• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
in ဆောင်းပါး
A A
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

9.6k
VIEWS
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများ

၂၀၂၃ ခုနှစ်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းစကားများ ခပ်စိပ်စိပ် ကြားလာရ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တချို့ တွေ့သည်ဆိုသည့်သတင်း၊ စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်ကြီးအချို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့သည်ဆိုသည့် သတင်း၊ ယခုနောက်ဆုံး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည့် သတင်းများဖြစ်၏။

သူမသည် ပြည်တွင်းပြည်မ၌ ဩဇာရှိသူတယောက်ဖြစ်သည့်အပြင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစု အများစုက မြန်မာပြည်ပဋိပက္ခ ဖြေရှင်းရေးအတွက် သူမသည် အရေးကြီးသောအခန်းမှ ပါဝင်နေသည်ဟု သတ်မှတ်ထားကြသည်။ ထို့ပြင် ထိုတွေ့ဆုံမှုများ၊ ထိုသတင်းများသည် မြန်မာပြည်၏ အရေးကြီး နိုင်ငံရေးပြဿနာများ၊ အဆုံးအဖြတ်ကိစ္စများနှင့် ဆက်စပ်နေသည်ဖြစ်ရာ သူမ၏သတင်းများသည် လှုပ်လှုပ်ခတ်ခတ်ရှိသည်။ အများအာရုံစိုက်မှုကိုခံရ၏။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများနှင့်ပတ်သက်၍ ဦးစွာပြောရမည်ဆိုပါက မြို့ပေါ်ရှိ NLD ပါတီဝင်အချို့ သွားရောက်တွေ့ဆုံသည့်သတင်း ဖြစ်၏။ ထိုသတင်း စတင်ထွက်ပေါ်စဉ်က မဟုတ်ပါဟု ‘ဘူး’ ခံ၍ ငြင်းဆန်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဝန်ခံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများနှင့်ပတ်သက်၍ ဦးစွာပြောရမည်ဆိုပါက မြို့ပေါ်ရှိ NLD ပါတီဝင်အချို့ သွားရောက်တွေ့ဆုံသည့်သတင်း ဖြစ်၏။ ထိုသတင်း စတင်ထွက်ပေါ်စဉ်က မဟုတ်ပါဟု ‘ဘူး’ ခံ၍ ငြင်းဆန်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဝန်ခံခဲ့ကြသည်။

ပထမအကြိမ်တွေ့စဉ်က ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့သော်လည်း ဒုတိယအကြိမ် ထပ်မံသွားရောက်သောအခါ လက်ခံတွေ့ဆုံခြင်းမပြုဟု သိရ၏။ သူမအား သွားရောက်တွေ့ဆုံသည့် နိုင်ငံရေးပြဿနာမှာ NLD ပါတီအား စစ်ကောင်စီ၏ အစီအမံအတိုင်း ပြန်လည်မှတ်ပုံတင်ရေး ဖြစ်၏။ ယခုနွေဦးတော်လှန်ရေးတွင် မပါဝင်သော NLD ပါတီဝင်တချို့၏ ပါတီ မြို့ပေါ် တရားဝင်ရပ်တည်ရေး ကြိုးပမ်းမှုဖြစ်၏။

စစ်ကောင်စီအား ပြတ်ပြတ်သားသား ဆန့်ကျင်သည့် NLD များက NUCC, CRPH, NUG ဟူ၍ လုပ်သင့်လုပ်ထိုက်သည်များကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေကြစဉ်တွင် မြို့ပေါ်၌ ရပ်တည်လိုသော NLD ဆိုသူများကတော့ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကိုသုံး၍ မြို့ပေါ်တွင် ရပ်တည်လိုကြသည်။ စိန်နားကပ်အရောင်နှင့် ပါးပြောင်လိုကြဆဲ ဖြစ်၏။ သို့သော် သူမက လက်ခံတွေ့ ဆုံခြင်းမရှိ၊ ထောက်ခံမှုမပေးသဖြင့် ထိုသူများ ငြိမ်သွားကြ၏။ သူမ ပါမှသာ သူမခေါင်းစဉ်တပ်ပြီး လူထုကို စည်းရုံးရမည်ဖြစ်ပြီး သူမ မပါဘဲ သူတို့အထီးတည်း လုပ်ရဲကြခြင်း မရှိပေ။ လုပ်ပါကလည်း သူတို့နောက်လိုက်မည့် လူထုမရှိပေ။

ဒုတိယသတင်းမှာ သူမအား စစ်ဗိုလ်ချုပ်များက သွားရောက်တွေ့ဆုံသည့်သတင်း ဖြစ်၏။ ထိုသတင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ငြင်းဆန်ခဲ့သည်ကို တွေ့ရ၏။ သို့သော် စစ်ကောင်စီ ငြင်း၍မရသည်မှာ သံလျင် သဘာဝတရားရိပ်သာမှ ဘုန်းကြီးတပါးက NLD နာယကဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးအား သွားရောက်တွေ့ဆုံခြင်း ဖြစ်၏။ ဦးတင်ဦးအား သွားရောက်တွေ့ဆုံသည့် အတွင်းသဘောမှာ စစ်ကောင်စီအား တိုက်ခိုက်နေသည့် PDF များအား ဖျောင်းဖျနားချပေးရန်၊ တားဆီးရပ်တန့်စေရန်ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမလုပ်ဖို့ သဘာဝတရားရိပ်သာဆရာတော်က သူရဦးတင်ဦးထံ သွားရောက်၍ ပြောဆိုခဲ့သည်။

ဦးတင်ဦးထံ ထိုဘုန်းကြီး သွားတွေ့သည့် နောက်ကွယ်မှ စီစဉ်သူများသည် စစ်ကောင်စီသာဖြစ်သည်ကို ရှင်းလင်းစွာ သိရှိနိုင်၏။ စစ်ဗိုလ်ချုပ်များ သူမအား သွားတွေ့သည့် အတွင်းသဘောမှာလည်း ဤကိစ္စရပ်သာဖြစ်သည်ဟု အများက တွက်ဆကြ၏။ လက်ရှိအချိန်ထိ စစ်ကောင်စီက ငြင်းဆန်နေသော်လည်း NLD မှ ဒေါ်စန္ဒာမင်းတို့ တွေ့စဉ်ကလည်း ကနဦးပိုင်းက ငြင်းဆန်ခဲ့ဖူး၏။ ထို့ပြင် ထိုသတင်းဆက်စပ်နေသည့် သံလျင် သဘာဝတရားရိပ်သာဘုန်းကြီး သတင်းကတော့ ငြင်း၍ရသည့် သတင်းမဟုတ်ပေ။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံသည့် မှတ်တမ်းဓာတ်ပုံ တပုံတလေမှ ထုတ်ပြခဲ့ခြင်းတော့ မရှိပေ။

တတိယသတင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် သူမတွေ့သည့်သတင်း ဖြစ်၏။ ဤသတင်းနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီးနောက် သူမနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတည်း တနာရီခွဲခန့် တွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီက အတည်ပြုခဲ့သည်။ သို့သော်လည်း စစ်ကောင်စီသည် သူမနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံသည့် မှတ်တမ်းဓာတ်ပုံ တပုံတလေမှ ထုတ်ပြခဲ့ခြင်းတော့ မရှိပေ။

နောက်ဆုံး အာဆီယံအစည်းအဝေးသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှတဆင့် သူမက စကားပါးလိုက်သည်ဟု အတည်ပြုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတွင်း ပျံ့နှံ့နေသည့် အကျပ်အတည်းကို အဆုံးသတ်နိုင်ရန် “ကြိုတင်သတ်မှတ်ချက်တွေ မပါတဲ့ ဆွေးနွေးပွဲတွေကို ထောက်ခံမယ် ” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က ပြောဆိုခဲ့ကြောင်း သတင်းများဖော်ပြသည်ကို တွေ့ရှိရ၏။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေ

သူမ၏ လက်ရှိအခြေအနေမှာ အဂတိလိုက်စားမှုများအပါအဝင် အမှုများစွာဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး နေပြည်တော် အကျဉ်းထောင်အတွင်း တဦးတည်း ချုပ်နှောင်ထားသည်ဖြစ်ရာ တိုက်ပိတ်ထားသကဲ့သို့ ဖြစ်၏။ သူမအား အစားအသောက် ပုံမှန်ပို့ခွင့်ရသည်ဟု စစ်ကောင်စီက ဆိုသော်လည်း သူမ တွေ့လိုသူများနှင့် ပုံမှန်ထောင်ဝင်စာ တွေ့ဆုံခွင့် မရှိသည့်အပြင် တရားရုံး၌ အယူခံဝင်ထားသော်လည်း သူမ၏ရှေ့နေများနှင့် မတွေ့ဆုံရသည်မှာ ကြာမြင့်ပြီဖြစ်၏။

သူမအား တရုတ်အထူးသံတမန်၊ ကုလအထူးကိုယ်စားလှယ်တို့က တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီက ယခင်က တွေ့ခွင့်မပြုခဲ့ပေ။ ယခုနှစ်တွင်မှ တွေ့ခွင့်ပြုသော်လည်း စစ်ကောင်စီက တွေ့စေချင်သူများကိုသာ တွေ့ရန် စီစဉ်ပေးနေသည့် အခြေအနေဖြစ်၏။ သို့ဖြစ်ရာ စစ်ကောင်စီက မည်သည့်ရည်ရွယ်ချက်၊ မည်သည့်အကြံအစည်နှင့် တွေ့ခွင့်ပေးသည်ဆိုသည် အခြေအနေ၊ အချက်အလက်များကို ဆန်းစစ်ကြည့်ရန် လို၏။

စစ်ကောင်စီ၏ အကြံအစည်

တကယ်တော့ ထိုင်းစစ်တပ်က မကြာခဏ အာဏာသိမ်းသည်ကို လွန်စွာသဘောကျခဲ့ပြီး ထိုင်းအစိုးရခေါင်းဆောင်များ ဖြစ်ခဲ့ကြသည့် သက်ဆင်နှင့် ယင်းလတ်အား ထိုင်းစစ်ဗိုလ်ချုပ်များက ထိုင်းနိုင်ငံရေးမှ အပြီးအပိုင်ဖယ်ရှားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အားလည်း နိုင်ငံရေးအရ အပြီးအပိုင် ဖယ်ရှားရန် ကြံစည်ဆောင်ရွက်ခဲ့၏။

သို့သော် မြန်မာစစ်တပ်အတွက် အခက်တွေ့သည်မှာ ထိုင်းနှင့်မတူဘဲ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကြပ်အတည်းနှင့် ကြုံနေရခြင်းဖြစ်၏။ ထို့ပြင် ထိုင်းအာဏာသိမ်းမှုများက ထွက်ပေါက်ရှိပြီး စီးပွားရေးတိုးတက်မှုရှိသော်လည်း မြန်မာစစ်တပ် အာဏာသိမ်းမှုများက စီးပွားရေးတိုးတက်မှု မရှိသည့်အပြင် အကြပ်အတည်းထဲသို့ ရောက်ရှိပြီး ထွက်ပေါက်လည်း ပိတ်နေ၏။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
19
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
115
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.3k

အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပုန်ကန်ခဲ့ကြသည့် အင်အားစုများသည် တဖြည်းဖြည်း အားကောင်းလာနေသည်။ လက်နက်ခဲယမ်းမီးကျောက် ပိုမိုတပ်ဆင်လာနိုင်၏။ စစ်ကောင်စီတပ်အား နေ့စဉ် နေရာပေါင်းစုံမှ တိုက်ခိုက်နေ၏။ စစ်တပ်အာဏာသိမ်းပြီးခါစက စစ်ကိုင်းတိုင်းကို ခြောက်လနှင့် အပြတ်ရှင်းမည်ဟု လေလုံးထွားခဲ့သော မြန်မာစစ်တပ်သည် အထင်နှင့်လက်တွေ့ များစွာကွာခြားသည်ကို လက်တွေ့ကြုံရပြီဖြစ်၏။ စစ်ကောင်စီအတွက် အကြပ်အတည်းသည် ပို၍ နက်ရှိုင်းလာသည်။ အာဆီယံကလည်း ဒေါ်အောင်ဆန်းစုကြည်အပါ အားလုံးပါဝင်တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို တစတစ တွန်းအားပေးလာနေ၏။

စစ်ကောင်စီသည် အကြပ်အတည်းမှ ရုန်းထွက်ရန်အတွက် ကြံရွယ်သည်မှာ PDF လက်နက်ကိုင်အင်အားစုများကို ဖြိုခွဲရန်အတွက် သူမအား ပြန်လည်အသုံးချရန် ကြံရွယ်လာသည်

ထိုသို့သော အခြေအနေတွင် စစ်ကောင်စီသည် အကြပ်အတည်းမှ ရုန်းထွက်ရန်အတွက် ကြံရွယ်သည်မှာ PDF လက်နက်ကိုင်အင်အားစုများကို ဖြိုခွဲရန်အတွက် သူမအား ပြန်လည်အသုံးချရန် ကြံရွယ်လာသည်ကို တွေ့ရ၏။ ထို့ကြောင့် သူမက လက်နက်ကိုင်သည်ကို လက်မခံ၊ မြေပေါ် ဥပဒေတွင်းပါတီ ထူထောင်ခြင်းကိုသာ လက်ခံသည်ဟူသည့် အာဘော်ဖန်တီးရန် NLD ပါတီဝင်အချို့အား သူမနှင့်တွေ့ခိုင်းပြီး အသုံးချရန် ကြိုးစားသော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။ စစ်ဗိုလ်ချုပ်များက သူမနှင့်တွေ့၍လည်းကောင်း၊ သဘာဝတရားရိပ်သာဘုန်းကြီးက ဦးတင်ဦးနှင့်တွေ့၍လည်းကောင်း တိုင်းပြည်တည်ငြိမ်ရေးအတွက် PDF များကို တားဆီးဖျောင်းဖျရန် ကြိုးစားလာသည်။

တချိန်တည်းတွင် ၂၀၂၃ ခုနှစ် နှစ်လယ်၌ PDF များအား လက်နက်နှင့် ပြန်လည်ဝင်ရောက်လာပါက ပြစ်ဒဏ်မှ လွှတ်ပေးမည့်အပြင် လက်နက်အမျိုးအစားလိုက် ဆုငွေပေးမည်ဟု ကြေညာခဲ့သည်ကို တွေ့ရ၏။

ထိုင်း၊ အာဆီယံတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကြိုးစားသည်ကို မြန်မာစစ်တပ်က သူတို့နှင့် အလွမ်းသင့်သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ခွင့်ပြုရသည်။ သတင်းထုတ်ပြန်သည်မှ စ၍ PDF လက်နက်ကိုင်တော်လှန်မှုအား ဖြိုခွဲရေးဦး တည်ချက်ဖြင့် မြန်မာစစ်တပ်က စနစ်တကျ ဝါဒဖြန့်လုပ်ဆောင်သည်ကို တွေ့ရ၏။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ အသေသတ်ရန် ကြိုးစားခဲ့သည့် မြန်မာစစ်တပ်သည် NUG နှင့် PDF အား နိုင်ငံရေးအရ ထိုးနှက်ရန် သူမအား ပြန်လည် အသုံးချရန် ကြိုးစားလာသည်။

မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိချက်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်အား စစ်ကောင်စီက သတင်းထုတ်ပြန်မှု မရှိပေ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည့်သတင်းကို အာဆီယံအစည်းအဝေး ကာလတွင်မှ ထုတ်ပြန်၏။ သို့သော် စတင်ပြီး အရေးကြီးသတင်းအဖြစ် ထုတ်ပြန်သည်မှာ ထိုင်းသတင်းဌာနများလည်း မဟုတ်၊ အာဆီယံအစည်းအဝေး ကျင်းပနေသော အင်ဒိုနီးရှားသတင်းဌာနများလည်း မဟုတ်၊ နာမည်ကြီးသတင်းဌာနများလည်း မဟုတ်ဘဲ ဂျပန်တွင် မှတ်ပုံတင်ထားသော သတင်းဌာနဖြစ်နေ၏။

ထိုသတင်းဌာနမှာ ဂျပန်တွင် မှတ်ပုံတင်ထားသည့် PanOrient News သတင်းဌာနဖြစ်ပြီး ထိုသတင်းဌာနအား ပူးတွဲတည်ထောင်သူတဦးဖြစ်သူ Khaldon Azhari ဖြစ်ပြီး လွန်ခဲ့သော နှစ်လခန့်က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဆိုသူနှင့် လာရောက်တွေ့ဆုံခဲ့သူ ဖြစ်၏။ Khaldon Azhari သည် ဆီးရီးယားလူမျိုးဖြစ်ပြီး စစ်ကောင်စီအပါအဝင် အဖွဲ့အစည်းအချို့အတွက် အခကြေးငွေယူပြီး ဝါဒဖြန့်လုပ်ငန်း ဆောင်ရွက်ပေးသူဟု သိကြ၏။

ဗိုလ်သန်းရွှေခေတ်ကာလကတည်းက ဒေါ်လာသန်းနှင့်ချီပေး၍ နိုင်ငံခြားသားလော်ဘီများကို ငှားလေ့ရှိသည်ဖြစ်ရာ မထူးဆန်းဟု ဆိုရမည်။

ဗိုလ်သန်းရွှေခေတ်ကာလကတည်းက ဒေါ်လာသန်းနှင့်ချီပေး၍ နိုင်ငံခြားသားလော်ဘီများကို ငှားလေ့ရှိသည်ဖြစ်ရာ မထူးဆန်းဟု ဆိုရမည်။

စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ NUG နှင့် PDF အား ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဆိုသည့်အချက်ကို လိမ်လည်ဝါဒ ဖြန့်ချိပြီး NUG နှင့် PDF ကို ထိုးနှက်ရန် ရည်ရွယ်ပုံရ၏။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ရှေ့နေနှင့်ပင် တွေ့ခွင့်မရသေ ာအခြေအနေတွင် ရှိ၏။ သူမ၏သားဖြစ်သူ ကိုထိန်လင်းက လန်ဒန်ရှိသံရုံးကို စာပို့သည်ပင် ပိတ်ပင်ထား၏။ ဒေါ်အောင်စုကြည်၏ အမှာစကား၊ သတင်း စကားများကို လူထုက ပွင့်လင်းစွာ မြင်နိုင်ကြားနိုင်သည့် အခြေအနေမရှိချိန်တွင် စစ်ကောင်စီက ပြုလုပ်သည့် ဝါဒဖြန့်လိမ်ညာမှု တခုဖြစ်သည်။

အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည်ကသာ ပြောပါက စစ်ကောင်စီသည် မြန်မာ့အသံနှင့် မြဝတီမှ ၂၄ နာရီ ထုတ်လွှင့်နေမည့် အခြေအနေမျိုး ဖြစ်၏။ ယခုကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ပြောသည်ဟူ၍ စိတ်ချရသည့် သတင်းအရင်းအမြစ်ကလိုလို၊ ဟိုလိုလို၊ ဒီလိုလို သတင်းမှားများ ထုတ်လွှင့်နေ၏။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ အမြင်သဘောထားကို လူထုထံ ပြောပြနိုင်ခြင်းမရှိဘဲ တားဆီးပိတ်ပင်ခံနေရပြီး သူမ၏ရှေ့နေများနှင့်ပင် တွေ့ခွင့်မရသည့်အခြေအနေတွင် ပြည်သူလူထုအတွင်း ယုံထင်ကြောင်ထင်ဖြစ်စေသည့် သတင်းအမှားများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေခြင်းဖြစ်၏။

နိုင်ငံတကာနှင့်အာဆီယံက တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးစားတိုက် တွန်းနေစဉ်မှာပင် စစ်ကောင်စီသည် တွေ့ဆုံဆွေးနွေးရေးကို အကြောင်းပြပြီး NUG နှင့် PDF ကို နိုင်ငံရေးအရ ထိုးနှက်နိုင်ရန် ဆောင်ရွက်နေသည်ကို တွေ့ရ၏။ မြန်မာစစ်တပ်၏ ရည်ရွယ်ချက်သည် NUG နှင့် PDF အား ထိုးနှက်ပြီး မြန်မာလူထုကြားတွင် ရှုပ်ထွေးမှု ဖြစ်ပေါ်စေရန်သာမက မြန်မာ့အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာ၊ အထူးသဖြင့် အာဆီယံနိုင်ငံများကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်ရန် ရည်ရွယ်၏။ ထို့ပြင် နိုင်ငံတကာဖိအားများ လျှော့ချနိုင်ရန်လည်း ရည်ရွယ်၏။

မြန်မာစစ်တပ်၏ ဝန်ခံချက်

မြန်မာစစ်တပ်၏ ဤဆောင်ရွက်ချက်သည် တဖက်တွင် သူတို့၏ အမှားများကို ဝန်ခံနေခြင်းလည်း ဖြစ်၏။ အကြောင်းချက်တခုမှာ ဒေါ်အောင်ဆန်းစုကြည်သည် သာမန် နိုင်ငံရေးပါတီခေါင်းဆောင်၊ အစိုးရ အဖွဲ့ခေါင်းဆောင်မျှသာ မဟုတ်ဘဲ ဩဇာတိက္ကမကြီးမားသည့်သူတယောက်၊ မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်၍ မရသောသူတယောက် ဆိုသည်ကို မြန်မာစစ်တပ်က ဝန်ခံလိုက်ခြင်းဖြစ်၏။ သို့သော် မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို မှန်ကန်စွာ အသိအမှတ်ပြုခြင်း မဟုတ်ဘဲ သူမ၏ ဩဇာတိက္ကမကို မြန်မာစစ်တပ်အကျိုးအတွက် အသုံးချနိုင်ရန် ကြိုးစားခြင်းသာဖြစ်သဖြင့် အောင်မြင်နိုင်မည် မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် သာမန် နိုင်ငံရေးပါတီခေါင်းဆောင်၊ အစိုးရ အဖွဲ့ခေါင်းဆောင်မျှသာ မဟုတ်ဘဲ ဩဇာတိက္ကမကြီးမားသည့်သူတယောက်၊ မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်၍ မရသောသူတယောက် ဆိုသည်ကို မြန်မာစစ်တပ်က ဝန်ခံလိုက်ခြင်းဖြစ်၏။

ဒုတိယအချက်အနေနှင့် မြန်မာစစ်တပ်သည် NUG နှင့် PDF တို့ အားကောင်းမောင်းသန်ဖြစ်လာသည်ကို ဝန်ခံလိုက်ခြင်းလိုက် ဖြစ်၏။ ဆန္ဒပြပွဲများ အားကောင်းလာစဉ် ခပ်ကြမ်းကြမ်း ပစ်လိုက်ရင် ငြိမ်သွားမည်ဟု ယူဆခဲ့သော စစ်တပ်၊ ခြောက်လခန့် စစ်ဆင်ရေးလုပ်လိုက်ရင် စစ်ကိုင်းတိုင်း ငြိမ်သွားမည်ဟုယူဆသော စစ်တပ်သည် ပို၍ အားကောင်းမောင်းသန် ဖြစ်လာသည့် PDF များ၊ တော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်နေရသည်။

၂၀၂၁ နှစ်ဆန်းကတည်းက လက်လွှတ်ခဲ့ရသော ကချင်ပြည်နယ်၊ အလော့ဘွမ်အား ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသကဲ့သို့၊ ၂၀၂၃ နှစ်လည်တွင်လည်း ကရင်နီပြည်နယ် မယ်စဲ့ဒေသအား လက်လွှတ်ခဲ့ရပြီး တလကျော်သည်အထိ ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။ ပုန်ကန်မှုစခါစက တူမီးသာ ကိုင်နိုင်သည့် PDF များသည် ယခုအခါ မောင်းပြန်ရိုင်ဖယ်များ၊ မော်တာများ၊ UAV ဒရုန်းများဖြင့် ပို၍ပို၍ အင်အားတောင့်တင်းလာနေ၏။ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ချင်းပြည်နယ်စသည့်ဒေသအများစုတွင် စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ခြင်း မရှိတော့။

ထို့ပြင် မြန်မာစစ်တပ်သည် ယခင်အခါ NUG အား လေလှိုင်းအစိုးရဟု လှောင်ပြောင်သရော်ခဲ့၏။ NUG တွင် အားနည်းချက်များ ရှိနေသည်ဆိုသော်လည်း NUG ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး စွမ်းဆောင်ချက်များအား မြန်မာစစ်တပ်က စိုးရွံ့ထိတ်လန့်လာသည်ကို ဖော်ပြနေ၏။ မြန်မာစစ်တပ်သည် NUG နှင့် PDF တို့ တနေ့ထက်တနေ့ အားကောင်းမောင်းသန်ဖြစ်လာသည်ကို အသိမှတ်ပြုဝန်ခံပြီး NUG နှင့် PDF အား ထိုးနှက်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် ကြိုးစားလာခြင်းဖြစ်၏။

တဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ အသေသတ်ရန် ဆောင်ရွက်ခဲ့ပြီးမှ သူမအား ပြန်လည် ထုတ်ဖော်ရသည်မှာ မြန်မာ့စစ်တပ်သည် အာဏာသိမ်းပြီးနောက် သူမျှော်လင့်ထားခဲ့သလို မဖြစ်ဘဲ အကြပ်အတည်းထဲတွင် ရောက်ရှိနေသည့် သူ၏အားနည်းချက်ကို ထုတ်ဖော်ပြသခြင်းလည်း ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်အား အသုံးချ၍ NUG နှင့် PDF များအား ထိုးနှက်ရန် မြန်မာစစ်တပ် ကြံစည်ကြိုးပမ်းမှုသည် ယခုတွေ့ရသည်မှာ အစပြုချက်သာ ရှိသေးသည်။ ရှေ့ကို ဆက်လက်၍ လုပ်ဆောင်သွားလိမ့်မည်ကို သံသယရှိရန် မလိုပေ။ ဤအချက်ကို လူထုနှင့် ခုခံတော်လှန်နေသူများက ကြံ့ကြံခံရင်ဆိုင်သွားမည်မှာလည်း သံသယရှိစရာ မလိုပေ။

ဒေါ်အောင်ဆန်းစုကြည်အား ပိတ်လှောင်ထားပြီး မြန်မာစစ်တပ်နှင့် အလွမ်းသင့်သူများမှတဆင့် သူမက ဤသို့ပြောသည်၊ ထိုသို့ပြောသည်ဆိုတိုင်း လူထုက ယုံကြည်လိမ့်မည်လည်း မဟုတ်ပေ

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ပိတ်လှောင်ထားပြီး မြန်မာစစ်တပ်နှင့် အလွမ်းသင့်သူများမှတဆင့် သူမက ဤသို့ပြောသည်၊ ထိုသို့ပြောသည်ဆိုတိုင်း လူထုက ယုံကြည်လိမ့်မည်လည်း မဟုတ်ပေ။ လက်ရှိသူမ၏ အမှုများအတွက် အယူခံဝင်နေချိန်တွင်ပင် ရှေ့နေများနှင့် တွေ့ခွင့်မရပေ။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသည်နှင့် ပတ်သက်၍ သူမကိုယ်တိုင် ပွင့်လင်းလွတ်လပ်စွာပြောခွင့် ရှိမှသာ လူထုက ယုံကြည်လက်ခံလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့ထိ ၃၅ နှစ်တိုင် မြန်မာ့နိုင်ငံရေးတွင် လောကဓံ အတက်အကျများစွာ ကြုံခဲ့ပြီး ကြံ့ကြံ့ခံရပ် တည်ခဲ့သောသူဖြစ်၏။ ပြည်တွင်းပြည်ပတွင် ဩဇာရှိသူတယောက်ဖြစ်၏။ စစ်ကောင်စီက သူမ၏ အခန်းကဏ္ဍကို မှန်ကန်စွာ အသိမှတ်ပြုနိုင်ပါမှ မြန်မာပြည်အကြပ်အတည်းကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ပေလိမ့်မည်။

သို့သော် စစ်ကောင်စီက သူတို့၏ အာဏာခိုင်မြဲရေးအတွက် သူမကိုအသုံးချရန် ကြိုးစားနေရာ အလွဲကြီးလွဲနေ၏။ သူမသည် အသုံးချ၍ ရနိုင်သော လူမျိုးမဟုတ်ပေ။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု အပါအဝင် ဒါဇင်နှင့်ချီသည့် အမှုများဖြင့် တရားစွဲထားပြီး လတ်တလောတွင် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသည်

လက်ရှိမြန်မာပြည် စစ်ရေးပဋိပက္ခသည် ပြင်းထန်နေသည့်အပြင် ရှေ့ဆက်လည်း ပိုမို ပြင်းထန်ဖွယ်ရာသာ ရှိ၏။ သွေးထွက်သံယိုမှုများကို လျှော့ချပြီး မြန်မာပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုလျှင် သူမ ပါဝင်ဆွေးနွေးရန်လိုသည်။ ထို့ကြောင့်လည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ဂျကာတာ၌ ပြုလုပ်ခဲ့သည့် အာဆီယံအစည်းအဝေးတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဖြစ်သူက ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာပြည်ပြဿနာအတွက် အဖြေမရှိဟု ပြောဆိုခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ယခုနှစ်လယ်ခန့်တွင် မြန်မာစစ်တပ်က သူမအား ပြန်လည်ပွဲထုတ်လာခြင်းသည် သူမနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန်မဟုတ်ဘဲ သူမကို အသုံးချရန်အတွက်သာ ဖြစ်သည်ကို ရှင်းလင်းစွာ တွေ့လိုက်ရ၏။

စစ်ကောင်စီအနေဖြင့် သူမ၏ အခန်းကဏ္ဍကို မှန်ကန်စွာ ကြည့်မြင်နိုင်ခြင်းမရှိဘဲ သူမအား အသုံးချရန် ကြိုးစားခြင်းသည် NUG နှင့် PDF အား ထောက်ခံသောလူထုကြားတွင် ရှုပ်ထွေးစေရန်သော်လည်းကောင်း၊ အာဆီယံနိုင်ငံများအတွင်း ရှုပ်ထွေးစေရန်လည်းကောင်း ရည်ရွယ်သည် ဆိုသော်ငြားလည်း လူထုအတွင်း ထိုသတင်းကြောင့် များစွာ မတုန်လှုပ်ဘဲ စစ်ကောင်စီဆန့်ကျင်မှု နက်ရှိုင်းပြင်းထန်နေဆဲ ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို မြန်မာစစ်တပ်က မှန်မှန်ကန်ကန် အသိအမှတ် မပြုနိုင်ခြင်း၏ လက်တွေ့အကျိုးဆက်မှာ မြန်မာပြည်ပြဿနာကို စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် လမ်းစပျောက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

စစ်ကောင်စီ လော်ဘီများက ဒေါ်အောင်ဆန်းစုကြည် မထောက်ခံသောကြောင့် PDF များ ပြိုကွဲနေပြီ၊ လက်နက်ချပြီဟု ဝါဒဖြန့်ချိနေသော်လည်း လက်တွေ့စစ်မြေပြင်တွင် ပြင်းထန်သော စစ်ပွဲများသာ တိုးလာနေသည်က ရှောင်လွှဲ၍မရပေ။ အာဆီယံနိုင်ငံများကြား မြန်မာ့အရေးနှင့်ပတ်သက်သည့် သဘောထားကွဲလွဲမှုဆိုသည် ယခင်ရှိမြဲထက် မပိုပေ။ သက်ရောက်မှု နည်းပါးပါသည်။အရပ်စကားနှင့် ပြောရလျှင် လူထုရော အာဆီယံပါ မြန်မာစစ်တပ် ထင်သလို မအကြပေ။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို မြန်မာစစ်တပ်က မှန်မှန်ကန်ကန် အသိအမှတ် မပြုနိုင်ခြင်း၏ လက်တွေ့အကျိုးဆက်မှာ မြန်မာပြည်ပြဿနာကို စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် လမ်းစပျောက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

သူမပြောသည့် “ကြိုတင် စည်းကမ်းသတ်မှတ်ချက် မပါသည့် ဆွေးနွေးပွဲ” ဆိုသည့်အချက်ကို အလေးမထား၊ ပစ်ပယ်ပြီး NUG နှင့် PDF ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဘူးတဲ့ ဆိုသည်ကိုသာ ဝါဒဖြန့်ရန် ကြိုးစားနေသည့် မြန်မာစစ်တပ်၏ သဘောထားကို ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိသရွေ့ မြန်မာ့အရေးကို စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဘဲ ပိုမိုပြင်းထန်သော စစ်ပွဲများကိုသာ ရင်ဆိုင်ကြရပေလိမ့်မည်။

(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီအာဘော်ကို PanOrient ဝက်ဘ်ဆိုက်က သတင်းမှားဖြန့်နေ

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ

နိုင်ငံ့မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို လေ့လာဆန်းစစ်ခြင်း

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမလုပ်ဖို့ သဘာဝတရားရိပ်သာဆရာတော် ပြောဆိုမှု အများဝေဖန်

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့

ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ

Your Thoughts …
Tags: NLDNUGPanOrient NewsPDFSliderစစ်ကိုင်းတိုင်းစစ်ကောင်စီစစ်အာဏာသိမ်းမှုဆွေးနွေးပွဲတော်လှန်ရေးအင်အားစုထိုင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဒေါ်အောင်ဆန်းစုကြည်ဒွန် ပရာမွတ်ဝီနိုင်နွေဦးတော်လှန်ရေးသန်လျင် သဘာဝတရားရိပ်သာအင်ဒိုနီးရှားအမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဆီယံ
ဝေမင်းထွန်း

ဝေမင်းထွန်း

ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒေါ်သူဇာမောင်မိသားစု ပျောက်ဆုံးနေမှု မလေးရှားရဲ စုံစမ်းစစ်ဆေးနေ

ကျောက်ဖြူရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်း

ကျောက်ဖြူရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved