• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

သက်ဆင်၏ ကြားဝင်ဆောင်ရွက်မှု အစိုးရမူဝါဒမဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

by ဧရာဝတီ
7 May 2024
in သတင်း
A A
သက်ဆင်၏ ကြားဝင်ဆောင်ရွက်မှု အစိုးရမူဝါဒမဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

အင်္ဂါနေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အပတ်စဉ် အစည်းအဝေးမတိုင်မီ အစိုးရအဖွဲ့ရုံးသို့ ရောက်လာသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် မာရစ် / Reuters

1.6k
VIEWS
Share on FacebookShare on Twitter

ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှ မြန်မာတော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးခြင်းသည် ၎င်း၏ပုဂ္ဂလိကအဆင့် တွေ့ဆုံခြင်းဖြစ်ပြီး ထိုင်းအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒနှင့် မသက်ဆိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာက အင်္ဂါနေ့တွင် ပြောသည်။

သက်ဆင်နှင့် မြန်မာတော်လှန်ရေးအင်အားစုများ ဆွေးနွေးသည်ဆိုသည့် သတင်းများကို ဝန်ကြီး မာရစ်က ငြင်းဆန်ခြင်း မရှိသော်လည်း ယင်းကိစ္စသည် မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းအစိုးရနှင့် မပတ်သက်ကြောင်း ၎င်းက ဆိုသည်။

ဝန်ကြီး မာရစ်က “မစ္စတာ သက်ဆင်ဟာ ကျော်ကြားပြီး အဆက်အသွယ်တွေ ရှိတယ်ဆိုတာ ကျနော်တို့ ဝန်ခံရမယ်။ သူက ပြဿနာတွေ ကူညီဖြေရှင်းပေးနိုင်မယ်လို့ မြန်မာတွေ ယုံကြည်ကြတယ်” ဟု အစိုးရအဖွဲ့ အပတ်စဉ် အစည်းအဝေးမတိုင်မီ အစိုးရအဖွဲ့ရုံးတွင် ပြောသည်။

ဆက်လက်၍ ၎င်းက “မြန်မာတော်လှန်ရေးအင်အားစုတွေ သူနဲ့ ဆွေးနွေးတယ်။ ဒီကိစ္စမှာ ထိုင်းအစိုးရ မပတ်သက်ဘူး” ဟု ဆိုသည်။

မစ္စတာ သက်ဆင်သည် မြန်မာပြည်တွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအား ကူညီဖြေရှင်းရန် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်အမျိုးသားအစည်းအရုံး (KNO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်များနှင့် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း အမေရိကန်အသံ (VOA) မြန်မာပိုင်းက သက်ဆင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကားပြီး တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဆက်လက်တွေ့ဆုံခဲ့ကြောင်းလည်း VOA မြန်မာပိုင်း၏ သတင်းတွင် ပါရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ထိုင်းနိုင်ငံ မဲဆောက်တဖက်ကမ်း အဓိကကျသည့် ကုန်သွယ်ရေးမြို့ မြဝတီကို သိမ်းပိုက်ပြီးနောက် ထိုသို့ အလွတ်သဘောတွေ့ဆုံခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ မပြောင်းလဲဘဲ မြန်မာတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကို နှစ်နိုင်ငံဆက်ဆံရေးဖြင့် လုပ်ကိုင်ရန်၊ အရှေ့တောင်အာရှနိုင်ငံများအသင်းဝင် နိုင်ငံများနှင့် အတူလုပ်ဆောင်ရန်ဖြစ်ကြောင်း ဝန်ကြီး မာရစ်က ပြောသည်။

စစ်ပွဲရှည်ကြာပါက ထိုင်းနိုင်ငံကို တိုက်ရိုက်သက်ရောက်ကြောင်း ၎င်းက ပြောသည်။ ပဋိပက္ခရပ်ဆိုင်းရေး အားထုတ်မှုများ တိုးတက်ကြောင်း ၎င်းအနေဖြင့် ပြောသော်လည်း အသေးစိတ်များကိုမူ မပြောပေ။

ဝန်ကြီး မာရစ်သည် ပန်ပရီဘဟစ်ဒါ နုကာရာ ဒုဝန်ကြီးချုပ်ရာထူးကို ဆုံးရှုံးပြီးနောက် နိုင်ငံခြားရေးဝန်ကြီးရာထူးမှပါ ရုတ်တရက် နုတ်ထွက်သွားသည့်နေရာ၌ အစားထိုးခန့်အပ်လိုက်သည့် ဝန်ကြီး ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးအသစ်သည် သက်ဆင်နှင့် ကာလကြာရှည်စွာပတ်သက်ခဲ့သူလည်း ဖြစ်သည်။

You may also like these stories:

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
49
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
42
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
271

ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ

မြန်မာစစ်ခေါင်းဆောင်များနှင့် အာဆီယံ ပြန်ဆက်ဆံရေး သက်တမ်းကုန် ထိုင်းအစိုးရ စီစဉ်

Your Thoughts …
Tags: ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာတော်လှန်ရေးအင်အားစုသက်ဆင်အစိုးရမူဝါဒ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

by ဧရာဝတီ
31 March 2024
16.4k

ဘယ်မြင်းကိုလောင်း ဘယ်သူနှင့် ပေါင်းရမည်ကို သက်ဆင်က ကောင်းကောင်း သိသည်ဟု ဆိုရမည်။

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

သက်ဆင်ကို ဘန်ကောက်နေအိမ်တွင် ဟွန်ဆန် သွားရောက်တွေ့ဆုံ

သက်ဆင်ကို ဘန်ကောက်နေအိမ်တွင် ဟွန်ဆန် သွားရောက်တွေ့ဆုံ

by ဧရာဝတီ
21 February 2024
2k

သက်ဆင်၏ အငယ်ဆုံးသမီး ဖွေထိုင်းပါတီခေါင်းဆောင် မစ္စ ပေတောင်တန် ရှင်နာဝပ်လည်း ထိုအိမ်တွင် ရောက်နေသည်။ တင်းကျပ်သော လုံခြုံရေးကို မစ္စတာ ဟွန်ဆန် ရောက်လာချိန်တွင် ပိုမိုတင်းကျပ်ထားသည်။

အစိုးရသစ်ဖွဲ့မည့်အချိန် သက်ဆင် ထိုင်းပြန်လာ

အစိုးရသစ်ဖွဲ့မည့်အချိန် သက်ဆင် ထိုင်းပြန်လာ

by ဧရာဝတီ
22 August 2023
1.8k

သက်ဆင်၏ ဂျက်လေယာဉ်ငယ်သည် ဘန်ကောက်သို့ မနက် ၉ နာရီတွင် ဆိုက်ရောက်လာပြီး သူ့အားထောက်ခံသူ ရှပ်နီဝတ်များကလည်း လေဆိပ်တွင် လာရောက် စုရုံး ကြိုဆိုနေခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ

by ဧရာဝတီ
13 July 2023
7.3k

အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တယ်ဆိုတဲ့ ကိစ္စရပ်တွေက အာဆီယံရဲ့ လမ်းကြောင်းကို သွေဖယ် ပြီးတော့ အာဆီယံတည်ရှိမှုကို ချိုးနှိမ်လိုက်တာ ဖြစ်တယ်။ အာဆီယံအကွဲအပြဲကို ကြားထဲမှာ ပိုမြင်ရလိမ့်မယ်။

ထိုင်းက မြန်မာသို့ ကူညီရန် လူသားချင်းစာနာမှုဌာန တလအတွင်းဖွင့်မည်

ထိုင်းက မြန်မာသို့ ကူညီရန် လူသားချင်းစာနာမှုဌာန တလအတွင်းဖွင့်မည်

by ဧရာဝတီ
13 February 2024
982

ထိုဌာနသည် ထိုင်းကြက်ခြေနီအသင်းက မြန်မာကြက်ခြေနီအသင်းမှတဆင့် အစားအစာနှင့်ဆေးဝါးများ ထောက်ပံ့မည်။

Next Post
တိုက်ပွဲကြောင့် ပူတာအိုခရိုင်၌ စက်သုံးဆီနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်နေ

တိုက်ပွဲကြောင့် ပူတာအိုခရိုင်၌ စက်သုံးဆီနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်နေ

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

23 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved