• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သက်ဆင်ကို ဘန်ကောက်နေအိမ်တွင် ဟွန်ဆန် သွားရောက်တွေ့ဆုံ

by ဧရာဝတီ
21 February 2024
in သတင်း
A A
သက်ဆင်ကို ဘန်ကောက်နေအိမ်တွင် ဟွန်ဆန် သွားရောက်တွေ့ဆုံ

ကမ္ဘောဒီးယား အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ မစ္စတာ ဟွန်ဆန်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ် / Samdech Hun Sen / Facebook

2k
VIEWS
Share on FacebookShare on Twitter

ကမ္ဘောဒီးယား အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ မစ္စတာ ဟွန်ဆန်သည် သူ၏မိတ်ဆွေ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်ကို ဘန်ကောက်ရှိ သူ၏နေအိမ်တွင် တင်းကျပ်သော လုံခြုံရေးအစီအမံများကြားမှ ဗုဒ္ဓဟူးနေ့ နံနက်တွင် သွားရောက် တွေ့ဆုံသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဟွန်ဆန်သည် ဗုဒ္ဓဟူးနေ့တွင် လေယာဉ်ပေါ်၌ ရိုက်ကူးထားသည့် ဓာတ်ပုံ နှစ်ပုံကို ဆန်ဒက်ဟွန်ဆန် Facebook စာမျက်နှာတွင်တင်ပြီး ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံသို့ သွားနေကြောင်း ရေးသားသည်။

ဗုဒ္ဓဟူးနေ့နံနက်တွင် မစ္စတာ ဟွန်ဆန်သည် ဒွန်မောင်းလေဆိပ်သို့ ရောက်ပြီးနောက် မစ္စတာ သက်ဆင်၏ ဘန်ဖလပ်ခရိုင်မှ ဘန်ချန်ဆောင်လ နေအိမ်သို့ မာစီးဒီးဘင့်ဇ်ကားဖြင့် ထွက်ခွာသွားသည်။

သက်ဆင်၏ အငယ်ဆုံးသမီး ဖွေထိုင်းပါတီခေါင်းဆောင် မစ္စ ပေတောင်တန် ရှင်နာဝပ်လည်း ထိုအိမ်တွင် ရောက်နေသည်။ တင်းကျပ်သော လုံခြုံရေးကို မစ္စတာ ဟွန်ဆန် ရောက်လာချိန်တွင် ပိုမိုတင်းကျပ်ထားသည်။

သတင်းထောက်များ အိမ်ရှေ့တွင် စုဝေးနေသော်လည်း မည်သူကိုမှ အတွင်းသို့ ဝင်ခွင့်မပေးပေ။

ထို့နောက် မစ္စတာ ဟွန်ဆန်က ဗုဒ္ဓဟူးနေ့တွင် ၎င်းတို့ နှစ်ဦး ရိုက်ကူးထားသည့် ဓာတ်ပုံ ငါးပုံတင်သည်။ “ဝန်ကြီးချုပ်ဟောင်း နှစ်ဦးတွေ့ဆုံတယ်။ နိုင်ငံရေးအကြောင်း မပြောဘူး။ ၃၂ နှစ်ကြာ ခင်မင်မှု အမှတ်တရတွေ ပြောကြတယ်” ဟုလည်း ၎င်းကရေးသည်။

သူ့ကို နွေးထွေးစွာကြိုဆိုသည့်အတွက် မစ္စတာ ဟွန်ဆန်က သက်ဆင်နှင့် ပေတောင်တန်ကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ကမ္ဘောဒီးယားသို့ အလည်လာရန် ပေတောင်တန်ကို ဖိတ်ခေါ်သည်။

သက်ဆင်၏ အငယ်ဆုံးသမီး ဖွေထိုင်းပါတီခေါင်းဆောင် မစ္စ ပေတောင်တန် ရှင်နာဝပ်လည်း ထိုအိမ်တွင် ရောက်နေသည်/ The Nation

မစ္စတာ ဟွန်ဆန်သည် သက်ဆင်၏နေအိမ်မှ နေ့လယ် ၁ နာရီခန့်တွင် ပြန်လည်ထွက်ခွာပြီး ဒွန်မောင်းလေဆိပ်သို့ တိုက်ရိုက်ပြန်၍ သူ၏လေယာဉ်ပေါ်တက်ကာ ကမ္ဘောဒီးယားသို့ ပြန်သည်။ လေဆိပ်သို့ သွားသည့်လမ်းတွင် မည်သည့်နေရာတွင်မှ ရပ်ဆိုင်းခြင်း မရှိပေ။

အသက် ၇၄ နှစ်ရှိပြီဖြစ်သော မစ္စတာ သက်ဆင်နှင့် အသက် ၇၁ နှစ်ရှိပြီဖြစ်သော မစ္စတာ ဟွန်ဆန်တို့သည် နှစ်ပေါင်းများစွာ အာဏာရစဉ်ကတည်းက ခင်မင်မှုရှိသည်။ ကမ္ဘောဒီးယားအာဏာရှင် မစ္စတာ ဟွန်ဆန်သည် သက်ဆင်၏ ကျန်းမာရေးအပေါ် ပုဂ္ဂလိက စိုးရိမ်မှုကြောင့် သူ၏နေအိမ်တွင် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၀၆ ခုနှစ်မတိုင်မီ အာဏာရနေစဉ်က အကျိုးစီးပွား ပဋိပက္ခနှင့် အာဏာအလွဲသုံးစား လုပ်မှုများအတွက် ထောင် ရှစ်နှစ် ချခံရပြီးနောက် ထောင်ဒဏ်ကို ထိုင်းဘုရင်၏ ကင်းလွတ်ခွင့်ဖြင့် တနှစ်အထိ လျှော့ပေးခံရသည့် မစ္စတာ သက်ဆင်သည် သူ့ကိုချမှတ်ခဲ့သည့် ထောင်ဒဏ်တနှစ်၏ ထက်ဝက်ကျခံပြီးနောက် တနင်္ဂနွေနေ့တွင် ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။ ထောင်ကျသည့် ခြောက်လလုံးတွင် ဘန်ကောက်ရှိ ရဲဆေးရုံတွင်သာ နေထိုင်ခဲ့သည်။

ရောဂါအမျိုးမျိုးကြောင့် ကုသမှုခံယူရပြီး ထိုင်းရဲတပ်ဖွဲ့ဆေးရုံမှ တနင်္ဂနွေနေ့တွင် ဆင်းလာပြီးနောက် ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်၏ကျန်းမာရေးသည် အမျိုးမျိုး ခန့်မှန်းပြောဆိုစရာ ဖြစ်နေသည်။

အသက် ၇၄ နှစ်ရှိပြီဖြစ်သော သက်ဆင် မည်သည့်အတွက် မကျန်းမာသည်နှင့် ပတ်သက်ပြီး ထောင်အာဏာပိုင်များနှင့် ဆရာဝန်များက လူနာအပေါ် စောင့်ထိန်းရမည့် တာဝန်အရ လွန်ခဲ့သော ခြောက်လအတွင်း အနည်းငယ်သာ ပြောကြားခဲ့သည်။

အချုပ်က ပြန်လွတ်အပြီး ဘန်ကောက်အိမ်ရှိ ရေကူးကန်နဘေးက သက်ဆင်/Bangkok Post

သို့သော် အင်္ဂါနေ့တွင် သက်ဆင်၏သမီး ပေတောင်တန် ရှင်နာဝပ်က သူ့ဖခင်ကျန်းမာရေးနှင့် ပတ်သက်ပြီး ဖွေထိုင်းပါတီ အစည်းအဝေးတခုတွင် ပြောခဲ့သည်။ ထိုပါတီသည် မစ္စတာ သက်ဆင် ထူထောင်ခဲ့ပြီး ယခုအခါ သူ့သမီး ဦးဆောင်နေသည့် ပါတီဖြစ်သည်။

သူ့သမီးက Instagram တွင်တင်သောဓာတ်ပုံများတွင် သက်ဆင်သည် လည်ပင်းစည်းကိရိယာနှင့် လက်သိုင်းကြိုး ဝတ်ဆင်ထားသည်။ ထိုဓာတ်ပုံများသည် သရုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ဖွေထိုင်းပါတီ ပြောခွင့်ရသူက ပြောသည်။

လည်ပင်းစည်း ကိရိယာသည် သက်ကြီးရွယ်အိုများတွင် အဖြစ်များသည့် ကျောရိုးထိခိုက်မှုကြောင့် လည်ပင်းတွင် ခံစားရသည့် ကျီးပေါင်းရောဂါကြောင့်ဖြစ်ကြောင်းနှင့် လက်သိုင်းကြိုးမှာ အရွတ်ရောဂါကြောင့်ဖြစ်ကြောင်း မစ္စ ပေတောင်တန်က အထက်ပါ အစည်းအဝေးတွင် ပြောသည်ဟု ပြောခွင့်ရသူ ဒနုပွန်ပန်နာကာတာက ပြောသည်။

ဆေးရုံတက်နေစဉ်က သက်ဆင်သည် အရွတ်ရောဂါအတွက် ခွဲစိတ်မှုခံယူခဲ့ပြီး လေ့ကျင့်ခန်းလုပ်ရန် အခွင့်အလမ်း မရသောကြောင့် ပျောက်ကင်းမှု နှေးကွေးကြောင်း မစ္စ ပေတောင်တန်ပြောသည်ဟု အထက်ပါ ပြောခွင့်ရသူက ပြောသည်။

ထိုသို့သောရောဂါများအပြင် သက်ဆင်သည် ကိုဗစ်နိုင်တင်း သုံးကြိမ်ခံစားရသောကြောင့်လည်း အားနည်းနေပြီး ကိုဗစ်နိုင်တင်း၏ ရှည်ကြာသော သက်ရောက်မှုများကို ခံစားနေရဆဲဖြစ်ကြောင်း ဒနုပွန်က ပြောသည်။

သက်ဆင်သည် နိုင်ငံရေးသမားများကို အကြံပေးရန်အတွက် သူ့ကျန်းမာရေး ပြန်လည် ကောင်းလာမည်ဟု မျှော်လင့်နေကြောင်းလည်း အထက်ပါ ပြောခွင့်ရသူပြောသည်ဟု ပြည်တွင်းသတင်းများက ဖော်ပြသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

ကိုးကား ။ ။ Bangkok Post သတင်း Hun Sen visits Thaksin at his Bangkok home နှင့် Thaksin prepares to welcome Hun Sen

သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ

Move Forward ပါတီကို သက်ဆင် ချီးကျူး

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဆုတံဆိပ်များ ရုပ်သိမ်းခံရ

သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ

Your Thoughts …
Tags: ကမ္ဘောဒီးယားထိုင်းပေတောင်တန် ရှင်နာဝပ်ဖွေထိုင်းပါတီသက်ဆင်ဟွန်ဆန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

by ဧရာဝတီ
31 March 2024
16.4k

ဘယ်မြင်းကိုလောင်း ဘယ်သူနှင့် ပေါင်းရမည်ကို သက်ဆင်က ကောင်းကောင်း သိသည်ဟု ဆိုရမည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

Next Post
အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

မြန်မာမြောက်ဖျားမှ ပျောက်ကွယ်လုနီး လူမျိုးစု

မြန်မာမြောက်ဖျားမှ ပျောက်ကွယ်လုနီး လူမျိုးစု

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved