ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေ အပြန်အလှန် တိုက်ခိုက်လာဖို့ ရည်ရွယ်ပြီး အသိုင်းအဝိုင်း နှစ်ခုအကြား တင်းမာမှုတွေ ဖြစ်ပွားအောင် ဖန်တီးနေတယ်လို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆန် ကလည်း ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီ ဖန်တီးနေတဲ့ လူမျိုးရေး ပဋိပက္ခတွေထဲ ပါမသွားဖို့နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အသုံးချခံတွေ မဖြစ်ကြဖို့ သတိပေးတိုက်တွန်းပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာ ရောက်နေတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေကလို ဒေသအတွင်း ပဋိပက္ခတွေ မကြီးထွားလာဖို့ အာရက္ခတပ်တော်(AA) က ခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆန်ရဲ့ အမြင်ကို ဧရာဝတီက သီးသန့် တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR