• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
in သူ့အတွေး သူ့အမြင်
A A
မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်
14.2k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သုံးနှစ်အတွင်း လူထုထောက်ခံသော လက်နက်ကိုင် လှုပ်ရှားမှုသည် အရှိန်ရလာပြီး တခါက အရှေ့တောင်အာရှတွင် အင်အားအတောင့်တင်းဆုံး ဖြစ်သော မြန်မာစစ်တပ်ကို ချေမှုန်း၍ ရနိုင်သည်ဆိုသည့် အမြင်များကို ပိုမိုခိုင်မာစေသည်။

မြန်မာ၏ အိမ်နီးချင်းများမှသည် အနောက်တိုင်း အင်အားကြီးနိုင်ငံများအထိ ကျယ်ပြန့်သည့် နိုင်ငံတကာ အသိုက်အဝန်းသည် စစ်တပ်ကျဆုံးမှုမှာ မလွှဲသာမရှောင်သာ မဖြစ်သေးသော်လည်း မဖြစ်နိုင်သည့် ကိစ္စမဟုတ်တော့ကြောင်း သဘောပေါက်လာသည်။

ပြန့်ကျဲနေသည့် စစ်ဆင်ရေးများဖြင့် ခုခံတော်လှန်ရေး အင်အားစုသည် အင်အားကြီးမားသော စစ်တပ်ကို အဆုံးသတ် ထိုးနှက်ချက် လုပ်နိုင်မည်၊ မလုပ်နိုင်မည်မှာ နှိုင်းယှဉ်စရာ ယခင်ကဖြစ်ရပ် မရှိသောကြောင့် လေ့လာသူနှင့် သုတေသီအများအပြား သံသယ ရှိသည်။

သို့သော် မြန်မာသုတေသီများသည် ကနဦး အကဲဖြတ်ချက်ဖြစ်သည့် ညှိနှိုင်းမှုမရှိသည့် လက်နက်ချို့တဲ့သော ခုခံတော်လှန်မှုသည် သက်ဆိုးရှည်မည် မဟုတ်ဘဲ အရပ်သား သေဆုံးမှုကို ပိုမိုဆိုးရွားစေမည်ဟု စိတ်စော၍ သုံးသပ်သည်။ ပေါ်ပေါက်လာခဲ့သည့် ဘုံသဘောတူညီချက်မှာ ပြည်တွင်းစစ်သည် မြန်မာကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေမည့်ဆိုသည့် အချက်ဖြစ်သည်။

လတ်တလော ပြောဆိုနေသည့် အကြောင်းအရာများတွင် မြန်မာ့နိုင်ငံရေးသမိုင်းမှသည် စီးပွားရေး ပကတိ အခြေအနေများအထိ ကျယ်ပြန့်သော အမြင်အမျိုးမျိုး ပါဝင်သည်။ လက်ရှိ အကျပ်အတည်းမှသည် ရာစုနှစ်များစွာ ကြာသည့် ဗမာလူမှုတန်ဖိုးများအထိ ပါသည်။ နှစ်ဖက်လုံးမှ စစ်ရေးနည်းဗျူဟာများမှသည် ခုခံတော်လှန်ရေး အင်အားစုများ (တိုင်းရင်းသား တပ်မတော်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် [PDF] များ) နှင့် မြန်မာစစ်တပ်၏ နိုင်ငံရေးအထိ ပါဝင်သည်။

သို့သော် ထိပ်ဆုံးမှ တပ်ချုပ်နှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ပုဂ္ဂလိက ရည်မှန်းချက်များနှင့် တိုက်ပွဲများကို အာရုံအနည်းငယ်သာ စိုက်ကြသည်။

လက်ရှိ အကျပ်အတည်းအတွက် တာဝန်အရှိဆုံးသူ

ထိခိုက်လွယ်သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၊ စစ်တပ်နှင့် ဒီမိုကရေစီ အယူအဆများကြား ဆက်ဆံရေးကို လေ့လာခြင်းဖြင့် လက်ရှိအကျပ်အတည်းကို ပိုမိုနားလည်ရန် သရုပ်ခွဲလေ့လာသင့်သည်။ မြန်မာ့နိုင်ငံရေး သဘောသဘာဝကို အခြေခံအရ လူပုဂ္ဂိုလ် တဦးတယောက်သည် ၎င်း ကိုယ်စားပြုသည့် အဖွဲ့အစည်းထက် ပိုမိုအရေးပါသည်ကို မည်သူမှ အငြင်းပွားမည် မဟုတ်ပေ။

ထိခိုက်လွယ်သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၊ စစ်တပ်နှင့် ဒီမိုကရေစီ အယူအဆများကြား ဆက်ဆံရေးကို လေ့လာခြင်းဖြင့် လက်ရှိအကျပ်အတည်းကို ပိုမိုနားလည်ရန် သရုပ်ခွဲလေ့လာသင့်သည်။

ထို့ကြောင့် မင်းအောင်လှိုင်သည် သူ၏ ပုဂ္ဂလိက ရည်မှန်းချက်များနှင့် ရူးနှမ်းသည့်စိတ်ကူးက မောင်းနှင်သည့် တကိုယ်တော် ဆုံးဖြတ်ချက်အတိုင်း လုပ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားသည့် စစ်အာဏာသိမ်းမှု လုပ်သောအခါ သူသည် ဒီရေကိုဆန်ပြီး လှော်ခတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် မင်းအောင်လှိုင်နှင့် သူ၏စေ့ဆော်မှုများကို နိုင်ငံ၏ အနာဂတ်အတွက် မိမိတို့မြင်သည့် မည်သည့် မြင်ကွင်းတွင်မဆို မျက်ကွယ်ပြု၍ မရနိုင်ပေ။

ထိုကြောင့် မေးစရာရှိသော မေးခွန်းမှာ ပြည်ပအစိုးရများသည် မြန်မာမှ အနာဂတ်တွင် ကွဲထွက်နိုင်သည့် ပြည်နယ်များနှင့် ဆက်ဆံရမည်လားဆိုသည့် မေးခွန်း သို့မဟုတ် မြန်မာပြည်သူများသည် ထိုကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲခြင်းကို လက်ခံမည်လား သို့မဟုတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ စစ်ကောင်စီ၊ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့သည် ၎င်းတို့အကြား ညှိနှိုင်းဖြေရှင်းမှုတခုကို ရနိုင်ပါသလားဆိုသည့် မေးခွန်းဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေများအနက် မည်သည်မဆို ဖြစ်လာလျှင် မင်းအောင်လှိုင် လက်ခံမည်လားဆိုသည့် မေးခွန်းသည် အရေးပါသော မေးခွန်းဖြစ်သည်။ ထိုသို့သော အခြေအနေများကို စစ်ကောင်စီခေါင်းဆောင် မည်သို့ တုံ့ပြန်မည်နည်း၊ သူ့အတွက် အကောင်းဆုံးရွယ်ချယ်မှုသည် ဘာဖြစ်သနည်း။

ထို့နောက် အရေးအကြီးဆုံးမှာ မြန်မာပြည်သူများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ EROs များနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို လမ်းခင်းပေးရန် သူ၏ စက်ဆုတ်ဖွယ် စစ်ရာဇဝတ်မှုများအတွက် သူ့ကို မည်သို့ အရေးယူမည်နည်း ဆိုသည့် မေးခွန်းဖြစ်သည်။

အာဏာသိမ်းမှုသည်သာ မင်းအောင်လှိုင်အတွက် နောက်ဆုံးထွက်ပေါက်

အာဏာသိမ်းခေါင်းဆောင်၏ အမြင်အရ အာဏာသိမ်းမှုမှအပ အခြားအနည်းလမ်းသည် သူ၏ရာထူး၊ အမွေ၊ ကြွယ်ဝချမ်းသာမှု၊ မိသားစုနှင့် သူ၏အသက်ကိုပင် အာမခံနိုင်သည်ဟု စဉ်းစားရန် ခက်မည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် နေပြည်တော်အပေါ် တိမ်ဖုံးလာသောအခါ စစ်ခေါင်းဆောင်အတွက် အနာဂတ်သည် အေးစက်မှောင်မဲနေသည်။

ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် နောက်ထပ် တောင်ပြိုကမ်းပြို အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ပွဲကတိကို ဖောက်ဖျက်ရန်နှင့် သူ့ကို သမ္မတခန့်ရန် မင်းအောင်လှိုင်၏ မဆုတ်မနစ် တောင်းဆိုမှုများသည် ယိမ်းယိုင်မှု မရှိပေ။

စစ်တပ်၏ လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် သိက္ခာကျဆင်းစေသည့် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရပြီးနောက် အခြေအမြစ်ကျသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် စဉ်းစားနေသည်။

စစ်တပ်၏ လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် သိက္ခာကျဆင်းစေသည့် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရပြီးနောက် အခြေအမြစ်ကျသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် စဉ်းစားနေသည်။ ထိုပြုပြင်ပြောင်းလဲရေးမှာ စစ်တပ်ထိပ်တန်းအရာရှိများ ဝင်ရောက်လာခြင်းကို ထိထိရောက်ရောက် ကန့်သတ်မည့် ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကလည်း ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို စီရင်ဖွယ် ရှိနေသည်။

အာဏာသိမ်းခေါင်းဆောင်သည် သူ၏ ဆရာသမားဟောင်း ဦးသန်းရွှေကို သစ္စာခံပြီး သူနှင့် ရင်းရင်းနှီးနှီး မနေသည့် ဗိုလ်ချုပ်များက သူ့ကို ICJ စွဲချက်များမှ ကာကွယ်ပေးမည်ဟု မယုံကြည်ဘဲ သူ့ကို တွန်းချနိုင်သည်ဟု စိုးရိမ်နေသည်။

ထိုအချက်များ ထင်ရှားလာသောအခါ မြန်မာ့အရေးလေ့လာသူ အများအပြားသည် မင်းအောင်လှိုင် ရင်ဆိုင်ရသည့် ရွေးချယ်မှုကို မမြင်ကြဘဲ အာဏာသိမ်းမှု ဖြစ်နိုင်ခြေကို လျှော့တွက်ခဲ့သည်။ အာဏာသိမ်းမှုမတိုင်မီက အားလုံး သဘောတူထားသည့်အချက်မှာ မင်းအောင်လှိုင် မျိုးတုံးတော့မည်၊ စစ်တပ်သည် ထပ်မံရှုံးနိမ့်ပြီ၊ ဒီမိုကရေစီ အောင်ပွဲခံမည် ဆိုသည့်အချက်ဖြစ်သည်။ စစ်အာဏာသိမ်းမှု ဖြစ်နိုင်ခြေသည် နိုင်ငံရေးအရနှင့် စီးပွားရေးအရ ပေးဆပ်ရမည့် တန်ဖိုး လွန်စွာမြင့်မားသောကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပယ်ချကြသည်။

သို့သော် ရေနစ်သူသည် ကောက်ရိုးမျှင်ကိုပင် ဆွဲသည့်အတိုင်း မင်အောင်လှိုင်က စစ်အာဏာသိမ်းမှု၏ ဆိုးရွားသော အကျိုးဆက်သည် သူ့ဗိုလ်ချုပ်များက သစ္စာဖောက်ပြီး နိုင်ငံတကာတရားရုံးတွင် စွဲချက်တင်ခံရကာ သိက္ခာကျ၊ သမိုင်းမကျန်ရစ်၊ ချမ်းသာကြွယ်ဝမှု မရှိဘဲ ရှင်သန်ရသည်ထက် ပိုမိုကောင်းသည်ဟု မြင်သည်။ သူ စိုးရိမ်မှု အနည်းဆုံးကိစ္စမှာ နောက်ပိုင်းတွင် ဖြစ်လာမည့် ရှည်ကြာသော လက်နက်ကိုင် ပဋိပက္ခဖြစ်ကြောင်း ထင်ရှားသည်။

စစ်ရေးရှုထောင့်ဖြင့် ကိုယ်ကျိုးစီးပွားကို ဖုံးကွယ်ခြင်း

တပ်တွင်း တပ်ပြင် လူထုထောက်ခံမှု မရှိသော်လည်း မင်းအောင်လှိုင်သည် သူ၏ အင်စတီကျူးရှင်းကို ကောင်းစွာ နားလည်သည့် ဝါရင့်ဗိုလ်ချုပ်ဖြစ်သည်။ အားနည်းချက်များကို သေချာနားလည်ပြီး သူ၏ သေနင်္ဂဗျူဟာ ရွေးချယ်မှုမှာ မည်သည့် စစ်ရေးထိုးထွင်းသိမြင်မှုကြောင့်မှ မဟုတ်ဘဲ သူ့ထက် ဝါရင့်သူများအတိုင်း လိုက်လုပ်ခြင်းဖြင့် အခွင့်အာဏာ အင်အားကို ပြသရန်ဖြစ်သည်။

ငယ်ရွယ်ပြီး အမိန့်နာခံသော ဗိုလ်ချုပ်များ၊ အထူးသဖြင့် မင်းအောင်လှိုင်သည် ၂၀၁၆ ခုနှစ်တွင် အနားယူရန် အစီအစဉ်အတိုင်းလုပ်ပြီး ရွေးကောက်ခံအစိုးရသစ် အာဏာယူကာ ဒု တပ်ချုပ် စိုးဝင်းကလည်း ၂၀၂၀ ရွေးကောက်ပွဲ အပြီးတွင် အလားတူ လုပ်မည်ဟု စစ်တပ်ခေါင်းဆောင်ဟောင်း သန်းရွှေ ယုံကြည်ခဲ့ပုံရသည်။ ထိုသို့သော အစီအစဉ်သည် ဖွဲ့စည်းပုံအရ ပါလီမန်တွင် နေရာ ၂၅ ရာခိုင်နှုန်းရပြီး စစ်တပ်နှင့် ပတ်သက်သည့် ဝန်ကြီးဌာနများနှင့် စီးပွားရေး ဦးပိုင်ကုမ္ပဏီများကို ထိန်းချုပ်ကာ နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို ဆက်လက် ခိုင်မာစေမည် ဖြစ်သည်။

သို့သော် ထိုသို့ဆိုလျှင် အခြားဗိုလ်ချုပ်များက မင်းအောင်လှိုင် အာဏာသိမ်းမှုသည် ပုဂ္ဂလိက စေ့ဆော်မှုဖြစ်သည်ဟု မည်သည့်အတွက် မယူဆကြသနည်း။ ထိုဗိုလ်ချုပ်များသည် ၎င်းတို့ အကြီးအကဲဟောင်း၏ အစီအစဉ်ထက် ကိုယ်ကျိုးစီးပွားကို ဦးစားပေးသောကြောင့် ဖြစ်နိုင်သည်။ အင်စတီကျူးရှင်း အကျိုးစီးပွားကို ထိပ်တန်းဗိုလ်ချုပ်များက သစ္စာဖောက်ခြင်းသည် နလဗိန်းတုံး ဖြစ်မည်ဖြစ်ပြီး ထိုကစားပွဲသည် ပုဂ္ဂလိက ရှင်သန်ရပ်တည်ရေးသာ ဖြစ်သည်။ သစ္စာဖောက်ခြင်းသည် ၎င်းတို့အတွက် ယခု မဖြစ်သလို နောင်တွင်လည်း ဖြစ်လာမည် မဟုတ်ပေ။

ထို့ကြောင့် ကျဉ်းမြောင်းသော ကမ္ဘာ့အမြင်နှင့် အခြားရွေးချယ်စရာ စိတ်ကူးစိတ်သန်းကောင်းကောင်း မရှိဘဲ မင်းအောင်လှိုင်နှင့် ထိပ်တန်းဗိုလ်ချုပ်များသည် ၎င်းတို့၏ နောက်ဆုံးရွေးချယ်စရာလမ်းကိုသာ ရွေးချယ်လိုက်သည်။ စစ်အာဏာရှင်စနစ်၏ လက်သုံးစာအုပ်ဟောင်းကို ပြန်ဖွင့်ပြီး ၎င်းတို့အုပ်ချုပ်ရေးကို အညံ့ခံရန် အကြမ်းဖက်မှုနှင့် အကြောက်တရားကို အသုံးပြုကြသည်။

မင်းအောင်လှိုင်နှင့် သူ၏ဗိုလ်ချုပ်များသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများကို စစ်တပ်ရှုထောင့်၊ ထုထည် အခိုင်အခန့် အကြောက်တရားနှင့် ဦးတည်ချက်များ နောက်တွင် ဖုံးကွယ်ထားနိုင်သော်လည်း ထိုအင်စတီကျူးရှင်းသည် ပြန်လည် တိုက်ခိုက်နေပုံရသည်။

စစ်တပ်က ဆက်လက်ရှုံးနိမ့်နေခြင်းနှင့် ခုခံတော်လှန်ရေး အင်အားစုက ဆက်လက် အနိုင်ရနေခြင်းသည် စစ်သားများနှင့် စစ်တပ်ထောက်ခံသူများအကြား တုန်လှုပ်ခြောက်ခြားမှုများ ဖြစ်စေပုံရသည်။

စစ်တပ်က ဆက်လက်ရှုံးနိမ့်နေခြင်းနှင့် ခုခံတော်လှန်ရေး အင်အားစုက ဆက်လက် အနိုင်ရနေခြင်းသည် စစ်သားများနှင့် စစ်တပ်ထောက်ခံသူများအကြား တုန်လှုပ်ခြောက်ခြားမှုများ ဖြစ်စေပုံရသည်။ ကာလရှည်ကြာစွာ အဂတိလိုက်စားခြင်းနှင့် ခေါင်းဆောင်မှု အားနည်းခြင်းကို အများအပြားက အပြစ်တင်ကြသည်။ မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များက ၎င်းတို့အင်စတီကျူးရှင်းကို စတေးပြီး ကိုယ်ကျိုးစီးပွားရှာမှုသည် စစ်ကောင်စီ မြေပြင်တပ်များ ရှုံးနိမ့်မှု အဓိက အကြောင်းရင်းဖြစ်သည်။

ကာလရှည် စစ်အာဏာရှင်စနစ်များ၏ အချိတ်အဆက် အားနည်းခြင်း

မင်းအောင်လှိုင်ကို လူကြိုက်နည်းခြင်းသည် တရုတ်နိုင်ငံအထိပင် ရောက်သွားပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်သည့် နယ်စပ် အွန်လိုင်းငွေကြေးလိမ်လည်မှု ပစ်မှတ်ကို စစ်ကောင်စီက အကာအကွယ် ပေးထားခြင်းကြောင့် ဖြစ်သည်။ ထိုငွေကြေး လိမ်လည်သည့်လုပ်ငန်းကို တရုတ်က စိတ်ပျက်မှု အထွတ်အထိပ် ရောက်လာသောအခါ တရုတ်သည် မင်းအောင်လှိုင် အရှက်ကွဲမည်ကို မစိုးရိမ်ဘဲ ဖြိုခွဲသည်။

သေရေးရှင်ရေးနှင့် ရင်ဆိုင်ရသောအခါ မင်းအောင်လှိုင်သည် အိမ်နီးချင်း အင်အားကြီး တရုတ် ကျေနပ်စေရန် သူ့ဗိုလ်ချုပ်များကို ဖြုတ်ချရ၊ အ‌ရေးယူရသည်။ ထိုလုပ်ရပ်သည် အာဏာသိမ်းခေါင်းဆောင်ကို အခြားဗိုလ်ချုပ်များအကြား မယုံကြည်မှုကို ပိုမိုဆိုးရွားစေကြောင်း ထင်ရှားသည်။

ဗိုလ်ချုပ်များအကြား အကျိုးစီးပွားအခြေပြု မဟာမိတ်ဖွဲ့မှု ပြိုကွဲနေသည်ဟု ပြောရန် စောလွန်းသေးသော်လည်း စစ်အုပ်စုဟောင်း သစ္စာခံများကို ဖမ်းဆီးခြင်းနှင့် စစ်ကောင်စီဝန်ကြီးအဖွဲ့ကို မကြာခဏ လူလဲခြင်းသည် စစ်တပ်အင်စတီကျူးရှင်းကို ပိုမို အင်အားချိနဲ့စေသည့် ကျယ်ပြန့်လာသော အကွဲအပြဲများကို ပြသနေသည်။

ထိုအချိန်တွင် စစ်တပ်သစ္စာခံများသည် ၎င်းတို့ အင်စတီကျူးရှင်းပေါ် ရောက်လာတော့မည့် မှောင်မိုက်သော အနာဂတ်ကို ရင်ဆိုင်ရသည်။ တော်လှန်ရေးအောင်ပွဲ သို့မဟုတ် မင်းအောင်လှိုင်နှင့် ကိုယ်ကျိုးရှာ ဗိုလ်ချုပ်များ ဆက်လက် အာဏာတည်မြဲခြင်း နှစ်ခုလုံးသည် သူတို့အတွက် မျှော်လင့်ချက် မရှိပေ။

မင်းအောင်လှိုင်၏ နိဂုံး

မင်းအောင်လှိုင်က အကျပ်အတည်းကို စတင်လိုက်သောကြောင့် မင်းအောင်လှိုင်သည်သာ ထိုအကျပ်အတည်း အဆုံးသတ်ရေးအတွက် အရေးပါသည်ဟု ယူဆရန် ကျိုးကြောင်းဆီလျော်သည်။ အာဏာသိမ်းမှု သုံးနှစ်ကျော် ကြာသောအခါ အရပ်သားသောင်းနှင့်ချီ သတ်ဖြတ်ခံရ၊ ဖမ်းဆီးခံရပြီး စစ်ကောင်စီ ခေါင်းဆောင်သည် သွေးချောင်းစီး ရာဇဝတ်မှုဒီရေတွင် ဆက်လက်နစ်နေသည်။

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
676
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
4.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.5k

နိုင်ငံတကာ အသိုက်အဝန်းက ကြားဝင်စေ့စပ်သည့် ညှိနှိုင်းအဖြေ သို့မဟုတ် ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရန် တော်လှန်ရေးအင်အားစု အောင်ပွဲသည် မင်းအောင်လှိုင်အတွက် လက်မခံနိုင်စရာ ဖြစ်လိမ့်မည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ အာဏာခွဲဝေရေး အစီအမံတွင် တွေ့ခဲ့ရသည့်အတိုင်း စစ်တပ်နှင့် ဖြစ်နိုင်ခြေရှိသော အာဏာခွဲဝေရေး အစီအစဉ်ကို စဉ်းစားသူ မည်သူမဆိုသည် မင်းအောင်လှိုင်၏ အခန်းကဏ္ဍကို ထည့်တွက်ရမည် ဖြစ်သည်။ သူအမိန့်ပေးခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် အခြား စစ်ရာဇဝတ်မှုများ၏ ရှည်လျားသော စာရင်းအရနှင့် သူ့ကို ဝိုင်းပတ်ထားသည့် ရန်သူများပြားမှုအရ သူ့ဆရာသမား ဦးသန်းရွှေသည် ပြစ်ဒဏ်ကင်းလွတ်မှုမျိုးကို ရမည် မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ရေပေါ်ဆီများက ခွင့်လွှတ်လျှင်ပင် ပြည်သူများက ခွင့်လွှတ်မည် မဟုတ်ပေ။ တရားဝင်ခွင့်လွှတ်ခြင်းနှင့် ပုံမှန်ဘဝသို့ ပြန်သွားမည်ဆိုလျှင် ကျယ်ပြန့်သော ဒေါသက သူနှင့် သူ့မိသားစုကို ခြိမ်းခြောက်မှုများ ပူးတွဲပါလာမည် ဖြစ်သည်။ သူ့ကိုယ်သူကယ်ရန် တိုင်းပြည်ကို ဖရိုဖရဲဖြစ်အောင် ဆွဲချသည့် မင်းအောင်လှိုင်အတွက် ခြိမ်းခြောက်မှုသည် လက်တွေ့ ဖြစ်လာမည်ဖြစ်ပြီး ရူးရူးနှမ်းနှမ်းပြုလုပ်မှု မဟုတ်ပေ။

အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျသည်။ မြန်မာ့သမိုင်းတွင် ထိုသို့သော ဥပမာတခု ရှိသည်။ ပြင်းထန်သော နိုင်ငံရေး အားပြိုင်မှုများနှင့် အတွေးအခေါ် ငြင်းခုန်မှုများအကြား ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် လွတ်လပ်ရေးခေါင်းဆောင်များ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံရသောအခါ ဂဠုန် ဦးစောကိုသာ ရွေးချယ်အပြစ်တင်ပြီး ကွပ်မျက်ကာ နိုင်ငံသည် ရှေ့သို့ ဆက်လက်ချီတက်သည်။

လက်ရှိအကျပ်အတည်းနှင့် စစ်တပ်၏ အင်စတီကျူးရှင်း အကျိုးစီးပွားကို သစ္စာဖောက်ခြင်းတွင် မင်းအောင်လှိုင်သည် သူ့ဆရာသမားများအားလုံး ဘဝတလျှောက်တွင် ဖန်တီးခဲ့သည့် ရန်သူများထက် ပိုမိုများပြားသည့် ရန်သူများကို ဖန်တီးသည်။

လက်ရှိအကျပ်အတည်းနှင့် စစ်တပ်၏ အင်စတီကျူးရှင်း အကျိုးစီးပွားကို သစ္စာဖောက်ခြင်းတွင် မင်းအောင်လှိုင်သည် သူ့ဆရာသမားများအားလုံး ဘဝတလျှောက်တွင် ဖန်တီးခဲ့သည့် ရန်သူထက် ပိုမိုများပြားသည့် ရန်သူများကို ဖန်တီးသည်။ သူသည် သူ့ဆရာသမားများကဲ့သို့ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့်မှ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ပေ။

သူသည် စစ်တပ်ကို အစဉ်အလာအရ ထောက်ခံသူများဖြစ်သည့် USDP ထောက်ခံသူများ၊ ဘာသာရေး အစွန်းရောက်များနှင့်လည်း လမ်းခွဲသည်။ သူသည် စစ်သားများအကြား စိတ်ဓာတ် ထိုးစိုက်ကျဆင်းခြင်းကိုလည်း ဖြစ်စေပြီး မြေပြင်စစ်ပွဲများတွင် ရှုံးနိမ့်စေသည်။

သူသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် အွန်လိုင်း ငွေကြေးလိမ်လည်မှုများကို ကူညီခြင်းအတွက် တရားစွဲခံရတော့မည် ဖြစ်သည်။ သူသည် စီးပွားရေးကို ဖျက်ဆီးပြီး စစ်ခရိုနီ လက်ဟောင်း လက်သစ်များ၏ ဝေစုကို လျော့နည်းစေသည်။ သူ့အချိန် ရောက်လာပါက သူ့ကို မည်သည့် စဉ်းစားဆင်ခြင်ဉာဏ်ရှိသူက ကာကွယ်မည်ကိုပင် စဉ်းစားရန် ခက်သည်။

မင်းအောင်လှိုင် ကျဆုံးခန်းသည် အနှေးနှင့်အမြန် ဖြစ်လာမည်။ သို့သော် သူ့ကို ဖြုတ်ချခြင်းသည် အလဟဿ မဖြစ်စေရန် မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်သူအားလုံး တာဝန်ယူရမည်။ ပဋိပက္ခအဆုံးသတ်ရေးအတွက် အဓိပ္ပာယ် ပြည့်ဝသည့် ငြိမ်းချမ်းရေး အားထုတ်မှုများဖြစ်သော လူသားချင်းစာနာမှု အကူအညီပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊ အကြမ်းဖက်မှု ရပ်စဲရေး၊ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နှင့် ပြည်နယ်အားလုံးနှင့် ထိတွေ့ဆက်ဆံရေးတို့သည် လူတဦးတယောက်တည်းကို တာဝန်ခံစေခြင်းလောက် မထိရောက်ကြောင်း ပြသနေသည်။

မြန်မာကဲ့သို့သော နိုင်ငံတနိုင်ငံသည် အင်အားတောင့်တင်းသော စစ်တပ်လိုသည်ဟု အများအပြားက ငြင်းခုန်ကြမည် ဖြစ်သည်။ သို့သော် မြန်မာနှင့် မြန်မာစစ်တပ်က မင်းအောင်လှိုင်ကို လိုအပ်ပါသလား။ ညှိနှိုင်းအဖြေရှာရာတွင်ပင် မင်းအောင်လှိုင်သည် သူဆက်လက် ရှင်သန်ရေးထက် သူ့အင်စတီကျူးရှင်း အကျိုးစီးပွားကို ဦးစားပေးမည်လား။

သန်းပေါင်းများစွာသော မြန်မာပြည်သူများကို မခံစားနိုင်သည့် နာကျင်မှုများ ဖြစ်စေပြီး နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံး အကျပ်အတည်းဖြစ်စေသည့် ထိုလူတယောက်ကို ဒဏ်ခတ်ခြင်းသည် သက်ဆိုင်သူ အားလုံးနှင့် ပြည်သူများ လက်ရှိ အကျပ်အတည်း နိဂုံးချုပ်ရန် စမှတ် ဖြစ်နိုင်ပါသလား။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ကျော်ထင်၏ Why Min Aung Hlaing Could Be the Unifying Figure for Myanmar Peace Efforts ကို ဘာသာပြန်သည်။ ကျော်ထင်သည် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

မင်းအောင်လှိုင်ရဲ့ အသုံးချခံ မဖြစ်ကြပါနဲ့ (ရုပ်/သံ)

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

မင်းအောင်လှိုင် မိသားစုလည်း တန်ပြန်ခံစားရစေချင်တယ်

Your Thoughts …
Tags: EROICJNLDNUGPDFSliderUSDPစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒေါ်အောင်ဆန်းစုကြည်ပြည်တွင်းစစ်ဖက်ဒရယ် ဒီမိုကရေစီဘုံသဘောတူညီချက် ငါးချက်လူမျိုးတုံးသတ်ဖြတ်မှုလူသားချင်းစာနာမှု အကူအညီအဂတိလိုက်စားမှုအမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဆီယံအွန်လိုင်းငွေကြေးလိမ်လည်မှု
ကျော်ထင်

ကျော်ထင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တန့်ယန်းမြို့ကို “ဝ” တပ်တွေ ဘာကြောင့် ဝင်ထိန်းချုပ်ခဲ့သလဲ (ရုပ်/သံ)

တန့်ယန်းမြို့ကို “ဝ” တပ်တွေ ဘာကြောင့် ဝင်ထိန်းချုပ်ခဲ့သလဲ (ရုပ်/သံ)

လူသတ်မှုစစ်ဆေးရင်း လူထပ်သေခဲ့တဲ့ NUG ပလဖ ဖြစ်ရပ် (ရုပ်သံ)

လူသတ်မှုစစ်ဆေးရင်း လူထပ်သေခဲ့တဲ့ NUG ပလဖ ဖြစ်ရပ် (ရုပ်သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved