• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

by ဧရာဝတီ
18 July 2023
in သတင်း
A A
ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

ဇူလိုင်လ ၃ ရက် ထိုင်းပါလီမန်ဖွင့်ပွဲတွင် တက်ရောက်မိန့်ခွန်းပြောနေသော ထိုင်းဘုရင်နှင့် မိဖုရား/Thai PBS

4.9k
VIEWS
Share on FacebookShare on Twitter

ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ် အသိုက်အဝန်းတွင် မေလက ရွေးကောက်ပွဲအနိုင်ရသည့် ဖိထာ လင်မ်ဂျာရွန်ရတ် ဝန်ကြီးချုပ်ဖြစ်မလာအောင် လုပ်ရန် အကြောင်းရင်းများစွာ ရှိနေသည်။ သူ၏ မူဝါဒများတွင် စစ်တပ်ကို ပြုပြင်ပြောင်းလဲရေး၊ လက်ဝါးကြီးအုပ်မှု ဖျက်သိမ်းရေးနှင့် အာဏာကို ဘန်ကောက်တွင် ဗဟိုချုပ်ကိုင်မှု ဖျက်သိမ်းရေးစသည်တို့ ပါဝင်ပြီး ထိုမူဝါဒများအားလုံးသည် နိုင်ငံကို စီမံနေသည့် ဗိုလ်ချုပ်များနှင့် သြဇာကြီးမားသော သူဌေးများအတွက် သေရေးရှင်ရေး ခြိမ်းခြောက်မှုဖြစ်သည်။

သို့သော် ရွေးကောက်ခံမဟုတ်သော အထက်လွှတ်တော်အမတ်များသည် လွန်ခဲ့သော အပတ်က လွှတ်တော်တွင် တိုက်ခိုက်ရေးလမ်းကြောင်း တခုတည်းကိုသာ အသုံးပြုခဲ့သည်။ တော်ဝင်မိသားစုကို အကာအကွယ်ပေးသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် သူ၏ ကတိကို ပယ်ချကြသည်။ ထိုဥပဒေသည် ထိုင်းဘုရင်စနစ်ကို စော်ကားသည့် မည်သူကိုမဆို ထောင် ၃ နှစ်မှ ၁၅ နှစ်အထိ ချနိုင်သော ဥပဒေဖြစ်သည်။

၂၀၂၀ ပြည့်နှစ်က လမ်းမပေါ် ဆန္ဒပြသူများက ၎င်းတို့တောင်းဆိုချက်များတွင် မထည့်သွင်းမီအထိ အစဉ်အလာ တားမြစ်ချက်ဖြစ်သော တော်ဝင်မိသားစုကို ဝေဖန်ခြင်းမှာ ဂျာမနီတွင် အနေများသည့် ဘုရင် မဟာ ဝဇီရာလောင်ကွန်း ဦးဆောင်သည့် ဘုရင်စနစ်သည် လစ်ဘရယ် ဒီမိုကရေစီနှင့် ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ် အုပ်ချုပ်ရေးအကြား ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် တိုက်ပွဲ၏ ဗဟိုချက်တွင် ရောက်နေသည်။

“ဘုရင်စနစ်ရဲ့အခန်းကဏ္ဍက ရှေ့ဆုံးဗဟိုချက်ကို ရောက်နေတယ်။ အရင်တုန်းက ဒီကိစ္စကို နိုင်ငံရေးမှာ အသုံးမချဖူးဘူး” ဟု ဘန်ကောက်ရှိ ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေး သိပ္ပံပါမောက္ခ သီတင်နန် ပေါင်ဆူဒီရက်က ပြောသည်။

ဖိထာ၏ Move Forward ပါတီသည် ၎င်း၏မဟာမိတ် အများကြိုက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ လှုပ်ရှားမှုကို ဆက်ခံသည့် ဖွေထိုင်းပါတီနှင့်အတူ အထွေထွေရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရသည်။

သို့သော် ဝန်ကြီးချုပ်ခန့်ရန် မဲခွဲသည့် လွှတ်တော်အစည်းအဝေးတွင် ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက် စစ်တပ်ကခန့်သည့် အထက်လွှတ်တော်အမတ် ၂၅၀ လည်း ပါဝင်နေသည်။ ၎င်းတို့အားလုံးသည် ရွေးကောက်ပွဲ အနိုင်ရသူကို ထောက်ခံရန် ငြင်းဆန်ကြပြီး လွှတ်တော်တွင်း အကျပ်အတည်း ကျရောက်စေကာ မည်သူမှ အစိုးရ မဖွဲ့နိုင်တော့ပေ။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

“ခင်ဗျားတို့က နိုင်ငံလုံခြုံရေးနဲ့ တသားတည်းဖြစ်တဲ့ ဘုရင်စနစ်ကို ဖြုတ်ချနေတာ” ဟု အထက်လွှတ်တော်အမတ် ခမ်နွန်း ဆီဒီဆာမန်က ဇူလိုင်လ ၁၃ ရက်နေ့က လွှတ်တော်တွင်း ဆွေးနွေးပွဲတွင် ပြောသည်။ “ဘုရင်စနစ်ကို ဘယ်လိုသစ္စာခံမလဲဆိုတာ ကျနော်တို့ကို ရှင်းရှင်းလင်းလင်း အဖြေပေးပါ” ဟုလည်း အခြားအထက်လွှတ်တော်အမတ် ဆွမ်ချိုင် ဆာဝန်ကန်က ပြောသည်။

မိန့်ခွန်းများတွင် အင်္ဂလိပ် စကားလုံးများဖြင့် တန်ဆာဆင်တတ်သည့် ပြတ်သားသော ဟားဗတ်တက္ကသိုလ်ထွက် စီးပွားရေးလုပ်ငန်းရှင် မစ္စတာ ဖိထာသည် အတိုက်အခံများကို ပိတ်ပင်ရန် ဘုရင်စနစ်ကို ကိရိယာသဖွယ် အသုံးပြုနေသည့် လက်ရှိ အသိုက်အဝန်းကို ဝေဖန်သည်။

“လုပ်ပိုင်ခွင့်ဖြစ်စေ၊ စီးပွားရေးဖြစ်စေ သူတို့အကျိုးစီးပွားဆုံးရှုံးမှာ စိုးရိမ်လို့ ကျနော့်ကို ဝန်ကြီးချုပ်မဖြစ်အောင် ပိတ်ဆို့နေတဲ့အုပ်စုတွေ အများကြီးရှိတယ်။ ဒါကြောင့် သူတို့က သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ ဘုရင်စနစ် အင်စတီကျူးရှင်းကို ရည်ရွယ်ချက်ရှိရှိ အသုံးချနေတယ်” ဟု ဇူလိုင်လ ၁၃ ရက်နေ့က မဲမခွဲမီ ဖိထာက ပြောသည်။

“ဘုရင်စနစ်အတွက် အစိုးရကို ဖြုတ်ချဖို့ တိုက်ပွဲဝင်မယ်တို့၊ ဘုရင်စနစ်ကို ကာကွယ်ဖို့ အာဏာသိမ်းတယ်တို့လို ကြွေးကြော်သံမျိုးကို ဘယ်သူမှ မပြောခဲ့ရင်၊ တဖက်နဲ့ တဖက် တိုက်ခိုက်ချေမှုန်းဖို့ ပုဒ်မ ၁၁၂ မသုံးခဲ့ရင် ဒီလိုအခြေအနေကို ရောက်စရာ အကြောင်းရှိခဲ့မှာ မဟုတ်ဘူး” ဟုလည်း ဖိထာက ပြောသည်။

ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆန္ဒသည် သူ့ကို ထောက်ခံသည့် လူငယ်များ၊ မြို့ပြလူလတ်တန်းစားများနှင့် တူညီသောဆန္ဒဖြစ်ပြီး မျှော်လင့်မထားဘဲ Move Forward ပါတီကို မဲအများစု ရစေသည်။

လွှတ်တော်အဆောက်အအုံ မျက်နှာချင်းဆိုင် ပန်းခြံတခုတွင် အသက် ၄၀ အရွယ် ရုံးဝန်ထမ်း ဆွမ်ဖော့ ချမ်ဆရီသည် ဖိထာကို ထောက်ခံရန် လက်ရေးဖြင့် ရေးထားသည့် ဆိုင်းဘုတ်တခုဖြင့် ရောက်လာသည်။ ထိုဆိုင်းဘုတ်က အထက်လွှတ်တော်အမတ်များအား “ခင်ဗျားတို့ မဲမပေးဘဲနေရင် အသက်မရှူဘဲလည်း နေသင့်တယ်” ဟု ရေးသားထားသည်။

ဆွမ်ဖော့က သူသည် ထိုင်းနိုင်ငံကို ပြောင်းလဲစေချင်ကြောင်း ပြောသည်။ “ဘုရင်စနစ်ကို အကာအကွယ်ပေးတဲ့ ဥပဒေကို ကျနော် ပြင်ဆင်စေချင်တယ်။ ကျနော်က Facebook မှာ ဘုရင်စနစ်ကို လေးလေးစားစား ဝေဖန်တာတွေ မကြာခဏရေးတယ်။ တခါ ကျနော့်ကို မက်ထရိုပိုလစ်တန် မြို့တော်ရဲဌာနက ဖုန်းဆက်ပြီး ကျနော့်ဆီ ရောက်လာတယ်။ သူတို့က ကျနော့်ကို အဲဒီလိုလုပ်တာ ရပ်ခိုင်းပြီး တရားစွဲမယ်လို့ ခြိမ်းခြောက်သွားတယ်” ဟု သူက ပြောသည်။

ဖိထာသည် ရုပ်သံသတင်းများကို လွှမ်းမိုးပြီး ဆွမ်ဖော့ကဲ့သို့သော နိုင်ငံသားများသည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို လိုလားသကဲ့သို့ ထိုင်းနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသည့် ဒီမိုကရေစီ အင်စတီကျူးရှင်း အများအပြား ရှိသော်လည်း အပြောင်းအလဲဖြစ်နိုင်ခြေ နည်းကြောင်း သုတေသီများက ပြောသည်။

ရှေ့ဆက်ရမည့်ကိစ္စမှာ နောက်တကြိမ် ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲရန်ဖြစ်သော်လည်း မစ္စတာ ဖိထာ ဖြတ်ကျော်ရမည့် ချောက်မှာ ပေါင်းကူးမရနိုင်သော ချောက် ဖြစ်နေသည်ဟု နိုင်ငံရေး သုတေသီ ကန် လိုဟာတီပနော့က ပြောသည်။

အထက်လွှတ်တော်အမတ်များသည် အစိုးရတွင် Move Forward ပါတီ၏ မည်သည့် အခန်းကဏ္ဍကိုမဆို ပယ်ချမည့်သဘော ရှိနေသောကြောင့် ဖွေထိုင်းသည် စစ်တပ်နှင့်ပတ်သက်နေသည့် ပါတီများနှင့် သဘောတူညီချက်ယူကာ ၎င်းအပေါ် လူထုထောက်ခံမှုနှင့် အာဏာကို လဲလှယ်မည်၊ မလဲလှယ်မည်ကို ဆုံးဖြတ်ရမည့် အခြေအနေဖြစ်နေသည်။

တချိန်တည်းတွင် နိုင်ငံရေးအကျပ်အတည်းသည် ထိုင်းနိုင်ငံ၏နှေးကွေးသော စီးပွားရေး တိုးတက်မှုနှုန်းကို ပြင်ဆင်ရန်နှင့် ဝင်ငွေအလယ်အလတ် နိုင်ငံအဆင့်ကို ကျော်ဖြတ်ရန် အလားအလာမရှိ ဖြစ်စေသည်။

အာဏာရ အသိုက်အဝန်းသည် ဗြောင်ကျကျ ဖိနှိပ်မှုမရှိဘဲ Move Forward ပါတီကို အင်အားချိနဲ့ အယုံအကြည်ကင်းမဲ့စေရန် တရားစွဲဆိုမှု အများအပြား လုပ်ဖွယ်ရှိသည်။ လတ်တလောတွင် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေပြုပြင်ရန် ကြိုးစားမှုနှင့် မီဒီယာကုမ္ပဏီတွင် ဖိထာ ရှယ်ယာပိုင်သောကြောင့် အောက်လွှတ်တော်အမတ် အရည်အချင်း ပျက်ယွင်းမှုများ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးတွင် တင်ထားသည့် အမှု နှစ်ခုတည်းသာ ရှိသေးသည်။

“ထိုင်းမှာ တည်ဆဲစနစ်ကို စိန်ခေါ်တာကို ကာကွယ်ဖို့ ဥပဒေ အထောက်အကူ သုံးလိမ့်မယ်” ဟု စင်ကာပူမှ ယူဆွတ်အီရှက် အင်စတီကျုမှ သုတေသီ နပွန် ဂျတူဆရီပီတက်က ပြောသည်။ “လက်ရှိ အခြေအနေတွေနဲ့ ကိုက်ညီနေမှသာ ထိုင်းမှာ ဒီမိုကရေစီကို ရှင်သန်ခွင့်ပြုမှာဖြစ်တယ်” ဟုလည်း ပြောသည်။

ကိုးကား ။ ။ Financial Times သတင်း Role of monarchy at heart of battle for Thailand’s future

You may also like these stories:

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ

ထိုင်းဝန်ကြီးချုပ်လောင်း ဖိထာ အနာဂတ် မရေရာ

ထိုင်းဒီမိုကရေစီက “ခွင့်မလွှတ်နိုင်”မည်ကို မလုပ်ရန် လွှတ်တော်အမတ်များကို ဖိထာ သတိပေး

Your Thoughts …
Tags: Move Forward ပါတီတော်ဝင်မိသားစုထိုင်းဒီမိုကရေစီပုဒ်မ ၁၁၂ဖိထာ လင်မ်ဂျာရွန်ရတ်ဖွေထိုင်းပါတီဘုရင်စနစ်ရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ထိုင်း- မြန်မာနယ်စပ် မြဝတီရှိ ပြောင်းအဝယ်ဒိုင် (Ko Lwin)

ပြောင်းဈေးကျ မြန်မာကုန်သည်များ အရှုံးပေါ်

သာပေါင်းမြို့နယ် မိဘမဲ့ကျောင်းမှ ၅ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မကျင့်ခံရ

သာပေါင်းမြို့နယ် မိဘမဲ့ကျောင်းမှ ၅ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မကျင့်ခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved