• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ

by ဧရာဝတီ
5 April 2023
in သတင်း
A A
တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌဟောင်း ဦးအောင်စိုး

တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌဟောင်း ဦးအောင်စိုး

12.7k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား ၎င်းတို့လက်အောက်တွင် ပြန်လည်မှတ်ပုံတင်ရေး ကြိုးပမ်းမှုအနေဖြင့် ပါတီဝင်ဟောင်းနှစ်ဦးအား ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်တွေ့ဆုံ ခွင့်ပြုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခြင်းမရှိဘဲ ငြင်းပယ်ခဲ့သည်။

ယင်းသို့သွားရောက်တွေ့ဆုံ နှစ်ဦးသည် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌဟောင်း ဦးအောင်စိုးနှင့် ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်တို့ဖြစ်ပြီး NLD အား စစ်ကောင်စီက ဖျက်သိမ်းကြောင်း မကြေညာမီ မတ်လ ၂၅ ရက်နေ့က ဒေါ် အောင်ဆန်းစုကြည်အား အကျဉ်းချထားရာ နေပြည်တော်အချုပ်ထောင်သို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

ဦးဝင်းမြင့်အောင်က “ ပါတီက နိုင်ငံအတွင်းမှာ ရှင်သန်ချင်တာဆိုတော့ အခက်အခဲရှိလို့ရှိရင် အခြေအနေက ပါတီပျက်သွားမှာ စိုးရိမ်တယ်ပေါ့ဗျာ၊ အဲဒါကြောင့် ဥက္ကဋ္ဌက ဘာများလမ်းညွှန်နိုင်မလဲပေါ့၊ မေးကြည့်မလို့ သွားတာပေါ့လေ။ ခုနက ပြောသလို သူ့ရဲ့လမ်းညွှန်ချက် အပေါ်မှာပဲ မူတည်ပြီးတော့ ကျနော်တို့က အလုပ်လုပ်မှာလေ။ ဒါပေမယ့် သူနဲ့မတွေ့ခဲ့ရဘူးဆိုတော့ ဒီအတိုင်းပဲ ပြန်လာရတာပေါ့” ဟု ဧရာဝတီကို အတည်ပြုပြောဆိုသည်။

၎င်းတို့အနေဖြင့် ပါတီဆက်လက်ရပ်တည်နိုင်ရေးနှင့် နိုင်ငံအတွင်း ပြသနာဖြစ်ပွားနေချိန်တွင် “တည်ငြိမ်စွာ လှုပ်ရှားနိုင်စေရေး” အတွက် လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပါတီမှာ ဖျက်သိမ်းခံလိုက်ရပြီဖြစ်သော်လည်း ပါတီသစ်ထောင်ရန် စဉ်းစားထားခြင်း မရှိသေးကြောင်းလည်း ၎င်းကပြောသည်။

၎င်းက “ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်အတွင်းမှာ ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်နိုင်ဖို့ပေါ့ဗျာ။ နိုင်ငံတော်က ပြသနာတွေများနေတဲ့ အခါကျတော့ အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် လှုပ်ရှားသွားလာနိုင်အောင် လူဆိုတာကတော့ တခါတရံမှာ နည်းနည်းပါးပါး အ လျော့ပေးစေ့စပ်တာတွေ ဘာတွေကတော့ နည်းနည်းတော့ စဉ်းစားမိတာပေါ့ဗျာ၊ စဉ်းစားမိတာကိုပြောတာပါ၊ အဲဒါကို လှုပ်ရှားနိုင်မလား ဆိုတာကို စောင့်ကြည့်ရဦးမှာပေါ့” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းစတွင် ဦးဝင်းမြင့်အောင်သည် နေအိမ်မှရှောင်တိမ်းနေစဉ် ၎င်း၏နေအိမ်အား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ ၎င်းအားဖမ်းမမိသည့်အတွက် ဇနီးဖြစ်သူနှင့် ညီဖြစ်သူတို့ ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးထောင်ချခံရပြီးနောက် ၎င်း၏ဇနီးဖြစ်သူမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ပြီး ညီဖြစ်သူမှာ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်းလည်း သိရသည်။

၎င်းတို့ ဒေါ်အောင်ဆန်းစုကြည်ထံ ပါတီဆက်လက်ရပ်တည်နိုင်ရေး သွားရောက်တွေ့ဆုံခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး ပါတီဗဟို ကော်မတီဝင်ဟောင်းဖြစ်သူ ဒေါ်စန္ဒာမင်းကလည်း BBC သတင်းဌာနနှင့် အင်တာဗျူးတွင် အတည်ပြုပြောကြားထားသည်။

NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးကလည်း “ ကိုအောင်စိုးတို့ရောက်လာတဲ့အချိန်မှာ ထောင်ပိုင်က ဒေါ်အောင်ဆန်းစုကြည်ကို သွားသတင်းပို့တယ်၊ နှစ်ကြိမ်ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်က မတွေ့တော့ဘူးလို့ ငြင်းလိုက်တယ်” ဟု ပြောသည်။

ဒေါ်စန္ဒာမင်းသည် အကျဉ်းကျခံနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမအကြိမ် သွားတွေ့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ထံသို့ တွေ့ဆုံရန် သွားခဲ့သူ ဦးအောင်စိုးသည် အဂတိမှုဖြင့်အရေးယူခံရသည့် ယခင်တနင်္သာရီတိုင်းဝန်ကြီးချုပ် ဟောင်း ဒေါ်လဲ့လဲ့မော်၏ ခဲအိုတော်စပ်သူဖြစ်ပြီး ဒေါ်လဲ့လဲ့မော်၏ အဂတိမှုပြသနာများကြောင့်ပင် NLD ပါတီမှ နုတ်ထွက်ခဲ့ရသူဖြစ် သည်။

ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်

ဒေါ်စန္ဒာမင်းနှင့် ဦးဝင်းမြင့်အောင်တို့မှာလည်း ပါတီနာမည်အား အလွဲသုံးစားလုပ်မှုနှင့် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်မှုများကြောင့် NLD ပါတီ ဗဟိုအလုပ် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် မကြာသေးမီကမှ ပါတီမှထုတ်ပယ်ခံထားရသူများဖြစ်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
25
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
24
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
39

သို့သော် ပါတီအလုပ်ကော်မတီသည် နိုင်ငံခြားကို ထွက်ပြေးသွားသူများ ဖြစ်ပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက် မဟုတ်သဖြင့် တရားမဝင်ကြောင်း ပြည်တွင်းမီဒီယာများနှင့် မေးဖြေခန်းတခုတွင် ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့စွပ်စွဲတရားစွဲဆိုသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းချထားသည့် ဒေါ်အောင်ဆန်းစုကြည်အား မည်သူနှင့်မျှ တွေ့ဆုံခွင့်မပြုသော်လည်း ၎င်းတို့နှင့် ဆက်သွယ်မှုရှိနေသည့် NLD ပါတီဝင်ဟောင်းတချို့အား တွေ့ဆုံရန်ခွင့်ပြုမှုမှာ ယခုတကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

ပထမအကြိမ်တွေ့ဆုံရန် ခွင့်ပြုမှုအနေဖြင့် ယမန်နှစ် နိုဝင်ဘာလကုန်ပိုင်းကလည်း ဒေါ်စန္ဒာမင်းနှင့် ပါတီဝင်ဟောင်း ဦးတိုးလွင်တို့အား ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံစေခဲ့ပြီး ၎င်းတို့လက်အောက်တွင် ပါတီရုံးများဖွင့်လှစ်ကာ ပုံမှန်အတိုင်းလုပ်ငန်းလည်ပတ်ရန် စည်းရုံးစေခဲ့ခြင်းဖြစ်သည်။

ထိုအကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည်က ဒေါ်စန္ဒာမင်းတို့အား လက်ခံတွေ့ဆုံခဲ့သော်လည်း ၎င်းတို့တင်ပြမှုများအား မည်သည့်မှတ်ချက်မှ မပေးဘဲ နောက်မလာရန် ပြောခဲ့ကြောင်း ပါတီသတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီက အသစ်ပြဌာန်းသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဥပဒေသစ်တွင် ထောင်ကျနေသူများအား ပါတီဝင်အဖြစ် လက်ခံခြင်းမပြုရဟု ထည့်သွင်းထားသည့်အတွက် NLD ပါတီအား စစ်ကောင်စီလက်အောက်တွင် မှတ်ပုံတင်ရန် ကြိုးပမ်းသူများသည် ဒေါ် အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် ထောင်ချခံထားရသည့် ပါတီခေါင်းဆောင်းပိုင်းအားလုံးအား ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သည်။

ထိုအခြေအနေအား သိရှိပြီးဖြစ်သော်လည်း ပါတီမှတ်ပုံတင်ရန် လုပ်ဆောင်သူအချို့သည် စစ်ကောင်စီ၏ ကြိုးကိုင်ထိန်းချုပ်မှုဖြင့် ခိုင်းစေသည့်အတိုင်း လုပ်ဆောင်နေခြင်းသာဖြစ်နိုင်ကြောင်းလည်း ပါတီအကြီးတန်းအကြံပေးတဦးက သုံးသပ်သည်။

၎င်းက “ ပါတီရုံးတွေဖွင့်ဖို့ ၂၀၂၁ ကတည်းက ကြိုးပမ်းနေကြတာ၊ ဒါကို ဒေါ်စုက လက်မခံဘူး၊ အခုလည်း လုပ်နေတာတွေက နောက်က ခိုင်းလို့လုပ်နေတာပါ” ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် NLD ပါတီအနိုင်ရပြီးနောက် မဲစာရင်းမှားသည်ဟုဆိုကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီထိပ်တန်းခေါင်းဆောင် အများအပြားအား အကြမ်းဖက်ဖမ်းဆီးကာ ၎င်းတို့စွပ်စွဲ တရားစွဲဆိုသည့် ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည့်အပြင် ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်အပါအဝင် ပါတီရုံးများကိုလည်း အကြိမ်ရေ ၁၂၀ ကျော် စီးနင်းတိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

You may also like these stories:

NLD ပါတီ၊ CWC နှင့် နွေဦးတော်လှန်ရေး

NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့

NLD ပါတီ ဖျက်သိမ်းခံရမှု တရုတ်နှင့်အာဆီယံ နှုတ်ဆိတ်နေ

NLD ပါတီ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရဖွယ်ရှိ

Your Thoughts …
Tags: NLD ပါတီဒေါ်စန္ဒာမင်းဒေါ်အောင်ဆန်းစုကြည် လက်မခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဝင်းမြင့်အောင်ဦးအောင်စိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

၁၀၂၇ စစ်ဆင်ရေးအကြောင်း စစ်ကောင်စီ လိမ်ညာ ဝါဒဖြန့်နေသည်

၁၀၂၇ စစ်ဆင်ရေးအကြောင်း စစ်ကောင်စီ လိမ်ညာ ဝါဒဖြန့်နေသည်

by ဧရာဝတီ
16 December 2023
16k

အာဏာသိမ်းမှုကြောင့် စစ်တပ်၏ မြန်မာမှ ဒီမိုကရေစီဖျက်ဆီးရေး သမိုင်းဝင် အခန်းကဏ္ဍသည် ပိုမိုခိုင်မာလာသော်လည်း ထိုအချက်ကို ဗိုလ်ချုပ် ဇော်မင်းထွန်းအနေဖြင့် ဇာတ်လမ်း လှီးလွှဲ ပြောဆိုဆဲဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

Next Post
ဧပြီလ ၁ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် နှောကန်ရွာ/ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့သဖြင့် ဒေသခံများ ထွက်ပြေးနေရ

တရားခွင်ထဲက ထရမ့် / AFP

နှုတ်ပိတ်ခပေးသောအမှုများဖြင့် ထရမ့် တရားရုံးတက် ရင်ဆိုင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved