• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ဒေါ်သူဇာမောင်မိသားစု ပျောက်ဆုံးနေမှု မလေးရှားရဲ စုံစမ်းစစ်ဆေးနေ

by ဧရာဝတီ
19 July 2023
in သတင်း
A A
ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒေါ်သူဇာမောင်နှင့်အတူ ခင်ပွန်းဖြစ်သူ စောသန်းတင်ဝင်း

2k
VIEWS
Share on FacebookShare on Twitter

မလေးရှားရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (MMWC) ဥက္ကဋ္ဌ ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များအား လူတစုက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် ပတ်သက်၍ စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေကြောင်း မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာအလုပ်သမားများအား ကူညီနေသည့် ဒေါ်သူဇာမောင်နှင့် ခင်ပွန်း ဦးစောသန်းတင်ဝင်း၊ သားများဖြစ်သည့် မောင် အောင်မြင့်မောင်၊ မောင်သုခမောင်နှင့် သမီး မပိုးခင်မောင်တို့ကို ကွာလာလမ်ပူမြို့ နေအိမ်၌ လူတစုက ရဲတပ်ဖွဲ့ ဟန် ဆောင်ကာ ဖမ်းသွားကြောင်း CCTV မှတ်တမ်းများကို ကိုးကား၍ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကဆိုထား ပြီး၊ မလေးရှားအာဏာပိုင်များ အနေဖြင့် ယင်းအမှုကို ဦးစားပေး အရေးယူသင့်ကြောင်း ပြောခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ယခုလို ပြောကြားလာခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာန၌ ဖော်ပြထားသည်။

HRW ၏ အာရှဌာနခွဲ ဒါရိုက်တာ အယ်လိန်းပီယာဆန်က မလေးရှားအစိုးရအနေဖြင့် ဒေါ်သူဇာမောင်တို့ မိသားစုအား အမြန်ဆုံးလိုက်လံရှာဖွေကာ လုံခြုံရေးအတွက် လုပ်ဆောင်ပေးစေလိုကြောင်း ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ်ရဲတပ်ဖွဲ့က တိုင်ကြားချက်ကို လက်ခံရရှိပြီးနောက် စုံစမ်းစစ်ဆေးမှုများ စတင်နေ ကြောင်းနှင့် ပြန်ပေးဆွဲမှုအပါအဝင် ရာဇဝတ်မှုဖြစ်နိုင်ခြေများအားလုံးကို ထည့်သွင်းတွက်ချက်ထားကြောင်း ရိုက်တာ သတင်းဌာနကို ပြောထားသည်။

မလေးရှားအစိုးရသည် မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှုကို ဝေဖန်ရှုတ်ချခဲ့သော်လည်း တဖက်၌ စစ်တပ်လက် အောက် မနေလို၍ တိမ်းရှောင်လာသူ ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများအား နယ်နှင်ဒဏ်ပေး၍ နေရပ်ပြန် ပို့ခြင်းတို့ကြောင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်ခြင်းကိုလည်း ခံခဲ့ရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (MMWC) မှ အဖွဲ့ဝင်တဦးက “လောလောဆယ်တော့ ဘာမှမသိရ သေးဘူး။ အဆက်အသွယ်ပြတ်သွားတာတော့ ဒီနေ့နဲ့ဆို ၁၆ ရက် ရှိသွားပါပြီ။ ကျမတို့လည်း လက်လှမ်းမီသလောက် တော့ စုံစမ်းနေပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရပြီးနောက် ဇူလိုင် ၅ ရက်တွင် ဒေါ်သူဇာမောင်၏နေအိမ်သို့ သွားရောက်ကြည့်ရှုခဲ့သည့် လုပ်ဖော်ကိုင်ဖက် များက ဓားပြတိုက်ခဲ့သည့်လက္ခဏာမရှိဟု ပြောဆိုခဲ့ကြောင်း HRW က ပြောထားသည်။

ဒေါ်သူဇာမောင်သည် မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသူတဦးဖြစ်ပြီး မလေးရှားနိုင်ငံရောက် အလုပ်သမား အရေး၊ မွတ်စလင်ဒုက္ခသည်အရေးတို့အား တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသူတဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလှုပ်ရှားမှုများ၌ တက်ကြွစွာပါဝင်ခဲ့သည့် ဒေါ်သူဇာမောင်အား စစ်တပ်ထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များက အပုတ်ချရေးသားမှုများ ပြုလုပ်လျက်ရှိသည်။

မလေးရှားနိုင်ငံရောက် မြန်မာမွတ်စလင်ဒုက္ခသည်အဖွဲ့အစည်းတည်ထောင်သူ ဒေါ်သူဇာမောင်သည် ၎င်း၏လူမှုကွန် ရက်စာမျက်နှာတွင် Follower ၉ သောင်း ၃ ထောင်ကျော်ရှိပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်ပတ်သက်၍ ရေးသားလှုံ့ ဆော်လေ့ရှိသည်။

ဒေါ်သူဇာမောင်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ကွာလာလမ်ပူရှိ စစ်ကောင်စီ၏သံရုံးက ယနေ့အချိန်ထိ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ဒေါ်သူဇာမောင်သည် မွတ်စလင်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြင်းထန်ခဲ့သည့် ကာလများဖြစ်သော ၂၀၁၅ ခုနှစ်ကတည်းက မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းလာခဲ့သူဖြစ်ပြီး ၎င်းတို့ မိသားစုဝင် ၅ ဦးအား ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအေဂျင်စီက ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုထားသည်။

လက်ရှိတွင်လည်း ဒေါ်သူဇာမောင်အနေဖြင့် မလေးရှားနိုင်ငံ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီအဖွဲ့ (MMWC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့်အပြင် မလေးရှားနိုင်ငံရောက် မြန်မာမွတ်စလင်ဒုက္ခသည်အဖွဲ့အစည်း တည်ထောင်သူနှင့် မြန်မာမွတ်စလင်အမျိုးသမီးရေးရာအဖွဲ့အကြီးအကဲလည်း ဖြစ်သည်။

You may also like these stories:

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
1
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
836

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

မြန်မာတွင် ရာဇဝတ်မှု ကင်ဆာ အမြစ်တွယ်နေ

မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်

Your Thoughts …
Tags: HRWMMWCဒီမိုကရေစီရေးလှုပ်ရှားသူဒေါ်သူဇာမောင်မလေးရှား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

by Vincent MacIsaac
20 August 2024
5.1k

"ထောင်ထဲမှာနေတုန်းက ကျမ လုပ်ချင်တဲ့ တခုတည်းသောအရာက ဆက်လက် ဆန့်ကျင်ဖို့အတွက် ထောင်ကနေ လွတ်မြောက်ရေးပဲ"

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

ပြည်သူကို အားနာလာပြီ

ပြည်သူကို အားနာလာပြီ

by ဧရာဝတီ
2 February 2025
4.2k

ပထဝီနိုင်ငံရေး၊ အစဉ်အလာ အိမ်နီးချင်းဆက်ဆံရေး၊ ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ အင်အား ကြီး နိုင်ငံအဖြစ်နဲ့ တရုတ်က ဆူပါပါဝါဖြစ်လာတဲ့အခါ လက်တွေ့နိုင်ငံရေးမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြုံတွေ့နေရတာ ဖြစ်တယ်။ တဖက်မှာ ကျမတို့မှာက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အရဆိုရင် နိုင်ငံငယ်...

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

by ဧရာဝတီ
23 January 2024
4.1k

အော်ပရာဇီစစ်ဆင်ရေးဖြင့် အဖမ်းခံခဲ့ရသော သရုပ်ဆောင် အေမီဈာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါ အဝင် မြန်မာနိုင်ငံသားတချို့မှာ လက်ရှိတွင် စစ်ဆေးခံနေရဆဲဖြစ်ပြီး ၁ ပတ်ကျော်ကြာသည်အထိ ပြန် မလွတ်

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

by ဧရာဝတီ
17 July 2023
4k

ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း HRW က ထုတ်ဖော်ပြောဆိုလိုက်သည်။

Next Post
ကျောက်ဖြူရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်း

ကျောက်ဖြူရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်း

မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော

မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved