• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ

by Chairith Yonpiam
30 August 2023
in ဆောင်းပါး
A A
ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ

ထိုင်းဝန်ကြီးချုပ်ဖြစ်လာသည့် မစ္စတာ ဆက်ထာ ထဝီစင်နှင့် အာဏာလွှဲပေးမည့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ ဘန်ကောက်ရှိ အစိုးရအိမ်တော်တွင် ဩဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံစဉ် / Royal Thai Government

3.6k
VIEWS
Share on FacebookShare on Twitter

ရွေးကောက်ပွဲတွင် အမှန်တကယ် အနိုင်ရသည့် Move Forward ပါတီကို ဘေးဖယ်ထားပြီး နိုင်ငံရေအစွန်းနှစ်ဖက်မှ ဆန့်ကျင်ဘက်များ မဟာမိတ်ဖွဲ့လိုက်သောကြောင့် အပေါ်ယံအားဖြင့် ကြည့်ပါက ထိုင်းနိုင်ငံရေးသည် အခန်းကဏ္ဍသစ်သို့ ရောက်လာပုံရသည်။

မစ္စတာ ဆက်ထာ ထဝီစင် ဦးဆောင်သည့် ၁၁ ပါတီ မဟာမိတ်ကြောင့် ရန်သူတော်ကြီးများသည် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီကပင် ဝရမ်းပြေး ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် ပြန်လာရေး အလဲအလှယ်အနေဖြင့် “အန်ကယ်ပါတီများ”အား အစိုးရသစ်တွင် နေရာပေးရန် သဘောတူညီမှု ရယူထားပြီးဖြစ်သည်ဆိုသည့် ခံစားမှုမျိုး ဖြစ်စေသည်။

အခြားတဖက်တွင်လည်း ထိုသို့ မဟာမိတ်ဖွဲ့ခြင်းသည် ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ်များနှင့် ၂၀၀၆ ခုနှစ်တွင် သက်ဆင်ကို ဖြုတ်ချလိုက်စဉ် စတင်ပေါ်ပေါက်လာသည့် ရှပ်နီများအကြား မသင့်မြတ်မှုကို အဆုံးသတ်လိုက်သည့် သင်္ကေတ ဖြစ်သည်။ အထက်လွှတ်တော်မှ ထောက်ခံမှု အကြီးအကျယ် မရပါက မည်သည့် ရွေးကောက်ပွဲတွင်မှ ပါလီမန်ကိုယ်စားလှယ်အဖြစ် ရွေးချယ်မခံဖူးသော နိုင်ငံရေး မျက်နှာသစ် မစ္စတာ ဆက်ထာသည် ယခုလောက် ခရီးရောက်မည် မဟုတ်ပေ။

သို့သော် လွန်ခဲ့သော သီတင်းပတ်အတွင်းက ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲသောအခါ အထက်လွှတ်တော်သည် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ဦးဆောင်သည့်အုပ်စုနှင့် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝန် ဦးဆောင်သည့် အုပ်စု နှစ်စုကွဲသွားသည့် သဘောမျိုး ပြသနေသည်။

လွန်ခဲ့သော သီတင်းပတ်အတွင်းက ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲသောအခါ အထက်လွှတ်တော်သည် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ဦးဆောင်သည့်အုပ်စုနှင့် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝန် ဦးဆောင်သည့် အုပ်စုအဖြစ် နှစ်စုကွဲသွားသည့် သဘောမျိုး ပြသနေသည်။

အထက်လွှတ်တော်မှ သူ၏ညီ မစ္စတာ ပရီချား ချန်အိုချာ ဦးဆောင်သည့် ပရာယွတ် အုပ်စုက မစ္စတာ ဆက်ထာကို အပြည့်အဝ ထောက်ခံခဲ့သည်။ ဖွေ့ထိုင်း ဝန်ကြီးချုပ်လောင်းကို ထောက်ခံရန် ဖလန် ပရာချာရက်ပါတီ၏ ဆုံးဖြတ်ချက် ရှိသော်လည်း ဗိုလ်ချုပ်ကြီး ပရာဝစ်သည် လွှတ်တော်အစည်းအဝေးမှ ပျောက်ကွယ်နေသည်။ သူ့ကို ဩဂုတ်လ ၂၈ ရက်ထိ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။

၂၀၂၀ ခုနှစ် သတင်းစာရှင်းလင်းပွဲတခုတွင် ပရာယွတ်နှင့် ပရာဝစ်တို့ကို အတူတကွ မြင်ရစဉ်

ဝါရင့်နိုင်ငံရေး သုတေသီများ၏ အဆိုအရ ပရာယွတ်သည် ပရာဝစ်၏ နိုင်ငံရေး ရည်မှန်းချက်များကို ရိုက်ချရာတွင် အောင်ပွဲရကြောင်း မဲခွဲသောအခါ ရှင်းလင်းစွာ ပြသနေသည်ဟု ဆိုသည်။ ဖွေ့ထိုင်းပါတီ ဝန်ကြီးချုပ်လောင်းသည် အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း မဲခွဲသောအခါ မဲအလုံအလောက် မရပါက ပရာဝစ်သည် ဖလန် ပရာချာရက်ပါတီ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရမည့် အခွင့်အရေးကို စောင့်နေသည်ဆိုသည့် ခန့်မှန်းချက်များ ရှိခဲ့သည်။

ပရာဝစ်ကို ဝန်းရံသူများက ၎င်းတို့လည်း နိုင်ငံရေးဝေစုရမည် ဖြစ်သောကြောင့် ပရာဝစ်သည် ဝန်ကြီးချုပ်ရာထူးနှင့် သင့်တော်သည်ဟု အထင်ရောက်စေခဲ့သည်။ ဗိုလ်ချုပ်ကြီး ပရာဝစ်သည် ကျန်းမာရေး မကောင်းသောကြောင့် စွမ်းဆောင်ရည် မရှိသော်လည်း အသက်အရွယ်ကြီးပြီး အင်အားချိနဲ့နေသည့် သူ့ကို ထိုဝန်းရံသူများက တွန်းအားပေးကြသည်။ ထိုမှားယွင်းသော မျှော်လင့်ချက်ဖြင့် ပရာဝစ်သည် သူ ထိန်းချုပ်ထားသည့် အထက်လွှတ်တော် အမတ်များအား မစ္စတာ ဆက်ထာ ထဝီစင်ကို ကန့်ကွက်မဲ ပေးစေသည်။

လက်တွေ့တွင် ပရာယွတ်နှင့် သူနှင့် မသင့်မြတ်သည့် ပရာဝစ်တို့ သဘောထားခြင်း မတိုက်ဆိုင်သည်မှ အချိန်အတန်ကြာပြီ ဖြစ်သည်။ ထိုအကွဲအပြဲသည် ပရာယွတ်က ပရာဝစ်၏ ညာလက်ရုံး သန်မာနတ် ပရွန်ပေါကို အစိုးရနှင့် ဖလန်ပရာချာရက်ပါတီမှ ကန်ထုတ်လိုက်ချိန်က စတင်ခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကလည်း ထိုဗိုလ်ချုပ်နှစ်ဦးသည် တဦးကိုတဦး ဆန့်ကျင်မဲဆွယ်ကြသည်။

ဝန်ကြီးချုပ်လောင်းကို မဲမပေးသောကြောင့် ဖွေ့ထိုင်းက မျက်နှာသာမပေးတော့သည့် ဗိုလ်ချုပ်ကြီး ပရာဝစ်

ဆယ်စုနှစ်တခုနီးပါး အာဏာရပြီးနောက် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် အကျသက်သာစေရန် သို့မဟုတ် သူ၏ နိုင်ငံရေးရန်သူများ၊ အထူးသဖြင့် Move Forward ပါတီက နောက်ကြောင်းပြန် စုံစမ်းစစ်ဆေးမှုမှ အကာအကွယ် လိုအပ်သည်။

Move Forward ပါတီက ပရာယွတ်အစိုးရ၏ အမှားအယွင်းများအတွက် တာဝန်ခံစေရမည်ဟု ကြွေးကြော်ထားသည်။ ပရာယွတ်၏ အရင်းနှီးဆုံးလက်ထောက် ပီရာပန် ဆလီရာ သာဗီဘန်ဂါ ဦးဆောင်သည့် ယူနိုက်တက် ထိုင်းနေးရှင်းပါတီ (UTN) သည် အာဏာရမဟာမိတ်တွင် ပါဝင်ပါက သူ့ကို ထိုသို့အရေးယူရန် မဖြစ်နိုင်တော့ပေ။

ထိုအချက်သည် စစ်အုပ်စုမှ လူဟောင်း နှစ်ယောက်အကြား ကွဲလွဲချက်ဖြစ်သည်။ ပရာဝစ်က တကိုယ်တော် သက်ဆိုးရှည်ရန် အပြင်းအထန် ကြိုးစားသော်လည်း ပရာယွတ်က သက်ဆင်နှင့် ကြေအေး ပူးပေါင်းရန် သဘောတူလိုက်သောအခါ သူ၏ မျှော်လင့်ချက်များ ကုန်ဆုံးသွားသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင် ဆက်ထာက ရာထူးမှ နုတ်ထွက်ပေးရမည့် ဝန်ကြီးချုပ် ပရာယွတ်ကို သူ၏ လက်ရင်းတပည့် ပီရာပန်နှင့်အတူ သွားရောက် ဂါရဝပြု တွေ့ဆုံသောအခါ ရန်သူဟောင်းများ၏ လက်တွဲမညီသော မဟာမိတ်ဖွဲ့စည်းမှုကို အတည်ပြုလိုက်သည်။ ဆက်ခံမည့် ဝန်ကြီးချုပ် ဆက်ထာက ဗိုလ်ချုပ်ကြီး ပရာယွတ်ကို သူ၏ ခေါင်းဆောင်မှုအတွက် အကြီးအကျယ် ချီးကျူးပြီး ပူးပေါင်းဆောင်ရွက်ရန် ကတိပြုသည်။

ဆက်ထာနှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် နိုင်ငံရေးအတွေးအခေါ် အစွန်းနှစ်ဘက်မှ လူများ မကျေအေးနိုင်သော ရန်သူများ ဖြစ်သည်။ ထိုအချက်က နိုင်ငံရေးတွင် ထာဝရ ရန်သူနှင့် မိတ်ဆွေမရှိ၊ အကျိုးစီးပွားသာရှိသည် ဆိုသည့် မကြာခဏ ပြောနေကြ အဆိုအမိန့်ကို သတိရစေသည်။

မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီက ထိုသို့ ပြန်လည်ပေါင်းစည်းခြင်းသည် စိတ်ကူးယဉ်မှု သက်သက် ဖြစ်သည်။ ဆက်ထာနှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် နိုင်ငံရေးအတွေးအခေါ် အစွန်းနှစ်ဘက်မှ လူများ မကျေအေးနိုင်သော ရန်သူများ ဖြစ်သည်။ ထိုအချက်က နိုင်ငံရေးတွင် ထာဝရ ရန်သူနှင့် မိတ်ဆွေမရှိ၊ အကျိုးစီးပွားသာရှိသည် ဆိုသည့် မကြာခဏ ပြောနေကြ အဆိုအမိန့်ကို သတိရစေသည်။ ယူနိုက်တက် ထိုင်းနေးရှင်းပါတီသည် အစိုးရဖွဲ့ရာတွင် ဝေစုကြီးကြီးမားမား ရသောကြောင့် ၎င်းတို့အတွက် အောင်မြင်မှုပင် ဖြစ်သည်။ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနများကိုသာမက ကာကွယ်ရေးဝန်ကြီးဌာနကိုပင် ရနိုင်သည်။

မဟာမိတ် ဖွဲ့စည်းသောအခါ ယူနိုက်တက် ထိုင်းနေးရှင်းပါတီသည် ဖလန် ပရာချာရက်ပါတီထက် ဦးစားပေးဖြစ်ကြောင်း မစ္စတာ သက်ဆင်က ဖော်ပြခဲ့သည်ကို မိမိတို့ မမေ့ရန်လိုသည်။ ဗိုလ်ချုပ်ကြီး ပရာဝစ်၊ ဖလန် ပရာချာရက်ပါတီတို့နှင့် မဟာမိတ်ဖွဲ့ပြီး ပရာဝစ်လက်သို့ ဝန်ကြီးချုပ်ရာထူးကို အပ်လိုက်ခြင်းသည် ဖွေ့ထိုင်းအတွက် ထောက်ခံမှု ကျဆင်းစေသောကြောင့် ထိုသို့လုပ်ရန် မထိုက်တန်ကြောင်း သက်ဆင် ကောင်းစွာသိသည်။

Move Forward ပါတီနှင့် လမ်းခွဲလိုက်သောအခါ ဖွေ့ထိုင်းအပေါ် လူထုထောက်ခံမှု ကျဆင်းသည်။ သက်ဆင်သည် ယူနိုက်တက် ထိုင်းနေးရှင်းပါတီကို ငွေကြေးထောက်ပံ့နေသည့် စွမ်းအင် အင်ပါယာမှ သူဌေးကြီးများနှင့်လည်း ခိုင်မာသော အဆက်အသွယ်ရှိသည်ဟု ဆိုကြသည်။

ထို့အပြင် ဖလန် ပရာချာရက်ပါတီသည် အစိုးရအဖွဲ့ ဖွဲ့သောအခါ မဖြစ်နိုင်သည့် တောင်းဆိုမှုများ ပြုလုပ်သည်ဟု သတင်းများ ထွက်နေသည်။ ထိုပါတီက ဗိုလ်ချုပ်ကြီး ပရာဝစ်၏ ညီငယ် ပါတီမူဝါဒ အကြံပေး အရာရှိချုပ် ရဲဗိုလ်ချုပ်ကြီး ပက်ချာရာဝပ် ဝေါင်ဆူဝန်ကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများကို ကြီးကြပ်စေရန် တောင်းဆိုသည်ဟု ဆိုသည်။

မစ္စတာ ဆက်ထာ ထဝီစင်ကို ကန့်ကွက်မဲပေးခဲ့သော သစ္စာဖောက် အထက်လွှတ်တော် အမတ်များကို ဒဏ်ခတ်သည့်အနေဖြင့် ဖွေ့ထိုင်းက ထိုတောင်းဆိုချက်များ အားလုံးကို ပယ်ချသည်။ ထို့ကြောင့် ယူနိုက်တက် ထိုင်းနေးရှင်းပါတီသည် ဖလန် ပရာချာရက်ထက် အောက်လွှတ်တော်နေရာ လေးနေရာ လျော့နည်းသော်လည်း အစိုးရတွင် တူညီသော နေရာများရသည်။ အန်ကယ် ပါတီ နှစ်ခုနှင့် မဟာမိတ်ဖွဲ့ခြင်းသည် ဖွေ့ထိုင်းအတွက် တန်ဖိုးကြီးမားစွာ ပေးဆပ်ရစေသည်။ ဒီမိုကရေစီလိုလားသော လူထုများက စိတ်ပျက်ပြီး ထောက်ခံမှု ရုတ်သိမ်းလိုက်ကြသည်။

ထိုင်းဘုရင်ဆီ သက်ဆင် အသနားခံစာ ပို့မည်

သို့သော် ဖွေ့ထိုင်းသည် ရှေ့ဆက်လျှောက်ရန် ရွေးချယ်ထားဆဲ ဖြစ်သည်။ ထိုသို့လုပ်ခြင်းအားဖြင့် ရှင်နာဝပ် ဆွေမျိုးစုခေါင်းဆောင် ပြန်လာနိုင်ပြီး ထောင်တွင်းတွင် အရေးကြီးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရမည်ဟု ဖွေ့ထိုင်းဘက်က အနည်းဆုံး ယူဆနိုင်သည်။ သက်ဆင်ကို ထောင်တွင်းတွင် ခဏသာထားပြီး ရဲဆေးရုံသို့ ပြောင်းရွှေ့သည့် လုပ်ဆောင်မှုမျိုးက အံ့သြသူ မရှိသလောက်ပင်။

မစ္စတာ သက်ဆင်သည် စွဲချက် သုံးခုအတွက် ထောင် ရှစ်နှစ် ကျခံရန်ရှိသည်။ သက်ဆင်သည် အသက် ၇၀ ကျော်ပြီ ဖြစ်သောကြောင့် ထိုထောင်ဒဏ်ကို အကြီးအကျယ် လျှော့ချနိုင်သလို သက်ဆင်ကိုယ်တိုင်ကလည်း ဘုရင်ထံမှ လွတ်ငြိမ်းခွင့် တောင်းခံနိုင်သည်။ သူသည် အလွန်ဆုံး ထောင် နှစ်နှစ်သာ ကျနိုင်သည်။ သို့သော် ထိုသို့သော သက်သာခွင့်များကို ဖွေ့ထိုင်းပါတီ အာဏာရနေမှသာ ရနိုင်သည်။

အာဏာရခဲ့ဖူးသည့် ပါတီဟောင်းများ၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) သို့မဟုတ် ပြည်သူ့ဒီမိုကရေစီ မဟာမိတ် (PAD) စသည့် အဓိကအတိုက်အခံများ၊ သီးခြားလွတ်လပ်သော ပါတီများနှင့် မဟာမိတ်ဖွဲ့ခြင်းသည် သက်ဆင်ကို လွတ်လပ်ခွင့်ပေးနိုင်သည်ဟု ဖွေ့ထိုင်းက ယူဆနိုင်သည်။

အာဏာရခဲ့ဖူးသည့် ပါတီဟောင်းများ၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) သို့မဟုတ် ပြည်သူ့ဒီမိုကရေစီ မဟာမိတ် (PAD) စသည့် အဓိကအတိုက်အခံများ၊ သီးခြားလွတ်လပ်သော ပါတီများနှင့် မဟာမိတ်ဖွဲ့ခြင်းသည် သက်ဆင်ကို လွတ်လပ်ခွင့်ပေးနိုင်သည်ဟု ဖွေ့ထိုင်းက ယူဆနိုင်သည်။ သူ၏ အဓိက ရန်သူများဖြစ်သော ဆွန်ဒီ လင်မ်သောင်ကူနှင့် ဆူထက် ထောင်ဆူဗန်တို့သည် သက်ဆင် ပြန်လာသောကြောင့် စိတ်အနှောက်အယှက် ဖြစ်ပုံမရကြပေ။

လူထုထောက်ခံမှု အားကောင်းနေဆဲ ပါတီခေါင်းဆောင် ဖိထာ

သို့သော် ဖွေ့ထိုင်းနှင့် သက်ဆင်တို့သည် အကောင်းမြင်လွန်းနေပါသလား။ အဓိကကျသည့် သံချောင်းခေါက် သတိပေးသူများက သက်ဆင်အား ပေးထားသည့် အရေးကြီး ပုဂ္ဂိုလ်အဆင့်အတန်းကို စိတ်ပျက်ပြီး အမှုကို ကိုင်တွယ်မှု မှားသောကြောင့် အကျဉ်းထောင်ဌာနကဲ့သို့သော အစိုးရဌာနများကို အရေးယူရန် တိုင်ကြားနေကြသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

ထိုသို့လုပ်ခြင်းသည် သက်ဆင်နှင့် ဖွေ့ထိုင်းအတွက် ထောင်ချောက်ဖြစ်နိုင်သည်ဟု အချို့က ယုံကြည်ကြသည်။ ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ်ဘက်က လိုချင်သည်များအားလုံး ရရှိသွားပြီးနောက် အထူးသဖြင့် ဖွေ့ထိုင်းနှင့် Move Forward လမ်းခွဲသော်လည်း ရှင်နာဝပ်ဆွေမျိုးစုခေါင်းဆောင်သည် ထောင်သံတိုင်များနောက်တွင် ဆက်လက် နေထိုင်ရနိုင်သည်။

သက်ဆင်သည် အာဏာရဖူးသည့် အုပ်စုဟောင်းများနှင့် ပြေငြိမ်းရာတွင် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်ပါက သူ၏ အောင်မြင်မှုအတွက် ထိုင်းလူ့အဖွဲ့အစည်းက တန်ဖိုးပေးဆပ်ရမည် ဖြစ်သည်။ ထိုတန်ဖိုးမှာ အကြမ်းဖက်မှု အသွင်ဆောင်သွားသည့် ဆန္ဒပြပွဲအတွင်း ထိခိုက်သေဆုံးသူများ၊ တရားဥပဒေစိုးမိုးမှုကို လူထု အယုံအကြည် ကင်းမဲ့ခြင်းနှင့် ပဋိပက္ခဖြစ်ပွားနေသောကြောင့် လွန်ခဲ့သောနှစ်များအတွင်း ပျက်စီးသွားသည့် တရားစီရင်ရေး လုပ်ငန်းစဉ်တို့ပင် ဖြစ်သည်။

သို့သော် ၎င်းတို့၏ သံသယဖြစ်စရာ မဟာမိတ်ဖွဲ့မှုကြောင့် နိုင်ငံ၏ ဒီမိုကရေစီအခြေအနေကို အများပြည်သူ သိရှိနားလည်မှု နိုးကြားလာစေသည်ကို ရှောင်ရှားမရကြောင်း သက်ဆင်နှင့် အာဏာလက်ဟောင်းအုပ်စု သိရမည် ဖြစ်သည်။ ၎င်းတို့သည် မဲဆန္ဒရှင် ၁၄ သန်းနှင့် ထိုသို့ သံသယဖြစ်ဖွယ် အပေးအယူများကို စိတ်ပျက်သူများက ထောက်ခံနေသည့် ဒီမိုကရေစီ အင်အားစုများနှင့် Move Forward ပါတီ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။

(Bangkok Post ပါ Chairith Yonpiam ၏ Unlikely allies create an unclear future ကို ဘာသာပြန်သည်။ Chairith Yonpiam သည် Bangkok Post ၏ လက်ထောက် သတင်း အယ်ဒီတာ ဖြစ်သည်။)

You may also like these stories:

ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ

သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ဝန်ကြီးချုပ် မဲရရန် ဖွေ့ထိုင်းက Move Forward နှင့် လမ်းခွဲ

Your Thoughts …
Tags: Move Forward ပါတီSliderဆက်ထာ ထဝီစင်ပရာယွတ် ချန်အိုချာပရာဝစ် ဝေါင်ဆူဝန်ဖလန် ပရာချာရက်ပါတီဖွေထိုင်းပါတီယူနိုက်တက် ထိုင်းနေးရှင်းပါတီဝန်ကြီးချုပ်ရာထူးသက်ဆင် ရှင်နာဝပ်
Chairith Yonpiam

Chairith Yonpiam

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
TNLA နဲ့ စစ်တပ် မူဆယ်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံ ထောင်ချီထွက်ပြေးနေရ

TNLA နဲ့ စစ်တပ် မူဆယ်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံ ထောင်ချီထွက်ပြေးနေရ

တော်လှန်ရေးကို ထိခိုက်စေသော ရာဇဝတ်မှုများအား ထိန်းချုပ်ရန်လို

တော်လှန်ရေးကို ထိခိုက်စေသော ရာဇဝတ်မှုများအား ထိန်းချုပ်ရန်လို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved