• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

by ဧရာဝတီ
14 December 2023
in ဆောင်းပါး
A A
သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

အွန်လိုင်း ငွေကြေး လိမ်လည်မှု လုပ်ဆောင်ရာ လောက်ကိုင်

23.2k
VIEWS
Share on FacebookShare on Twitter

၂၀၀၉ ခုနှစ်တွင် စစ်ဘုရင် ဖုန်ကြားရှင် သစ္စာဖောက်ခံရပြီး မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ သူ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် ကိုးကန့်ဒေသကို ထိန်းချုပ်မှု ဆုံးရှုံးခဲ့သည်။

သို့သော် ယခု ၁၄ နှစ်ကြာသောအခါ မြန်မာ့တော်လှန်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုကို တရုတ်က စစ်ဆင်ရေးအတွင်း ဖုန် ဆွေမျိုးစုသည် နောက်ဆုံးတွင် လက်စားချေခွင့် ရတော့မည်ဖြစ်သည်။

ပြင်းထန်သော တိုက်ပွဲရက်များစွာအပြီး ၎င်းတို့၏ တပ်သည် ကိုးကန့်အုပ်ချုပ်ရေး မြို့တော် လောက်ကိုင်ကို မိုးနေသည့် သေနင်္ဂဗျူဟာကျသည့် အဓိက စခန်းတခုဖြစ်သော လေးမျက်နှာ ဘုရားကုန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ဖုန် ဆွေမျိုးစု၏ ပန်းတိုင်ကို မြင်တွေ့နေရပြီဖြစ်သည်။

“ဒီကိစ္စမှာ မိသားစု ရန်ငြိုးကိစ္စတွေလည်း ပါတယ်” ဟု လွတ်လပ်သော မြန်မာ့အရေး သုတေသီ ဒေးဗစ် မက်သီဆန် က ABC သို့ ပြောသည်။

“ဒီကိစ္စမှာ မိသားစု ရန်ငြိုးကိစ္စတွေလည်း ပါတယ်” ဟု လွတ်လပ်သော မြန်မာ့အရေး သုတေသီ ဒေးဗစ် မက်သီဆန် က ABC သို့ ပြောသည်။

“ဒါက ဒီဒေသကို ထိန်းချုပ်ဖို့ အားပြိုင်နေတဲ့ မိသားစု အမျိုးမျိုးအကြားမှာ ဖြစ်ပွားတာ” ဟုလည်း ၎င်းက ရှင်းပြသည်။

ကိုးကန့်ဘုရင်

ကိုးကန့်သည် ရှမ်းပြည်နယ်မြောက်ပိုင်း တောင်ထူထပ်၍ ဝေးကွာသော ဒေသဖြစ်ပြီး အနောက်ဘက်တွင် သံလွင်မြစ်၊ အရှေ့ဘက်တွင် တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်နေသည်။

၁၉၉၉ ခုနှစ် မတ်လက ကိုးကန့်ဒေသ ငြိမ်းချမ်းရေး ၁၀ ပြည့် အခမ်းအနားတွင် ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်နှင့် ဗိုလ်ချုပ်ကြီး ခင်ညွှန်ု့တို့ကို တွေ့ရစဉ်

နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုဒေသသို့ ၁၈ ရာစုတွင် ဝင်ရောက်လာသည့် ကိုးကန့်လူမျိုးစုများ အများစု နေထိုင်ကြပြီး ၎င်းတို့သည် တရုတ်နှင့် ခိုင်မာသော ဆက်စပ်မှု ဆက်လက်ရှိနေကာ မန်ဒရင်းတရုတ် စကားပြောပြီး တရုတ်ငွေကြေး အသုံးပြုကြသည်။

၁၉၃၁ ခုနှစ်က ကိုးကန့်တွင် မွေးဖွားသည့် ဖုန်ကြားရှင်သည် ထိုဒေသကို ၁၉၆၀ ပြည့်နှစ်များက ထိန်းချုပ်ထားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) မှ ဝါရင့်ခေါင်းဆောင်အဖြစ် ထင်ရှားလာသည်။

၁၉၈၀ နှောင်းပိုင်းနှစ်များတွင် ကွန်မြူနစ် လှုပ်ရှားမှု ပြိုကွဲသောအခါ သူသည် ပုဂ္ဂလိက တိုက်ခိုက်ရေးတပ် ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကို ထူထောင်ပြီး ၁၉၈၉ ခုနှစ်တွင် ထိုစဉ်က မြန်မာစစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲလိုက်သည်။

ထိုသဘောတူညီချက်အရ သူသည် ကိုးကန့်၏ တရားဝင် ဥက္ကဋ္ဌဖြစ်လာပြီး အနည်းနှင့်အများဆိုသလို ပြည့်စုံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ရသည်။ ပြင်ပတွင်မူ သူ့ကို “ကိုးကန့်ဘုရင်” ဟု သိကြသည်။

သဘောတူညီချက်အရ ဖုန်ကြားရှင်သည် ကိုးကန့်၏ တရားဝင် ဥက္ကဋ္ဌဖြစ်လာပြီး အနည်းနှင့်အများဆိုသလို ပြည့်စုံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ရသည်။ ပြင်ပတွင်မူ သူ့ကို “ကိုးကန့်ဘုရင်” ဟု သိကြသည်။

ထိုစဉ်က ထိုဒေသ၏ အဓိက လုပ်ငန်းမှာ ဘိန်းနှင့် ဘိန်းဖြူ ထုတ်လုပ်ခြင်းဖြစ်သည်။

၁၉၇၀ ပြည့်နှစ်များမှစတင်ပြီး ဖုန်ကြားရှင်သည် မူးယစ်ဆေးကုန်သွယ်မှုတွင် အဓိကကျသူ ဖြစ်လာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) မှ အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဂျရမီ ဒေါက်ဂလပ်စ်က Nikkei Aisa သို့ လွန်ခဲ့သောနှစ်က ပြောသည်။

“ငြင်းဆိုမှုတွေရှိပေမယ့် သူနဲ့ MNDAA ဟာ ဘိန်းဖြူမှောင်ခို ဆက်လုပ်ပြီး နောက်တော့ မက်သာဖက်တမင်းကိုပါ တိုးချဲ့လုပ်လာတယ်” ဟု မစ္စတာ ဒေါက်ဂလပ်စ်က ပြောသည်။

သို့သော် ဖုန်ကြားရှင်၏ ခေါင်းဆောင်မှုအောက်တွင် ဗဟိုအစိုးရက ဖိအားကြောင့် ကိုးကန့်စီးပွားရေးသည် မူးယစ်ဆေးမှ ကာစီနိုလုပ်ငန်းသို့ ပြောင်းလာပြီး လောင်းကစားမှု တရားမဝင်သော တရုတ်ပြည်မှ လောင်းကစားသမားကို ဝန်ဆောင်မှုပေးသည်။

ကာစီနိုလောင်းကစားလုပ်ငန်းများ ပေါများလွန်းသောကြောင့် တရုတ်များက လောက်ကိုင်ကို “ရှောင်အာမုန်” သို့မဟုတ် “မက္ကာအို အသေးစား” ဟု ခေါ်လာကြသည်။

သစ္စာဖောက်မှု

မြန်မာစစ်တပ်က သူ၏တပ်များကို နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖွဲ့ရန် တောင်းဆိုပြီးနောက် ၂၀၀၉ ခုနှစ်တွင် ဖုန်ကြားရှင် အရေးနိမ့်သွားသည်။

ဖုန်ကြားရှင် ငြင်းဆန်သောအခါ သူ၏လက်ထောက် ပယ်ဆောက်ချိန်နှင့် သူ၏ထိပ်တန်း တပ်မှူးများအနက် အများအပြားက သူ့ကို ပုန်ကန်ပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းလိုက်သည်။

တိုတောင်းသော်လည်း သွေးထွက်သံယိုများသည့် တိုက်ခိုက်မှုဖြစ်ပြီးနောက် ဖုန်ကြားရှင်သည် သူ၏ တပ်မှ လက်ကျန်လူများနှင့်အတူ ထွက်ပြေးရသည်။

ပယ်ဆောက်ချိန်ကို ကိုးကန့်ဥက္ကဋ္ဌရာထူး ချီးမြှင့်ပြီး သူနှင့် ပုန်ကန်သည့် တပ်မှူးများသည် လောက်ကိုင် စီးပွားရေးကို ခွဲဝေယူကြသည်။

မြန်မာပြင်ပတွင် ခိုလှုံနေရသော်လည်း ဖုန် ဆွေမျိုးစုသည် ကိုးကန့်ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ကို မစွန့်လွှတ်ပေ။

ဖုန်ကြားရှင် ငြင်းဆန်သောအခါ သူ၏လက်ထောက် ပယ်ဆောက်ချိန်နှင့် သူ၏ထိပ်တန်း တပ်မှူးများအနက် အများအပြားက သူ့ကို ပုန်ကန်ပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းလိုက်သည်။

ယခုအခါ ဖုန်ကြားရှင်၏သား ဖုန်တာရွှင်၏ ကွပ်ကဲမှုအောက် ရောက်နေသည့် MNDAA သည် ၂၀၁၅ ခုနှစ်တွင် လောက်ကိုင်သို့ ပြန်သွားပြီး အလစ်အငိုက်တိုက်သည်။

ထိုမြို့တွင် တိုက်ခိုက်မှုသည် ရက်ပေါင်းများစွာကြာပြီး နှစ်ဘက်စလုံး ထိခိုက်သေဆုံးမှုများသလို အရပ်သားထောင်ပေါင်းများစွာလည် ထွက်ပြေးရပြီး တရုတ်နိုင်ငံဘက်တွင် ခိုလှုံရသည်။

မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်၌ မတ်လ ၂၉ ရက်က ပြုလုပ်ခဲ့သည့် ဖုန်ကြားရှင်အတွက် အောက်မေ့ဖွယ် အခမ်းအနားကို စစ်ကောင်စီ၏ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်

ထိုစစ်ဆင်ရေးသည် နောက်ဆုံးတွင် မအောင်မြင်သော်လည်း ဖုန် ဆွေမျိုးစုသည် ပတ်ဝန်းကျင် တောင်တန်းများမှတဆင့် ကိုးကန့်အုပ်ချုပ်ရေးနှင့် ကာစီနိုလုပ်ငန်းများကို ဆက်လက်တိုက်ခိုက်သည်။

၁၀၂၇ စစ်ဆင်ရေး

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် MNDAA သည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုများဘက်က ရပ်တည်သည်။

လွန်ခဲ့သော အောက်တိုဘာလ ၂၇ ရက်နေ့တွင် MNDAA သည် ၎င်း၏မဟာမိတ်များ ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်သည်။ ထိုစစ်ဆင်ရေးသည် မြန်မာပဋိပက္ခတွင် အပြောင်းအလဲမှတ်ဖြစ်ပြီး နောက်ဆုံးတွင် စစ်ကောင်စီပြိုလဲနိုင်သည်ဟု လေ့လာသူအချို့က ယူဆသည်။

စတင်နေ့ကို အစွဲပြုအမည်ပေးထားသည့် ထိုစစ်ဆင်ရေးသည် ကိုးကန့်နှင့် ရှမ်းပြည်နယ် အခြားဒေသများမှ စစ်တပ်စခန်းများနှင့် မြို့များကို အလျင်အမြန် သိမ်းပိုက်ပြီး နိုင်ငံ၏ အခြားဒေသများမှ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် စိတ်အား ထက်သန်မှုဖြစ်စေသည်။ ထိုတိုက်ခိုက်မှုများသည်လည်း အောင်မြင်မှု အချို့ရသည်။

ယနေ့အချိန်အထိ ညီနောင်မဟာမိတ်များက စစ်တပ်စခန်း ၂၀၀ ကျော်သိမ်းပိုက်ပြီး မြို့များနှင့် ကျေးရွာများကို သိမ်းယူသည်။ ထိုစခန်းများ မြို့များသည် အများအားဖြင့် ကိုးကန့်မှဖြစ်ပြီး လောက်ကိုင် ပတ်ပတ်လည်တွင် ရှိသည်။

ထိုစစ်ဆင်ရေးကို အပြောင်းအလဲမှတ်အဖြစ် ခေါ်ခြင်းကို သူအထူးသတိထားသော်လည်း ထိုစစ်ဆင်ရေးသည် ပဋိပက္ခတွင် ထူးခြားသော ကာလတခုဖြစ်သည်မှာ ထင်ရှားကြောင်း နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ ဝါရင်အကြံပေး မစ္စတာ ရစ်ချတ်ဟော်ဆေးက ABC သို့ ပြောသည်။

၂၀၂၁ နိုဝင်ဘာလ မုံးကိုးဒေသ တိုက်ပွဲများအအတွင်း စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများကို MNDAA က သိမ်းဆည်းရမိ / The Kokang

“ဒါတွေက မြန်မာစစ်တပ်အတွက် အံ့သြတုန်လှုပ်စရာ ဆုံးရှုံးမှုတွေဖြစ်တယ်” ဟု ၎င်းကပြောသည်။

“တချို့တိုက်ပွဲတွေက ဆယ်စုနှစ်များစွာအတွင်း စစ်တပ်က ရင်ဆိုင်ရတဲ့ တိုက်ပွဲကြီးတွေလိုပဲ ထူးခြားတယ်” ဟု မစ္စတာ ရစ်ချတ်ဟော်ဆေးက ပြောသည်။

ဆိုက်ဘာငွေကြေးလိမ်လည်မှုများကို တရုတ်က နှိမ်နင်းခြင်း

MNDAA ၏ တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးနှင့် တရုတ်က ထိုနယ်စပ်ဒေသများတွင် သြဇာကြီးမားခြင်းကို ကိုးကားပြီး လေ့လာသူအများစုက ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်၏ခွင့်ပြုချက်မရဘဲ ပေါ်ပေါက်လာမည် မဟုတ်ဟု ပြောကြသည်။

မြန်မာစစ်ကောင်စီသည် ၎င်းပိုင်နက်အတွင်းမှ အွန်လိုင်ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို အရေးယူရန် ပျက်ကွက်သောကြောင့် ထိုသို့လုပ်ခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့ပြောသည်။

မကြာသေးမီလများအတွင်း တရုတ်နိုင်ငံသည် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အိမ်နီးချင်းနိုင်ငံများကို ဖိအားတိုးမြှင့်ပေးလာသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် MNDAA သည် ၎င်း၏မဟာမိတ်များ ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်သည်။

တရားဥပဒေ ကင်းမဲ့မှု၊ မူးယစ်ဆေး၊ လောင်းကစားနှင့် ပြည့်တန်ဆာ လုပ်ငန်းများအတွက် အမည်ဆိုး ကျော်ကြားနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည့် လောက်ကိုင်သည် မကြာသေးမီကာလအတွင်း ဆိုက်ဘာငွေကြေးလိမ်လည်သည့် ခြံဝင်းကြီးများ၏ အဓိကနေရာဖြစ်လာသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတစောင်တွင် ဖော်ပြသည်။ လောက်ကိုင်သည် စစ်ကောင်စီထိန်းချုပ်သည့် ဒေသ ဖြစ်သည်။

၎င်းတို့၏ ရည်မှန်းချက်များတွင် အရပ်သားများ၏ အသက်များကို ကယ်ဆယ်ရေး၊ ၎င်းတို့ ပိုင်နက်ကို ထိန်းချုပ်ရေးနှင့် စစ်ကောင်စီတပ်က တိုက်ခိုက်မှုများကို တုံ့ပြန်ရေးတို့ ပါဝင်သည်ဟု ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်က ကြေညာချက်တစောင်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့က ပြောသည်။

အခြားသော အဓိက ရည်မှန်းချက်တခုမှာ မြန်မာကို အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်တလျှောက် ကျယ်ပြန့်သော အွန်လိုင်းလောင်းကစား လိမ်လည်မှုကို တိုက်ဖျက်ရေး ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဆိုက်ဘာငွေကြေးလိမ်လည်မှု လုပ်ငန်းများသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားပြီး ထိုလုပ်ငန်းများတွင် လုပ်ကိုင်နေကြရသူများသည် တရားဝင်အလုပ်ဖြင့် ဖြားယောင်းခံရကာ ၎င်းတို့ဆန္ဒကို ဆန့်ကျင်၍ ဖမ်းဆီးထားခံရသောသူများ ဖြစ်သောကြောင့် တရုတ်ပြည်သူလူထုက စိုးရိမ်မှု ကြီးမားနေသည်။

နည်းလမ်းမျိုးစုံဖြင့် တရားဝင် လုပ်ငန်းများပုံစံဖမ်းထားသည့် ထိုငွေကြေးလိမ်လည်မှုလုပ်ငန်းများမှ ထွက်ပြေးလွတ်မြောက်လာသူ အချို့က ၎င်းတို့သည် ခြိမ်းခြောက်ခံရသည်၊ ရိုက်နှက်ခံရသည်၊ ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု ပြောသည်။

အွန်လိုင်းလိမ်လည်မှုများတွင် အတင်းအကျပ်စေခိုင်ရန် အရှေ့တောင်အာရှတလွှားမှု သိန်းနှင့်ချီသော ပြည်သူများကို ချုပ်နှောင်ထားဖွယ်ရှိကြောင်း ယခုနှစ်အစောပိုင်းတွင် ကုသလမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

နောက်ကျသွားသော ဖြိုခွင်းမှု

ယူနန်ပြည်နယ်၊ လင်ချန်းတွင် ကုန်စည်ပြပွဲနှင့် တရုတ်အမျိုးသားနေ့ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခံရပြီးနောက် ကိုးကန့်မှ ထင်ရှားသော ခေါင်းဆောင် ၁၁ ဦးကို အောက်တိုဘာလတွင် ဖမ်းဆီးလိုက်ကြောင်း ဒေသသတင်းများတွင် ဖော်ပြသည်။

နိုဝင်ဘာလလယ် မတိုင်မီအထိ စစ်ကောင်စီသည် လောက်ကိုင်မှ ဆိုက်ဘာငွေကြေးလိမ်လည်သည့် လုပ်ငန်း ခေါင်းဆောင်များကို နောက်ကျသည့် နှိမ်နင်းမှု မစတင်သေးပေ။

တရားဥပဒေ ကင်းမဲ့မှု၊ မူးယစ်ဆေး၊ လောင်းကစားနှင့် ပြည့်တန်ဆာ လုပ်ငန်းများအတွက် အမည်ဆိုး ကျော်ကြားနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည့် လောက်ကိုင်သည် မကြာသေးမီကာလအတွင်း ဆိုက်ဘာငွေကြေးလိမ်လည်သည့် ခြံဝင်းကြီးများ၏ အဓိကနေရာဖြစ်လာသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတစောင်တွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ဝန်ကျိုးမှ အာဏာပိုင်တဦးက ပယ်ဆောက်ချိန်၏ လူယုံ မြီရှောက်ချန်းနှင့် သူ၏ သားသမီးများဖြစ်သော မြီကော်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်းတို့ကို ဆိုက်ဘာငွေကြေးလိမ်လည်မှု၊ လူသတ်မှုနှင့် တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုများဖြင့် သံသယရှိသောကြောင့် ဆုငွေထုတ်လိုက်သည်။

လေးရက်ကြာသောအခါ ကိုးကန့်မှ အာဏာပိုင်များသည် ထိုသားသမီး သုံးဦးကို တရုတ်ရဲသို့ လွှဲပြောင်းပေးအပ်သည်။

မြီရှောက်ချန်းကို ဖမ်းသော်လည်း သူ့ကိုယ်သူ သတ်သေသွားသည်ဟု တရုတ်ပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက ဖော်ပြသည်။

လောက်ကိုင်မှ လက်ရှိအခြေအနေများသည် အွန်လိုင်းလောင်းကစားကြောင့် ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးတွင် ပြောသည်။

ထိုဒေသတွင် မူးယစ်ဆေးနှင့် လောင်းကစားလုပ်ငန်းများ ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း ၎င်းကပြောသည်။ ကိုဗစ်နိုင်တင်း ဖြစ်ပွားသောအခါ သယ်ယူပို့ဆောင်ရေးများ နှောင့်နှေးပြီး ထို့ကြောင့် အွန်လိုင်း လောင်းကစား ပေါများလာကြောင်းလည်း ပြောသည်။

ထိုလောင်းကစားလုပ်ငန်းများအတွက် ကျွမ်းကျင်သူများနှင့် အကူဝန်ထမ်းများကို ခေါ်ယူသောကြောင့် လောက်ကိုင်သို့ တရားမဝင်နိုင်ငံခြားသားများ ရောက်လာကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောသည်။

တရားမဝင် နိုင်ငံခြားသား ၆,၀၀၀ နီးပါးကို တရုတ်သို့ ပြည်နှင်ဒဏ်ပေးပြီး ၄၀,၀၀၀ နီးပါးသည် ၎င်းတို့ အစီအစဉ်ဖြင့် ၎င်းတို့ မြန်မာမှထွက်ခွာကာ အချို့ကျန်နေသေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ပယ်ဆောက်ချိန်နှင့် မိသားစုကို ယခုအခါ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပြီး သူသည် လောက်ကိုင်တွင် ရှိ၊ မရှိ မသိရပေ။

ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေး

၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှနောက်ပိုင်း အကြမ်းဖက်မှုများကြောင်း မြန်မာနိုင်ငံတလွှားမှ လူ ၅ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ထိုသူများတွင် ရှမ်းပြည်တလွှားမှလူ ၈၄,၀၀၀ ပါဝင်ပြီး ရှမ်းပြည်နယ်တွင် အသတ်ခံရသည့် အရပ်သား အနည်းဆုံး ၉၅ ဦးရှိကြောင်း သိရသည်။

နိုဝင်ဘာလလယ် မတိုင်မီအထိ စစ်ကောင်စီသည် လောက်ကိုင်မှ ဆိုက်ဘာငွေကြေးလိမ်လည်သည့် လုပ်ငန်း ခေါင်းဆောင်များကို နောက်ကျသည့် နှိမ်နင်းမှု မစတင်သေးပေ။

“ထိုပြည်တွင်း နေရပ်စွန့်ခွာများကို အများအားဖြင့် ဘာသာရေး အဆောက်အအုံများနှင့် အိမ်ရှင် လူမှုအသိုက်အဝန်းများက အမိုးအကာပေးထားသည် သို့မဟုတ် တရုတ်-မြန်မာနယ်စပ်မှ သစ်တောများ သို့မဟုတ် လယ်ကွင်းများမှ နေရာများတွင် နေထိုင်နေကြသည်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (UNOCHA) က ကြေညာချက်တစောင်တွင် ပြောသည်။

လောက်ကိုင်မြို့နယ်မှ လူခန့်မှန်းခြေ ၅ သောင်း နေရပ်စွန့်ခွာရပြီး အကူအညီ အနည်းငယ်သာ ရသည်ဟု ကုလသမဂ္ဂက ပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

လူမှုကွန်ရက်မှ ဗီဒီယိုများတွင် MNDAA က လောက်ကိုင်ကို တိုက်ခိုက်မည်ဟု ထင်ပြီး မြို့မှထွက်ပြေးလာသည့် ယာဉ်ကြောပိတ်ဆို့နေသောပုံများနှင့် ခြေလျင်ထွက်ပြေးလာသည့်လူများကို ပြသသည်။

ဘုရားကုန်းကိုသိမ်းပိုက်ခြင်း

MNDAA သည် လောက်ကိုင်တောင်ဘက်မှ လေးမျက်နှာ ဘုရားကုန်းကို သိမ်းပိုက်လိုက်သည် ဆိုသည့် သတင်းများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည်။

လူမှုကွန်ရက်တွင်တင်သည့် ဗီဒီယိုများတွင် MNDAA စစ်သားများသည် ကျည်ဆံရာများ အနှံ့အပြားရှိပုံရသည့် ဘုရားအနီးတွင် လမ်းလျှောက်နေပြီး မြို့၏မြင်ကွင်းများကို ရိုက်ကူးနေသည်။

ပယ်ဆောက်ချိန်နှင့် မိသားစုကို ယခုအခါ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပြီး သူသည် လောက်ကိုင်တွင် ရှိ၊ မရှိ မသိရပေ။

ထိုတိုက်ခိုက်မှုကို ဒီဇင်ဘာလ ၉ ရက်နေ့က စတင်ကြောင်း MNDAA ပြောခွင့်ရသူ လီကျားဝင်းက Myanmar Now သို့ ပြောသည်။

“ဒီစခန်းမှာ စစ်ကောင်စီစစ်သားတွေရဲ့ အပြင်းအထန်ခုခံမှုကို ကျနော်တို့ ရင်ဆိုင်ရတယ်” ဟု ၎င်းကပြောသည်။

လောက်ကိုင်မြို့တွင်းမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် အသင့်ရှိနေကြောင်း စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ ပြောသည်ဟုလည်း Myanmar Now က ဖော်ပြသည်။

သို့သော် စစ်တပ်က မည်မျှ ခုခံမည်ကို ၎င်းတို့ ရှင်းလင်းစွာ မသိသေးပေ။

လောက်ကိုင်မှ ပြည်သူ့စစ်များသည် မကြာသေးမီ အပတ်များအတွင်း ပျောက်ကွယ်သွားကြပြီး လက်ကျန်စစ်သားများသည် အထပ်မြင့် အဆောက်အအုံများတွင် နေရာယူထားကြသည်ဟု သတင်းများတွင် ဖော်ပြသည်။

တိုက်ခိုက်မည့်စစ်သား မည်မျှကျန်သည်ဆိုသည့် အချက်ပေါ်မူတည်ပြီး MNDAA သည် စစ်ကောင်စီတပ်နှင့် ရင်ဆိုင်ဖွယ်ရှိကြောင်း သုတေသီ ဒေးဗစ် မက်သီဆန်က ပြောသည်။

“အဲဒီမှာ ကျန်ခဲ့တဲ့ တပ်တွေက အလွယ်တကူ ခုခံနိုင်လောက်အောင် အင်အားရှိတော့မယ်လို့ ကျနော် မထင်ဘူး” ဟုလည်း ပြောသည်။

မြို့များကို ဆက်လက်သိမ်းပိုက်မည်

လွန်ခဲ့သောအပတ်က ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းသောအခါ MNDAA ပြောခွင့်ရသူ လီကျားဝင်းက ၎င်းတို့မဟာမိတ်အဖွဲ့၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဖြစ်ကြောင်း ပြောသည်။

“စစ်အာဏာရှင်စနစ် မကျဆုံးချင်း ကျနော်တို့က မြို့တွေကို ဆက်လက် သိမ်းပိုက်နေမှာပဲ” ဟု ၎င်းပြောသည်။

“တော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဖြစ်လို့ အခြားတော်လှန်ရေး အင်အားစုတွေနဲ့ ကျနော်တို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်မယ်” ဟု လီကျားဝင်းက ပြောသည်။

လောက်ကိုင်မှ ပြည်သူ့စစ်များသည် မကြာသေးမီ အပတ်များအတွင်း ပျောက်ကွယ်သွားကြပြီး လက်ကျန်စစ်သားများသည် အထပ်မြင့် အဆောက်အအုံများတွင် နေရာယူထားကြသည်။

သို့သော် MNDAA သည် ၎င်းတို့၏ စစ်ဆင်ရေးကို ကိုးကန့်ဒေသ ပြင်ပအထိ ချဲ့ထွင်မည်ဟု မထင်ကြောင်း မက်သီဆန်က ပြောသည်။

MNDAA သည် ကိုးကန့်ဒေသကို ၎င်းတို့ထိန်းချုပ်မှု ခိုင်မာအောင်လုပ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး အခြားတော်လှန်ရေး အင်အားစုများကို အထောက်အပံ့ပေးနိုင်ကြောင်း ၎င်းကပြောသည်။

“ရှမ်းပြည်နယ်ထဲ တနေရာရာမှာ မမြင်ရတဲ့စည်းတခု ရှိနိုင်ပြီး အဲဒီစည်းကျော်ပြီး တောင်ဘက်မှာ ဘာဆက်ဖြစ်မယ်ဆိုတာကို MNDAA စိတ်မဝင်စားဘူး” ဟုလည်း ပြောသည်။

ခမ်းနားသော ဈာပန

ဖုန်ကြားရှင်သည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက အသက် ၉၀ ကျော်အရွယ်တွင် ကွယ်လွန်သည်။

သူ၏ဈာပန အခမ်းအနားသို့ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အင်အားကြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တရုတ်အစိုးရ အရာရှိများ တက်ရောက်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ဝမ်းနည်းကြောင်း စာနှင့် ကြီးမားသော ပန်းခွေတခု ပေးပို့သည်။

MNDAA သည် ကိုးကန့်ဒေသကို ၎င်းတို့ထိန်းချုပ်မှု ခိုင်မာအောင်လုပ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး အခြားတော်လှန်ရေး အင်အားစုများကို အထောက်အပံ့ပေးနိုင်သည်။

ဖခင်ကြီးသေဆုံးသော်လည်း လောက်ကိုင်ကို ပြန်လည်ရရှိခြင်းသည် ဖုန် ဆွေမျိုးစုအတွက် ကြီးမားကိစ္စဖြစ်ကြောင်း မစ္စတာ မက်သီဆန်က ပြောသည်။ “ဒါက ၂၀၀၉ ခုနှစ်ကတည်းက သူတို့လိုချင်နေတဲ့ ကိစ္စပဲ” ဟု ပြောသည်။

“သူတို့ ဒီလိုလုပ်ဖို့ မဟာမိတ်အတွင်းက လုပ်ရမယ်၊ မိတ်ဆွေတွေ လိုတယ်ဆိုတာကို သူတို့ သဘောပေါက်ပုံရတာက စိတ်ဝင်စားစရာ ကောင်းတယ်လို့ ကျနော်ထင်တယ်” ဟု ၎င်းက ပြောသည်။

“သူတို့တွေဟာ တရုတ်က မျက်စပစ်ပြီး ခေါင်းညိတ်တာ သို့မဟုတ် အခိုင်အမာ မီးစိမ်းပြတဲ့ အချိန်အခါ ကောင်းကိုလည်း စောင့်ဖို့ လိုခဲ့မှာပဲ” ဟုလည်း မစ္စတာ မက်သီဆန်က ပြောသည်။

(ABC ပါ Will Jackson ၏ Fourteen years after their patriarch was betrayed, Kokang’s Peng clan are finally poised to get revenge ကို ဘာသာပြန်သည်။)

ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ

ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ

ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁

မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAIDPMNDAANUGTNLAကိုးကန့်စစ်ကောင်စီစစ်အာဏာသိမ်းမှုဆိုက်ဘာငွေကြေးလိမ်လည်မှုတရုတ်ပယ်ဆောက်ချိန်ဖုန်ကြားရှင်မူးယစ်ဆေးဝါးလောက်ကိုင်လောင်းကစားလုပ်ငန်းအမျိုးသားညီညွတ်ရေးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရိုဟင်ဂျာများအတွက် နိုင်ငံတကာက ဝန်ထုတ်ဝန်ပိုးခွဲယူရန် အင်ဒိုနီးရှားပြော

ရိုဟင်ဂျာများအတွက် နိုင်ငံတကာက ဝန်ထုတ်ဝန်ပိုးခွဲယူရန် အင်ဒိုနီးရှားပြော

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved