• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်းနိုင်ငံတွင် တရားမျှတမှုသည် လူတိုင်းအတွက် မဟုတ်

by Zachary Abuza
21 March 2024
in ဆောင်းပါး
A A
ထိုင်းနိုင်ငံတွင် တရားမျှတမှုသည် လူတိုင်းအတွက် မဟုတ်

မစ္စတာ ဖိထာ လင်ဂျာရွန်ရက်

4.3k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောနှစ်က အထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံးရသော ရှေ့သို့ချီပါတီ (Move Forward Party) ကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဖျက်သိမ်းပေးရန် ထိုင်းရွေးကောက်ပွဲကော်မရှင်က အကြံပြုခြင်းသည် နှစ်မျိုးကွဲပြားနေသည့် ထိုင်းတရားစီရင်ရေးစနစ်အတွက် စိုးရိမ်ပူပန်မှုသစ်များ ဖြစ်စေသည်။

ထိုသို့သောလုပ်ရပ်သည် ထိုင်းဒီမိုကရေစီအတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်သည်။ ထိုလုပ်ရပ်သည် ကိုးနှစ်အတွင်း ပထမဆုံး အရပ်သားအစိုးရအဖြစ် ရှေ့သို့ချီပါတီနှင့် ၎င်း၏ ခေါင်းဆောင် မစ္စတာ ဖိထာ လင်ဂျာရွန်ရက်အား နိုင်ငံကို ဦးဆောင်ရန် မဲပေးခဲ့သည့် ပြည်သူ ၁၄ သန်း သို့မဟုတ် မဲပေးခွင့်ရှိသူ အားလုံး၏ ၃၈ ရာခိုင်နှုန်း၏ မဲပေးထားမှုကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ ထိုပြည်သူများ၏ အိပ်မက်သည် ပယ်ချခံခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်းများ ဖြစ်သော မစ္စတာ သက်ဆင်နှင့် မစ္စ ယင်လတ် ရှင်နာဝပ်တို့ကို ၎င်းတို့၏ ဥပဒေ ပြဿနာအများပြားမှ ထိုင်းအာဏာပိုင်များက လွတ်မြောက်ခွင့် မကြာသေးမီ ရက်သတ္တပတ်များက ပေးခဲ့ပြီးနောက် ကော်မရှင်က ယခုကဲ့သို့ အကြံပေးခြင်းဖြစ်သည်။ ထိုအချက်က စစ်တပ်နှင့် တော်ဝင်မိသားစု သစ္စာခံများ မည်မျှ သြဇာအာဏာချုပ်ကိုင်ထားကြောင်းနှင့် ပြည်သူလူထုဆန္ဒကို တားဆီးရန် မည်မျှဆက်လက် လုပ်နိုင်ကြောင်း ထင်ဟပ်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် ထိုအကြံပြုချက်ကို အရေးယူပြီး ရှေ့သို့ချီပါတီကို ဖျက်သိမ်းဖွယ် ရှိနေသည်။

ဇန်နဝါရီလ နှောင်းပိုင်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက ရှေ့သို့ချီပါတီ၏ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် အဆိုပြုချက်သည် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး စည်းမျဉ်းခံ ဘုရင်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ဖျက်ဆီးရန် ကြိုးစားမှုဖြစ်သည်ဟု တညီတညွတ်တည်း ဆုံးဖြတ်သည်။ ထိုပုဒ်မသည် တော်ဝင်မိသားစုကို ကာကွယ်သည့် တင်းကျပ်သော ဥပဒေဖြစ်သည်။

ပါတီကို ဖျက်သိမ်းသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် ပါတီအမှုဆောင်များကို နိုင်ငံရေး လှုပ်ရှားမှု ၁၀ နှစ် ပိတ်ပင်ဖွယ်ရှိသည်။ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်သည် ထိုထက်မက ပိုမိုပြင်းထန်နိုင်သည်။ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသည့် ပါတီ၏ ပါလီမန်ကိုယ်စားလှယ် ၄၄ ဦးကို တသက်တာ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်နိုင်သည်ဟု အချို့က သတိပေးနေသည်။

တရားရုံးကတဆင့် အာဏာသိမ်းခြင်း

ရှင်နာဝပ်မျိုးဆက်များ၏ ပါတီဖြစ်သည့် ဖွေထိုင်းပါတီ ဦးဆောင်သည့် အရပ်သားအစိုးရ ထူထောင်ခြင်းနှင့် ထိုင်းနိုင်ငံသည် ဒီမိုကရေစီသို့ လွန်ခဲ့သောနှစ်က ပြန်သွားခဲ့သော်လည်း ဘုရင်စနစ် သစ္စာခံများနှင့် စစ်တပ်အထက်လွှာများသည် နိုင်ငံရေးတွင် မလျော်သြဇာ ဆက်လက် အသုံးပြုနေသည်။

၎င်းတို့သည် အဖွဲ့ဝင် ၂၅၀ ရှိသည့် ခန့်အပ်ထားသော အထက်လွှတ်တော်မှတဆင့် ထိုသို့ လုပ်ဆောင်နေပြီး အထက်လွှတ်တော်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ဝန်ကြီးချုပ် ရွေးချယ်ရာတွင် တိုက်ရိုက်အခန်းကဏ္ဍမှ ပါဝင်သည်။ ပုံမှန်အားဖြင့် အောက်လွှတ်တော်ထက် ပိုမိုလုပ်ပိုင်ခွင့်ရှိသည်။

ရှင်နာဝပ်မျိုးဆက်များ၏ ပါတီဖြစ်သည့် ဖွေထိုင်းပါတီ ဦးဆောင်သည့် အရပ်သားအစိုးရ ထူထောင်ခြင်းနှင့် ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ဆိုသည့်စနစ်သို့ လွန်ခဲ့သောနှစ်က ပြန်သွားခဲ့သော်လည်း ဘုရင်စနစ် သစ္စာခံများနှင့် စစ်တပ်အထက်လွှာများသည် နိုင်ငံ၏ နိုင်ငံရေးတွင် မလျော်သြဇာ ဆက်လက် အသုံးပြုနေသည်။

သို့သော် ရှေ့သို့ချီပါတီကို တားဆီးထားသည့် အရေးအပါဆုံး ကြားခံမှာ တရားစီရင်ရေး ဖြစ်သည်။

ယခုကိစ္စတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးသည် နည်းလမ်းနှစ်ခုဖြင့် ကြိုးစားနေသည်။ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် တရားဝင် ပါလီမန်လုပ်ငန်းစဉ်ရှိကြောင်း ပြောသော်လည်း အွန်လိုင်းနှင့် မဲဆွယ်ပွဲအပါအဝင် ရှေ့သို့ချီပါတီ၏ လုပ်ရပ်များသည် ထိုဥပဒေကို ချိုးဖောက်ပြီး စည်းမျဉ်ခံ ဘုရင်စနစ်ကို ဖြုတ်ချရန် လျှို့ဝှက်အစီအစဉ်ကိုလည်း ဖော်ပြသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ပြောသည်။

ရှေ့သို့ချီပါတီ၏ အဆိုပြုချက်သည် ပုဒ်မ ၁၁၂ ကို ဖျက်သိမ်းရန် မဟုတ်ဘဲ ပိုမိုတိုတောင်းသော ထောင်ဒဏ်နှင့် လုံခြုံရေးနှင့် မပတ်သက်သည့်အမှုအဖြစ် သတ်မှတ်ရန်သာ ဖြစ်သည်။

တရားဥပဒေ စိုးမိုရေးမှ မဟုတ်ဘဲ တော်ဝင်မိသားစု ဗျူရိုထံ တိုက်ရိုက် တင်သွင်းရာတွင် ပါတီဝင်များသည် ဘုရင်စနစ်ကို ကာကွယ်မှုအား အမျိုးသားလုံခြုံရေးမှ ခွဲထုတ်သည်။ အမျိုးသားလုံခြုံရေးသည် စစ်တပ်၏ အရေးအပါဆုံး ဦးစားပေးဖြစ်ပြီး နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းအတွက် အကြောင်းပြချက် ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ချင်းမိုင် ညစာစားပွဲတွင် တွေ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်နှင့် လက်ရှိ ဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင် / AFP

ရှေ့သို့ချီပါတီ၏ ထိုဥပဒေ ပြင်ဆင်ရန် အဆိုပြုချက်သည် ဥပဒေကို ဖျက်သိမ်းရန် ပထမခြေလှမ်း ဖြစ်သည်ဟု ဆုံးဖြတ်သည်။ ပါတီခေါင်းဆောင် မစ္စတာ ဖိထာက ထိုဆုံးဖြတ်ချက်သည် မခိုင်လုံဟု ပြောသည်။

သို့သော် ကွန်ဆာဗေးတစ်ပါတီများနှင့် တော်ဝင်စနစ်ကို အစွန်းရောက်သစ္စာခံများက ထိုဥပဒေကို ပြင်ဆင်မည့် မည်သည့် အားထုတ်မှုကိုမဆို ဒေါသတကြီး ဆန့်ကျင်ကန့်ကွက်ကြသည်။ လက်ရှိ အချိန်တွင် ပုဒ်မ ၁၁၂ ကို ချိုးဖောက်သောကြောင့် ထောင်ချထားခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဥပဒေကြမ်းကို လေ့လာနေကြသော်လည်း ဆန့်ကျင်မှုများ ရင်ဆိုင်နေရသည်။

တော်ဝင်စနစ်သစ္စာခံ အစွန်းရောက်မှု မြင့်မားနေပြီး အထူးသဖြင့် လက်ရှိ ဘုရင်အား ဆက်ခံမှု မရေရာသည့် ယခုအချိန်တွင် ပိုမို အစွန်းရောက်လာသည်။

လွန်ခဲ့သောနှစ်တွင် ရှေ့သို့ချီပါတီမှ လူသိများသည့် ပါလီမန်ကိုယ်စားလှယ်တဦးဖြစ်သူ ရပ်ချာနွတ် ဆရီနော့ကို ၂၀၂၁ ခုနှစ်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားမှုတခုနှင့် ပြန်လည်မျှဝေမှုအတွက် ပုဒ်မ ၁၁၂ ချိုးဖောက်မှု စွဲချက် နှစ်ချက်ဖြင့် ထောင် ခြောက်နှစ်ချခဲ့သည်။ ဖေဖော်ဝါရီလတွင်လည်း သတင်းသမား နှစ်ဦးကို နန်းတော်နံရံတွင် ဆေးဖြင့်ပက်ထားသည့် ဘုရင်စနစ်ဆန့်ကျင်ရေး ဂရက်ဖစ်တီ ပုံများ တင်ပြသောကြောင့်ဟုဆိုကာ နှောက်ယှက်ဖျက်ဆီးခြင်းကို ထောက်ခံမှုဖြင့် စွဲချက်တင်သည်။

၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် စုစုပေါင်း ပြည်သူ ၂၆၂ ဦးကို ပုဒ်မ ၁၁၂ ဖြင့် တရားစွဲထားသည်။ ထိုသို့ တရားစွဲဆို ခံရသူများတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ထောင် နှစ် ၅၀ ချခံရသည့် တက်ကြွလှုပ်ရှားသူ တဦးလည်း ပါဝင်သည်။

ဖြစ်နေကျဖြစ်ရပ်

ရှေ့သို့ချီပါတီ ခေါင်းဆောင်များသည် ပါတီဖျက်သိမ်းခံရမည့်အရေး ပြင်ဆင်ထားကြသည်။ မည်သို့ဆိုစေ ထိုကိစ္စသည် ၂၀၁၉ ခုနှစ်က အနာဂတ်သို့ချီ (Future Forward) ပါတီ ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာပင် ဖြစ်သည်။ ထိုပါတီခေါင်းဆာင်များသည် ပါတီသစ်ကို အလျင်အမြန် ပြန်လည်မှတ်ပုံတင်ပြီး ထိုပါတီသစ်သည် နိုင်ငံတွင် လူထုထောက်ခံမှု အမြင့်မားဆုံးဖြစ်ကြောင်း မကြာသေးမီက ရွေးကောက်ပွဲအရ သိရသည်။

အမှန်တကယ် ပြဿနာဖြစ်မည့်ကိစ္စမှာ မစ္စတာ ဖိထာ ဦးဆောင်သည့် စည်းရုံးရေး အင်အားကောင်းပြီး လူသိများသော ခေါင်းဆောင်ပိုင်းသည် နိုင်ငံရေးမှ ၁၀ နှစ် ပိတ်ပင်ခံရမည့်ကိစ္စ ဖြစ်သည်။ ထိုသို့ ပိတ်ပင်ခံရပါက စည်းရုံးရေးအားကောင်းပြီး လူသိများသည့် ခေါင်းဆောင်များ၏ ဒုတိယမျိုးဆက်ကို ပိတ်ပင်မှု ဖြစ်လာမည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
478
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
487
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187

ရှေ့သို့ချီပါတီသည် ပိုမိုသေးငယ်သော ပါတီတခုဖြစ်သွားနိုင်သည်။ ပြန်လည် ဖွဲ့စည်းခြင်းသည် အချိန်နှင့် ရင်းမြစ်များ လိုအပ်မည်ဖြစ်ပြီး အားလုံးသည် လူသိနည်းသည့် ကိုယ်စားလှယ်များ ဖြစ်သွားနိုင်သည်။ ပြိုင်ဘက်ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် အလျင်အမြန် လှုပ်ရှားမည်ဖြစ်ပြီး အရည်အသွေး မပျက်ယွင်းဟု သတ်မှတ်ခံရသည့် ရှေ့သို့ချီပါတီမှ ပါလီမန် ကိုယ်စားလှယ်များ ဘက်ပြောင်းလာစေရန်လည်း စည်းရုံးမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် စုစုပေါင်း ပြည်သူ ၂၆၂ ဦးကို ပုဒ်မ ၁၁၂ ဖြင့် တရားစွဲထားသည်။ ထိုသို့ တရားစွဲဆို ခံရသူများတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ထောင် နှစ် ၅၀ ချခံရသည့် တက်ကြွလှုပ်ရှားသူ တဦးလည်း ပါဝင်သည်။

ကျယ်ပြန့်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် ရှေ့သို့ချီပါတီကို ရွေးချယ်ခဲ့သည့် ထောက်ခံသူ အများအပြားသည် စိတ်ပျက်လာနိုင်ပြီး လူမှုဝန်ဆောင်မှုပေးနိုင်သည့် ပါတီများကို လက်ခံခြင်း အနည်းဆုံးအားဖြင့် ဖြစ်လာနိုင်သည်။

သို့သော် တော်ဝင်ဝါဒီ အထက်လွှာများနှင့် စစ်တပ်သည် ပြည်သူ့ဆန္ဒကို အပြည့်အဝ အာခံနိုင်မည် မဟုတ်ပေ။

၂၀၁၄ ခုနှစ် အာဏာသိမ်းခေါင်းဆောင်များ ဦးဆောင်သည့် ပါတီနှစ်ခုသည် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် မရှုမလှ ဂုဏ်သိက္ခာကျဆင်းရပြီး ပါလီမန်နေရာ ၇၆ နေရာသာရကာ ပါတီဝေစုအရ မဲရရှိမှုသည် ထိုထက်ပင် အခြေအနေဆိုးရွားသည်။ ထိုသို့ဖြစ်ခြင်းသည် အာဏာရပါတီများအတွက် လွန်စွာ အံ့သြစရာ ကောင်းလောက်အောင် ဆိုးရွားသည်။

ရှင်နာဝပ်မျိုးဆက်များ ပြန်လာနိုင်အောင် ခွင့်ပြုသည့် အပေးအယူနှင့် ဖွေထိုင်း ဦးဆောင်သည့် အစိုးရ ဖွဲ့စည်းခြင်းတို့ကြောင့် စစ်တပ်/ဘုရင်စနစ်သစ္စာခံ ပါတီများသည် အစိုးရအဖွဲ့အတွင်း ပါဝင်ခွင့်ရသည်။ ၎င်းတို့သည် လူနည်းစုသာ ဖြစ်သော်လည်း ဘုရင်စနစ်သစ္စာခံများ၊ စစ်တပ်အထက်လွှာ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်သော မည်သည့်မူဝါဒနှင့် ပြုပြင်ပြောင်းလဲရေးကိုမဆို ဟန့်တားနိုင်သည့် အနေအထားတွင် ရှိနေသေးသည်။

မစ္စ ယင်လတ်ရှင်နာဝပ် / AFP

မစ္စတာ သက်ဆင် ရှင်နာဝပ်၏ ထောင်ဒဏ် ရှစ်နှစ်ကို တော်ဝင်အမိန့်ဖြင့် တနှစ်သို့ လျှော့ချပြီး ထောင်တွင်းတွင် ခြောက်လသာ နေထိုင်ပြီးနောက် ခံဝန်ဖြင့် လွတ်သွားသောကြောင့် စံနှုန်း နှစ်မျိုး ကျင့်သုံးခြင်းနှင့် ပတ်သက်သည့် စိုးရိမ်မှုများ ဖြစ်စေသည်။

ဖမ်းဆီးခံထားရစဉ် အတွင်းတွင်လည်း ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်သည် ထောင်အတွင်း ၂၄ နာရီပင် မနေရဘဲ ကျန်အချိန်များတွင် ဘန်ကောက်ရှိ ဆေးရုံတရုံမှ အရေးကြီးပုဂ္ဂိုလ်အခန်းတွင်သာ လူနာအဖြစ် နေထိုင်ရသည်။ ပြီးခဲ့သည့်အပတ်အတွင်းတွင် မစ္စတာ သက်ဆင်သည် သူ၏ဇာတိ ချင်းမိုင်သို့ပြန်ပြီး ချင်းမိုင်တွင် သူ့ကိုထောက်ခံသူများက ကြိုဆိုကြသည်။

မစ္စတာ သက်ဆင်သည် ထောင် ၁၅ နှစ်အထိ ကျနိုင်သည့် တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေအရ စွဲချက်တခု ရင်ဆိုင်နေရသော်လည်း ထိုစွဲချက်ကို ဧပြီလတွင် ပယ်ဖျက်ဖွယ်ရှိသည်။

တချိန်တည်းတွင် သူ၏ညီမ ယင်လတ်ကို တရားရုံးတခုက အမှုပယ်ဖျက်ပေးသည်။ အစိုးရ ဆန် အထောက်အပံ့ အစီအစဉ်တခုတွင် တာဝန်ပျက်ကွက်ခြင်းအတွက် သူ့ကို ၂၀၁၇ ခုနှစ်က မျက်ကွယ်တွင် ထောင်ချထားသည်။ သူသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံမှထွက်ပြေးပြီး ပြည်ပတွင်သာ နေထိုင်သည်။ သူသည် နိုင်ငံမှ ထွက်ပြေးသည့်အတွက် မည်ကာမတ္တ ထောင်ဒဏ်မျှသာ ချမှတ်ခံရနိုင်သည်။

အချုပ်အားဖြင့်ဆိုရပါက ဖွေထိုင်းနှင့် စစ်တပ်သည် တက်သစ်စ ရှေ့သို့ချီပါတီကို ဖျက်သိမ်းရန် ကြိုးစားနေသောကြောင့် တခါက စစ်အုပ်ချုပ်ရေး ဆန့်ကျင်ခြင်းအတွက် စံနမူနာပြဖြစ်သော ဖွေထိုင်းပါတီနှင့် အထက်လွှာ နိဂုံးချုပ်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။

ဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင်သည် နိုင်ငံစီးပွားရေးကို ပြန်လည် အသက်သွင်းသည့် လမ်းကြောင်းတွင် ရှိပြီး နိုင်ငံရေး သို့မဟုတ် ဘုရင်စနစ် ပြုပြင်ပြောင်းလဲရန် မည်သည့် အားထုတ်မှုကို မဆို ချေမှုန်းနေသမျှ ကာလပတ်လုံး အထက်လွှာက လက်ခံကာ ဖွေထိုင်းပါတီသည် ယခုအတိုင်းပင် ရှိနေမည်ဖြစ်သည်။ မတ်လလယ်အထိ သူ၏ ရာထူးသက်တမ်း ၃၀ ရာခိုင်နှုန်းတွင် သူသည် ပြည်ပတွင်သာ ရှိနေသည်။

အချုပ်အားဖြင့်ဆိုရပါက ဖွေထိုင်းနှင့် စစ်တပ်သည် တက်သစ်စ ရှေ့သို့ချီပါတီကို ဖျက်သိမ်းရန် ကြိုးစားနေသောကြောင့် တခါက စစ်အုပ်ချုပ်ရေး ဆန့်ကျင်ခြင်းအတွက် စံနမူနာပြဖြစ်သော ဖွေထိုင်းပါတီနှင့် အထက်လွှာ နိဂုံးချုပ်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။

မစ္စတာ ဖိထာက ဆက်လက် အကောင်းမြင်နေဆဲဖြစ်ပြီး ရှေ့သို့ချီပါတီ၏ ခေတ်ရောက်လာမည်ဟု ပြောသည်။ သို့သော် ထိုင်းနိုင်ငံရေး အသိုက်အဝန်းသည် ဂရုတစိုက် စောင့်ကြည့်နေပြီး လိုအပ်သလို စစ်အာဏာသိမ်းမှုများဖြင့်ဖြစ်စေ၊ ဥပဒေကြောင်းအရဖြစ်‌စေ နာရီကို နောက်ပြန်လှည့်နိုင်သလို နောက်ပြန်လှည့်ရန်လည်း အသင့်ရှိနေသည်။

(Benar News ပါ Zachary Abuza ၏ In Thailand, it’s justice for me but not for thee ကို ဘာသာပြန်သည်။ Zachary Abuza သည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့ဂျ်တောင်း တက္ကသိုလ် သုတေသီတဦးဖြစ်သည်။)

You may also like these stories:

Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်းရွေးကောက်ပွဲကော်မရှင် ကြိုးစား

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ

ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

Your Thoughts …
Tags: Future Forward partyMove Forward PartySliderတော်ဝင်မိသားစုထိုင်းပုဒ်မ ၁၁၂ဖွေထိုင်းပါတီဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲ
Zachary Abuza

Zachary Abuza

ဇာချာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့တောင်း တက္ကသိုလ်မှ အချိန်ပိုင်း ပါမောက္ခဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မြန်မာ ခရီးသွားလုပ်ငန်း နာလန်ထရေး အလှမ်းဝေး

မြန်မာ ခရီးသွားလုပ်ငန်း နာလန်ထရေး အလှမ်းဝေး

စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ

စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved