• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ

by ဧရာဝတီ
19 June 2023
in ဆောင်းပါး
A A
အလေးချိန် ၂၅၀ ကီလိုဂရမ် အလေးချိန်ရှိသော သာမိုဘာရစ်ဗုံးအား A-5 ဂျက်တိုက်လေယာဉ်တွင် မန္တလေးမြို့ တံတားဦးလေတပ်စခန်းတွင် ၂၀၁၇ ခုနှစ်က ချိတ်ဆွဲနေစဉ်/ဧရာဝတီ

အလေးချိန် ၂၅၀ ကီလိုဂရမ် အလေးချိန်ရှိသော သာမိုဘာရစ်ဗုံးအား A-5 ဂျက်တိုက်လေယာဉ်တွင် မန္တလေးမြို့ တံတားဦးလေတပ်စခန်းတွင် ၂၀၁၇ ခုနှစ်က ချိတ်ဆွဲနေစဉ်/ဧရာဝတီ

7.5k
VIEWS
Share on FacebookShare on Twitter

အရပ်သားပြည်သူများ ဒါဇင်နှင့်ချီ အစုလိုက်အပြုံလိုက်သေဆုံးသည်အထိ အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် တရုတ်နှင့် ရုရှားနိုင်ငံထုတ် လေယာဉ်များအား အဓိကအသုံးပြုနေပြီး လိုအပ်သည့် ဗုံးသီးများကိုလည်း ထောက်ပံ့နေဆဲဖြစ်ကြောင်း လေတပ်သတင်းအရင်းအမြစ်များက ပြောသည်။

တရုတ်နိုင်ငံလုပ် ကီလိုဂရမ် ၂၅၀ အလေးချိန်ရှိ ဒုံးပျံဗုံးတလုံးကို ၂၀၁၇ ခုနှစ်က လေယာဉ်တစီးတွင် ချိတ်တွဲစဉ်/ဧရာဝတီ

အထူးသဖြင့် စစ်ကောင်စီသည် ရုရှားထံမှ ဝယ်ယူထားသည့် Yak 130 ဂျက်တိုက်လေယာဉ်နှင့် Mi 35 ရဟတ်ယာဉ်တို့အပြင် တရုတ်နှင့် မြန်မာ ပူးတွဲ ထုတ်လုပ် အဆင့်မြှင့်ထားသည့် K-8Ws အလတ်စားတိုက်လေယာဉ်နှင့် A-5 လေယာဉ်များအား တော်လှန်တပ်ဖွဲ့များနှင့် အရပ်သားများအား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများတွင် အများဆုံးအသုံးပြုနေကြောင်းလည်း ၎င်းတို့က ပြောသည်။

အဆိုပါ ဂျက်တိုက်လေယာဉ်များတွင် တပ်ဆင်အသုံးပြုသည့် ဗုံးများကိုလည်း လေယာဉ်ဝယ်ယူကတည်းက တပါတည်း ဝယ်ယူထားခြင်းဖြစ်သကဲ့သို့ ဆက်လက်၍လည်း ဝယ်ယူရရှိနေသည့်အတွက် စစ်ကောင်စီက တွင်တွင်ကျယ်ကျယ် အသုံးပြု တိုက်ခိုက်နိုင်နေခြင်းဖြစ်ကြောင်းလည်း လေတပ် CDM အရာရှိတဦးကပြောသည်။

K-8W ဂျက်လေယာဉ်များသည် ကချင်ပြည်နယ်တွင် သာမိုဘာရစ် ဗုံးကြဲချလေ့ရှိသည်/ဧရာဝတီ

၎င်းက “ သူတို့ဆီက လေယာဉ်ဝယ်ပြီဆို လေယာဉ်ကြီးပဲ ဝယ်လို့မရဘူး၊ သူနဲ့ သုံးရတဲ့ ဗုံး၊ ရော့ကတ် အစုံလိုက် ဝယ်ရတာ၊ ရုရှားဆီက Yak 130 လေယာဉ်ဝယ်ကတည်းက ဗုံးသီးတွေပါ တပါတည်း ဝယ်ယူထားတာကြောင့်ရယ်၊ ရုရှားဆီက ဆက်မှာယူနိုင်ခြင်းတို့ကြောင့် တွင်တွင်ကျယ်ကျယ် ဗုံးကြဲနေနိုင်တာ” ဟု ပြောသည်။

ပုံမှန်အားဖြင့် A-5 လေယာဉ်တွင် တရုတ်ထုတ် 250 Kg အပူချိန်ထိန်း ဗုံးများတပ်ဆင်ပြီး K-8Ws ကဲ့သို့ အလတ်စား တိုက်လေယာဉ်တွင် 250 Kg Low drag booms များ တပ်ဆင်အသုံးပြုကြသည်။

တံတားဦး လေတပ်စခန်းရှိ A-5 တိုက်လေယာဉ်တွင် တရုတ်နိုင်ငံလုပ် အလေးချိန် ၂၅၀ ကီလိုဂရမ် အလေးချိန်ရှိ ဗုံးတလုံးကို တပ်ဆင်ရန် သယ်ဆောင်လာစဉ်/ ဧရာဝတီ

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများထဲမှ K-8Ws ပါဝင်သော တိုက်ခိုက်မှုတခုသည် ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်ရှိ အနန့်ပါဒေသ တိုက်ခိုက်မှုဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ ညတွင် အရပ်သားများ၊ အနုပညာရှင်များနှင့် ပျော်ပွဲရွှင်ပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အရပ်သားများအပါအဝင် လူ ၆၀ ကျော်သေဆုံးကာ တရာဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

ရုရှားလုပ် ပဲ့ထိန်း KAB-500 ဗုံးများ/ ဧရာဝတီ

ယင်းအပြင် စစ်ကောင်စီက လတ်တလောတွင် ကျယ်ပြန့်စွာ အသုံးပြုနေသည့် Yak 130 လေယာဉ်တွင် ရုရှားထုတ် KAB-500 ဗုံးအမျိုးအစားများအား တပ်ဆင်အသုံးပြုပြီး အထူးသဖြင့် လူ ၁၇၀ ကျော်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်၊ ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုတွင် KAB-500 ဗုံးနှင့် 100-500 Kg Thermobaric bomb အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လေတပ်သတင်းအရင်းအမြစ်က ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
38
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
59

လူ ၁၇၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးစေခဲ့သည့် ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)ကလည်း တိုက်ခိုက်ခဲ့ရာတွင် အသုံးပြုခဲ့သည့် ဗုံးမှာ ပေါက်ကွဲမှုနှုန်းမြင့်မားသည့် သာမို ဘားရစ် (Thermobaric) ဗုံးဖြစ်ပြီး အရပ်သား၊ စစ်သား မခွဲခြားပဲ တိုက်ခိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားသေဆုံးမှုများပြားခဲ့ရပြီး ယင်းတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း HRW က ပြောထားသည်။

K-8W ဂျက်တိုက်လေယာဉ်များအား ၂၀၁၁ ခုနှစ်တွင် မြန်မာစစ်တပ်စက်ရုံ၌ တပ်ဆင်နေစဉ်/ ဧရာဝတီ

HRW ၏ အာရှဆိုင်ရာဒါရိုက်တာဖြစ်သူ Elaine Pearson က “ လက်နက်နဲ့ ပစ္စည်းတွေ ဝယ်ချင်တိုင်း ဝယ်လို့ရနေတာကို အားကိုးပြီး မြန်မာစစ်ကောင်စီက ရက်စက်တဲ့စစ်ဆင်ရေးတွေ လုပ်နေတာ၊ အရပ်သားတွေ အပြည့်ရှိတဲ့ နေရာကို အသေအပျောက် အများဆုံးဖြစ်အောင် တီထွင်ထားတဲ့ လက်နက်နဲ့ တိုက်ခိုက်တာဟာ မြန်မာစစ်တပ်အနေနဲ့ ဘယ်သူဘာပြောပြော လူ့အသက်ကို ဂရုမစိုက်ဘူးဆိုတာ ပြနေတာပဲ” ဟု ပြောသည်။

သာမိုဘားရစ်ဗုံး အမျိုးအစားနှင့် တိုက်ခိုက်မှုအဖြစ် HRW မှ သေဆုံးသူ ရုပ်အလောင်းဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များအား လေ့လာသုံးသပ်ပြီးနောက် ကောက်ချက်ချထားခြင်းဖြစ်ပြီး ထိုဗုံးတွင်ပါရှိသည့် ပေါက်ကွဲစေသော ဓာတ်ပစ္စည်းများမှာ လေထုထဲရှိ အောက်စီဂျင်အား လောင်စာအဖြစ် အသုံးချကာ ပြင်းထန်သောပေါက်ကွဲမှု ဖြစ်ပေါ်စေခြင်းဖြစ်သည်။

K-8W ဂျက်တိုက်လေယာဉ်တစီးအား ၂၀၁၁ ခုနှစ်တွင် မြန်မာစစ်တပ်စက်ရုံ၌ တပ်ဆင်နေစဉ်/ ဧရာဝတီ

စစ်တပ်အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အရပ်သားများအား တိုက်ခိုက်ရာတွင် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်း ပစ်မှတ်ထား တိုက်ခိုက်လျှက် ရှိသည်။

ထင်ရှားသည့်ဖြစ်ရပ်အနေဖြင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းအား ယမန်နှစ် စက်တင်ဘာ ၁၆ ရက်နေ့က နေ့လည်ပိုင်းကလေးများစာသင်နေစဉ် စစ်ကောင်စီက MI 35 နှစ်စင်းဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသား/သူ ကလေးငယ် ၅ ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

တရုတ်နိုင်ငံလုပ် ၂၅၀ ကီလိုဂရမ်ရှိ သာမိုဘာရစ်ဗုံး/ ဧရာဝတီ

ယင်းသို့ ၎င်းတို့ ထုတ်လုပ်ထားသည့် လေယာဉ်များ၊ ဗုံးဆံများဖြင့် စစ်ကောင်စီက စစ်သား၊ အရပ်သား မခွဲခြားဘဲ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်နေသော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဗီတိုအာဏာပိုင် နိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှားတို့သည့် စစ်ကောင်စီကျူးလွန်မှုများအား လျစ်လျူရှုကာ အကာအကွယ်ပေးထားသည့်အပြင် လေတပ်အရာရှိများအား လေ့ကျင့်သင်ကြားပေးမှုနှင့် ဗုံးဆံများ၊ လေယာဉ်အစိတ်အပိုင်းများအား ဆက်လက်ထောက်ပံ့နေသည်။

ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စတာ တွမ်အင်ဒရူး၏ မေလကထုတ်ပြန်သော အစီအရင်ခံစာတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်ထံသို့ ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် လည်ပတ်နေသည့် လုပ်ငန်းများထံမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ စစ်လက်နက်များဆက်စပ်သည့်ပစ္စည်းများ တင်သွင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံလုပ် ၂၅၀ ကီလိုဂရမ် low-drag ဗုံး/ ဧရာဝတီ

စစ်တပ်ထံ လက်နက်ပစ္စည်းများတင်သွင်းခဲ့သည့် နိုင်ငံများထဲတွင် ရုရှားက ဒေါ်လာ ၄၀၆ သန်းနှင့် တရုတ်နိုင်ငံက ဒေါ်လာ ၂၆၇ သန်းဖြင့် အများဆုံးဖြစ်ခဲ့ကြပြီး ရုရှားထံက ပေးပို့မှုတွင် ဂျက်တိုက်လေယာဉ်များ၊ အဆင့်မြင့်ဒုံးကျည်စနစ်များနှင့် တိုက်ခိုက်ရေးဒရုန်းများ ပါဝင်ပြီး တရုတ်ကလည်း အဆင့်မြင့်အမောင်းသင် ဂျက်လေယာဉ်များ၊ အပေါ့စားတိုက်ခိုက် ရေးလေယာဉ်များနှင့် လက်နက်ပစ္စည်းကုန်ကြမ်းများ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းလည်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

You may also like these stories:

အစ္စရေးဝန်ကြီးဌာနများနှင့် လက်နက်လုပ်ငန်း မြန်မာစစ်ကောင်စီကို စစ်ပစ္စည်းများ ရောင်းချနေ

တရုတ်နယ်စပ်က ရိုင်ဖယ်များနှင့် အားမာန်ပြည့်လာသည့် တပ်ဖွဲ့သစ်များ

မြန်မာနှင့် အိန္ဒိယသို့ ရောင်းချထားသော လက်နက်များ ရုရှားပြန်ဝယ်နေ

ဒုံးကျည်နှင့်ဒရုန်း ရရှိရေး စစ်ကောင်စီက အီရန်ဘက် ခြေဦးလှည့်နေ

တော်လှန်ရေး အင်အားစုကို နှိမ်နင်းရန် စစ်ကောင်စီ တပ်မလုံလောက်

မြေမြှုပ်မိုင်း သို့မဟုတ် စစ်ပွဲပဋိပက္ခကြားက အန္တရာယ်ထောင်ချောက်

Your Thoughts …
Tags: HRWကြံရာပါဂျက်တိုက်လေယာဉ်များစစ်ရာဇဝတ်မှုတရုတ်နှင့် ရုရှားပဇီကြီးမြန်မာ့လေတပ်လက်ယက်ကုန်းသာမိုဘာရစ်ဗုံးအနန့်ပါ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

by ဧရာဝတီ
28 December 2023
20.6k

၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံတွင် အဖြစ်အပျက်များကို ပုံဖော်ပေးသည့် အဓိကကျသော လူများ၊ နိုင်ငံများနှင့် အင်အားစုများ စုစုပေါင်း ၁၀ မျိုးကို ဧရာဝတီက ရွေးထုတ်ထားသည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

Next Post
ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (Hosheng) အထည်ချုပ်စက်ရုံ / Myanmar labour News

လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ

ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရစကားပြောကြားနေသည့် ကင်မ်အဲရစ်(ခ) ကိုထိန်းလင်း

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် သားဖြစ်သူ တောင်းဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved