စာရေးဆရာ ဆရာမောင်သာချိုရဲ့ ဈာပန အခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ကျင်းပခဲ့ပါတယ်။
ဆရာမောင်သာချိုဟာ ရန်ကုန် တက္ကသိုလ်မှာ မဟာဝိဇ္ဇာဘွဲ့အထိ ရရှိခဲ့သူဖြစ်ပြီး လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ်နဲ့ ပညာရေးတက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြ၊ ကထိကနဲ့ ပါမောက္ခရာထူးတွေကို အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှာ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ဂျက် (ကွမ်းခြံကုန်း) ကလောင်နဲ့ 7Day သတင်းစာမှာ သရော်စာတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
ဆရာမောင်သာချိုကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်မတည်ငြိမ်အောင် လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် ရှိပြီဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













