• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ

by Karim Raslan
12 March 2019
in ဆောင်းပါး
A A
၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ ထွက်ပြေးခဲ့ရသည့်တိုင် သက်ဆင်ရှင်နာဝပ်ထရာက ထိုင်းနိုင်ငံရေးကို လွှမ်းမိုးချုပ်ကိုင်နိုင်ဆဲ ဖြစ်သည် / Reuters

၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ ထွက်ပြေးခဲ့ရသည့်တိုင် သက်ဆင်ရှင်နာဝပ်ထရာက ထိုင်းနိုင်ငံရေးကို လွှမ်းမိုးချုပ်ကိုင်နိုင်ဆဲ ဖြစ်သည် / Reuters

9.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံရေးကို လူတယောက်က နှစ်ပေါင်း ၂၀ ကျော်ကြာအောင် လွှမ်းမိုးထားသည်။ လက်ရှိ ဘုရင် ဗာဂျီရလောင်ကွန်း မဟုတ်ပါ။ သူက လားလားမှ မဆိုင်သည့် ကံဆိုးသူတယောက်ဖြစ်သည်။ ရည်မှန်းချက်ကြီးသည့် စစ်ဘက် ခေါင်းဆောင် ပရာယွတ်ချန်အိုချာကလည်း ဘုရင့်နိုင်ငံ၏ ခေတ်ပြိုင်သမိုင်းတွင် အောက်ခြေမှတ်စု တခုအဖြစ်မျှ သတ်မှတ်ခံရရန် အပတ်တကုတ် ကြိုးစားနေသည်။

အထက်တန်းလွှာများက မုန်းတီးသူ၊ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းရှင် ဘီလီယံနာ ဘဝမှ နိုင်ငံရေးသမား ဘဝ သို့ ကူးပြောင်းလာခဲ့သူ၊ ပမာမခန့်နိုင်လှသည့် (၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ) သက်ဆင်ရှင်နာဝပ်ထရာက ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ ထွက်ပြေးခဲ့ရသည့်တိုင် ဆက်လက် ထိုင်းနိုင်ငံရေးကို လွှမ်းမိုးချုပ်ကိုင်နိုင်ဆဲ ဖြစ်သည်။

သူ၏ ထောက်ခံမှုကို ရရှိသည့် နိုင်ငံရေးပါတီများ (Pheu Thai ဖြစ်စေ သို့မဟုတ် ၎င်း၏ ယခင်ပါတီများ ဖြစ်သော Thai Rak Thai နှင့် People’s Power ပါတီများ ဖြစ်စေ) က ၂၀၀၁ ခုနှစ်မှစ၍ အမျိုးသား ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့သည်။ လွန်ခဲ့သော ၁၁ နှစ်မှ စပြီး အသက် ၆၉ နှစ်အရွယ် သက်ဆင်သည် ထိုင်းဘုရင့်နိုင်ငံ အတွင်းသို့ တရားဝင် တကြိမ်တခါမျှ ခြေမချခဲ့ပါ။ သို့သော်လည်း သူ၏ တည်ရှိမှု (သို့မဟုတ် ပျက်ကွက်မှု) က ထိုင်းနိုင်ငံရေး ဘဝတွင် အနက်ဖွင့်ဆိုစရာ အကြောင်းတခုအဖြစ် ရှိနေဆဲ ဖြစ်ပါသည်။

ပြည်သူတို့၏ စိတ်အတွေးတွင် ထိုကဲ့သို့ ခိုင်မာသော ချုပ်ကိုင်မှုမျိူးကို သက်ဆင်ရှင်နာဝပ်ထရာက မည်သို့၊ မည်သည့်အတွက်ကြောင့် ပြုလုပ်နေပါသနည်း။

သူ၏ ဆွဲဆောင်မှု အများစုက မကြုံစဖူး ပေါ်ထွက်လာသည့် မူဝါဒများ (သက်ဆင်နောမစ် Thaksinomics ဟုလည်း ခေါ်ကြသည်) ထဲတွင် အမြစ်တွယ်နေသည်။ အဆိုပါမူဝါဒများကို သူ၏ ဝန်ကြီးချူပ် သက်တမ်းအတွင်းတွင် စတင်ခဲ့သည်။ ၁၉၉၈ ခုနှစ် အာရှ ဘဏ္ဍာရေး အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရပြီး ၃ နှစ်ကြာသည့် အချိန်တွင် အာဏာရလာခဲ့သော သက်ဆင်က ပျက်စီးနေသည့် စီးပွားရေးတခု ပြန်လည်အားကောင်းလာစေရေးဆိုသည့် မီးရှူးမီးပန်း (အများကြိုက် မီးရှူးမီးပန်းတခု)နှင့် အတူ အစိုးရရုံးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရုံးခန်းသို့ သူရောက်ပြီး တနှစ်အတွင်း မှာပင် GDP တိုးတက်မှုက ၆.၁၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။

ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ် ထပ်လုပ်ချင်နေသော ဗိုလ်ချုပ်ကြီး ပရာယွတ်/Reuters

ကာလရှည်ကြာစွာ ဥပေက္ခာပြုခဲ့ခဲ့ရသည့် ကျေးလက်ပြည်သူလူထုကို ဦးတည်၍ သက်ဆင်ရှင်နာဝပ်ထရာက ကြီးမားသည့် အသေးစားချေးငွေ စနစ်တခု (ကျေးရွာတရွာလျှင် ရံပုံငွေ ဘတ် ၁ သန်းပေးသည့် အစီအစဉ်) ကို တည်ထောင်ခဲ့သည်။ ထို့ပြင် ဘတ် ၃၀ မူဝါဒ (ထိုင်းနိုင်ငံ၏ ပထမဆုံးဖြစ်သော အားလုံးကို လွှမ်းခြုံသည့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်) က ယခုအချိန်အထိ သူ့ကို အမာခံ ထောက်ခံနေသူများဖြစ်ကြသည့် လယ်သမားတို့၏ ဘဝကို ပြောင်းလဲပေးခဲ့သည်။ အထူးသဖြင့် မဲဆန္ဒရှင် ပေါများသည့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း(အိစန် Isan ဟုလည်းသိကြသည်) ဒေသများတွင် ဖြစ်သည်။ ထိုအချိန်မှစ၍ အခြားခေါင်းဆောင်များကလည်း သက်ဆင်၏ လူကြိုက်များသည့် ပုံစံကို ထပ်တူပြုလုပ်ရန် သို့မဟုတ် သူ့ထက်သာရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း သူကဲ့သို့ ကြီးမားသော အောင်မြင်မှုရရန် မလုပ်နိုင်ခဲ့ကြပါ။

ထိုင်းနိုင်ငံက ၈ နှစ်အတွင်း ပထမဆုံးအဖြစ် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲများ မြန်မြန်ဆန်ဆန် နီးကပ်လာနေသည့် လက်ရှိအချိန်ထိတိုင် ဒူဘိုင်းတွင် အခြေစိုက်နေရသည့် သက်ဆင်ရှင်နာဝပ်ထရာမှာ ဆန့်ကျင် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ပြန်လည်ရေးဆွဲထားသည့် အခြေခံဥပဒေတခုက ရှေးရိုးစွဲများနှင့် စစ်တပ်ကို လွှတ်တော်အတွင်းတွင် နောက်ထပ် အခွင့်အာဏာများ ပေးပြီး ဒီမိုကရေစီနည်းကျ ထွက်ပေါ်လာသည့် မည်သည့် ရလဒ်ကို မဆို ထိုးနှက်နေသည်။

သက်ဆင်က ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ အံ့အားသင့်ဖွယ်ရာ ရွှေ့ကွက်တခု အနေဖြင့် သူ၏ နိုင်ငံရေး ယာဉ်များထဲမှ တခုဖြစ်သည့် Thai Raksa Chart (TRC) ပါတီက ဘုရင်၏ အကြီးဆုံးအမဖြစ်သော ဦးဘိုလ်ရတနာ Ubolratana မင်းသမီးကို ၎င်းတို့၏ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းရန် ကြိုးစားခဲ့သည်။

သို့သော်လည်း အလွန်ပင် အငြင်းပွားဖွယ်ရာဖြစ်သည့် ထိုလုပ်ရပ်က ဘုရင့်နန်းတော်မှ အလျှင်အမြန် အပြစ်တင် ဝေဖန်ခြင်း ထွက်ပေါ်လာစေခဲ့သည်။ နောက်ပိုင်းတွင် မင်းသမီး၏ ကိုယ်စားလှယ်လောင်း ဖြစ်ခွင့် ငြင်းပယ်ခံခဲ့ရသည်မှာ အံ့အားသင့်စရာ မဟုတ်ပါ။ ထိုသို့သော စိတ်ပျက်စရာများအပြင် ပြီးခဲ့သည့်အပတ် အစောပိုင်းတွင် အခြေခံ ဥပဒေခုံရုံးက (TRC) ပါတီကို ဖျက်သိမ်းစေခဲ့သည်။

ဆိုရှယ်မီဒီယာခေတ်တွင် မှတ်ဉာဏ်များက တိုတောင်းလှပါသည်။

အလယ်ပိုင်းလွင်ပြင်ဒေသ ဖိဆန်နူလွတ် Phitsanulok မြို့မှ အလှကုန်နှင့် အဝတ်အစားဆိုင်ပိုင်ရှင် အသက် ၂၄ နှစ် အရွယ် ကလေးတယောက် မိခင်တဦးဖြစ်သည့် နီရာဒါ အင်ရူယံ Nirada Inruang ကဲ့သို့သော သာမန် ပြည်သူ များက ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဆန့်ကျင်သော်လည်း ပြည်ပရောက် ဘီလီယံနာကြီးနှင့် ပတ်သက်၍လည်း စိတ်အားထက်သန်ရန် ခက်ခဲနေသည်။

“ကျမ သက်ဆင်ကို မဲပေးမှာ မဟုတ်ပါဘူး။ ကျမရဲ့ မျိုးဆက်က သူနဲ့ ဆက်စပ်ကြည့်ဖို့ ခက်ခဲပါတယ်။ သူ ဝန်ကြီးချုပ် ဘဝနဲ့ ရှိနေတဲ့ အချိန်တုန်းက ကျမတို့က နိုင်ငံရေးဆိုတာကို နားလည်ဖို့ ငယ်လွန်းပါသေးတယ်။ သူပြည်ပကို ထွက်သွားတဲ့ အချိန်မှာကျမက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။ ပိုက်ဆံတွေ ထုတ်ပေးတာက ကျမတို့ရဲ့ ထောက်ခံ မှုကို ရမှာမဟုတ်ပါဘူး။ အဲဒီနည်းလမ်းက အလုပ်မဖြစ်တော့ပါဘူး”ဟု သူက ရှင်းပြသည်။

နီရာဒါ အင်ရူယံကဲ့သို့သော သာမန် ပြည်သူများက အတိတ်ထက် အနာဂတ်ကို မျှော်ကြည့်သည်/ Team Ceritalah

၎င်းအစား သူက Future Forward Party (FFP) နှင့် ရုပ်ခပ်ချောချော အသက် ၄၀ အရွယ် ပါတီခေါင်းဆောင် သနာထုန် ဂျွန်ဂရွန်းဂရူယံကစ် Thanathorn Juangroongruangkit (အိက် Ake ဟု ပို၍သိကြသည်) ကို မဲပေးရန် ဆုံးဖြတ်ထားသည်။

နီရာဒါသည် ထိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် မဲပေးမည့်သူ ၇ သန်းထဲမှ တဦး အပါအဝင်ဖြစ်သည်။ သူတို့ သည် ၂၀၁၄ ခု နှစ်တွင် သက်ဆင်၏ ညီမဖြစ်သူ ယင်လပ် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည့် နောက်ပိုင်းတွင် နိုင်ငံရေး နှင့် ပိုမို သိရှိ နားလည်လာကြသူများလည်း ဖြစ်သည်။

ဖွံ့ဖြိုးမှု နိမ့်ပါးခြင်းနှင့် အခွင့်အရေးများ အကန့်အသတ်ရှိနေသည့် ကာလတခုအတွင်း နေထိုင်ခဲ့ကြရသည့် ထိုင်းနိုင်ငံသား အများအပြားသည် အဓိပ္ပါယ်ပြည့်ဝသော အပြောင်းအလဲများကို ဖော်ဆောင်ပေးရန် အစိုးရ၏ ပျက်ကွက်မှုကြောင့် ပို၍ စိတ်ပျက်လာခဲ့ကြသည်။ ဆေးဝါးကျွမ်းကျင်သူတယောက် ဖြစ်လာရေးအတွက် မျှော်လင့်ထားခဲ့သော နီရာဒါအတွက် အနာဂတ်က များစွာ တောက်ပနေသည့် အသွင်မရှိပါ။ လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူများကို စိတ်ပျက်စေခဲ့ခြင်းအတွက် ကြီးမားစွာ ပြန်လည်ပေးဆပ်ရနိုင်ပါသည်။

ထို့ပြင် ထောင်စုနှစ်လူငယ် မဲဆန္ဒရှင် အများစုမှာ ယခုဆယ်စုနှစ်၏ ပထမပိုင်းတွင် ထိုင်းနိုင်ငံ (အထူးသဖြင့် ဘန် ကောက်မြို့) ကို ကြီးစိုးထားခဲ့သည့် ရှပ်နီနှင့် ရှပ်ဝါ အင်အားစုများကြား တချိန်က ရှိခဲ့သော ပဋိပက္ခကြောင့် စိတ်ပျက်ခဲ့ကြရသူများ ဖြစ်သည်။

ထိုအချိန်တွင် သက်ဆင်နှင့် တူထူးခြားခြား တူညီနေပုံရသည့် Ake က အသိအမှတ်ပြုလောက်စရာ အတိုင်းအတာတခု ရှိသည့် စိတ်လှုပ်ရှားမှုကို ပေးနိုင်ခဲ့သည်။ သူနှင့် သူ၏ အဖွဲ့က ဆိုရှယ်မီဒီယာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုသည်။

စတင်တည်ထောင်သည့် နှစ်မှ စတင်၍ FFP က ထိုင်းမဲဆန္ဒရှင်များ၏ လိုအင်ဆန္ဒ အပေါ်တွင် တိုက်ရိုက်ပစ်မှတ်ထားသည်။ သူတို့က ဗဟိုချုပ်ကိုင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လျှော့ချရန်၊ ဝင်ငွေ မညီမျှမှုကို ပယ်ဖျက် သို့မဟုတ် လျှော့ချပေးနိုင်မည့် မူဝါဒများနှင့် ကာကွယ်ရေး ဘတ်ဂျက် ဖြတ်တောက်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။

TRC ဖျက်သိမ်းခြင်းနှင့် အတူ မဲဆန္ဒရှင်များက FFP ဘက်သို့ ရွှေ့ပြောင်းသွားသည့် ရလဒ်ကို ထွက်ပေါ်ကောင်းထွက် ပေါ်စေနိုင်ပါသည်။ အထူးသဖြင့် Ake နှင့် သူ၏ ပါတီက ထိုကဲ့သို့သော အင်အားကောင်း၍ အပြုသဘောဆောင်သော နိုင်ငံရေး သတင်းစကားများကို ကိုယ်စားပြုခြင်းကြောင့် ဖြစ်သည်။

ထောင်စုနှစ်လူငယ် မဲဆန္ဒရှင်များ ရေပန်းစားလာသည့် Future Forward Party (FFP) ပါတီခေါင်းဆောင် သနာထုန် ဂျွန်ဂရွန်းဂရူယံကစ်/ CFR.org

သို့သော်လည်း သက်ဆင်၏ အမာခံနယ်မြေများဖြစ်သော မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့က ခိုင်ခိုင်မြဲမြဲ ရှိနေကြ ဆဲ ဖြစ်သည်။ သူ၏ ကျန်ရှိနေသေးသော Pheu Thai ပါတီလက်ခွဲများက ဆန္ဒမဲအရ ကြည့်မည်ဆိုလျှင် ကြီးမားသည့် အတိုင်းအတာကို ရယူနိုင်ဦးမည့် အသွင်ရှိနေသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
483
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
186

ထို့ကြောင့် FFP ၏ ဘီလီယံနာက လူငယ်မဲဆန္ဒရှင်များကို စိတ်အားထက်သန်မှု ဖြစ်စေမည့် အသွင်ရှိသော်လည်း သက်ဆင်က ထိုင်းနိုင်ငံရေးကို အရိပ်မိုးထားနိုင်ဆဲ ဖြစ်သည်။

မှန်ပါသည်။ အများစု၏ စိတ်ဆန္ဒကို နှိပ်ကွပ်ရခြင်း အပေါ် ထိုင်းအထက်တန်းလွှာတို့၏ နှစ်သက်သဘောကျမှုအရ စစ်တပ်၊ တော်ဝင်များနှင့် ဗျူရိုကရက်ခေါင်းဆောင်များက လူအများစု ဆန္ဒကို ပိတ်ပင်တားဆီးရန် မြင်ကွင်း နောက်ကွယ်တွင် သေချာပေါက် လျှို့ဝှက် လှုပ်ရှားကြမည် ဖြစ်သည့်အတွက် လာမည့် ရွေးကောက်ပွဲသည် ရေစိုနေသော ဗျောက်အိုးတခုထက် အနည်းငယ်မျှသာ ပိုကြောင်း တွေ့ရနိုင်ပါသည်။

မလေးရှားနိုင်ငံတွင် မဟာသီယာ မိုဟာမက် ပြန်လာသကဲ့သို့ သက်ဆင်ရှင်နာဝပ်ထရာ ပြန်မလာနိုင်ပါ။

သို့သော်လည်း မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် သက်ဆင်၏ ပုံတူပွား တယောက် ဖြစ်သည့် သြဇာကြီးသော Ake က သူ၏ စိတ်လှုပ်ရှားဖွယ်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်နှင့် အတူ ပေါ်ထွက်လာသည်ကို (အထက်တန်းလွှာ အချို့၏ သံသယရှိစရာ မလိုသော နှောင့်ယှက်ဖျက်ဆီးမှုများကို ကျော်ဖြတ်၍) ကောင်းစွာ မြင်တွေ့ကြရနိုင်ပါသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Your Thoughts …
Tags: ထိုင်းရွေးကောက်ပွဲသက်ဆင်ရှင်နာဝပ်ထရာ
Karim Raslan

Karim Raslan

Contributor

Similar Picks:

ပီတ သည် အိမ်နီးချင်းမှ စစ်ကောင်စီခေါင်းဆောင်များအတွက် စိုးရိမ်စရာဖြစ်နေသည်။

Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့

by ဧရာဝတီ
23 May 2023
22.7k

ထိုင်း လစ်ဘရယ် တက်ကြွလှုပ်ရှားသူများ၏ ပါတီဖြစ်သည့် Move Forward ပါတီ (MFP) သည် အိမ်နီးချင်းမှ စစ်ကောင်စီခေါင်းဆောင်များအတွက် စိုးရိမ်စရာဖြစ်နေသည်။

လူထုစစ်တမ်းများတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေသည့် မစ္စ ပေတောင်တန် ရှင်နာဝပ် / AFP

ထိုင်းရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ်ရာများ

by Termsak Chalermpalanupap
19 April 2023
11.1k

တောင်ပြိုကမ်းပြိုမနိုင်လျှင် ဖွေထိုင်းသည် ၎င်း၏ ဝန်ကြီးချုပ်လောင်းကို ခန့်အပ်ရေး အခြားပါတီများမှ ထောက်ခံမှုရရန် ခက်ခဲမည်။

မည်သူ ဝန်ကြီးချုပ် ရာထူးကို ရသည်ဖြစ်စေ ထိုင်းနိုင်ငံရေး အကျပ်အတည်း ဆက်လက်ရှိနေမည်  / Reuters

ထိုင်းရွေးကောက်ပွဲ ဘယ်သူနိုင်သလဲ

by ဧရာဝတီ
26 March 2019
12.3k

စစ်တပ်ကျောထောက်နောက်ခံပြု ပလန် ပရာချာရက်ပါတီနှင့် သက်ဆင်ထောက်ခံသော ဖွေ့ထိုင်းတို့ နှစ်ဘက်လုံးက အနိုင်ရကြောင်းကြေညာနေသောကြောင့် အကျပ်အတည်းဖြစ်နေပြီ

၂၀၁၈ ခုနှစ်က ရိုက်ကူးထားသည် ပလွိုင်းပီလင်း၏ ပုံ / Khaosad

ထိုင်းရွေးကောက်ပွဲဝင်မည့် အမတ်လောင်း မလုံ့တလုံပုံ ကြောင့် ဝေဖန်ခံရ

by ဧရာဝတီ
22 February 2019
17k

ပြည်တွင်ရှိ ထိုင်းဘာသာဖြင့် ထုတ်ဝေနေသည့် မီဒီယာများသည် အဆိုပါသတင်းမျိုး ဆိုလျှင် မြိန်ရေယှက်ရေ ဖြင့် ထုတ်လွှင့်နေကျဖြစ်ရာ Naewna သတင်းဝက်ဘ်ဆိုက်တွင်“အလိုလေး … ဖရဲသီးတစုံပါလားဟ” ဟု ယခုဖြစ်စဉ်ကို သတင်းခေါင်းစဉ်တပ်၍ ဖော်ပြထားကြောင်း တွေ့ရသည်။

ထိုင်းမင်းသမီးကြီး ဦးဘိုလ်ရတနာ / Getty Images

နိုင်ငံရေး ပွဲဆူမှု ထိုင်းမင်းသမီး ဝမ်းနည်းဟုဆို

by ဧရာဝတီ
13 February 2019
9.3k

အဆိုပါ ပို့စ်ကို အင်္ဂ ါနေ့ ည ၁၁း၃၅ နာရီတွင် လွှင့်တင်လိုက်ရာ သူမ၏ သဘောထား ထုတ်ဖော်မှုကို like ပေါင်းရာနှင့်ချီ၍ အလျင်အမြန် တက်လာခဲ့ပြီး ဆန့်ကျင်ဘက် သဘောထား မှတ်ချက်များ မတွေ့ရပေ။

ရွေးကောက်ပွဲရက် ပိုမိုနီးကပ်လာသည်နှင့်အမျှ ပရာယွဒ်၏ နိုင်ငံရေးလမ်းကြောင်းကို အများ အာရုံစိုက်လာကြသည် / Reuters

ထိုင်းရွေးကောက်ပွဲများ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပမည်

by ဧရာဝတီ
11 December 2018
46.6k

ရွေးကောက်ပွဲများကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

Next Post
၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲထည့်ရမည့် ပြည်မြို့က လူငယ်တွေကို သင်တန်းပေး (ရုပ်/သံ)

၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲထည့်ရမည့် ပြည်မြို့က လူငယ်တွေကို သင်တန်းပေး (ရုပ်/သံ)

နေပြည်တော် ကျောက်မျက်ရတနာပြပွဲ စတင် (ရုပ်/သံ)

နေပြည်တော် ကျောက်မျက်ရတနာပြပွဲ စတင် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved