာ။ မြန်မြန်ငြိမ်းချမ်းစေချင်ပြီ။ ခဏခဏ ပြေးနေရတာ ကလေးငယ်ငယ်လေးက ရှိနေတော့ အဆင်မပြေဘူး လေ” ဟု ပြောသည်။

ယမန်နေ့က တိုက်ပွဲတွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ လွိုင်ကော် PDF နှင့် KNDF B-03 တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MBPDF မှ မြို့ပြအဆင့်ထိ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် လိုအပ်နေသော လက်နက်ခဲ ယမ်းများ ဖြည့်နိုင်ရေးကို ကူညီပံ့ပိုးပေးစေလိုကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာ အနီးတဝိုက်တွင် အသွားအလာ မပြုလုပ်ကြရန် MBPDF က အထူး သတိပေးထားသည်။

You may also like these stories :

စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်

စစ်ကောင်စီ သက်တမ်းတိုးမှု အကြမ်းဖက်မှုသာ တိုးလာနိုင်ဖွယ်ရှိ

Your Thoughts …
Tags: စစ်ကောင်စီတပ်တိုက်ပွဲမိုးဗြဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

Next Post
လွိုင်ကော်မြို့၊ အရှေ့ဘက်ခြမ်းက ဆင်စခန်း စစ်ဘေးရှောင်စခန်းကို ဖေဖော်ဝါရီ ၃ ရက်က စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၍ စာသင်ကျောင်းနှင့် ဆေးပေးခန်းများ ပျက်စီးနေမှုကိုတွေ့ရစဉ်  / CJ

စစ်တပ်ကြောင့် ကယားပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ ၈၀ ကျော် ပျက်စီး

Facebook တောင် လွတ်လွတ်လပ်လပ် သုံးခွင့်မရှိတော့ဘူး (ရုပ်/သံ)

Facebook တောင် လွတ်လွတ်လပ်လပ် သုံးခွင့်မရှိတော့ဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved