• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

by မောင်ကဝိ
30 March 2024
in Military, သူ့အတွေး သူ့အမြင်
A A
ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

၂၀၁၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ရန်ကုန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား ဂျာနယ်လစ်က တွေ့ဆုံမေးမြန်းနေစဉ် / Cincds

8.1k
VIEWS
Share on FacebookShare on Twitter

ရုရှားရုပ်သံအစီအစဉ်ဖြစ်တဲ့ အာဏာ၏ ပုံသေနည်း (The Formula of Power) အစီအစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အားရပါးရ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

“ခုနက ကျနော်တို့ ဝင်ရောက်တွေ့ဆုံ နှုတ်ဆက်စဉ် ကျနော့်ကို လက်ဆွဲတဲ့အချိန်မှာ အဆွေတော်ရဲ့ အင်အားသန်မာမှုကို ကျနော် ခံစားမိပါတယ်” လို့ ဆုရ တွေ့ဆုံမေးမြန်းသူက စစ်ရာဇဝတ်ကောင်တွေဟာ အပျော်အပါးအတွက် ဘာလုပ်လဲ အဖြေရှာရတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် “သမားရိုးကျ မေးခွန်း” အနေနဲ့ ပြောခဲ့ပါတယ်။

အဲဒီ တွေ့ဆုံမေးမြန်းမှုဟာ ရုရှားသရော်စာလားလို့သာ မေးရပါမယ်။ အဖြေကတော့ စစ်ကောင်စီထိန်းချုပ် မီဒီယာက ထုတ်ဝေတဲ့ တွေ့ဆုံမေးမြန်းမှု စာသားတွေထဲမှာပဲ ရှိနေပါတယ်။ မင်းအောင်လှိုင်ကတော့ သူ့ကိုယ်သူ မိသားစုကို အလေးထားသူ၊ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူလို့ တင်ပြနေတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် သူရဲ့ စိတ္တဇဖိစီးမှုကိုတော့ ဖုံးဖိမရပါဘူး။

သူ့အဖြေတွေက “မိုးလုံးပြည့် မုသာဝါဒတွေ” ပြည့်နေပါတယ်။ မိုးလုံးပြည့် မုသာဝါဒ ဆိုတာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းတွေကို စစ်ကောင်စီက ပယ်ချရာမှာ ကျင့်သုံးတဲ့ စကားစုပဲ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံမေးမြန်းခန်းမှာ မေးခွန်းတွေက ဗုဒ္ဓဘာသာရဲ့ အဓိပ္ပာယ်ကနေ “အာဏာ” ရဲ့ ဖွင့်ဆိုချက်အထိ ဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိလို့ သူရဲ့ အာဏာသိမ်းမှု လိုအပ်တယ်ဆိုတဲ့ သူ့ရဲ့အလိမ်အညာ စကားကိုပဲ သဲသဲမဲမဲ ဆုပ်ကိုင်ထားကြောင်း ပြသနေပါတယ်။

ဒါပေမယ့် သူ့ရဲ့စစ်အုပ်စုဟာ အရင်က ကတိပေးထားသလို တနိုင်ငံလုံအနှံ့ ရွေးကောက်ပွဲသစ် ကျင်းပပေးနိုင်ဖွယ် မရှိဘူးဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။ တည်ငြိမ်မှု ပြန်လည်ရရင် အဆင်ပြေတဲ့ နေရာတွေမှာ နိုင်ငံသားတွေကို မဲပေးခွင့်ပေးမယ်လို့ပဲ ပြောပါတယ်။

မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ ရောက်ဖူးတယ်လို့ပြောတဲ့ ရုရှားတွေ့ဆုံမေးမြန်းသူဟာ အာဏာရှင်တွေ အားလပ်တဲ့အခါ ဘာလုပ်လဲဆိုတာကိုလည်း စူးစမ်းပါတယ်။ အာဏာသိမ်းပြီးနောက် ရုရှားနဲ့ တရုတ်က အခြားမီဒီယာ နှစ်ခုနဲ့ တွေဆုံမေးမြန်းမှုတွေ လက်ခံခဲ့ဖူးတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူဟာ စစ်တပ်နဲ့ စစ်ကောင်စီ ခေါင်းဆောင် အခန်းကဏ္ဍ နှစ်ခုလုံး လုပ်နေရလို့ အားလပ်ချိန် သိပ်မရှိဘူးလို့ ပြောပါတယ်။

သူ့ရဲ့စစ်အုပ်စုဟာ အရင်က ကတိပေးထားသလို တနိုင်ငံလုံအနှံ့ ရွေးကောက်ပွဲသစ် ကျင်းပပေးနိုင်ဖွယ် မရှိဘူးဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။ တည်ငြိမ်မှု ပြန်လည်ရရင် အဆင်ပြေတဲ့ နေရာတွေမှာ နိုင်ငံသားတွေကို မဲပေးခွင့်ပေးမယ်လို့ပဲ ပြောပါတယ်။

“သို့သော်လည်း ကျနော် ကျန်းမာရေးတော့ ဂရုစိုက်ရတာပေါ့။ နေ့စဉ်ဆိုရင်တော့ မနက်ပိုင်း ကျနော် လမ်းလျှောက်တယ်။ အချိန်ပေးနိုင်တယ်ဆိုရင် ကျနော် စနေ၊ တနင်္ဂနွေဆိုရင် ဂေါက်ရိုက်တယ်။ နောက်တခါ ကျ‌နော် စာဖတ်တာပေါ့။ နောက်တခုကတော့ ရတဲ့အချိန်လေးမှာ မိသားစုနဲ့ ရအောင်တွေ့ဆုံပြီးတော့မှ နွေးထွေးတဲ့ဆက်ဆံရေးရအောင် အမြဲတမ်း ကြိုးစားတယ်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

သူက သူ့ကိုယ်သူ အရမ်းချစ်တတ်တဲ့ အဘိုးလို့လည်း ပြောပေမယ့် သူအာဏာသိမ်းပြီးနောက်ပိုင်း မိသားစုဝင်တွေသေဆုံး၊ ရှင်ကွဲ ကွဲခဲ့ရတဲ့ မိသားစုတွေအကြောင်း မပြောပါဘူး။ သူ့ရဲ့ အကြမ်းဖက် စစ်ဆင်ရေး၊ အငြင်းပွားဖွယ် ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ ထောင်ချတာတွေ၊ မီးရှို့တိုက်ခိုက်မှုတွေနဲ့ မြို့တွေ ရွာတွေကို လေကြောင်း၊ အမြောက်နဲ့ တိုက်ခိုက်မှုတွေ လျစ်လျူရှုထားတယ်။ ဒါတွေအားလုံးဟာ သူ အာဏာ ဆက်လက်ချုပ်ကိုင်နိုင်ဖို့ လုပ်နေတာတွေပဲ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ခင်ပွန်းကောင်း၊ ဖခင်ကောင်းအဖြစ်ပြောပြီး သူ့ကလေးတွေအတွက် အရေးကြီးတဲ့ ဘဝသင်ခန်းစာ ဘာတွေသင်ပေးလဲလို့ မေးပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ကျနော်တို့ ဗုဒ္ဓဘာသာမှာရှိတယ်။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားပေါ့။ မကောင်းတဲ့ဟာတွေ မလုပ်နဲ့၊ ကောင်းတဲဟာတွေ လုပ်ပေါ့။ စိတ်ကို သန့်သန့်ရှင်းရှင်းထားပေါ့။ ဒါတွေ အမြဲတမ်း ဆုံးမပေးတာလည်း ရှိတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှား ဂျာနယ်လစ်ကို လက်ဆောင်ပေးနေစဉ် / Cincds

“နောက်တခုက ရိုးရိုးသားသား လုပ်ကိုင်စားသောက်ခြင်းပေါ့” လို့လည်း ၎င်းက ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ သူ စစ်ခေါင်းဆောင် ဖြစ်လာပြီးနောက် သူ့မိသားစုဟာ ကံမကောင်း အကြောင်းမလှတဲ့ စစ်သားတွေရဲ့ အသက်အာမခံကနေ သူတို့အတွက် ဆေးဝါးနဲ့ လက်နက်သာမက ဆေးရုံကုတင်တွေ ထောက်ပံ့တဲ့အထိ ပါဝင်တဲ့ စစ်တပ်ကနေ အကျိုးအမြတ်ရယူတဲ့ စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်း စတင် လက်ဝါးကြီးအုပ် လာပါတယ်။ သူ့သားနဲ့သမီးဟာ ဆောက်လုပ်ရေး၊ ရုပ်ရှင်ထုတ်လုပ်ရေး၊ ဟိုတယ်နဲ့ အခြားစီးပွားရေး လုပ်ငန်းတွေကနေ အကျိုးအမြတ်ရနေပါတယ်။

စစ်ဘက် ခရီးစဉ်တွေကို စီးပွားရေး အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပစ်လို့ မင်းအောင်လှိုင်ဟာ “ကန်ထရိုက်တာကြီး” ဆိုတဲ့ အမည်ပြောင်ကို ရလာပါတယ်။

သူဟာ စစ်ဘက်အဆောက်အအုံဟောင်းတွေ အသစ်ဆောက်မယ့် လုပ်ငန်းတွေကို စစ်အင်ဂျင်နီယာတပ်အစား သူ့ဆွေမျိုးတွေပိုင်တဲ့ ကုမ္ပဏီတွေကို လုပ်ငန်းချထားပေးတယ်လို့ စစ်တပ်က ဘက်ပြောင်းလာသူတွေ ပြောကြပါတယ်။

ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ သူ့အမြင်ကို မေးတဲ့အခါ အကြီးအကျယ် လမ်းလွဲနေတယ်လို့ လူသိများတဲ့ မင်းအောင်လှိုင်က “ကောင်းတဲ့စိတ်ကိုမွေးတာ၊ မကောင်းတဲ့ အကြံအစည် ဘာမှ မလုပ်နဲ့။ စိတ်ကို ဖြူစင်တဲ့စိတ်ကိုထားပေါ့” လို့ ထပ်ပြောပါတယ်။

စစ်ဘက် အဆောက်အအုံတွေဆီ သွားရောက်တဲ့ ခရီးစဉ်တွေကို စီးပွားရေး အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပစ်လို့ မင်းအောင်လှိုင်ဟာ “ကန်ထရိုက်တာကြီး” ဆိုတဲ့ အမည်ပြောင်ကို ရလာပါတယ်။

ဗိုလ်ချုပ်တယောက်ရဲ့ စကားတွေဟာ သူ့ကိုယ်သူ စိတ်သက်သာအောင်ပြောပြီး အမှန်တရား မဟုတ်တဲ့အခါ ရုရှားရုပ်သံမှာပဲ နိဂုံးချုပ်သွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်မှ ၂၀၁၈ ခုနှစ်ကတည်းက တုံ့ဆိုင်းနေတဲ့ စီးပွားရေးကို ပြန်လည်ရှင်သန်အောင် သူလုပ်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားပရိသတ်ကို ပြောပါတယ်။

လက်တွေ့မှာတော့ အစားအစာနဲ့ လောင်စာဆီအပါအဝင် အခြေခံကုန်စည် ဈေးနှုန်းတွေဟာ သူ အာဏာသိမ်းပြီးနောက် သုံးဆ တက်သွားပါတယ်။ ငွေကြေးဖောင်းပွမှု အကြီးအကျယ်မြင့်မားလာပြီး ကျပ်ငွေတန်ဖိုးဟာ အကြီးအကျယ် ကျဆင်းသွားပါတယ်။ မြန်မာမှာ အကြီးအကျယ် စိုက်ပျိုးတဲ့ အဓိက အစားအစာ ဆန်ဈေးဟာလည်း တက်သွားပါတယ်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေဟာ စီးပွားရေးမြို့တော် ရန်ကုန် အပါအဝင် တနိုင်ငံလုံးမှာ အခြေအနေ ပိုမိုဆိုးရွားနေပါတယ်။

မြှောက်ပင့်ရိုကျိုးတဲ့ တွေ့ဆုံမေးမြန်းမှုတွေဟာ တခါတရံမှာ အကြောင်းအရာကြောင့်သာမက ဖားယားပြီး မေးတဲ့ မေးခွန်းတွေကြောင့် အချွန်နဲ့ မသလို ဖြစ်စေတတ်ပါတယ်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
4k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.4k
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.6k

နောက်ဆုံးမေးခွန်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မရည်ရွယ်ဘဲ လှောင်ပြောင်လိုက်ပါတယ်။

အစားအစာနဲ့ လောင်စာဆီအပါအဝင် အခြေခံကုန်စည် ဈေးနှုန်းတွေဟာ သူအာဏာသိမ်းပြီးနောက် သုံးဆ တက်သွားပါတယ်။ ငွေကြေးဖောင်းပွမှု အကြီးအကျယ်မြင့်မားလာပြီး ကျပ်ငွေတန်ဖိုးဟာ အမေရိကန် ဒေါ်လာနဲ့ ယှဉ်ရင် အကြီးအကျယ် ကျဆင်းသွားပါတယ်။

“အဆွေတော် ဝန်ကြီးချုပ်က အာဏာကို ဘယ်လိုမျိုး အဓိပ္ပာယ် ဖွင့်ပါသလဲ။ အာဏာနဲ့ပတ်သက်ပြီး အဆွေတော် ဝန်ကြီးချုပ်ရဲ့အမြင်ကို သိချင်ပါတယ်” လို့ မေးခဲ့ပါတယ်။

မြန်မာနဲ့ပတ်သက်ပြီး အများကြီး သိတယ်လို့ဆိုတဲ့ အဲဒီသတင်းသမား TASS ရုရှားသတင်းဌာနက ဒုညွန်ချုပ်ဟာ ရိုရိုကျိုးကျိုးမေးထားတဲ့ စာမူအတိုင်း မေးနေတာသာ ဖြစ်ပါတယ်။

ချေမှုန်းလို့မရနိုင်ဘူးလို့ တခါက ထင်ခဲ့ကြတဲ့ မြန်မာစစ်တပ်ဟာ ပိုလို့ ပိုလို့ ထိခိုက်လွယ်လာနေပါတယ်။ မြန်မာစစ်တပ်ဟာ အရှက်တကွဲ ရှုံးနိမ့်မှုတွေ ဆက်တိုက်ခံစားနေရပြီး လူအင်အား အပြင်းအထန် ကုန်ခန်း နေပါတယ်။

စိတ်ဓာတ်ကျဆင်းမှုကြောင့် ပျက်စီးနေတဲ့ စစ်ကောင်စီစစ်သားတွေဟာ မကြာခဏဆိုသလို အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးဖို့ နိုင်ငံတကာနယ်စပ်တွေကို ဖြတ်ကျော်ကြပါတယ်။ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ကျင့်သုံးပြီး စစ်မှုထမ်းဟောင်းတွေကို ရှေ့တန်းပို့ဖို့ ပြန်ခေါ်နေရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာရဖို့ တသက်လုံး ကြိုးစားခဲ့ပေမယ့် သူသိလိုက်ရတဲ့ တခုတည်းသောအရာက အာဏာကို ဘယ်လို လက်လွှတ်ဆုံးရှုံးနေရတယ်ဆိုတာပဲ ဖြစ်ပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar’s Dictator Debuts His ‘Skyful of Lies’ on Russian TV ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီ စီးပွားရေး ဦးမမော့ဘဲ စုန်းစုန်းသာမြုပ်မည်

စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး

ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

Your Thoughts …
Tags: NLDငွေကြေးဖောင်းပွမှုစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုစီးပွားရေးမင်းအောင်လှိုင်မီဒီယာရုရှား
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သောင်ရင်းမြစ်ဘေးက ငရဲခန်း

သောင်ရင်းမြစ်ဘေးက ငရဲခန်း

ရှမ်းပြည်တွင် တိုက်ပွဲများပြန်စချိန် စစ်ကောင်စီကို တရုတ်သံအမတ် တွေ့

ရှမ်းပြည်တွင် တိုက်ပွဲများပြန်စချိန် စစ်ကောင်စီကို တရုတ်သံအမတ် တွေ့

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved