မြန်မာနိုင်ငံသည် စစ်တပ်က ဒီမိုကရေစီကို ရပ်ဆိုင်းလိုက်သည့် ဆိုးရွားလှသော အာဏာသိမ်းမှုကို နိုင်ငံတဝန်း ကျယ်ပြန့်သည့် ခုခံမှု ပဋိပက္ခဖြစ်သည့် ပို၍ နက်ရှိုင်းလာနေသော ပြည်တွင်းစစ်အတွင်း ကျဆင်းနေချိန်တွင် စီးပွားရေးသည် ဖရိုဖရဲဖြစ်သော အပျက်အစီးများ၏ ဒဏ်ကို ခံနေရသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝှမ်း အလုပ်သမား သပိတ်များ ပေါ်ပေါက်နေပြီး စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် အဓိက မြို့ပြဒေသများတွင် မြင့်မားလာသည့် စစ်ရေးလှုပ်ရှားမှုနှင့် ဖေါက်ခွဲမှုများဖြစ်နေသည်။
ထိုအခြေအနေများအားလုံးကြောင့် စီးပွားရေးသည် စိုက်ဆင်းသွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းများ သို့မဟုတ် ရင်းနှီးမြှုပ်နှံငွေများကို ရုတ်သိမ်း သို့မဟုတ် ဆိုင်းငံ့ထားရသည်။ ၎င်းတို့က နောက်ဆုံးလက်ကျန် မြန်မာဈေးကွက်သည် ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်နေပြီဟု ယူဆပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံရန် ဆုံးဖြတ်ခဲ့ကြသည်။
အာဏာသိမ်းပြီးနောက် အရာရာသည် ဆန့်ကျင်ဘက်ဖြစ်ကုန်သည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွာရေးစောင့်ကြည့်မှုအရ စီးပွားရေးသည် ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာလအတွင်း ၁၈ ရာခိုင်နှုန်းကျုံ့သွားသည်။ ဆင်းရဲနွမ်းမှုတွင်နေထိုင်ရသည့် လူအရေအတွက်သည် ၂၀၁၉ ခုနှစ်က အခြေအနေနှင့်နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် ၂ ဆတိုးလာမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။
အာဏာသိမ်းပြီးနောက် အရာရာသည် ဆန့်ကျင်ဘက်ဖြစ်ကုန်သည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွာရေးစောင့်ကြည့်မှုအရ စီးပွားရေးသည် ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာလအတွင်း ၁၈ ရာခိုင်နှုန်းကျုံ့သွားသည်။
မြန်မာန်ိုင်ငံ လူဦးရေ ၅၄ သန်း၏ ထက်ဝက်သည် ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဆင်းရဲနွမ်းပါးမှုအတွင်း ကျဆင်းသွားပြီး လွန်ခဲ့သော ၁၆ အတွင်းရရှိထားသော စီးပွားရေးတိုးတက်မှုများ ဆုံးရှုံးမည်ဖြစ်ကြောင်း စစ်အာဏာသိမ်းမှု၏ ထိုးနှက်ချက် အပြည့်အဝကို မသိရသေးမီ ဧပြီလက ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ၏ ဆိုးရွားလှသော စီးပွားရေးအခြေအနေကို မြန်မာကျပ်ငွေက ထင်ဟပ်နေသည်။ အာဏာသိမ်းပြီးနောက် ကျပ်ငွေသည် တန်ဖိုး ၆၀ ရာခိုင်နှုန်း ကျဆင်းဆုံးရှုံးသွားသည်။ ဖေဖေါ်ဝါရီက ၁ ရက်နေ့က တရားဝင်ငွေလဲနှုန်းသည် အမေရိကန် တဒေါ်လာလျှင် ၁၃၉၅ ကျပ်နှုန်းသာ ရှိသော်လည်း ယခုဆက်လက်လုပ်ကိုင်နေသေးသည့် ငွေလဲလှယ်ပေးသူများသည် တဒေါ်လာလျှင် ၂၇၀၀ ကျပ်မှ ၃၀၀၀ ကျပ်အကြား တောင်းနေကြသည်။

ထိုသို့ ငွေတန်ဖိုး အကြီးအကျယ် ကျဆင်းသွားသောကြောင့် စစ်အာဏာသိမ်းပြီးနောက် လောင်စာနှင့် အစားအစာဈေးနှုန်းများ တက်ကုန်ပြီး ဓါတ်ဆီဈေးသည် ၂ ဆတိုးကာ ဆန် ၄၈ ကီလိုဝင် အိတ်တအိတ် တန်ဖိုးသည် ၄၀ ရာခိုင်နှုန်း တိုးသွားသည်။
ထိုစီးပွားရေးဖိအားများက ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်မှုနှင့်ပတ်သက်ပြီး စိုးရိမ်သောကများဖြစ်စေသည်။ ဘဏ်များသည် စစ်အာဏာသိမ်းမှုနှင့် စီးပွားရေးပြိုလဲမှုမတိုင်မီက ကြွေးဆုံးများ ပိနေသောဘဏ်များဖြစ်သည်။ စစ်ကောင်စီက ဘဏ်များတွင်ငွေအပ်ထားသူများ ဘဏ်နှင့် ငွေထုတ်စက်များမှ ငွေထုတ်ယူနိုင်သည့် ပမာဏကို အကြီးအကျယ် ကန့်သတ်ထားသည်။
စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက အောက်တိုဘာလ ၁၉ ရက်နေ့က Reuters သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာ့စီးပွားရေးအကျပ်အတည်းအတွက် ပြည်ပကျောထောက်နောက်ခံပြု အဖျက်လုပ်ရပ်များကို အပြစ်တင်သည်။ သို့သော် မည်သည့် ပြည်ပနိုင်ငံများက မည်သို့မည်ပုံနှောင့်ယှက်သည်ကို သူ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။
မြန်မာနိုင်ငံ၏ လက်ရှိသမိုင်း အထူးဖြင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းပြီးနောက်ဖြစ်လာသည့် စီးပွားရေးပြိုလဲမှုအတွင်း စစ်အုပ်စုသည် စီးပွားရေးနှင့် ဘဏ္ဍာရေး ကြမ္မာဆိုးအတွင်း အာဏာကို ချုပ်ကိုင်ထားနိုင်သည့် ထူးခြားသောစွမ်းရည်ရှိကြောင်း ပြသနေသည်။
မြန်မာနိုင်ငံခြားသုံး အရန်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၄ ဘီလီယံရှိကြောင်းလည်း သူပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးအရန်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၀ ဘီလီယံရှိသည်ဟု ကမ္ဘာ့ဘဏ်က မတ်လတွင် ခန့်မှန်းခဲ့သည်။ ထိုစာရင်းများ အတိအကျ ခန့်မှန်းရန် မဖြစ်နိုင်သလို ထိုအချက်ဖြင့် စစ်ကောင်စီ၏ ဘဏ္ဍာရေး အနေအထားအစစ်အမှန်ကိုလည်း ပြသသည်ဟု မဆိုန်ိုင်ပေ။
မြန်မာနိုင်ငံ၏ လက်ရှိသမိုင်း အထူးဖြင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းပြီးနောက်ဖြစ်လာသည့် စီးပွားရေးပြိုလဲမှုအတွင်း စစ်အုပ်စုသည် စီးပွားရေးနှင့် ဘဏ္ဍာရေး ကြမ္မာဆိုးအတွင်း အာဏာကို ချုပ်ကိုင်ထားနိုင်သည့် ထူးခြားသောစွမ်းရည်ရှိကြောင်း ပြသနေသည်။
မြန်မာ့စီးပွားရေးအများစုသည် မှောင်ခိုဈေးကွက်တွင် ရောင်းဝယ်သောကြောင့် ဝင်ငွေနှင့် အမြတ်အစွန်းများသည် ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာ စီးပွားရေးစောင့်ကြည့်အဖွဲ့အစည်းများက သိရှိသော တရားဝင်စာရင်းများတွင် ပြသခြင်းမရှိကြောင်း ယခင်အကျပ်အတည်းများတွင် ဆက်လက်ရှင်သန်နိုင်သော စစ်အုပ်စု၏ စွမ်းရည်ကို သိရှိသော ဘောဂဗေဒပညာရှင်များနှင့် ပညာရှင်များက ပြောကြသည်။

စစ်အုပ်စုသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှတဆင့် ကျယ်ပြန့်သော စီးပွားရေးနယ်ပယ်များကို ထိန်းချုပ်ထားသည်။ ထိုလုပ်ငန်ကြီးနှစ်ခုသည် ဘဏ်လုပ်ငန်း၊ စက်မှုဇုန်များ၊ သင်္ဘောလုပ်ငန်း၊ အိမ်ခြံမြေ၊ သကြားစက်များ၊ ဆေးရွက်ကြီးကုမ္ပဏီများနှင့် ဆူပါမားကက်များအထိ လုပ်ငန်ပေါင်းစုံကို လုပ်ကိုင်သည့် အလွန်ကြီးမားသည့် လုပ်ငန်းစုကြီးနှစ်ခုဖြစ်သည်။
စစ်အာဏာသိမ်းချိန်မှစတင်ပြီး အမေရိကန်ပြည်ထောင်စုက ထိုလုပ်ငန်းကြီးများကို အရေးယူပိတ်ဆို့ထားသော်လည်း ထိုအရေးယူမှုများသည် စစ်ကောင်စီ၏ စီးပွားရေးအကျိုးစီးပွားကို ထိခိုက်စေခြင်း ရှိမရှိ ရှင်းလင်းစွာ မသိရပေ။
မူးယစ်ဆေးများကို ရှမ်းပြည်နယ်တွင် ထုတ်လုပ်နေဆဲဖြစ်ပြီး ကချင်၊ ကရင်နှင့် ကယားပြည်နယ်များတွင် ထုတ်လုပ်မှုရှိသော်လည်း ရှမ်းပြည်နယ်လောက် မများပေ။ အဓိက ထုတ်လုပ်ရောင်းချနေသူများသည် စစ်ကောင်စီ၏ မဟာမိတ် ဒေသခံပြည်သူ့စစ်များဖြစ်သည်။
စစ်အုပ်စုကို အသက်ဆက်စေသော စီးပွားရေးရင်းမြစ်များသည် ထိုလုပ်ငန်း ၂ ခုတည်းသာ မဟုတ်ပေ။ စစ်အုပ်စုသည် နိုင်ငံတွင် ပျံ့နှံ့နေသည့် တရားမဝင် စီးပွားရေးတွင်လည်း နက်ရှိုင်းစွာပါဝင်ပတ်သက်နေပြီး တရားမဝင် အကျိုးစီးပွားများ ရနေကာ ထိုငွေများ ထိပ်တန်းဗိုလ်ချုပ်များနှင့် အရာရှိများ သစ္စာခံစေရေးနှင့် လက်ရှိ နိုင်ငံရေးအခြေအနေကို လက်ခံအောင် လုပ်ရန် သုံးနေသည်။
နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သော Global Witness အရ မြန်မာနိုင်ငံမြောက်ပိုင်းမှ ကျောက်စိမ်းလုပ်ငန်း တနှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ဖိုးထွက်ရှိသော လုပ်ငန်းဖြစ်ပြီး နိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှု ဂျီဒီပီ၏ ထက်ဝက်နီးပါးရှိသည်။
“ထိုလုပ်ငန်းသည် လက်နက်ကုန်သွယ်မှုကို ကျားကန်ပေးပြီး အာဏာသိမ်းခေါင်းဆောင်၏ သား အောင်ပြည့်စုံ အပါအဝင် စစ်အရာရှိများကို ကြွယ်ဝချမ်းသာစေသည်” ဟု Global Witness က ဇွန်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ “ဗိုလ်ချုပ်များသည် ၎င်းတို့ကိုယ်၎င်းတို့ ချမ်းသာကြွယ်၀အောင်လုပ်ပြီး စစ်ပွဲများ ဆက်လက်ဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်ကို မှီခိုနေရသော ပြည်သူများက အဆုံးစွန်သော တန်ဖိုးများကို ပေးဆပ်ကြရသည်” ဟုလည်း ထိုအစီရင်ခံစာက ဆက်လက်ဖေါ်ပြသည်။
ကျောက်စိမ်းလုပ်ငန်းကို အများအားဖြင့် တရားမဝင် လုပ်ကိုင်ကြပြီး အဓိကအားဖြင့် မြန်မာမြောက်ပိုင်းမှ ကျောက်စိမ်းတွင်းများနှင့် တရုတ်နယ်စပ်မှ ဈေးကွက်များမှ အလှမ်း ဝေးကွာသော နေရာများမှ တရုတ်ဝယ်လက်များကို ဖုန်းဖြင့် ရောင်းဝယ်ကြသည်။
လူသိရန် ပိုမိုခက်ခဲသော ကိစ္စ နောက်တခုမှာ တရားမဝင် မူးယစ်းဆေးဝါးမှောင်ခိုလုပ်ငန်းသည်လည်း နှစ်စဉ်အမေရိကန် ဒေါ်လာဘီလီယံများစွာ ရနေသောလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံမှ ဘိန်းနှင့် ဘိန်းဖြူလုပ်ငန်းသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း တရုတ်နှင့် အရှေ့တောင်အာရှမှ ဝယ်လိုအားကျသောကြောင့် ကျဆင်းသွားသော်လည်း မက်သာဖက်တမင်းနှင့် ဓါတုဆေးဝါးများက ဘိန်းနေရာတွင် အစားထိုး ဝင်ရောက်လာသည်။

မူးယစ်ဆေးများကို ရှမ်းပြည်နယ်တွင် ထုတ်လုပ်နေဆဲဖြစ်ပြီး ကချင်၊ ကရင်နှင့် ကယားပြည်နယ်များတွင် ထုတ်လုပ်မှုရှိသော်လည်း ရှမ်းပြည်နယ်လောက် မများပေ။ အဓိက ထုတ်လုပ်ရောင်းချနေသူများသည် စစ်ကောင်စီ၏ မဟာမိတ် ဒေသခံပြည်သူ့စစ်များဖြစ်သည်။
မူးယစ်ဆေးဝါးကုန်သွယ်မှု၏ တန်ဖိုးအတိအကျပမာဏကို ပြောဆိုရန် မဖြစ်နိုင်သော်လည်း ထိုလုပ်ငန်းကို ကျောက်စိမ်းထက်ပင် ပိုမိုလျှို့ဝှက်စွာ လုပ်ကိုင်နေခြင်းဖြစ်ပြီး နှစ်စဉ်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ဖိုးအထိ ရှိနိုင်သည်။ စစ်အုပ်စု အကျိုးအမြတ်များပြီး ဥပဒေမဲ့လုပ်နေသည့် ရွှေတင်ပို့ခြင်း အဓိကအားဖြင့် တရုတ်နိုင်ငံသို့ ရွှေတင်ပို့ခြင်းတွင်လည်း ပါဝင်ပတ်သက်နေသည်။ တန်ဖိုးပမာဏ အတိအကျကို မသိရပေ။
ထိုသို့ ဖုံးကွယ်ထားသည့် ဝင်ငွေနှင့် အရန်ငွေများ ရှိနေသော်လည်း လက်ရှိ လူမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းတွင် မည်သည့်အခန်းမှ ပါဝင်လာမည်ကို မသိရသေးပေ။ ဗိုလ်ချုပ်များနှင့် ၎င်းတို့လက်ထောက်များကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ကြွယ်ဝချမ်းသာစေသော အဓိကကျသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဆုတ်ခွာသွားခြင်းသည် အထိအနာဆုံးနယ်ပယ်များ ရှိလိမ့်မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ၎င်းတို့၏ ဆက်သွယ်ရေးလုပ်ငန်းများ လက်ဘနွန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း M1 အုပ်စုသို့ ရောင်းချတော့မည်ဖြစ်ကြောင်း နော်ဝေးနိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းကြီး တယ်လီနောက ကြေညာသည်။ သို့သော် ထိုရောင်းချမှုသည် ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသောကြောင့် အရောင်းအဝယ် အတည်ဖြစ်ပုံ မရပေ။

ဖုန်းအသုံးပြုသူများကို စစ်အုပ်စုက ကြားဖြတ်နားထောင်နိုင်စေသည့် နည်းပညာများတပ်ဆင်ရန် စစ်ကောင်စီက တောင်းဆိုထားသောကြောင့် တယ်လီနောက ထိုသို့ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ တယ်လီနောသည် မြန်မာနိုင်ငံမှ ၎င်းတို့ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၈၂ သန်းကို စာရင်းပယ်ဖျက်ထားပြီး ဖြစ်ကြောင်း သတင်းများက ဆိုသည်။
မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည့် သို့မဟုတ် ထွက်ခွာရန် ပြင်ဆင်နေသည့် အခြားကုမ္ပဏီများတွင် ပြင်သစ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်း Voltalia နှင့် ဂျပန် အဖျော်ယမကာလုပ်ငန်း ကီရင်ပါဝင်သည်။ ကီရင်သည် မြန်မာတွင် ရင်းနှီးမြှုပ်နှံထားသည့် ဒေါ်လာ ၁၉၃ သန်းကို အာဏာသိမ်းပြီးနောက် စာရင်းပယ်ဖျက်လိုက်သည်။ ၎င်းတို့၏ စက်ရုံ ၂ ခုမှ ထုတ်လုပ်မှုများကို ရပ်ဆိုင်းလိုက်ကြောင်း ဂျပန်မှ Suzuki ကလည်း အာဏာသိမ်းပြီး မကြာမီကြေညာသည်။ Suzuki သည် ၂၀၁၉ ခုနှစ်က မြန်မာတွင် ကား ၁၃၃၀၀ စင်းထုတ်လုပ်ပြီး အများစုမှာ ပြည်တွင်းတွင်ရောင်းချရန် ဖြစ်သည်။
စစ်ကောင်စီသည် ရှေ့လာမည့်လများတွင် ဆက်လက်ရပ်တည်ရန် လုံလောက်သော ရင်းမြစ်၊ သေနတ်နှင့် ငွေရှိနေနိုင်သည်။ သို့သော် စစ်ကောင်စီတွင် ငွေခန်းခြောက်စပြုလာလျှင် ထိုအခြေအနေသည် ပြောင်းလဲသွားနိုင်ပြီး အလယ်အလတ်တန်းအရာရှိများနှင့် အခြားအဆင့်များအတွက် ရင်းမြစ်နည်းလာမည်ဖြစ်သည်။
ကမ္ဘာ့အထည်အလိပ်ပေးသွင်းသူ အများအပြားသည်လည်း မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ထိုလုပ်ငန်းများတွင် အီတလီမှ Benetton လည်း ပါဝင်သည်။ ထိုင်းနိုင်ငံမှ အကြီးမားဆုံး စက်မှုဇုန်ဖေါ်ထုတ်သည့်လုပ်ငန်း Amata ကလည်း အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ပိုမိုခေတ်မီသည့် ထုတ်လုပ်မှုများ ပြုလုပ်မည့် ရန်ကုန်မြို့စွန်ရှိ ဒေါ်လာ ၁ ဘီလီယံကုန်ကျမည့် စီမံကိန်းကို ဆိုင်းငံ့လိုက်ကြောင်းကြေညာသည်။
စစ်ကောင်စီသည် ရှေ့လာမည့်လများတွင် ဆက်လက်ရပ်တည်ရန် လုံလောက်သော ရင်းမြစ်၊ သေနတ်နှင့် ငွေရှိနေနိုင်သည်။ သို့သော် စစ်ကောင်စီတွင် ငွေခန်းခြောက်စပြုလာလျှင် ထိုအခြေအနေသည် ပြောင်းလဲသွားနိုင်ပြီး အလယ်အလတ်တန်းအရာရှိများနှင့် အခြားအဆင့်များအတွက် ရင်းမြစ်နည်းလာမည်ဖြစ်သည်။
စစ်ကောင်စီတပ်များသည် နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာမက နိုင်ငံအလယ်ပိုင်းမှ ၎င်းတို့ မြန်မာအချင်းချင်းလည်း တိုက်နေရသောကြောင့် စစ်တပ်အတွင်း စိတ်ဓါတ်များ မကြုံဘူးအောင် ပျက်ပြားနေကြောင်း သတင်းများထွက်နေသည်။ စစ်မြေပြင်ဆုံးရှုံးမှုများနှင့် စီးပွားကျဆင်းမှု ပေါင်းစပ်လိုက်သောအခါ စစ်တပ်အတွင်းညီညွတ်မှု အက်ကြောင်းပေါ်မပေါ်ကို ဆက်လက်စောင့်ကြည့် ရဦးမည်ဖြစ်သည်။
သို့သော် စစ်တပ်အပါအဝင် အားလုံးအတွက် လတ်တလော မြင်သာသောအရာမှာ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တရစ်ပြီး တရစ်ကျပ်လာသော စီးပွားရေးကပ်ဆိုးပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ ဒီမိုကရက်တစ်အစိုးရထံမှ အာဏာကို လုမယူဘဲ ခွဲဝေယူခဲ့ပါက ထိုစီးပွားရေးကပ်ဆိုးကို ရှောင်ရှားနိုင်ခဲ့မည်ဖြစ်သည်။
(Asia Times ပါ Bertil Lintner ၏ Myanmar’s junta kills off all economic hope ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တိုက်ပွဲပုံစံသစ်ကို စစ်ကောင်စီ ရင်ဆိုင်နေရ
မြန်မာ့စစ်လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်
NLD ရဲ့ ပြုပြင်ပြောင်းလဲရေးကို စစ်ကောင်စီ ပြောင်းပြန်လှန်
စစ်တပ်ပိုင် Mytel ကုမ္ပဏီ အထိနာနေ