• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့

by ဧရာဝတီ
23 May 2023
in သတင်း
A A
ပီတ သည် အိမ်နီးချင်းမှ စစ်ကောင်စီခေါင်းဆောင်များအတွက် စိုးရိမ်စရာဖြစ်နေသည်။

ပီတ သည် အိမ်နီးချင်းမှ စစ်ကောင်စီခေါင်းဆောင်များအတွက် စိုးရိမ်စရာဖြစ်နေသည်။

22.7k
VIEWS
Share on FacebookShare on Twitter

ဘုရင်စနစ်နှင့် စစ်တပ်ပြုပြင်ပြောင်းလဲရေး ကတိဖြင့် မဲဆွယ်သည့် ငယ်ရွယ်သော ထိုင်း လစ်ဘရယ် တက်ကြွလှုပ်ရှားသူများ၏ ပါတီဖြစ်သည့် Move Forward ပါတီ (MFP) သည် မေလ ၁၄ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာနှင့် ထောက်ခံမဲ အများဆုံးတို့ ရရှိ အနိုင်ရပြီး မကြာမီ မြန်မာစစ်ကောင်စီမှ ဒုတိယ အာဏာအကြီးမားဆုံးရှိသူက ထိုင်းမြန်မာနယ်စပ်ကို စောင့်ကြည်ရန် သူ့တပ်မှူးများကို ညွှန်ကြားလိုက်သည်။

သူ၏ညွန်ကြားချက်တွင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “MFP သည် အနောက်တိုင်းလိုလားပြီး ၎င်းတို့သည် အကြမ်းဖက်သမားများကို ကူညီလိမ့်မည်။ မိမိတို့အနေဖြင့် နယ်စပ်ကိုစောင့်ကြည့်ပြီး ၎င်းတို့၏ သတင်းများ၊ လှုပ်ရှားမှုများနှင့်ဆောင်ရွက်ချက်များကို သိရှိအောင် လုပ်ရမည်”ဟု ဖေါ်ပြထားကြောင်း ဧရာဝတီက လေ့လာ သိရှိရသည်။ သူ၏ညွန်ကြားချက်ပါ “အကြမ်းဖက်သမားများ”ဆိုသည်မှာ နယ်စပ်တလျှောက်တွင် လှုပ်ရှားနေသည့် စစ်ကောင်စီ ခုခံတော်လှန်ရေး အင်အားစုများကို ဆိုလိုသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
62
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
574
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
8

ဒု-စစ်ခေါင်းဆောင် စိုးဝင်း စိုးရိမ်စရာ ရှိသည်။ MFP ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ်လောင်း အသက် ၄၂ နှစ်အရွယ် ပီတ လင်ဂျာရွန်ရက်သည် စစ်ကောင်စီက ကျေးရွာများ၊ ကျောင်းများ ဆေးခန်းများ အပါအဝင် အရပ်သားများနှင့် ခုခံတော်လှန်ရေးအင်အားစုများကိုပါ တိုက်ခိုက်နေသည့် မြန်မာစစ်တပ်အပေါ် ထားရှိသော ထိုင်းအစိုးရ၏ မူဝါဒများကို အမြဲဝေဖန်သူဖြစ်သည်။

မေလ ၁၅ ရက်နေ့က ရွေးကောက်ပွဲလွန် သတင်းစာရှင်းလင်းပွဲတွင် ပီတက”(အာဆီယံ) ဘုံသဘောတူညီချက် ၅ ချက် အမှန်တကယ် အောင်မြင်အောင် လုပ်ဆောင်လိုသည်” ဟုပြောပြီး သူ၏ မြန်မာဆိုင်ရာ မူဝါဒကို ထုတ်ပြန် သောအခါ စိုးဝင်း၏ စိုးရိမ်မှု ပိုမိုဆိုးရွားသွားဖွယ် ရှိသည်။ ထိုဘုံသဘောတူညီချက်မှာ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) က မြန်မာတွင်၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ချမှတ်ခဲ့သော ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်သည်။ စစ်ကောင်စီက ထိုအစီအစဉ်ကို လျစ်လျူရှုပြီး အရပ်သားများကို ဆက်လက်သတ်ဖြတ်နေသည်။

ပီတက “ကျနော်တို့အနေနဲ့ လူသားချင်းစာနာမှု ခရီးစတင်ရမယ်။ အထူးသဖြင့် အမေရိကန် ကွန်ဂရက်မှာ ချမှတ်ခဲ့တဲ့ ဘားမားအက်နဲ့ စတင်ရမယ်။ သူတို့ရဲ့ ပဋိပက္ခကို သူတို့ ဖြေရှင်းဖို့ မှန်ကန်တဲ့ ဖိအား ပမာဏနဲ့ မက်လုံးတွေပေးဖို့ ကျနော်တို့အနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ စတင်လုပ်ဆောင်နိုင်တယ်” ဟုလည်း သူပြောသည်။ ဘားမားအက်သည် မြန်မာမှ ခုခံတော်လှန်ရေးအင်အားစုများကို လက်နက်မဟုတ်သော အကူအညီများပေးရန် အမေရိကန် ငွေကြေး ထောက်ပံ့မှုကို ခွင့်ပြုသည်။

ထို့ပြင် တနင်္ဂနွေနေ့တွင် သူက သူ၏အတွေးနှင့် ဆုတောင်းများသည် မြန်မာပြည်သူများ အထူးသဖြင့် မကြာသေးမီက နိုင်ငံအနောက်ပိုင်းဒေသများမှ မုန်တိုင်းဒဏ်ခံပြည်သူများနှင့် အတူရှိနေကြောင်း အင်္ဂလိပ်၊ မြန်မာ ဘာသာစကားများဖြင့် တွစ်တာတွင်ရေးသားသည်။

လူသားချင်းစာနာသည့် အကူအညီပေးမှုများကို အဆောတလျင် အမြန်ဆုံးဆောင်ရွက်ရန် ထိုင်းနိုင်ငံကြားကာလ အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုကြောင်း၊ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးရသူ၊ အိုးအိမ်ပျက်စီးခဲ့ရသည့် ပြည်သူများနှင့်အတူ ထပ်တူခံစားရကြောင်း မေ ၂၁ ရက် နေ့က တွစ်တာ စာမျက်နှာတွင် ပီတ က ရေးတင်သည်။

သေရေးရှင်ရေးတမျှ အကူအညီလိုအပ်နေသည့် မုန်တိုင်းဘေးဒုက္ခသည်များကို ဦးစားပေးအနေဖြင့် ပထမဆုံး အထောက်အပံ့များ ပေးရမည်ဖြစ်ပြီး “လူသားဘဝလုံခြုံရေး” စဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေးပါသည့် အင်အားစုများနှင့် ဆက်သွယ်ညှိနှိုင်းမည့် မူဝါဒသည် မြန်မာနိုင်ငံအပေါ်တွင် ထားရှိမည့် မူဝါဒဖြစ်ကြောင်း ဆိုသည်။

မြန်မာစစ်ကောင်စီအတွက် ထိုသတင်းစကားသည် မရဏ ခေါင်းလောင်းသံဖြစ်သည်။ လက်ရှိ ထိုင်းအစိုးရသည် စစ်ကောင်စီနှင့် လွန်စွာနီးစပ်ပြီး စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို နှုတ်ဆိတ်နေသည်ဟု ဝေဖန်ခံနေရသည်။ ဘန်ကောက်က ASEAN ၏ အဖွဲ့ဝင်များ၏ပြည်တွင်းရေးကို အခြားအဖွဲ့ဝင်များက မစွက်ဖက်ရေးမူကို လိုက်နာကြောင်းပြောသည်။

လတ်တလောတွင် MFP သည် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြိုးစားနေရသည်။ ၂၀၁၆ ခုနှစ် ထိုင်းစစ်အုပ်စုက ပြဋ္ဌာန်းသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အထက်လွှတ်တော်သည် ဝန်ကြီးချုပ် ခန့်အပ်ရာတွင် ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ ပီတသည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ၂ ရပ်ပေါင်းတွင် ထောက်ခံမဲ အနည်းဆုံး ၃၇၆ မဲ ရရန်လိုအပ်သည်။

ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များတွင် MFP သည် စုစုပေါင်း ကိုယ်စားလှယ်နေရာ ၁၄၈ နေရာ (တိုက်ရိုက်ရွေးကောက်ပွဲတွင် ၁၁၃ နေရာနှင့် ပါတီအချိုးကျ ကိုယ်စားပြုမှုအရ ၃၅ နေရာ) ရရှိပြီး ဖွေထိုင်းပါတီက စုစုပေါင်း ၁၃၈ နေရာ (တိုက်ရိုက်ရွေးကောက်ပွဲတွင် ၁၁၁ နေရာနှင့် ပါတီအချိုးကျကိုယ်စားပြုမှုအရ ၂၇ နေရာ) ရရှိသည်။

ဖွေထိုင်းပါတီထက် လွှတ်တော်နေရာ ပိုမိုအနိုင်ရသောကြောင့် MFP ပါတီသည် ညွန့်ပေါင်းအစိုးရတွင် ခေါင်းဆောင်ဖြစ်မည် ဖြစ်သည်။

မေလ ၁၉ ရက်နေ့တွင် ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ်က နိုင်ငံရေးပါတီ ရှစ်ခုမှ ကိုယ်စားလှယ် ၃၁၀ ကျော် ပါဝင်သည့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီး သူကိုယ်တိုင် ဝန်ကြီးချုပ်လုပ်မည့် အစီအစဉ်ကို တရားဝင်ကြေညာသည်။

ပီတ သည် မြန်မာနှင့်ဒေသတွင်းအတွက် သူ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ထုတ်ဖေါ်ပြောဆိုနေပြီး အကယ်၍ သူ့မဟာမိတ်ပါတီများ ပြင်ပမှ ထောက်ခံမဲ လုံလောက်အောင် ရရှိပါက ဝန်ကြီးချုပ် ဖြစ်လာတော့မည်။ ထို့အတွက် အိမ်နီးချင်းမှ စစ်ကောင်စီခေါင်းဆောင်များအတွက် စိုးရိမ်စရာဖြစ်နေသည်။

စနေနေ့တွင် ပီတသည် ကမ္ဘာ့စီးပွားရေး ဖိုရမ် (WEF) အဆင့်မြင့်အရာရှိတဦး နှင့်တွေ့ဆုံသော အခါ ASEAN အတွက် သူ၏ အစီအစဉ်များကို ဆွေးနွေးပြီး MFP ဦးဆောင်သော ထိုင်းအစိုးရသည် ASEAN တွင် ဦးဆောင်သည့် အခန်းကဏ္ဍကို ပြန်လည်အသက်သွင်းပြီး မြန်မာတွင် အကြမ်းဖက်မှုလျှော့ချရန် ကြိုးစားမည်ဟုလည်း ဆိုသည်။

You may also like these stories:

ထိုင်းအစိုးရ ဖွဲ့နိုင်ရေး မဟာမိတ်ဖွဲ့မည့် အစီအစဉ် ပီတ ကြေညာ

ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူ ပီတ လင်ဂျာရွန်ရတ်

အတိုက်အခံများ ထိုင်းရွေးကောက်ပွဲနိုင်၊ စစ်တပ်ကို စိန်ခေါ်မှုဖြစ်လာ

လှုပ်နေသော နဂါးနှင့် ငြိမ်နေသော လင်းယုန်

Your Thoughts …
Tags: Move Forward Partyထိုင်းရွေးကောက်ပွဲဒုစစ်ခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းပီတမနှစ်မြို့မြန်မာစစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

by မိအိသဉ္ဇာမြင့်
9 April 2024
8.9k

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တောင်ပိုင်းစစ်မျက်နှာပြင်ဖြစ်သော မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ် ကွပ်ကဲရန် ရောက်နေခြင်းဖြစ်ပြီး ယနေ့ထိ ရှိနေဆဲဖြစ်သည်ဟု အတည်ပြုနိုင်ကြောင်း

ဒုစစ်ခေါင်းဆောင် ဘာကြောင့် ဝန်းသို သွားသလဲ

ဒုစစ်ခေါင်းဆောင် ဘာကြောင့် ဝန်းသို သွားသလဲ

by စောလွင်
16 October 2024
7.9k

မကြာသေးမီက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားသည့် ပင်လည်ဘူးမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသော ဝန်းသိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်များကို စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက်တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားမျှတမှုသည် လူတိုင်းအတွက် မဟုတ်

ထိုင်းနိုင်ငံတွင် တရားမျှတမှုသည် လူတိုင်းအတွက် မဟုတ်

by Zachary Abuza
21 March 2024
4.3k

တော်ဝင်ဝါဒီ အထက်လွှာများနှင့် စစ်တပ်သည် ပြည်သူ့ဆန္ဒကို အပြည့်အဝ အာခံနိုင်မည် မဟုတ်ပေ။

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

by ပပ
6 March 2025
2.8k

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ တရားမဝင် ကုန်ပစ္စည်းများ ပိုမိုဖမ်းဆီးရန် ညွှန်ကြားအပြီး ဘားအံတံတားမှ အစစ်အဆေး တင်းကျပ်နေရာ အခွန်ဆောင်၍ မြဝတီမှ ရန်ကုန်သို့ ဆင်းသော ကုန်တင်ကားများပင် တရက်လျှင် ၂ စီးသာ ဖြတ်ခွင့်ရ သဖြင့် ကုန်စည်ပို့ဆောင်ရေး...

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

by ဧရာဝတီ
27 June 2024
2.7k

အီရန်သည် ဆီးရီးယားနှင့် ယီမင်မှ ပြည်တွင်းစစ်များတွင် ပါဝင်သည့် အုပ်စုများနှင့် ယူကရိန်းကျူးကျော်မှုနောက်ပိုင်း ရုရှားသို့ လက်နက်များရောင်းချသည်ဟု စွပ်စွဲခံရသည်။

Next Post
၂၀၂၁ ခု ဒီဇင်ဘာလက စစ်ကိုင်းတိုင်း အရာတော် ဒေသခံများလည်း စပါးခင်းများကို ပြန်မရိတ်သိမ်းနိုင်ကြဘဲ တောထဲတွင် ပုန်းခိုနေကြရစဉ် / အရာတော် သတင်းပြန်ကြားရေး

ပဒူတိုက်နယ်ရဲစခန်း အတိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းမှ ပစ်ခတ်

မဲဆောက်- မြဝတီ ချစ်ကြည်ရေး တံတား အမှတ် (၂) သို့ အသွားလမ်း

မဲဆောက်တွင် လုံခြုံရေး တင်းကျပ်၊ ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate