• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာတွင် ရာဇဝတ်မှု ကင်ဆာ အမြစ်တွယ်နေ

by Priscilla A. Clapp & Jason Tower
3 July 2023
in ဆောင်းပါး
A A
...

...

7.8k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရာဇဝတ်ဂိုဏ်းများသည် ကိုယ်ပိုင်အုပ်ချုပ်သည့်ဒေသများ ထူထောင်ရာမှ ပိုမိုရှုပ်ထွေးသော လိမ်လည်သည့် လုပ်ငန်းများကို ပြောင်းရွှေ့ လုပ်ကိုင်လာကြသည်။

ထိုင်းနှင့် မြန်မာကို ခွဲခြားထားသည့် သောင်ရင်းမြစ်မှ ရာဇဝတ်အုပ်စုများ ထိန်းချုပ်ထားသည့်နေရာများ ပတ်ဝန်းကျင်တွင် အုပ်ချုပ်မှုအာဏာ မထိရောက်တော့ဘဲ လက်နက်ကိုင် လူဆိုးဂိုဏ်းများကို ဖြိုခွဲရန် ကြိုးစားမှုများ မည်သို့ဖြစ်နေသည်ကို ထိုအခြေအနေက ဖော်ပြနေသည်။

မြန်မာနိုင်ငံဘက် မြစ်တဘက်ကမ်းမှ တရုတ် ရာဇဝတ်ဂိုဏ်းများ၏ ကျယ်ပြန့်လှသော လောင်းကစားနှင့် လိမ်လည်မှု အချက်အခြာဒေသသို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်စေရန် တရုတ်အာဏာပိုင်များက ဘေဂျင်း၏ လက်ဝေခံတပိုင်း မြန်မာစစ်ကောင်စီကို ဖိအားပေးသည်။ မြန်မာစစ်တပ်က ကြီးကြပ်သော ထိုဒေသမှ နယ်ခြားစောင့်တပ် (BGF) သည် ရာဇဝတ်ဂိုဏ်းများနှင့် မိတ်ဘက်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးကို ပိတ်ဆို့မည်ဟု ခြိမ်းခြောက်သည်။

မြန်မာစစ်တပ်တခုလုံး အနေဖြင့် မဟုတ်လျှင်ပင် တသီးပုဂ္ဂလ တပ်မှူးများသည် ထိုရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ခံစားနေသည်ဟု ယူဆရသည်။ လုပ်ငန်းများကို ထုံးစံအတိုင်း ဆက်လက် လုပ်ကိုင်နေကြသည်။

ထို့နောက် BGF နှင့် လူဆိုးဂိုဏ်းများက ချထားသည့် ကြီးမားသော မီးစက်ကြီးများ ရောက်လာသည်။ မြန်မာစစ်တပ်ကလည်း မည်သည့်ရှင်းလင်းချက်မျှ မပေးသလို ဘာမှ မလုပ်ဘဲနေသည်။ မြန်မာစစ်တပ်တခုလုံး အနေဖြင့် မဟုတ်လျှင်ပင် တသီးပုဂ္ဂလ တပ်မှူးများသည် ထိုရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ခံစားနေသည်ဟု ယူဆရသည်။ လုပ်ငန်းများကို ထုံးစံအတိုင်း ဆက်လက် လုပ်ကိုင်နေကြသည်။

ထိုအခြေအနေသည် ပထဝီအနေအထား ကွဲပြားမှုနှင့် ဒေသခံဆက်စပ်သူများဖြင့် ဥပဒေကင်းမဲ့သည့် မြန်မာနယ်စပ်တလျှောက်တွင် ဖြစ်နေသည့် အကြမ်းဖျင်း အခြေအနေဖြစ်သည်။ လွန်ခဲ့သောနှစ် နှောင်းပိုင်းတွင် မြန်မာရာဇဝတ်ဒေသများသည် ကင်ဆာမြစ်ပွားနာသဖွယ် ပျံ့နှံ့နေကြောင်း သတိထားမိလာပြီး မီဒီယာ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် အစိုးရများက ထိုကိစ္စကို အရေးယူဆောင်ရွက်ရန် တောင်းဆိုမှု ပိုမိုကျယ်လောင်လာသည်။

ရွှေကုက္ကိုလ်ရှိ ဟိုတယ်တလုံး / Khaosod

ထိုဇုန်များသက်သက်သည် အခြင်းအရာသစ် မဟုတ်သော်လည်း အပုပ်နံ့မကင်းသော ဖြစ်ရပ်များကြောင့် နိုင်ငံတကာ နိုးကြားမှု ပိုမိုကျယ်ပြန့်လာသည်။ ဘေဂျင်း၏ ကိုဗစ်နိုင်တင်း အစီအမံများကြောင့် ထိုဒေသများမှ တရုတ်လုပ်သားများ အလျင်အမြန် နေရပ်ပြန်သောအခါ ရာဇဝတ်လုပ်ငန်း လုပ်ကိုင်သူများသည် အကျိုးအမြတ်များသော နည်းပညာအလုပ်များဖြင့် ကမ္ဘာတဝန်းမှ အလုပ်ရှာသူများကို ဖြားယောင်းသွေးဆောင်ကြပြီး ၎င်းတို့အား နယ်စပ်ဖြတ်ကျော်ကာ ကျွန်ပြု၍ ဘဏ္ဍာရေး လိမ်လည်မှုများ ကျူးလွန်စေသည်။

ထိုရာဇဝတ်ဒေသများသည် ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်သည်ဆိုသည့် အယူအဆ ကြီးထွားလာသော်လည်း မည်သည့်အကျိုးဆက်မှ ပြောင်းလဲခြင်း မရှိပေ။ အားလုံးသည် ထိုဇုန်များမှ ကိုယ်ကျိုးစီးပွားနှင့် ရောထွေးနေသောကြောင့် ထိရောက်မှုမရှိပေ။ ထိုဇုန်များတွင် သြဇာကြီးမားသော ရာဇဝတ်ဂိုဏ်းများ၊ ဒေသခံလက်နက်ကိုင် အဖွဲ့များ၊ အစိတ်စိတ်အမွှာမွှာဖြစ်နေသော အချုပ်အခြာအာဏာနှင့် အဂတိလိုက်စားမှုများ ဖြစ်ပွားနေပြီး ထိုကိစ္စများ၏ ဗဟိုချက်တွင် ရွှေကုက္ကို လောင်းကစားနှင့် လိမ်လည်မှု မြို့တော်ကြီး ရှိနေသည်။

မြန်မာစစ်တပ်သည် ၎င်း၏ BGF ကို စီမံရန် ဆန္ဒမရှိသလို စွမ်းရည်လည်း မရှိသောကြောင့် BGF ထိန်းချုပ်နယ်မြေများမှ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို ပို၍ပင် ထိန်းချုပ်နိုင်ခြင်း မရှိပေ။ နိုင်ငံ၏ ဒေသအများစုမှာ စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေးကြောင့် အခက်အခဲ ကျရောက်နေပြီး ထိုဒေသများကို လက်လှမ်းမီရန် အစစ အရာရာ မလုံမလောက်ဖြစ်နေသည်။

အရေးပါသော နယ်စပ်ဖြတ်ကျော် အဆက်အသွယ်များနှင့် ရင်းမြစ်များကို ဖြတ်တောက်ပစ်ရန်မှာ အဓိကကျသော အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးတို့ ပူးပေါင်းဆောင်ရွက်မှုအပေါ်သာ မူတည်နေသည်။ အမေရိကန် ပြည်ထောင်စုအတွက် ထိုရာဇဝတ်မှုလှိုင်းသည် တောင့်တင်းကြံ့ခိုင်သော တုံ့ပြန်မှုလိုအပ်သည့် ကြီးထွားလာနေသော သမားရိုးကျ မဟုတ်သည့် လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်သည်။

BGF နှင့် ရာဇဝတ်ဂိုဏ်း မြန်မာတွင် ပိုမိုနက်ရှိုင်းလာနေ

မြဝတီမြို့နယ်၊ မယ်ထော်သလေးကျေးရွာအနီးရှိ KK-Park မြို့သစ်စီမံကိန်း /Nikkei Asia

ထင်ရှားသော ရာဇဝတ်မှုဇုန်အနည်းဆုံး ၁၇ ခုသည် မြန်မာ-ထိုင်းနယ်စပ်တလျှောက် သောင်ရင်းမြစ်၏ ၃၁ မိုင်ရှည်သော အစိတ်အပိုင်းတွင် ရာဇဝတ်မှုနယ်မြေ ခန့်မှန်းခြေ စတုရန်း ကီလိုမီတာ ၅ သန်း ဖော်ထုတ်ထားသည်။

ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလအတွင်း တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုများနှင့် ပိတ်ဆို့မှုများရှိသော်လည်း ထိုဇုန်များသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အရွယ်အစား သိသိသာသာ တိုးချဲ့လာကြသည်။

လိမ်လည်သည့် လုပ်ငန်းလုပ်ရန် ငြင်းဆန်သည့် လူကုန်ကူးခံရသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထုတ်ယူရောင်းစားသည်ဟု Tik-Tok တွင် အထိတ်တလန့်ဖြစ်အောင် ဖော်ပြခံရသည့် အမည်ဆိုးကျော်ကြားလှသော KK Park ၌ ၂၀၂၁ ခုနှစ်က အဆောက်အအုံ ၂၆ ခုသာရှိရာမှ ၂၀၂၃ ခုနှစ်၊ မေတွင် အဆောက်အအုံ ၇၅ ခုအထိ တိုးပွားလာသည်။

ဥပမာအားဖြင့်ဆိုရပါက လိမ်လည်သည့် လုပ်ငန်းလုပ်ရန် ငြင်းဆန်သည့် လူကုန်ကူးခံရသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထုတ်ယူရောင်းစားသည်ဟု Tik-Tok တွင် အထိတ်တလန့်ဖြစ်အောင် ဖော်ပြခံရသည့် အမည်ဆိုးကျော်ကြားလှသော KK Park ၌ ၂၀၂၁ ခုနှစ်က အဆောက်အအုံ ၂၆ ခုသာရှိရာမှ ၂၀၂၃ ခုနှစ်၊ မေတွင် အဆောက်အအုံ ၇၅ ခုအထိ တိုးပွားလာသည်။

လွန်ခဲ့သောနှစ် အစောပိုင်းသို့ ရောက်သောအခါ နိုင်ငံပေါင်း ၄၆ နိုင်ငံမှ နိုင်ငံသားများသည် လူကုန်ကူးမှု သားကောင်အဖြစ် ကျရောက်ရပြီး အများစုကို ထိုင်းမှတဆင့် မြန်မာသို့ လူကုန်ကူးခြင်း ဖြစ်သည်။ ထိုပြဿနာများကို မီဒီယာနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးက ပိုမိုသတိထားမိလာသော်လည်း ထိုလူဆိုးဂိုဏ်းများသည် အွန်လိုင်းမှ အလုပ်သမားခေါ်ယူသည့် ပလက်ဖောင်းများကို ထိုးဖောက်ရန်၊ အလိမ်အညာ အလုပ်သမားသစ်ရှာသည့် လုပ်ငန်းများနှင့် ကွန်ရက်များထူထောင်ရန်၊ လူကုန်ကူးသူများအကြား အဆက်သွယ် ထူထောင်ရန်နှင့် မြန်မာနိုင်ငံတဝန်း စီရင်စုသစ်များတွင် လုပ်ငန်းများထူထောင်ရန် စွမ်းရည်ကို ဆက်လက် တိုးချဲ့နေကြသည်။

၂၀၂၃ ခုနှစ်၊ မတ်လသို့ ရောက်သောအခါ ကရင်ပြည်နယ်မှ ကြီးထွားလာသော ဂိုဏ်းဖွဲ့ရာဇဝတ်မှုကို အရေးယူရန် ခုခံတော်လှန်ရေး အင်အားစုများကိုပင် ဖိအား အကြီးအကျယ် ပေးလာသည်။ ကရင် ခုခံတော်လှန်ရေး အင်အားစု ခေါင်းဆောင်များသည်ပင် BGF နှင့် အဆက်အသွယ်ရှိသည်ဆိုသည့် သံသယများ ကြီးထွားလာသောကြောင့် BGF ၏ တရားမဝင်လုပ်ငန်းများသည် ကရင်ပြည်နယ်မှ အုပ်ချုပ်ရေး၊ ဒီမိုကရေစီအလားအလာနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိပါး ခြိမ်းခြောက်နေသောကြောင့် စိုးရိမ်စရာဖြစ်လာကြောင်း ကရင်လူမှု အခြေပြု အဖွဲ့အစည်းများက ပြောသည်။

ဧပြီလတွင် ဒီမိုကရေစီလိုလားသော လက်နက်ကိုင်အင်အားစု မဟာမိတ်အဖွဲ့တဖွဲ့သည် ရွှေကုက္ကိုမှ BGF ရာဇဝတ် အင်ပါယာနှင့် မြဝတီမြို့နယ်မှ BGF တရားမဝင် စီးပွားရေးများကို တိုက်ခိုက်သောအခါ တင်းမာမှုများသည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာသည်။ ရွှေကုက္ကိုသည် စစ်ကောင်စီကို ညစ်ညမ်းသော ငွေကြေးထောက်ပံ့သည့် မူးယစ်ဆေးနှင့် လိင်ကုန်ကူးသည့် အချက်အခြာဒေသဖြစ်လာကြောင်း ၎င်းတို့က စွပ်စွဲသည်။

စစ်ကောင်စီကလည်း BGF နှင့် စစ်တပ်ပေါင်းအင်အားဖြင့် တုံ့ပြန်ပြီး ရှေ့တက်လာသော ခုခံတော်လှန် တိုက်ခိုက်ရေးသမားများကို ကြားဖြတ်ကာ ပြည်သူ့ ကာကွယ်ရေးတပ် အဓိကအင်အားစုတခုကို ချေမှုန်းပြီး ဓားစာခံ ဒါဇင်နှင့် ချီဖမ်းသည်။ ထို့ကြောင့် စစ်ကောင်စီက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရွှေကုက္ကိုကို ဘေးကင်းသော ရာဇဝတ်မှုဇုန်အဖြစ် ဆက်လက် ထိန်းသိမ်းထားမည့် ဆုံးဖြတ်ချက်ကို ပြသလိုက်သည်။

အွန်လိုင်း အယုံသွင်းလိမ်လည်ခြင်း သို့မဟုတ် “ဝက်ပေါ်ခြင်း”

ကနဦးတွင် တရားမဝင် အွန်လိုင်း လောင်းကစားကို အာရုံစိုက်ပြီးနောက် ထိုရာဇဝတ်ဇုန်ကို စီမံလုပ်ကိုင်သူများသည် ယခုအခါ ဝက်သတ်ခြင်း သို့မဟုတ် တရုတ်တွင် ရှာကျူဖန်ဟု ခေါ်သည့် လိမ်လည်မှုပုံစံသစ်တခုကို အာရုံစိုက်လာသည်။

ထိုင်းက မီးဖြတ်သော်လည်း မီးစက်ကြီးများဖြင့် လင်းနေသေးသော KK-Park / ဧရာဝတီ

ထိုလိမ်လည်မှု နည်းလမ်းသည် ၂၀၁၈ ခုနှစ် ပတ်ဝန်းကျင်တွင် တရုတ်၌ စတင်ခဲ့သည့် လိမ်လည်နည်းဖြစ်ပြီး ကိုဗစ်ကြောင့် လောင်းကစားမှ အကျိုးအမြတ်များ လျော့နည်းလာသောအခါ တရုတ်နှင့်ပတ်သက်သည့် ရာဇဝတ် အုပ်စုများက ထိုလိမ်လည်နည်းကို အရှိန်မြှင့် လုပ်ဆောင်လာသည်။

ထိုလိမ်လည်နည်းတွင် လိမ်လည်သူများသည် အလားအလာရှိသော သားကောင်များကို အွန်လိုင်းတွင် ယုံကြည်အောင် ဆက်ဆံရေး ကာလကြာရှည်စွာ ပြုလုပ်ဖြားယောင်းသွေးဆောင်သည်။ နောက်ဆုံးတွင် လိမ်လည်သူသည် အသေးစားစီးပွားရေး ရင်းနှီးမြုပ်နှံမှု အစီအစဉ်တခုကို တင်ပြပြီး တရားဝင် အွန်လိုင်း ကုန်သွယ်မှုလုပ်ငန်း အကျိုးအမြတ်အချို့ဟုဆိုကာ အလိမ်ခံရသူကို အကျိုးအမြတ်ခွဲပေးသည်။

ထိုလုပ်ငန်းစဉ်ကို ဝက်ကို ဝလာအောင် အစာကြွေးသည့် လုပ်ငန်းစဉ်ဟုခေါ်ပြီး ထိုလုပ်ငန်းကို အလိမ်ခံရသူက ယုံကြည်ကာ ငွေအများအပြား လွှဲပြောင်းပေးရန် ယုံကြည်လာသည်အထိ ဆက်လက်လုပ်ကိုင်သည်။ ထို့နောက် လိမ်လည်သူသည် ဝက်ကိုသတ်ပြီး ငွေများနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

ထိုလုပ်ငန်းစဉ်ကို ဝက်ကို ဝလာအောင် အစာကြွေးသည့် လုပ်ငန်းစဉ်ဟုခေါ်ပြီး ထိုလုပ်ငန်းကို အလိမ်ခံရသူက ယုံကြည်ကာ ငွေအများအပြား လွှဲပြောင်းပေးရန် ယုံကြည်လာသည်အထိ ဆက်လက်လုပ်ကိုင်သည်။ ထို့နောက် လိမ်လည်သူသည် ဝက်ကိုသတ်ပြီး ငွေများနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

အချို့ဂိုဏ်းများသည် အနောက်တိုင်း လူမှုကွန်ရက်မီဒီယာဆိုက်များနှင့် WhatsApp တို့မှ အလားအလာရှိသော သားကောင်များကို ဖော်ထုတ်ရန် သို့မဟုတ် လိမ်လည်မှုစွမ်းရည် အဆင့်မြှင့်တင်ရန် ဉာဏ်ရည်တုပုံစံသစ်များကို ဖော်ထုတ်နေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် လိမ်လည်မှုများအတွက် ပုံများနှင့် ဗီဒီယိုအကြောင်းအရာများ ဖန်တီးရန် generative AI ကိုဖြစ်စေ ဇာတ်လမ်းများနှင့် အကြောင်းအရာများထုတ်လုပ်ရန် ChatGPT ကို အသုံးပြုကြသည်။

စစ်တပ်နှင့် BGF များက အကာအကွယ်ပေးနေ

မြန်မာမှ ဂိုဏ်းဖွဲ့ရာဇဝတ်မှုများ ပျံ့နှံ့ခြင်းကို ဟန့်တားရာတွင် အကြီးမားဆုံး အခက်အခဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်မှုနှင့် ဥပဒေကင်းမဲ့မှု ဖြစ်သည်။ ရွေးကောက်ခံအစိုးရသည် တရုတ်လူဆိုးဂိုဏ်းများ ဝင်ရောက်ခြင်းကို တားဆီးရန် ကြိုးစားခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် တရားမဝင် လုပ်ငန်းများသည် အလျင်အမြန် ချဲ့ထွင်ကြသည်။

ထိုဇာတ်လမ်း၏ ဗဟိုချက်တွင် ရှိနေသည်မှာ ကရင်နယ်ခြားစောင့်တပ်ဖြစ်ပြီး ထိုတပ်ဖွဲ့သည် ရွှေကုက္ကို ရာဇဝတ်မြို့တော် ဗဟိုချက်တွင် ဌာနချုပ်ဖွင့်ထားသည်။

ကရင် BGF သည် မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် အနည်းဆုံး အမည်ခံ လှုပ်ရှားနေကာ အာဏာသိမ်းမှုနှင့် တရုတ်ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များနှင့် အဆက်အသွယ်ကြောင့် အလျင်အမြန် သြဇာကြီးလာသည်။

ကရင် BGF သည် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ဟု ခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုမှ ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ပေါ်ပေါက်လာသည်။ ၂၀၁၇-၂၀၁၉ ကာလများမှ စတင်ပြီး အဓိကကျသည့် တရုတ် ရာဇဝတ်ဂိုဏ်း နှစ်ခုဖြစ်သော Yatai International Holding အကြီးအကဲ ရှီကျီကျန်းနှင့် ဟုန်မန် ကမ္ဘာ့သမိုင်းနှင့် ယဉ်ကျေးမှုအသင်းဟုခေါ်သော နိုင်ငံဖြတ်ကျော် ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ဝမ်ကောက်ကွေ ခေါ် သွားကြိုး ဦးဆောင်သည့် ဂိုဏ်းများနှင့် မဟာမိတ်ဖွဲ့လာသည်။

ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်နံဘေးက တရုတ်စီမံကိန်းများပြ မြေပုံ/Nikkei Asia

ကရင် BGF က ထိုင်းနယ်စပ်အနီး ပေါ်ပေါက်လာသည့် တရားမဝင်လောင်းကစားမြို့ကြီး နှစ်ခုဖြစ်သည့် ရွှေကုက္ကိုနှင့် ဆိုင်ရှီကောင် (ယခုအခါ ဒုံမေဇုန် ဟုခေါ်သည်) အတွက် မြေနေရာနှင့် ထောက်ခံမှုပေးသည်။

ထိုင်းရဲတပ်ဖွဲ့က ရှီကျီကျန်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ဖမ်းလိုက်ပြီး သူမရှိတော့သောကြောင့် BGF သည် ကြီးမားလှသော ရာဇဝတ်အင်ပါယာကို ထိန်းချုပ်နိုင်ပြီး ချမ်းသာကြွယ်ဝမှုနှင့် သြဇာအလွန် ကြီးမားလာသည်။

ထိုင်းရဲတပ်ဖွဲ့က ရှီကျီကျန်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ဖမ်းလိုက်ပြီး သူမရှိတော့သောကြောင့် BGF သည် ကြီးမားလှသော ရာဇဝတ်အင်ပါယာကို ထိန်းချုပ်နိုင်ပြီး ချမ်းသာကြွယ်ဝမှုနှင့် သြဇာအလွန် ကြီးမားလာသည်။

အမေရိကန် ပြည်ထောင်စုက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ပိတ်ဆို့အရေးယူခံရသည့် ဝမ်ကောက်ကွေသည် တရုတ်နိုင်ငံသို့ ပြန်သွားပြီး သူ၏ အာရုံစိုက်လုပ်ငန်းသည် ဒေါ်လာသန်းရာပေါင်းများစွာကို တရုတ်စီးပွားရေးတွင် ငွေကြေးခဝါချသည့်လုပ်ငန်း ဖြစ်လာသည်။ သူရွှေ့ပြောင်းသွားသောကြောင့် BGF သည် ထိုဒေသမှ ရာဇဝတ်လုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ထိန်းချုပ်လာနိုင်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
478
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
170
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
48
ထိုင်းက ဖမ်းဆီးပြီး တရုတ်နိုင်ငံ ပြန်ပို့မည့် Yatai International Holding အကြီးအကဲ ရှီကျီကျန်/ဧရာဝတီ

မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရာဇဝတ်ဇုန်များသည် လုံခြုံသော နယ်မြေရရှိရေးအတွက် ကရင် BGF ခေါင်းဆောင်များက ပေးရသည်။ လုံခြုံရေးပေးခြင်း၊ နယ်စပ် ကုန်သွယ်ရေးကို ထိန်းချုပ်ခြင်း၊ ပြိုင်ဘက် လက်နက်ကိုင်အုပ်စုများနှင့် မြန်မာစစ်တပ်နှင့်ဆက်ဆံရေးကို ကိုင်တွယ်ခြင်းဖြင့် ကရင် BGF နှင့် ခေါင်းဆောင်များသည် တရားမဝင်လုပ်ငန်းများမှ အကျိုးအမြတ် အများဆုံး ရနေသူများတွင် ပါဝင်သည်။

ထိုပူးပေါင်းဆောင်ရွက်မှုမှ ရရှိသော အကျိုးအမြတ်များကို ဗိုလ်မှူးကြီး စောချစ်သူနှင့် သူ၏ လုပ်ဖော်ကိုင်ဘက် ဗိုလ်မှူး မုတ်သုန် ဦးဆောင်သည့် BGF အတွက် အဆင့်မြင့် လက်နက်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ အဆင့်မြှင့်တင်ရန် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသည်။ BGF တပ်များ၏ လက်နက်များသည် အရည်အသွေးအရ မြန်မာစစ်တပ်ထက် သာလွန်သောကြောင့် BGF သည် မြန်မာစစ်တပ် ကွပ်ကဲမှုအောက်မှတပ်များတွင် အန္တရာယ်အများဆုံး တပ်ဖွဲ့ဖြစ်လာသည်။

ခြိမ်းခြောက်မှုကို ထိုင်းကမြင်သော်လည်း မတားဆီး

သြဇာနှင့် ရုပ်ပိုင်းအထောက်အပံ့ရရှိရန် ကြိုးစားပြီး BGF နှင့် တရုတ်ရာဇဝတ် အုပ်စုများသည် ထိုင်းနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံကြသည်။ ၎င်းတို့သည် ရာဇဝတ်ဇုန်များသို့ လူကုန်ကူးရန် ထိုင်းနိုင်ငံကို အသုံးချပြီး ၎င်းတို့လိုအပ်သည့် အင်တာနက် အသုံးပြုခွင့်နှင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ထိုင်းနိုင်ငံကို အားကိုးသည်။ ထိုင်းနိုင်ငံသည် BGF အတွက် အဆင့်မြင့် လက်နက်ကိရိယာများ ရင်းမြစ်နှင့် လမ်းကြောင်းလည်း ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ဖြတ်သန်းသောနေရာများကို လွယ်ကူစေရန် BGF က လုပ်ပေးထားသည်။

၂၀၂၂ ခုနှစ် နှစ်လယ်သို့ ရောက်သောအခါ ထိုင်းအာဏာပိုင်များသည် “မီးခိုးရောင် တရုတ်စီးပွားရေးလုပ်ငန်းများ” ဟုခေါ်သည့် ကိစ္စများ၊ ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသား သောင်းပေါင်းများစွာကို မြန်မာသို့ လူကုန်ကူးနေခြင်းအတွက် ပိုမိုစိုးရိမ်လာသည်။ ထိုင်းပိုင်နက်တွင် လူသတ်မှု အများအပြားဖြစ်ခြင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခြင်း၊ ပြန်ပေးဆွဲသတင်းများနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ပြင်းထန်သော လူထု ပြစ်တင်ရှုတ်ချမှုလည်း ဖြစ်လာသည်။

နိုင်ငံဖြတ်ကျော် ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ဝမ်ကောက်ကွေ ခေါ် သွားကြိုး/AFP

ထို့ကြောင့် ထိုင်းနိုင်ငံသည် ဖြိုခွဲမှုများ စတင်လုပ်ကိုင်သည်။ Yatai ရာဇဝတ်ခေါင်းဆောင် ရှီကျီကျန်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးတော့မည် ဖြစ်သည်။ လူကုန်ကူးမှုကို ဖြိုခွဲရန်အတွက် ထိုင်းလုပ်ငန်းအဖွဲ့တခုကို ထူထောင်ပြီး ထိုင်းတရားဥပဒေ စိုးမိုးရေးဌာနများသည် တရုတ်၏ မီးခိုးရောင် စီးပွားရေးများကို စုံစမ်းစစ်ဆေးရန် လုပ်လာသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံရှိ ဟုန်မန်ရုံးကို ဝင်ရောက်စီးနင်းပြီး ယုရှင်ချီ အမည်ရှိ ရွှေကုက္ကိုနှင့်ပတ်သက်၍ အမည်ဆိုး ကျော်ကြားသည့် ရာဇဝတ်သားကို ဖမ်းမိပြီး တရုတ်ရာဇဝတ် ဂိုဏ်းခေါင်းဆောင်များကို ဖျော်ဖြေမှုပေးနေသည့် သီးသန့်နိုက်ကလပ်ပိုင်ရှင် အများအပြားကိုလည်း ဖမ်းသည်။

သို့သော် ထိုအစီအမံများသည် မြန်မာတွင် ရာဇဝတ်မှုများမှ ထိုင်းအခြေစိုက်စခန်းကို ထိခိုက်အောင် လုပ်နိုင်ခြင်း မရှိပေ။ မဲဆောက် ပတ်ဝန်းကျင်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေပြီး ထိုင်း-မြန်မာနယ်စပ် မြောက်ပိုင်း ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသအထိ ရာဇဝတ်ကောင်အသစ်များ ပေါ်ပေါက်လာနေသည်။

ကရင် BGF များသည် ထိုင်းတရားဥပဒေ စိုးမိုးရေးအားထုတ်မှုများကို ဗြောင်ကျကျ ချိုးဖောက်နေသည်။ ထိုင်းက ရှီကျီကျန်းကို ဖမ်းဆီးသောအခါ BGF ပြောခွင့်ရသူတဦးက ထိုသို့ဖမ်းဆီးမှုသည် ရွှေကုက္ကိုမှ ပုံမှန်လုပ်ငန်းများကို ထိခိုက်စေခြင်း မရှိကြောင်း လူသိရှင်ကြားပြောသည်။

တချိန်တည်းတွင် ကရင် BGF များသည် ထိုင်းတရားဥပဒေ စိုးမိုးရေးအားထုတ်မှုများကို ဗြောင်ကျကျ ချိုးဖောက်နေသည်။ ထိုင်းက ရှီကျီကျန်းကို ဖမ်းဆီးသောအခါ BGF ပြောခွင့်ရသူတဦးက ထိုသို့ဖမ်းဆီးမှုသည် ရွှေကုက္ကိုမှ ပုံမှန်လုပ်ငန်းများကို ထိခိုက်စေခြင်း မရှိကြောင်း လူသိရှင်ကြားပြောသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ အစောပိုင်းတွင် နယ်စပ်မှ ခြံဝန်းများသို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရန် ထိုင်းနိုင်ငံက လုပ်ဆောင်သောအခါ BGF ကလည်း နယ်စပ်ကုန်သွယ်ရေး အကြီးဆုံးဂိတ်ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်သည်။ ထိုနောက် ထိုင်းက ဓာတ်အားပေးပို့မှု ဖြတ်တောက်လိုက်သောအခါ BGF သည် မီးစက်များအတွက် ဒီဇယ်များကို ပိုမိုတင်သွင်းပြီး ဖြိုခွဲမှုကို ငွေရှာရန် အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်သည်။

တရုတ်က ထိန်းချုပ်ရန် ကြိုးစားသော်လည်း မပြတ်သား

ငွေကြေးလိမ်လည်မှု စစ်ဆင်ရေး အဓိက ပစ်မှတ်အဖြစ် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံသားများကို ကာကွယ်ရန်နှင့် အရှေ့တောင်အာရှ အိမ်နီးချင်းများနှင့် ဆက်ဆံရေးအတွက် ကြီးမားသော ခြေလှမ်းများ လှမ်းသည်။ ဘေဂျင်းက ဘဏ်များအတွက် ငွေကြေးခဝါချမှု စည်းကမ်းချက်များကို တင်းကျပ်သည်။ WeChat ကို စောင့်ကြည်ခြင်းဖြင့် ရာဇဝတ်သားများ တရုတ်ဆက်သွယ်ရေးလုပ်ငန်းများ အသုံးပြုခြင်းကို ဖြတ်တောက်သည်။ လူကုန်ကူးမှုနှင့်ပတ်သက်သည့် လူထုနိုးကြားမှုကို လှုံ့ဆော်သည်။ အရှေ့တောင်အာရှသို့ တရုတ်အများအပြား ခရီးသွားခြင်းကို ပိတ်ပင်သည်။

ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် သူ၏ လုပ်ဖော်ကိုင်ဘက် ဗိုလ်မှူး မုတ်သုန်/ဧရာဝတီ

သို့သော် ကံမကောင်း အကြောင်းမလှစွာပင် ထိုဆောင်ရွက်ချက်များအနက် မည်သည်ကမှ ထိုကွန်ရက် ဒေသတွင်း ပျံ့နှံ့ခြင်းကို တားဆီးနိုင်ခြင်း မရှိပေ။ ရာဇဝတ်ဂိုဏ်းများသည် အခြေအနေနှင့် လိုက်လံ ပြောင်းလဲပြီး တရုတ်ပြည်ပြင်ပမှ ဈေးကွက်ကို ပိုမိုအာရုံစိုက်ကာ တရုတ်လူငယ် အလုပ်ရှာသူများကို မှောင်ခိုကူးရန် အားထုတ်မှုများကို ပြင်ဆင်လုပ်ဆောင်သည်။

မြန်မာနိုင်ငံအတွင်းမှ လွန်စွာများပြားသော ကမ္ဘာ့လူကုန်ကူးခံရသူများကို ပြန်လည်ပို့ဆောင်ရန် အဓိကကျသည့် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး လိုအပ်မည်ဖြစ်သည်။

လွန်ခဲ့သောလက တရုတ်အာဏာပိုင်များသည် စစ်ကောင်စီအနေဖြင့် မြန်မာမှ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ရာဇဝတ်လှုပ်ရှားမှုကို ခြေမှုန်းရန် တောင်းဆိုသည်။ သို့သော် စောချစ်သူနှင့် သူ၏ BGF များသည် ပြစ်ဒဏ်မခံရဘဲ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကာ ဧပြီလက ဒီမိုကရေစီအင်အားစုများ ပြုလုပ်သည့် စစ်ဆင်ရေးကဲ့သို့သော စစ်ဆင်ရေးသည်ပင် ရာဇဝတ်သားများကို ဖယ်ရှားနိုင်မည် မဟုတ်ကြောင်း ရှင်းလင်းအောင် ပြသလိုက်သည်။ ထို့ကြောင့် အခြား လက်နက်ကိုင်များသည်လည်း ၎င်းတို့ပိုင် နယ်မြေများကို ထူထောင်ရန် အံ့သြစရာ ကောင်းလောက်သည့် အမြန်နှုန်းဖြင့် လုပ်ဆောင်နေကြသည်။

နိုင်ငံဖြတ်ကျော် တက်ညီလက်ညီ အားထုတ်မှုကသာ တားဆီးနိုင်

ထိုသို့သော ရာဇဝတ်ကွန်ရက်များ ခေါင်းထောင်ထလာခြင်းကို တားဆီးရန်အတွက် နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက် အားထုတ်မှု လိုအပ်သည်။ အမေရိကန် ပြည်ထောင်စုသည် အခြားမိတ်ဘက်နိုင်ငံများနှင့် ပူးပေါင်းပြီး BGF ကို ပိတ်ဆို့အရေးယူကာ မြန်မာမှ ရာဇဝတ်လက်နက်ကိုင် အားလုံးအတွက် ဆက်သွယ်ရေးကို ဖြတ်တောက်ပြီး ဦးဆောင်သောအခန်းမှ ပါဝင်နိုင်သည်။ ထိုသို့လုပ်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ၊ အခြားနိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များနှင့် ဂရုတစိုက် ညှိနှိုင်းဆောင်ရွက်ရန် လိုမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှ လွန်စွာများပြားသော ကမ္ဘာ့လူကုန်ကူးခံရသူများကို ပြန်လည်ပို့ဆောင်ရန် အဓိကကျသည့် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး လိုအပ်မည်ဖြစ်သည်။

(USIP ပါ Priscilla A. Clapp နှင့် Jason Tower တို့၏ A Criminal Cancer Spreads in Southeast Asia ကို ဘာသာပြန်သည်။ Priscilla Clapp သည် USIP နှင့် အာရှအဖွဲ့အစည်း၏ အကြီးတန်း အကြံပေးဖြစ်သည်။ Jason Tower သည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းက USIP ၏ ရန်ကုန်အခြေစိုက် ဒါရိုက်တာ ဖြစ်သည်။)

You may also like these stories:

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

ရွှေကုက္ကိုလ်ကို တရုတ်အစိုးရက သိမ်းဖို့ ကြိုးစားနေဟု အဖမ်းခံ တရုတ်ပိုင်ရှင် ပြော

တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်

မီးဖြတ်ခံရသည့် တရုတ်မြို့သစ်များ မီးစက်များဖြင့် ဆက်လည်ပတ်

ကရင်ပြည်နယ်ပုံရိပ် ထိခိုက်သဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်ကြိုးစားနေ

သီရိပျံချီဘွဲ့ခံ စစ်ဘုရင်တဦးရဲ့ အလှူပွဲ

Your Thoughts …
Tags: BGFChatGPTDKBAKK Park ZoneUWSAWhatsAppကိုဗစ်နိုင်တင်းခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီတရားဥပဒေ စိုးမိုးရေတရုတ်ထိုင်းနယ်ခြားစောင့်တပ်နယ်စပ်ကုန်သွယ်ရေးရာဇဝတ်ဂိုဏ်းရွှေကုက္ကိုလူကုန်ကူးမှုလောင်းကစားအွန်လိုင်းလိမ်လည်မှု
Priscilla A. Clapp & Jason Tower

Priscilla A. Clapp & Jason Tower

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်တွင် စစ်အာဏာသိမ်းမှုကို လူမျိုးပေါင်းစုံသပိတ် ဆန္ဒပြစဉ် / ဧရာဝတီ

တော်လှန်ရေးအတွက် နိုင်ငံခြားရေးမူဝါဒတွင် တိုင်းရင်းသားခေါင်းဆောင်များကို နေရာပေးသင့်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် အယူခံမှုများ တရားလွှတ်တော်ချုပ်၌ ယခုလအတွင်း ကြားနာမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved