• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစစ်ကောင်စီကို လူရာသွင်းသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပြင်းအထန် ဝေဖန်ခံရ

by ဧရာဝတီ
19 June 2023
in သတင်း
A A
ထိုင်း ဒုဝန်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်/PBS

ထိုင်း ဒုဝန်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်/PBS

6.2k
VIEWS
Share on FacebookShare on Twitter

ထိုင်း ဒုဝန်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်၏ “တရားမဝင် မြန်မာစစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံမှုများ” ပြုလုပ်ရန် ဆုံးဖြတ်ချက်သည် မြန်မာလူထုအား သစ္စာဖောက်ခြင်းဖြစ်ပြီး အာဆီယံအသင်း၏ စည်းလုံးညီညွတ်မှုကို ဆန့်ကျင်နေကြောင်း အရှေ့တောင်အာရှ လွှတ်တော်အမတ်များက ယနေ့ ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က မြန်မာစစ်ခေါင်းဆောင်များနှင့် အပြည့်အ၀ ပြန်လည်ထိတွေ့ဆက်ဆံရေး ထိုင်းနိုင်ငံအနေဖြင့် အလွတ်သဘောဝန်ကြီးအဆင့် ဆွေးနွေးပွဲ တခု ယနေ့ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်နေပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်းမှ အဓိက နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ မတက်ရောက်ဘဲ လက်ရှိထိုင်းအစိုးရသည် ဝေဖန်ခံနေရသည်။

“အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားတို့က ပယ်ချခံရပေမဲ့ ဒီအစည်းအဝေးတွေ ကျင်းပဖို့ ထိုင်းအစိုးရရဲ့ သန္နိဋ္ဌာန်က အာဆီယံရဲ့ စည်းလုံးညီညွတ်မှု၊ မြန်မာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ဆန္ဒတွေကိုပါ မောက်မာစွာ လျစ်လျူရှုတာကို ပြသနေပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တွဲဖက်ဥက္ကဌ Charles Santiago က ယနေ့ ပြောကြားခဲ့သည်။ “လတ်တလော အထွေထွေ ရွေးကောက်ပွဲမှာ လက်ရှိ ထိုင်းအစိုးရဟာ တခဲနက် ရှုံးနိမ့်ခဲ့ပြီး ပြည်သူတွေဆီက လုပ်ပိုင်ခွင့် မရှိတော့ဘူး၊ ဒီလို ဆွေးနွေးပွဲတွေ စတင်တာဟာ ထိုင်းမဲဆန္ဒရှင်တွေရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ” ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်ကမူ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထိုင်းက လက်ခံကျင်းပခြင်းကို ကာကွယ်ပြောကြားခဲ့သည်။ ထိုအစည်းအဝေးသည် အိမ်နီးချင်းမြန်မာမှ အကျပ်အတည်းဖြေရှင်းရန် နည်းလမ်းရှာရေးအတွက် ထိုင်းနိုင်ငံ၏ ဆက်လက်အားထုတ်မှု အစိတ်အပိုင်းဖြစ်ကြောင်း ဒွန်က Thai PBS သို့ပြောကြားလိုက်သည်။

မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေသည် လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်မှ ကိုယ်စားလှယ်များနှင့် တနင်္ဂနွေနေ့က စတင်သည့် ထို ၂ ရက်ကြာ အစည်းအဝေးတက်ရောက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။

သို့သော် ဒွန်က ထိုအစည်းအဝေးသို့ အာစီယံအသင်း၏ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားအပြင် စင်္ကာပူနှင့် မလေးရှားတို့မတက်ရောက်ခြင်းကို ဒွန်က အလေးထားခြင်း မရှိပေ။ “ဒီအစည်းအဝေး လုပ်မယ်လို့ သူတို့ကိုအကြောင်းကြားပြီး ပါဝင်မယ်ဆိုရင် ကြိုဆိုကြောင်း ပြောထားတယ်။ သူတို့ပါဝင်တယ် မပါဝင်ဘူးဆိုတာက သူတို့ကိစ္စပဲဖြစ်တယ်” ဟု ဖုန်းဖြင့် ပြုလုပ်သည့် အမေးအဖြေတွင် သူပြောသည်။

ထိုဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခြင်းသည် နိုင်ငံရေးအရ စည်းကျော်ခြင်းဖြစ်သည် ဆိုသည့် ဝေဖန်မှုများကို ပယ်ချပြီး ဒွန်က သူ၏နိုင်ငံသည် မြန်မာမှ အကြမ်းဖက်မှုများကြောင့် အထိခိုက်ဆုံးနိုင်ငံဖြစ်သောကြောင့် အကျပ်အတည်းဖြေရှင်းရာတွင် ထိုင်းက ဦးဆောင်မှု ယူရန် လိုအပ်ကြောင်း ပြောသည်။

“ကျနော်တို့က မြန်မာနဲ့ ကီလိုမီတာ ၂၀၀၀ ကျော်နယ်နိမိတ်ထိစပ်နေတယ်။ ဒီအကျပ်အတည်းပိုမိုဆိုးရွားဖို့ ကျနော်တို့ခွင့်ပြုထားရင် ထိုင်းနိုင်ငံပဲအထိခိုက်ဆုံးဖြစ်မယ်” ဟု သူပြောသည်။ “ဘယ် ASEAN နိုင်ငံမှ ဒီအကျပ်အတည်း အဆုံးသတ်ဖို့ နည်းလမ်းရှာရေးကို ထိုင်းလောက် အလေးထားမှာမဟုတ်ဘူး” ဟု သူပြောသည်။

တနင်္ဂနွေနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုအစည်းအဝေးကို အာဆီယံ မူဘောင်အတွင်း ကျင်းပခြင်းမဟုတ်သော်လည်း မြန်မာ ပြဿနာဖြေရှင်းရေးအတွက် အာဆီယံ၏ အားထုတ်မှုများကို အထောက်အကူ ပြုမည်ဖြစ်ကြောင်းဖေါ်ပြထားသည်။

ထိုင်းနိုင်ငံသည် မြန်မာနှင့်ပတ်သက်သည့် အလွတ်သဘော ဆွေးနွေးပွဲများ အကြိမ်ကြိမ် လုပ်ခဲ့ကြောင်း နှင့် ထိုအစည်းအဝေးများအနက် ၂ ခုသည် ဝန်ကြီးအဆင့် အစည်းအဝေးများဖြစ်ကြောင်းလည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

မတ်လက ဘန်ကောက်တွင် ထိုကဲ့သို့သော ဆွေးနွေးပွဲ ကျင်းပပြီးနောက် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲကို ယခုနှစ် ဧပြီလတွင် အိန္ဒိယ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

ယခု အစည်းအဝေးအား မည်သည့်နေရာတွင် ကျင်းပကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် မဖော်ပြထားသော်လည်း ဘန်ကောက်ပို့စ် သတင်းစာက အရှေ့ဘက် အပန်းဖြေမြို့ ပတ္တယား၌ ကျင်းပကြောင်း ဒွန်ကို ကိုးကားပြီး ဖော်ပြခဲ့သည်။

အာဆီယံအဖွဲ့ဝင်အချို့က တက်ရောက်ရန် ငြင်းဆိုထားပြီး အချို့မှာ အငယ်တန်းအရာရှိများသာ စေလွှတ်သည်။

လက်ရှိအာဆီယံ ဥက္ကဋ္ဌအဖြစ် လအတော်ကြာ တာဝန်ယူခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ရန် ကြိုးပမ်းရာတွင် မြန်မာနိုင်ငံ ပဋိပက္ခတွင် အဓိက သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံရန် ထိုင်း၏ ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အသင်း၏နောက်ဆုံးအကြိမ်အစည်းအဝေးသည် “မြန်မာ့အရေးနှင့်ပတ်သက်သည့် ချဉ်းကပ်မှုအသစ်များ ပြန်လည်ပါဝင်ရန် သို့မဟုတ် ချဉ်းကပ်မှုအသစ်များပြုလုပ်ရန် သဘောတူညီမှု မရရှိသေးကြောင်း” ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မလေးရှားအစိုးရ၏ ထုတ်ပြန်ချက်တွင် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir သည် “ကြိုတင်ကတိကဝတ်များ ကြောင့်” တက်ရောက်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် “အာဆီယံ၏ ခိုင်လုံသော အကိုးအကားနှင့် လုပ်ပိုင်ခွင့်များ ကျန်ရှိနေသေးကြောင်း” အလေးပေးပြောကြားသည်။

မလေးရှား၏ ထုတ်ပြန်ချက်တွင် ထိုင်း၏ ကြိုးပမ်းမှုသည် အာဆီယံ စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်ဟု အကြံပြုထားသည်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
2
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
2
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
11

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ယမန်နှစ်က တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကမူ ၎င်း၏လက်ထောက်က ကိုယ်စားပြု တက်မည်ဟု ကမ္ဘောဒီးယားက ပြောကြားခဲ့သည်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော မြန်မာအဖွဲ့များကလည်း ထိုင်းအစည်းအဝေး အစီအစဉ်များကို ပြစ်တင်ရှုတ်ချကြသည်။

အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးထားသည့် ကြေညာချက်တွင် ” နိုင်ငံတခုလုံးကို အကြမ်းဖက်ပြီး အာဏာသိမ်းသည့် မြန်မာစစ်တပ်အား ကြိုးပမ်းတွန်းလှန်ပြီး အသက်စွန့်ခဲ့ကြသော မြန်မာ ပြည်သူများကို ဒေါသထွက်စေသည့် လုပ်ရပ်” ဟု ဖော်ပြထားသည်။

လက်ရှိ ထိုင်းအိမ်စောင့်အစိုးရကို မေလ ရွေးကောက်ပွဲတွင် အနိုင်ရသော အတိုက်အခံပါတီများဖြင့် သြဂုတ်လတွင် အစားထိုးဖွယ်ရှိနေသောကြောင့် ထိုင်းဝေဖန်သူအချို့က အစည်းအဝေးကို အဘယ်ကြောင့် ရုတ်တရက် ခေါ်သနည်းဟု မေးခွန်းထုတ်ကြသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း နော့ပါဒွန် ဖတ်ထမက ထိုဆွေးနွေးပွဲကျင်းပရသည့် နောက်ကွယ်မှ အကြောင်းရင်းကို မေးခွန်းထုတ်သည်။

“အိမ်စောင့်အစိုးရဖြစ်လို့ မြန်မာအကျပ်အတည်းနဲ့ဖြေရှင်းဖို့ ဘာအပေးအယူလုပ်ခွင့်မှ လက်ရှိထိုင်းအစိုးရမှာ မရှိဘူး” ဟု သူပြောပြီး မြန်မာပြဿနာကို ထိုင်းအစိုးရသစ်က ကိုင်တွယ်ရေး လွှဲပေးရန် ပရာယွဒ် အစိုးရကို တောင်းဆိုသည်။

ပရာယွဒ် အစိုးရသည် မြန်မာစစ်ကောင်စီက အရပ်သားများကို ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်မှုများကို မသိကျိုးကျွံ ပြုနေကြောင်း မျှတရေးပါတီ Pen Tham Party အတွင်းရေးမှူးချုပ် ကန်နာဗီ ဆူဘက်ဆန် ပြောသည်။

မြန်မာစစ်ကောင်စီလေယာဉ်များသည် ကရင်ပြည်နယ်တွင် ဗုံးကြဲပြီး အရပ်သားများကို သတ်ဖြတ်နေစဉ် ထိုအစည်းအဝေး ကျင်းပနေခြင်းဖြစ်ကြောင်း သူပြောသည်။

နော့ပါဒွန်နှင့် ကန်နာဗီ တို့သည် ညွန့်ပေါင်းအစိုးရဖွဲစည်းမည့် နိုင်ငံရေးပါတီများမှ ဖြစ်ပြီး ထိုညွန့်ပေါင်းအစိုးရ၏ နိုင်ငံခြားရေးမူဝါဒ အထူးသဖြင့် မြန်မာအကျပ်အတည်းနှင့် ပတ်သက်သော သဘောထားသည် လက်ရှိအစိုးရ၏ သဘောထားနှင့် သိသိသာသာ ကွဲပြားမည်ဟု မျှော်လင့်ရသည်။

ကိုးကား။ ။ Bangkok Post, PBS, Reuters

You may also like these stories:

မြန်မာ့အရေး ထိုင်း နှုတ်ဆိတ်နေမည် မဟုတ်ဟု ညွန့်ပေါင်းဖွဲ့မည့် MFP ပြော

Move Forward ပါတီအောက်တွင် ထိုင်း၏ မြန်မာမူဝါဒ မည်သို့ပြောင်းလဲမည်နည်း

Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့

ထိုင်းနိုင်ငံရေးတွင် သမိုင်းဒီရေမြင့်နေသည်

ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်

Your Thoughts …
Tags: Aseanထိုင်း ဒုဝန်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာစစ်ကောင်စီလူရာသွင်းအပြင်းအထန် ဝေဖန်ခံရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

by ဧရာဝတီ
27 June 2024
2.8k

အီရန်သည် ဆီးရီးယားနှင့် ယီမင်မှ ပြည်တွင်းစစ်များတွင် ပါဝင်သည့် အုပ်စုများနှင့် ယူကရိန်းကျူးကျော်မှုနောက်ပိုင်း ရုရှားသို့ လက်နက်များရောင်းချသည်ဟု စွပ်စွဲခံရသည်။

သက်ဆင်၏ ကြားဝင်ဆောင်ရွက်မှု အစိုးရမူဝါဒမဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

သက်ဆင်၏ ကြားဝင်ဆောင်ရွက်မှု အစိုးရမူဝါဒမဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

by ဧရာဝတီ
7 May 2024
1.6k

ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှ မြန်မာတော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးခြင်းသည် ၎င်း၏ပုဂ္ဂလိကအဆင့် တွေ့ဆုံခြင်းဖြစ်ပြီး ထိုင်းအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒနှင့် မသက်ဆိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာက အင်္ဂါနေ့တွင် ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ

by ဧရာဝတီ
13 July 2023
7.3k

အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တယ်ဆိုတဲ့ ကိစ္စရပ်တွေက အာဆီယံရဲ့ လမ်းကြောင်းကို သွေဖယ် ပြီးတော့ အာဆီယံတည်ရှိမှုကို ချိုးနှိမ်လိုက်တာ ဖြစ်တယ်။ အာဆီယံအကွဲအပြဲကို ကြားထဲမှာ ပိုမြင်ရလိမ့်မယ်။

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

မြန်မာအကြမ်းဖက်မှုများကို အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ရှုတ်ချ

by ဧရာဝတီ
14 July 2023
4.9k

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

ထိုင်းက မြန်မာသို့ ကူညီရန် လူသားချင်းစာနာမှုဌာန တလအတွင်းဖွင့်မည်

ထိုင်းက မြန်မာသို့ ကူညီရန် လူသားချင်းစာနာမှုဌာန တလအတွင်းဖွင့်မည်

by ဧရာဝတီ
13 February 2024
982

ထိုဌာနသည် ထိုင်းကြက်ခြေနီအသင်းက မြန်မာကြက်ခြေနီအသင်းမှတဆင့် အစားအစာနှင့်ဆေးဝါးများ ထောက်ပံ့မည်။

Next Post
အလေးချိန် ၂၅၀ ကီလိုဂရမ် အလေးချိန်ရှိသော သာမိုဘာရစ်ဗုံးအား A-5 ဂျက်တိုက်လေယာဉ်တွင် မန္တလေးမြို့ တံတားဦးလေတပ်စခန်းတွင် ၂၀၁၇ ခုနှစ်က ချိတ်ဆွဲနေစဉ်/ဧရာဝတီ

မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (Hosheng) အထည်ချုပ်စက်ရုံ / Myanmar labour News

လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved