• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ

by ဧရာဝတီ
19 June 2023
in သတင်း
A A
ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (Hosheng) အထည်ချုပ်စက်ရုံ / Myanmar labour News

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (Hosheng) အထည်ချုပ်စက်ရုံ / Myanmar labour News

3k
VIEWS
Share on FacebookShare on Twitter

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (Hosheng) အထည်ချုပ်စက်ရုံတွင် လုပ်အားခတိုးရန် တောင်းဆိုရာ ၌ ဦးဆောင်ခဲ့သည့် အလုပ်သမား ၇ ဦးအား အလုပ်မှထုတ်ပစ်လိုက်ပြီး ၅ ဦးကို ဖမ်းဆီးထားကြောင်း အလုပ်သမား များထံက သိရသည်။

၎င်းတို့မှာ မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင် အောင်နှင့် ကိုရဲနိုင်တို့ဖြစ်ကြပြီး ကျန် ၂ ဦးမှာ တိမ်း ရှောင်နေကြကြောင်း၊ ယင်းအလုပ်သမားခေါင်းဆောင်ထဲမှ တဦးကို ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကတည်း ဖမ်းသွားခြင်း ဖြစ်ပြီး ကျန် ၄ ဦးကို ဇွန်လ ၁၇ ရက်က ထပ်မံဖမ်းဆီး၍ ရွှေပြည်သာစစ်ကြောရေးသို့ ခေါ်သွားခြင်းဖြစ်ကြောင်း၊ ယနေ့ တိုင် အဆက်အသွယ်မရသေးကြောင်းလည်း အမည်မဖော်လိုသူအလုပ်သမား တဦးက ပြောသည်။

RelatedPosts

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
0
စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
143
တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
1.1k

၎င်းက “စစ်ဆေးမေးမြန်းမယ်ဆိုပြီး စစ်ကြောရေးကို ခေါ်သွားတာ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက်။ စစချင်းခေါ်သွားတာက ၁၄ ရက် ထွေအုပ်ရုံးမှာ ရုံးချိန်းကအပြန် ခေါ်သွားတာ။ အခု နောက်ခေါ်သွားတဲ့ လူတွေကို လည်း စစ်ကြောရေးကိုပဲ ခေါ်သွားကြတာ။ ဇွန်လ ၁၇ ရက်ကပေါ့။ အားလုံးပေါင်း ၅ ယောက် အဖမ်းခံသွားရတယ်။ ကျန်တဲ့ ၂ ယောက်ကလည်း ရှောင်နေရတယ်” ဟု ပြောသည်။

အဆိုပါ အထည်ချုပ်စက်ရုံမှ အလုပ်သမားများမှာ တရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၅၆၀၀ ကျပ်ပေးရန်အတွက် ဇွန်လ ၈ ရက်တွင် တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်တွင် တောင်းဆိုမှုကို ဦးဆောင်ခဲ့သည့် အလုပ်သမား ခေါင်း ဆောင် ၇ ဦးအား အလုပ်မှ ထုတ်ပယ်သည်ဟု စက်ရုံမှ စာထုတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလုပ်သမားခေါင်းဆောင် ၇ ဦးတို့အား အကြောင်းမဲ့ အလုပ်ထုတ်သည့် အတွက် စက်ရုံရှိအလုပ်သမား ၆၀၀ ကျော် မှ ဇွန် ၁၄ က လုပ်ငန်းခွင် မဝင်ဘဲ စက်ရုံရှိ ထမင်းစားဆောင်တွင် သပိတ်မှောက်ခဲ့ကြကြောင်း၊ ဌာနဆိုင်ရာမှ တချို့နှင့် စစ်သားများရောက်ရှိလာပြီး အလုပ်သမား ၇ ဦး အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်၍ ဇွန် ၁၄ တွင် ညှိနှိုင်း ပေးမည်ဟု ပြောဆိုခဲ့သည်။

ချိန်းဆိုခဲ့သည့်အတိုင်း ဇွန်လ ၁၄ ရက်က အလုပ်သမားခေါင်းဆောင်များနှင့် ကူညီဆောင်ရွက်သူများက ရွှေပြည်သာရှိ ထွေအုပ်ရုံးသို့ သွားရောက်ခဲ့ရာ တိကျသည့် ဖြေရှင်းချက်ပေးခြင်းမရှိဘဲ အလုပ်သမားခေါင်းဆောင် ၇ ဦးထဲမှ အမျိုး သမီးတဦးကို ရွှေပြည်သာစစ်ကြောရေးသို့ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။

အလုပ်သမားရေးဆောင်ရွက်သူတဦးက “ကျနော်တို့ကတော့ ဘက်ပေါင်းစုံကနေ ဆက်ပြီးတော့ ကူညီသွားမှာပါ။ ရှေ့နေတွေ ခေါ်ပြီး အသနားခံစာတင်ပြီးတော့ လုပ်မယ်ပေါ့။ စုပေါင်းတောင်းဆိုမှုလုပ်တယ် ဆိုတာကလည်း ဒီလူ တွေကို အလုပ်ထုတ်လို့ လုပ်ကြတာ။ အဲဒါကို မဖမ်းဘဲ ဒီလူတွေကို ဘာကြောင့် ဖမ်းရတာလဲဆိုတာ စဉ်းစားလို့ မရဘူး” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ စုံစမ်း စစ်ဆေးရေးကော်မရှင်ထံ တင်ပြတိုင်ကြားထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး၊ သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန် ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ စက်ရုံလုပ်ငန်းခွင်များမှာ ဟိုစိမ့် (Hosheng) စက်ရုံကဲ့သို့ ပြုမူနေခြင်းများရှိနေ ကြောင်း အဆိုပါအရေး ဆောင်ရွက်နိုင်ရန် တင်ပြထားကြောင်း ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နှင့် ဇွန်လ ၁၅ ရက်ကလည်း လှိုင်သာယာမြို့နယ် Sun Apparel (Myanmar) အထည်ချုပ် စက်ရုံတွင် လုပ်အားခတိုးပေးရန်နှင့် အလုပ်သမားအခွင့်အရေး ဦးဆောင်တောင်းဆိုခဲ့သည့် အလုပ်သမားခေါင်း ဆောင် ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။

စစ်အာဏာသိမ်းပြီးနောက်၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံ၏ လူဦးရေ ၁ ဒသမ ၆ သန်းသည် အလုပ်လက်မဲ့ဖြစ်သွားပြီး ၎င်းတို့အနက် အလုပ်သမား ၃ သိန်းကျော်သည် အထည်ချုပ်အလုပ်သမားများဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏ ကမာ္ဘလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်း ကိန်း၌ မြန်မာနိုင်ငံသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် ကမာ္ဘ့အဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေ သည်။

You may also like these stories:

အာဏာရှင်လက်အောက် ပျောက်ဆုံးသွားတဲ့ အလုပ်သမားထုရဲ့အသံ

လုပ်ခလစာ တရက် ဘတ် ၇၀၀ ကျော် ပေးရန် ထိုင်းအလုပ်သမားအဖွဲ့များ တောင်းဆို

လုပ်ခတိုးရန် တောင်းဆိုသည့် ခေါင်းဆောင် ၇ ဦး အလုပ်ထုတ်ခံရ

Your Thoughts …
Tags: လုပ်ခလစာဟိုစိမ့်စက်ရုံအထည်ချုပ်စက်ရုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

by ဧရာဝတီ
20 February 2024
11.8k

လှိုင်မြို့နယ်ရှိ စစ်တပ်ပိုင် အထည်ချုပ်စက်ရုံတွင် ယခုလ ၁၆ ရက်မှ စတင်ပြီး စစ်ယူနီဖောင်း အများအပြားအား အချိန်မီ ပြီးစီးရန် ချုပ်လုပ်နေရကြောင်း ယင်းစက်ရုံ၏ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5.1k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

ဖမ်းဆီးတရားစွဲထားသည့် အလုပ်သမားများကို စစ်ကောင်စီ ပြန်လွှတ်

ဖမ်းဆီးတရားစွဲထားသည့် အလုပ်သမားများကို စစ်ကောင်စီ ပြန်လွှတ်

by ဧရာဝတီ
5 September 2023
3.3k

ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော အလုပ်သမား ၁၂ ဦးကို ယမန်နေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ

လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ

by ဧရာဝတီ
21 July 2023
2.7k

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရှိ ကျောက်ပြားစက်ရုံတွင် လုပ်ခလစာအပြည့်ပေးရန် တောင်းဆိုသဖြင့် မြန်မာ အလုပ်သမား ၄၄ ဦး ဇူလိုင်လ ၁၉ ရက်က အလုပ်ထုတ်ခံခဲ့ရသည်။

မြန်မာနှင့် H&M အဆက်ဖြတ်မည်

မြန်မာနှင့် H&M အဆက်ဖြတ်မည်

by ဧရာဝတီ
18 August 2023
2k

H&M သည် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများကို ဖြည်းဖြည်းချင်း ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

by ဧရာဝတီ
1 May 2025
1.5k

အထည်ချုပ်လုပ်ငန်းမှာ လုပ်ငန်းရှင်တွေက စက်ရုံတရုံပြီး တရုံ ဖွင့်နေတယ်။ ဒါဆိုရင် သူတို့တွေက စီးပွားကျတယ်ပြောပြီး ဘာလို့ဖွင့်လဲလို့ မေးခွန်းရှိတယ်။ အလုပ်လက်မဲ့ ဖြစ်တယ်ဆိုတာက အလုပ်ထုတ်ပစ်လိုက်တာ၊ လူ ၅၀ ထုတ်လိုက်လို့ သူတို့စက်ရုံတွေက ရပ်တန့်မသွားဘူး။

Next Post
ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရစကားပြောကြားနေသည့် ကင်မ်အဲရစ်(ခ) ကိုထိန်းလင်း

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် သားဖြစ်သူ တောင်းဆို

မတ်လအတွင်းက မူဆယ်မြို့တွင် တွေ့ရသည့် ဖရဲသခွားရောင်းဝယ်ရေးကားမျာ / ဧရာဝတီ

တရုတ်ယွမ် အစားထိုးသုံးမယ့် ကုန်သွယ်ရေး အလုပ်ဖြစ်နိုင်မလား

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.6k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate