• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

နဝတအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ ကွယ်လွန်

by ဧရာဝတီ
21 May 2024
in သတင်းတို
A A
နဝတအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ ကွယ်လွန်

ဗိုလ်ချုပ်ကျော်ဘ

7.5k
VIEWS
Share on FacebookShare on Twitter

၁၉၈၈ ခု စက်တင်ဘာ ၁၈ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အဖွဲ့ဝင်ဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ (၉၀ နှစ်) မေ ၂၀ ရက်က ကွယ် လွန်သွားပြီး ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရှင်ဂျော့ဂျက်ခရစ်ယာန်ဘုရားကျောင်း၌ ဈာပန ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမိန့်အမှတ် ၁/၈၈ ဖြင့် စစ်တိုင်းမှူးများနှင့် ဖွဲ့စည်းခဲ့သည် နဝတအဖွဲ့တွင် ထိုစဉ်က ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာချုပ် တိုင်းမှူးဖြစ်သည့် ဗိုလ်မှူးချုပ် ကျော်ဘသည် တခြားသော စစ်ခေါင်းဆောင်များအတူ ပါဝင်ခဲ့သည်။

ဇာတိမှာ ကရင်နီပြည် (ကယားပြည်နယ်)၊ မော်ချီးမိုင်း ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၈ ခုနှစ်အထိ ဆက်သွယ်ရေးတပ်တွင် တပ်သားမှ တပ်ကြပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၉ ဇွန် ၁၁ ရက်၌ ဗိုလ်သင်တန်းအပတ်စဉ် ၂၁ သို့ တက် ရောက်၍ အမှတ်(၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
3k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
857
ချင်းနဲ့ရခိုင် PR ခွဲတမ်းလည်း ကြံ့ဖွံ့ပါတီ အသာစီးထပ်ရ

ချင်းနဲ့ရခိုင် PR ခွဲတမ်းလည်း ကြံ့ဖွံ့ပါတီ အသာစီးထပ်ရ

6 January 2026
230

၁၉၆၄ခုနှစ် တွင် စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့ကာ ဗိုလ်လောင်းတပ်စုမှူး၊ တပ်ခွဲမှူး၊ အုပ်ချုပ်မှုတပ်ခွဲ ဒုတိယတပ်ခွဲမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၁ ၌ စစ်တက္ကသိုလ်မှ ပြောင်းရွှေ့ကာ ခြေလျင်တပ်ရင်း ခလရ-၁၂၊ ခလရ-၇၃၊ စစ်ဦးစီးတက္ကသိုလ်၊ ခလရ-၃၈ တို့မှတဆင့် တပ်မ ၃၃ တပ်မမှူး တာဝန်ယူခဲ့သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်သည့် ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် လုပ်ကြံခံရပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသည်။

ထိုစဉ်က ဒေသတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများတွင် ဒု ဗိုလ်ချုပ်ကြီး ကျော်ဘမှာ ထင်ရှား သည်။

၁၉၉၂ ခု ဧပြီလအတွင်း နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်အား ကျန်းမာရေး အကြောင်းပြချက်ဖြင့် အနားပေးကာ ဒု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နဝတအဖွဲ့ ယာယီဥက္ကဋ္ဌ တာဝန်ယူခဲ့သည်

ထို့နောက် တန်ခိုးထက်သော စစ်တိုင်းမှူးများဖြစ်သည့် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်၊ ပုသိမ်မြို့ အခြေစိုက် အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်၊ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်ဘတို့ အပါအဝင် တိုင်းမှူးများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နှုတ်မိန့်ဖြင့် ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့ခဲ့သည်။

စစ်တပ် လက်ကိုင်ရှိသည့် တိုင်းမှူးဘဝမှ ဝန်ကြီးဘဝသို့ ပြောင်းခဲ့ရာတွင် ဗိုလ်ချုပ်ကျော်ဘ က ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီး၊ ဗိုလ်ချုပ်ထွန်းကြည်က ကုန်သွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်မြင့်အောင်က လယ်ယာနှင့် စိုက်ပျိုးရေး ဝန်ကြီး ဖြစ်လာသည်။

ထိုသို့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ထမ်းဆောင်နေစဉ် ၁၉၉၇ ခု နိုဝင်ဘာလ ၁၅ ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တဦးချင်း ခေါ်ယူ တွေ့ဆုံပြီး နိုငံတော်အကြံပေးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း ပြောဆိုပြီးနောက် ၁၉၉၇ နိုဝင်ဘာ ၂၈ ရက်တွင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်မြင့်အောင်တို့နှင့် အတူ အငြိမ်းစားပေးခံခဲ့ရ သည်။

၂၀၂၂ ခုနှစ်တွင် လက်ရှိ အာဏာသိမ်းစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးအပ်သည့် သရေစည်သူဘွဲ့ကိုလည်း ရရှိထားသူ ဖြစ်သည်။

You may also like these stories:

ပထမဆုံး နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့် ကွယ်လွန်

အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

Your Thoughts …
Tags: ကွယ်လွန်ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘရှစ်လေးလုံးလှုပ်ရှားမှုအကြမ်းဖက်ဖြိုခွင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

by စောလွင်
14 May 2024
2.7k

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/ KIA) ၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် အသည်းရောဂါဝေဒနာဖြင့် မေ ၁၃ ရက်၊ ည ၆ နာရီခွဲခန့်တွင် ကချင်ပြည်နယ် လိုင်ဇာြမို့၌ ကွယ်လွန်ခဲ့သည်။

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

by ဧရာဝတီ
18 July 2024
1.2k

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ်က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပါပြီ။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

by ဧရာဝတီ
13 July 2025
185

စာရေးဆရာ ဆရာမောင်သာချိုရဲ့ ဈာပန အခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ကျင်းပခဲ့ပါတယ်။

ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး အေးအေးသင်း

ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး အေးအေးသင်း ကွယ်လွန်

by ဧရာဝတီ
17 December 2020
23.9k

မင်းသမီးကြီး အေးအေးသင်းဟာ ငယ်စဉ်ကတည်းက စာရေးခြင်း၊ သီချင်းဆိုခြင်း၊ အနုပညာကို ဝါသနာပါခဲ့ပြီး ၁၉၆၂ ခုနှစ်၊ အသက် ၁၇ နှစ်အရွယ်မှာ တေးသံရှင် စဖြစ်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ရော်နင်ရီဂင်နှင့် သမိုင်းဝင် နျူကလီးယား သဘောတူစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းခြင်းအတွက် ဂိုဘာချော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့သည်

စစ်အေးတိုက်ပွဲ အဆုံးသတ်သူ ဂိုဘာချော့ဗ် ကွယ်လွန်

by ဧရာဝတီ
31 August 2022
3.1k

ဂိုဘာချော့ဗ်သည် မော်စကို ဗဟိုဆေးရုံတွင် ပြင်းထန်ရှည်ကြာစွာ ရောဂါခံစားရပြီး ကွယ်လွန်ကြောင်း ရုရှားသတင်းဌာနများ ရေးသားသည်။

Next Post
“တော်လှန်ရေးမှာ ပါဝင်တယ်ဆိုတာ လူပီသချင်လို့ဗျာ” (ရုပ်သံ)

“တော်လှန်ရေးမှာ ပါဝင်တယ်ဆိုတာ လူပီသချင်လို့ဗျာ” (ရုပ်သံ)

မောင်တောကို သိမ်းရန်  AA စစ်ရှိန်မြှင့်

မောင်တောကို သိမ်းရန် AA စစ်ရှိန်မြှင့်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved